This Day in History

  Voice of Myanmar အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်၍ ရုပ်မြင်သံကြားနှင့် တယ်လီဖုန်းဆက်သွယ်ပြောဆိုမှုများအတွက် ကမ္ဘာပထမဆုံးသော ဆက်သွယ်ရေးဂြိုဟ်တု Telstar ကို ၁၉၆၂ ခုနှစ် ဇူလိုင် ၁၀ ရက်တွင် ကမ္ဘာပတ်လမ်းကြောင်းအတွင်း လွှတ်တင်နိုင်ခဲ့သည်။ #Voiceofmyanmar #VOM #ThisDayInHistory #July10

Read More

ရုရှားအတိုက်အခံခေါင်းဆောင် နာဗာနီရဲ့ဇနီးကို အာဏာပိုင်တွေ ဖမ်း၀ရမ်းထုတ်

  မော်စကို၊ ဇူလိုင်-၁၀-၂၀၂၄ မျိုးဆက်(VOM) ရုရှားအတိုက်အခံခေါင်းဆောင် နာဗာနီရဲ့ ဇနီးဖြစ်သူ ယူလီယာနာဗာနီကို ရုရှားတရားရုံးက ဖမ်း၀ရမ်းထုတ်လိုက်ကြောင်း ရုရှားနိုင်ငံပိုင် သတင်းဌာနက ထုတ်ပြန်ပါတယ်။ ရုရှားနိုင်ငံ ပြင်ပမှနေထိုင်နတဲ့ ယူလီယာနာဗာနီကို မျက်ကွယ်စွဲချက်တင်ပြီး ဖမ်း၀ရမ်းထုတ်ခြင်းမှာ အစွန်းရောက်အဖွဲ့တွေမှာ ပါဝင်ပတ်သက် ဆက်နွယ်မှုကြောင့်ဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ပြောပါတယ်။ နာဗာနီဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ရုရှားရဲ့ အထင်ရှားဆုံးအတိုက်အခံခေါင်းဆောင်ဖြစ်ပါတယ်။ သူဟာ ထောင်ဒဏ်ချမှတ်ခံရပြီးနောက် အာတိတ်ဒေသရှိ အကျဉ်းထောင်မှာ ဖေဖော်ဝါရီလအတွင်းက သေဆုံးခဲ့ပါတယ်။ သူဟာ သဘာ၀အတိုင်း သေဆုံးခဲ့တာလို့ ရုရှား အစိုးရဘက်က ပြောဆိုထားပေမယ့် နာဗာနီဟာ ညှဉ်းပန်းနှိပ်စက်ခံရတာ၊ အစာရေစာ မ၀လင်တာနဲ့ အခြားအကြောင်းရင်းတွေကြောင့် သေဆုံးခဲ့တာလို့ သူ့ရဲ့ ဇနီးဖြစ်သူက ပြောပါတယ်။ နာဗာနီဟာ အစွန်းရောက်ဝါဒစွဲချက်တွေကြောင့် ထောင် ၁၉ နှစ်ချမှတ်ခံခဲ့ရသည်။ ဇနီးဖြစ်သူ ယူလီယာနာဗာနီကတော့ ရုရှားသမ္မတပူတင်ဟာ လူသတ်ကောင်နဲ့ ရာဇဝတ်ကောင်ဖြစ်တယ်လို့ ဝေဖန်ပြောဆိုပါတယ်။…

Read More

လားရှိုးမှာ လက်နက်ကြီးကျလို့ အရပ်သား နှစ်ယောက်သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရ

  ဇူလိုင် ၁၀၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမှာ ဒီမနက် ဇူလိုင်လ ၁၀ ရက်နေ့မနက်မှာ လက်နက်ကြီးကျလို့ အရပ်သားပြည်သူ နှစ်ယောက်သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ရပ်ကွက် ၉ ဘူတာနားမှာ ဒီမနက် လက်နက်ကြီးကျတယ်။ အန်တီ တယောက် ခါးပြတ်သွားတယ်။” လို့ ဒေသခံ တယောက် က ပြောပါတယ်။ ရပ်ကွက် ၉၊ နယ်မြေ ၃၊ ဘူတာ သံလမ်းဘေးမှာ လက်နက်ကြီး နှစ်လုံးကျလာတာဖြစ်ပြီး အမျိုးသမီး တယောက်နဲ့ ယောက်ျားလေး ကလေးလေး တယောက် သေဆုံးသွားပြီး ၁၀ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ “ရပ်ကွက် ၁၊ နယ်မြေ ၁၊ ပါရမီ လမ်းမှာလည်း လက်နက်ကြီး…

