BlackLists ကနေပယ်ဖျက်ပေးမယ်ဆိုပြီး CDM ဝန်ထမ်းတွေကို လုပ်ငန်းခွင်ပြန်ဝင်ဖို့ နစက ခေါ်ပြန်

  ဇူလိုင် ၁၃ – ၂၀၂၄ GG (VOM) လုပ်ငန်းခွင်ကိုစွန့်ပြီး CDM လုပ်သွားတဲ့ ဝန်ထမ်းတွေကို အမည်မည်းစာရင်း Black Lists စာရင်းကနေပယ်ဖျယ်ပေးမှာဖြစ်လို့ ကိုယ်လုပ်ငန်းဆောင်ရွက်ခဲ့တဲ့ဌာနကို သတင်းပို့ကြဖို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထပ်မံအသိပေးလာပါတယ်။ နစက ဘက်ကတော့ CDM ဝန်ထမ်းအနေနဲ့ ဇူလိုင် ၁၅ ရက်ကစပြီး မိမိတို့ တာဝန်ထမ်းဆောင် ခဲ့တဲ့ သက်ဆိုင်ရာဌာနတွေကို ပြန်လည်သတင်းပို့ကြဖို့ ထုတ်ပြန်အသိပေးလာတာဖြစ်ပါတယ်။ လက်ရှိ နစက တာဝန်ယူတဲ့ ကာလအတွင်း ဌာနဆိုင်ရာအဖွဲ့အစည်းတွေကနေ ထွက်ခွာပြီး CDM လုပ်သွားတဲ့ ဝန်ထမ်းပေါင်းအများအပြားရှိခဲ့တာကြောင့် ပညာရေးဌာန၊ကျန်းမာရေးဌာန တွေမှာ ဝန်ထမ်းလိုအပ်ချက်တွေမြင့်နေတယ်လို့သိရပါတယ်။ ” ဝန်ထမ်းလိုအပ်ချက်တွေရှိနေတာကကြာပြီ။ပညာရေးဌာနဆိုရင် ဆရာဆရာမရှိတဲ့နေရာကရှိတယ်။မရှိတဲ့ဒေသဆို တယောက်လောက်ပဲရှိတယ်။ ကျန်းမာရေးဌာနဆိုလည်းဒီလိုပဲ။ သူကတော့ပိုလိုအပ်တယ်။လူ့အသက်အန္တရာယ်နဲ့ဆိုင်တော့လူအင်အားပြည့်စုံမှဖြစ်မှာလေ။ဒါကြောင့် ဝန်ထမ်းတွေပြန်လာဖို့ခေါ်နေတာလို့မြင်တယ်။တချို့လည်း အလုပ်ပြန်ဝင်ချင်လို့ဆိုပြီးစာတင်တာမျိုးလည်းကြားရပေမယ့် အတည်တော့မပြုနိူင်ဘူးပေါ့။ ပြန်ဝင်ချင်သူရှိသလိုအဆုံးထိမလုပ်ဘူးဆိုသူလည်းများတယ်။ ခုကအလုပ်ပြန်ဝင်ရင်ဖမ်းမှာလား စစ်မှုထမ်းပို့ခံရမှာလားဆိုပြီး ကြောက်သူကပိုများတယ်ဆိုတော့ အစိုးရဘက်ကအဲဒီအပေါ် ယုံကြည်ရလေုက်တဲ့အချက်တွေလုပ်ပြဖို့လိုတယ်…

Read More

နီပေါမှာ မြေပြိုပြီး ဘတ်စ်ကားနှစ်စင်း မြစ်ထဲကျလို့ လူ ၅၀ ကျော်ပျောက်ဆုံး

  ခတ္တမန္ဒူ၊ ဇူလိုင်-၁၃-၂၀၂၄ မျိုးဆက်(VOM) နီပေါနိုင်ငံ မြို့တော် ခတ္တမန္ဒူနဲ့ ကီလိုမီတာအကွာဒေသမှာ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုအတွင်း ဘတ်စ်ကားနှစ်စင်း မြစ်ထဲကိုမျောပါသွားတာကြောင့် လူ ၅၀ ကျော်ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ယာဉ်တိမ်းမှောက်မှုကနေ လွတ်မြောက်လာသူ သုံးယောက်ကို ဒေသခံတွေကတွေ့ရှိပြီး ကမ်းသို့ခေါ်ကာ ဆေးရုံပို့ပေးထားပါတယ်။ ပြည်ထဲရေးဝန်ကြီး ရာဘီလာမီချာနီကတော့ ရှာဖွေကယ်ဆယ်ရေးအတွက် လူ ၅၀၀ ကျော်စေလွှတ်ထားတယ်လို့ ဆိုပါတယ်။ မြို့တော် ခန္တမန္ဒူအနောက်ဘက် ၅၃ မိုင်အကွာမှာဖြစ်ပွားခဲ့တဲ့ မြေပြိုမှုမှာလည်း တတိယမြောက်ဘတ်စ်ကားတစီး တိမ်းမှောက်ခဲ့ပြီး ယာဉ်မောင်း သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ခန္တမန္ဒ္ဒူကနေလာတဲ့ ဘတ်စ်ကာနှစ်စီးထဲကတစ်စီးမှာ ခရီးသည် ၄၁ ယောက်ပါပြီး နောက်တစီးမှာတော့ ၂၄ ယောက်ပါပြီး ဒီထဲက ခရီးသည် ၅၁ ယောက်ပျောက်ဆုံးနေတယ်လို့ ပြည်ထဲရေးဝန်ကြီးက ဆိုပါတယ်။ လက်ရှိမှာတောပ ထရီရှူလီမြစ်ထဲမှာ ပျောက်ဆုံးနေတဲ့ ဘတ်စ်ကားနှစ်စင်းက ခရီးသည်တွေကို…

Read More

This Day in History

  Voice of Myanamr ကွန်ဆာဗေးတစ်ခေါင်းဆောင် ထရီဆာမေသည် ၂၀၁၆ ခုနှစ် ဇူလိုင် ၁၃ ရက်တွင် ဗြိတိန်၏ ဒုတိယမြောက် အမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး ဥရောပသမဂ္ဂမှ ဗြိတိန်နှုတ်ထွက်ရန် ဆန္ဒခံယူပွဲပြီးနောက် ရာထူးမှထွက်ခဲ့သော ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၏ နေရာတွင် ဆက်ခဲ့ခဲ့သည်။ #Voiceofmyanmar #VOM #ThisDayInHistory #July12

Read More

မုန်တိုင်းဖြစ်နိုင်ချေရှိတဲ့အတွက် ရေဘေးအန္တရာယ် ပိုမို သတိပြုဖို့ လို

  ဇူလိုင် ၁၂ – ၂၀၂၄ SN (VOM) လာမယ့် သုံးရက်အတွင်း တောင်တရုတ် ပင်လယ်ဘက်မှာ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်လာနိုင်ပြီး မုန်တိုင်းအဆင့်ထိ ရောက်ရှိလာနိုင်တဲ့အတွက် ရေဘေးအန္တရာယ် ပိုမို သတိပြုဖို့ လိုအပ်တယ်လို့ မိုးလေဝသ ပညာရှင်တွေက အသိပေးထားပါတယ်။ ဦးဝင်းနိုင်က ပြောပါတယ်။ အဲဒီရက်တွေမှာ ဘင်္ဂလားပင်လယ်အော်နဲ့ တောင်တရုတ်ပင်လယ်ပြင်အတွင်း လေဖိအားနည်းရပ်ဝန်းတွေ ဖြစ်ပေါ်လာနိုင်ပြီး တောင်တရုတ်ပင်လယ်မှာ မုန်တိုင်းငယ်အဆင့်အထိ ရောက်ရှိနိုင်ကာ ဘင်္ဂလားပင်လယ်အော်မှာတော့ အိန္ဒိယ အရှေ့မြောက်ကမ်းခြေနဲ့ ထိစပ်နေတဲ့ ပင်လယ်ပြင်ပေါ် “ကုန်းတဝက်၊ ရေတဝက် အားကောင်းမှုမရှိတဲ့ လေဖိအားနည်းရပ်ဝန်း” လောက်သာ ဖြစ်နိုင်တာကို တွေ့ရတယ်လို့ မိုး‌လေဝသ လေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်က ပြောပါတယ်။ “ဒီအခြေအနေကြောင့် နောက်လာမဲ့ သုံးရက်အတွင်း မြန်မာတနိုင်ငံလုံး နေရာအနှံ့အပြားမှာ မုတ်သုံမိုးတွေရွာနိုင်မယ့် အခြေအနေတွေ ဖြစ်ပေါ်နိုင်ပါမယ်။ မြစ်ရေတွေအောက်ဘက်ဆင်းလာချိန်၊ လေဖိအားနည်းရပ်ဝန်း၊ မုန်တိုင်းတွေ အစီအရီဖြစ်လာနိုင်ချိန်နဲ့…