Read More

တောင်ကိုရီးယားမှာ အမျိုးသမီးတွေ လွှမ်းမိုးမှုများလို့ အမျိုးသားတွေသတ်သေမှုနှုန်းမြင့်တာလို့ မြို့တော်ကောင်စီဝင် ဝေဖန်

  ဆိုးလ်၊ ဇူလိုင်-၁၀-၂၀၂၄ မျိုးဆက်(VOM) တောင်ကိုရီးယားနိုင်ငံမှာ အမျိုးသားတွေ သတ်သေမှုနှုန်းမြင့်မားလာတာဟာ လူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေရဲ့ လွှမ်းမိုးမှုနှင့် ဆက်စပ်နေကြောင်း ဆိုးလ်မြို့တော်ကောင်စီဝင် ကင်ကီဒပ်က ဝေဖန်ပြောဆိုလိုက်ပါတယ်။ သူ့ရဲ့ ဒီလိုပြောဆိုမှုဟာ ကျိုးကြောင်းခိုင်လုံတဲ့ အချက်အလက်မပါဘဲ ပြောဆိုခဲ့တာကြောင့် တောင်ကိုရီးယား ပြည်သူတွေနဲ့ နိုင်ငံရေးသမားတွေရဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ နိုင်ငံတွင်းမှာ နှစ်အနည်းငယ်အတွင်း လုပ်သားအင်အားမှာ အမျိုးသမီးများပါဝင်မှုတိုးလာခြင်းကြောင့် အမျိုးသားတွေအတွက် အလုပ်အကိုင်ရရှိဖို့နဲ့ သူတို့ကို လက်ထပ်လိုတဲ့ အမျိုးသမီးကို ရှာဖွေရခက်ခဲလာကြောင်း ဆိုးလ်မြို့တော်ကောင်စီဝင် ကင်ကီဒပ်ခ်က ဝေဖန်ပြောဆိုခဲ့ပါတယ်။ မကြာသေးမီက အမျိုးသမီးကြီးစိုးတဲ့ လူ့အဖွဲ့အစည်းအဖြစ် ပြောင်းလဲသွားတာက အမျိုးသားတွေ သတ်သေဖို့ ကြိုးပမ်းမှုတွေ တိုးပွားလာတာအတွက် တစိတ်တပိုင်း တာဝန်ရတယ်လို့ သူကအခိုင်အမာဆိုပါတယ်။ မြို့တော်ကောင်စီရဲ့ တရားဝင်ထုတ်ပြန်ချက်အရ ဆိုးလ်မြို့ ဟန်မြစ်တလျှောက် တံတားတွေမှာ သတ်သေဖို့ ကြိုးပမ်းမှုအရေအတွက်ဟာ ၂၀၁၈ ခုနှစ်မှာ ၄၃၀ ရှိခဲ့ရာက ၂၀၂၃…

Read More

ညောင်ဦးမှာ ဧရာဝတီမြစ်ရေ အတက်ကြမ်းနေလို့ စိုးရိမ်ရတဲ့အနေအထား ရှိနေ

  ဇူလိုင် ၁၀ – ၂၀၂၄ SN (VOM) မန္တလေးတိုင်း၊ ညောင်ဦးမြို့မှာ ဧရာဝတီမြစ်ရေ အတက်ကြမ်းနေတဲ့အတွက် စိုးရိမ်ရတဲ့အနေအထား ရှိနေတယ်လို့ ‌မြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။ လက်ရှိမှာ ညောင်ဦးမြစ်ရေဟာ စိုးရိမ်ရေအမှတ်အထက် ၃၆ စင်တီမီတာ ကျော်လွန်နေပြီး နောက်တရက်အတွင်း ၁ ပေခွဲခန့် ဆက်လက်မြင့်တက်နိုင်တယ်လို့ မြို့နယ်မီးသတ်တပ်ဖွဲ့မှ အသိပေး ကြေညာထားပါတယ်။ “ရေတက်တာက တပတ်လောက်ရှိပြီ။ ရေစပြီးတက်တုန်းကတော့ သိပ်ပြီး မကြမ်းသေးဘူး။ ဒီရက်ပိုင်း သုံး၊ လေးရက်အတွင်းမှာမှ တက်တာ ကြမ်းလာတာ။ ပြီးခဲ့တဲ့နှစ်ကထက်ကို ကြမ်းလာတာပေါ့။ ညတွင်းချင်းမှာတင် ပုံမှန်ရေတက်နှုန်းထက်ကို ရေတိုး မြန်နေတယ်” လို့ မြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။ လက်ရှိမှာ ကမ်းနားတလျှောက် ရေမြုပ်နေပြီဖြစ်သလို မြို့နယ်ရဲစခန်းရှေ့လမ်းပေါ် နဲ့ မြို့ထဲရှိ တချို့သော လမ်းမတွေပေါ် ရေဝင်ရောက်နေပြီဖြစ်ကာ ရေတိုးနှုန်းလည်း မြန်နေတယ်လို့…

Read More

နေတိုးအဖွဲ့ ထိပ်သီးဆွေးနွေးပွဲ ဝါရှင်တန်မှာ စတင်

  ဝါရှင်တန်၊ ဇူလိုင်-၁၀-၂၀၂၄ မျိုးဆက်(VOM) နေတိုးအဖွဲ့ရဲ့ ထိပ်သီးဆွေးနွေးပွဲကို အမေရိကန်နိုင်ငံ ဝါရှင်တန်မှာ စတင်လိုက်ပြီး အစည်းအဝေးကို အဖွဲ့ဝင်နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေတက်ရောက်နေပြီး ဇူလိုင် ၁၁ ရက်ထိ ကျင်းပသွားဖို့ရှိနေပါတယ်။ ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုဟာ မျိုးဆက်သစ်တွေအတွက် အကြီးမားဆုံးသော လုံခြုံရေးအကျပ်အတည်းဖြစ်တယ်လို့ နေတိုးအတွင်းရေးမှူးချုပ် စတိုတန်ဘာ့ဂ်က အစည်းအဝေးမှာ ပြောပါတယ်။ “ ယူကရိန်းစစ်ပွဲမှာ ရုရှားကအနိုင်ရလိုက်ရင် ဒါဟာကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်သလို အကြီးမားဆုံး အန္တရာယ်ဖြစ်လိမ့်မယ်”လို့ သူက သတိပေးပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကတော့ အဖွဲဝင် ၃၂ နိုင်ရှိတဲ့ လက်ရှိနေတိုးအဖွဲ့ဟာ အင်အားအကောင်းဆုံးလို့ အဖွင့်မိန့်ခွန်းမှာ ဆိုပါတယ်။ နေတိုးအဖွဲ့ရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ယူကရိန်းသို့ လက်နက်များပေးပို့ရေး၊ အဖွဲ့ဝင်နိုင်ငံတွေက တပ်ဖွဲ့ဝင်တွေအတွက် လေ့ကျင့်ခြင်း မဟာမိတ်အခန်းကဏ္ဍတိုးချဲ့ဖို့နဲ့ အခြားပြသနာများအပေါ် ဆွေးနွေးသွားဖို့ရှိနေပါတယ်။ ဒီထဲမှာ ယူကရိန်းအတွက် စစ်ရေးထောက်ပံ့မှုကို နောက်ထပ်တနှစ်ထပ်မံတိုးမြှင့်ဖို့ဆွေးနွေးခဲ့ကြပါတယ်။ အမေရိကန်၊ ဂျာမနီ၊…

Read More

ပုဂ္ဂလိက ဘဏ်ပိုင်ရှင်တွေအားလုံးကို တွေ့ဆုံဆွေးနွေးဖို့ နေပြည်တော်မှာ အစည်းအဝေးခေါ်

  ဇူလိုင် ၁၀ – ၂၀၂၄ SN (VOM) နစက က ပုဂ္ဂလိကဘဏ်တွေရဲ့ ပိုင်ရှင်တွေ အားလုံးကို နေပြည်တော်မှာ လာရောက်တွေ့ဆုံဖို့  ခေါ်ယူလိုက်တယ်လို့ ဘဏ်လုပ်ငန်းရှင်တွေက ပြောပါတယ်။ နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရုံးကို ဒီကနေ့ ဇူလိုင် ၁၀ ရက်၊ နေ့လယ် ၁ နာရီခွဲအချိန်မှာ ခေါ်ယူထားခြင်းဖြစ်ပြီး နစကရဲ့ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတို့က မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌနဲ့အတူ ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်တွေကို ပုဂ္ဂလိကဘဏ်တွေ အားလုံးနဲ့ တွေ့ဆုံ ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ဘဏ်လုပ်ငန်းရှင်တွေက ပြောပါတယ်။ “ဘဏ်တွေက ချေးငွေထုတ်ပေးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ခေါ်တွေ့တာလို့လည်း ကြားတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးနိုင်သလို တခြား ကိစ္စတွေလည်း ပါနိုင်တယ်။ ဘဏ်တွေကနေ အိမ်ယာချေးငွေနဲ့ ပတ်သက်ပြီး အရေးယူမယ်လို့လည်း…

Read More

ရက်အကန့်အသတ်မရှိ သပိတ်မှောက်တော့မယ်လို့ ဆမ်ဆောင်းကုမ္ပဏီ ဝန်ထမ်းတွေ ကြေညာ

  ဆိုးလ်၊ ဇူလိုင်-၁၀-၂၀၂၄ မျိုးဆက်(VOM) တောင်ကိုရီးယားရှိ ဆမ်ဆောင်းအီလက်ထရွန်းကို လုပ်သားထောင်ပေါင်းများစွာကို ကိုယ်စားပြုသော အလုပ်သမဂ္ဂက သူတို့ရဲ့ သုံးရက်ကြာသပိတ်ကို အကန့်အသတ်မရှိ သက်တမ်းတိုးကြောင်း ဒီနေ့မှာ ကြေညာလိုက်ပါတယ်။ အခုလို သပိတ်မှောက်တာဟာ နည်းပညာကုမ္ပဏီကြီးရဲ့ သမိုင်းမှာ အကြီးမားဆုံးသော အလုပ်သမားသပိတ်ဖြစ်ပြီး ဒုတိယသုံးလပတ်အတွက် အမြတ်အစွန်းတိုးလာမယ်လို့ ခန့်မှန်းထားတဲ့ ဆမ်းဆောင်အတွက် အဓိက ထိုးနှက်ချက်တခုဖြစ်ပါတယ်။ “ပထမအကြိမ်သပိတ်အပြီးမှာ ကုမ္ပဏီ စီမံခန့်ခွဲမှုအဖွဲ့က ဆွေးနွေးလိုတဲ့ဆန္ဒမရှိတာကြောင့် ဒီနေ့ ဇူလိုင် ၁၀ ရက်မှာ ဒုယတိအကြိမ် သပိတ်ကို အကန့်အသတ်မရှိ ကြေညာပါတယ်” လို့ အမျိုးသားဆမ်ဆောင်းအီလက်ထရွန်းနစ် အလုပ်သမားသမဂ္ဂရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။ သမဂ္ဂမှာ အဖွဲ့ဝင်ပေါင်း သုံးသောင်းကျော်ရှိပြီး ဆမ်ဆောင်းကုမ္ပဏီ စုစုပေါင်းလုပ်သားအင်အားရဲ့ ငါးပုံတပုံထိ ရှိနေပါတယ်။ အဖွဲ့ဝင် ၅၀၀၀ ကျော်ရဲ့ လစာနဲ့ အကျိုးခံစားခွင့်တွေအတွက် တောင်းဆိုရာမှာ အဆင်မပြေတာကြောင့် အလုပ်သမားတွေဟာ ပြီးခဲ့တဲ့…

Read More

သဗ္ဗာန်မှောက်ပြီးပျောက်ဆုံးနေတဲ့ ကျောင်းသားတွေအပါအဝင် ရှစ်ယောက် ရှာမတွေ့သေး

  ဇူလိုင် ၁၀ – ၂၀၂၄ GG (VOM) ဒီနေ့ မနက်ပိုင်းက ကြည့်မြင်တိုင်မြို့နယ်၊ လှိုင်မြစ်ထဲမှာ သဗ္ဗာန်မှောက်ပြီး ပျောက်ဆုံးသွားတဲ့ကျောင်းသားအပါအဝင် လူရှစ်ယောက်ကို ခုညနေပိုင်းအထိ ရှာဖွေမတွေ့သေးဘူးလို့ သိရပါတယ်။ လက်ရှိမှာနယ်မြေခံမီးသတ်တပ်ဖွဲ့တွေဘက်ကတော့ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေရပ်လိုက်ပေမယ့်ပျောက်ဆုံးမိသား စုဝင်တွေဘက်ကတော့ ရှာဖွေမှုတွေဆက်လက်လုပ်နေသေးတယ်လို့သိရပါတယ်။ ” ကျွန်တော်တို့ကတော့နေ့ခင်းကတည်းကရှာဖွေမှုမရှိတော့ဘူး။သူတို့မိသားစုတွေဘက်ကတော့ အဲဒီဘက်ကလူမှုရေးအသင်းတွေနဲ့ချိတ်ပြီးရှာနေတုန်းပဲ။ရှစ်ယောက်လုံးမတွေ့သေးတဲ့အခြေအနေပေါ့။ကြည့်မြင်တိုင်တဖက်ကမ်းရွာဘက်ကပါ ။စက်လှေတွေကို အသက်ကယ်အကင်္ျီတွေ ထားဖို့ပြောနေပါတယ်။နဂိုကတည်းကလည်းပြောတာကိုမလိုက်နာကြတာ ။ ” လို့ ကြည့်မြင်တိုင် မီးသတ်စခန်းမှတာဝန်ရှိသူတယောက်ကပြောပါတယ်။ သဗ္ဗာန်မှောက်ပြီး ပျောက်ဆုံးနေတဲ့ ရှစ်ယောက်ထဲမှာ ကျောင်းသားကသုံးယောက်နဲ့ ခရီးသည်က ငါးယောက်ပါကြောင်း၊ အားလုံးဟာ ကြည့်မြင်တိုင်တဖက်ကမ်းမှာရှိတဲ့ ငစင်နဲ့ ဦးမြရွာဘက်ကလို့ သိရပါတယ်။ လက်ရှိမှာသဗ္ဗာန်တိမ်းမှောက်မှုနဲ့ပတ်သက်ပြီး လူပျောက်ဆုံးမှု ရှိတာကြောင့် ဂိတ်မှူးနဲ့ စက်လှေမောင်းသူကို သက်ဆိုင်ရာနယ်မြေရဲစခန်းက ခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ ” မောင်းတဲ့စက်လှေသမားကနားမကြားဘူး။ခုသူရောဂိတ်မှူးရောဖမ်းသွားကြတယ်။သူတို့က လူတွေပိုတင်တာကိုး။အမှန်က လူကြီးဆိုရင်ခြောက်ယောက်လောက်ပဲတင်ရတာ။ကလေး၊ကျောင်းသားတွေပါရင်ဆယ်ယောက်အထိတင်ကြတယ်။အခုက၁၆ယောက်ဆိုတော့အတော်များတယ်။အသက်ကယ်အကင်္ျီကလည်းမပါတော့ခက်တယ် ။ ” လို့ ကြည့်မြင်တိုင်ဒေသခံတယောက်ကပြောပါတယ်။ သဗ္ဗာန်က ဒီနေ့မနက် ၈…

Read More
VOM News

FREE
VIEW