Read More

သံတွဲအကျဉ်းထောင် လက်နက်ကြီးထိလို့ အမျိုးသမီးနှစ်ယောက် သေဆုံး

  ဇူလိုင် ၁၃ – ၂၀၂၄ GG – VOM ရခိုင်ပြည်နယ်၊ သံတွဲမြို့အကျဉ်းထောင်ပေါ်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အမျိုးသမီးနှစ် လက်နက်ကြီးထိမှန်သေဆုံးခဲ့ရပြီး လက်ရှိအထိလည်း သံတွဲမှာတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါတယ်။ အကျဉ်းထောင်ဘက်မှာမနေ့က ဇူလိုင်လ ၁၂ ရက်နေ့က လက်နက်ကြီးကျပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တာဖြစ်ကြောင်း၊ လက်နက်ကြီးပေါက်ကွဲမှုတွေကြောင့် အကျဥ်းသားအချို့ကို နေရာရွှေ့ပြောင်းပေးခဲ့ရာမှာ အမျိုးသမီးနှစ်ယောက်က ထောင်အပေါက်ဝမှာ လက်နက်ထိမှန်သေဆုံးခဲ့ရတာဖြစ်တယ်လို် ကနဦးသတင်းအရသိရပါတယ်။ “ထောင်ကိုဗုံးကျတယ်။ အဲဒါမှာတချို့ထောင်သားတွေနေရာရွှေ့ပြောင်းပေးတယ် ။အဲဒီမှာ အမျိုးသမီးနှစ်ယောက် ထောင် အဝမှာ ဗုံးထိပြီးသေသွားတယ် ။အခု စာတိုက်ရှေ့မှာလို့ပြောတယ်။အခုထိတိုက်ပွဲကဖြစ်နေတုန်းဆိုတော့ အခြေနေကမပြောနိုင်ဘူး ။ ” လို့ ဒေသခံတယောက်ကပြောပြပါတယ်။ အဆိုပါ လက်နက်ကြီးထိမှန်တဲ့အမျိုးသမီးနှစ်ယောက်ရုပ်အလောင်းကို ဂွမြို့ဆီသယ်ဆောင်ဖို့ လုပ်ဆောင်နေပေမယ့် လက်ရှိမှာတော့ တိုက်ပွဲကြောင့်သယ်ယူနိုင်ဖို့အဆင်မပြေသေးဘူးလို့သိရပါတယ်။ သံတွဲအကျဥ်းထောင်မှာက နစကတပ်ဖွဲ့တွေ တပ်စွဲထားတာရှိပြီး လက်နက်ကြီးတွေလည်းရှိတာကြောင့် တိုက်ခိုက်ခံရတာဖြစ်နိုင်ကြောင်း ၊လက်ရှိမှာထောင်အနီးတဝိုက်က သွားလာခွင့်ကန့်သတ်ထားပါတယ်။ သံတွဲမြို့ပေါ်ကို ဇူလိူင် ၉ ရက်ကလည်းလက်နက်ကြီးကျလို့ ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့သလို ဇူလိူင်လ…

Read More

၂၀၈၀ ခုနှစ်မှာ ကမ္ဘာ့လူဦးရေ ၁၀ ဒသမ ၃ ဘီလီယံကျော်ထိ အထွတ်အထိပ် ရောက်ရှိနိုင်

  ကုလသမဂ္ဂ၊ ဇူလိုင်-၁၃-၂၀၂၄ မျိုးဆက်(VOM) ကမ္ဘာ့လူဦးရေဟာ ၂၀၈၀ ခုနှစ်မှာ ၁၀ ဒသမ ၃ ဘီလီယံထိ အထွတ်အထိပ်ရောက်ဖွယ်ရှိကြောင်း ကုလသမဂ္ဂရဲ့ ကမ္ဘာ့လူဦးရေခန့်မှန်းချက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ယခုနှစ်အတွင်း ကမ္ဘာတဝန်းမှာ လူဦးရေ ၈ ဒသမ ၂ ဘီလီယံတိုးပွားခဲ့ပြီး လူဦးရေမြင့်တက်မှုဟာ လာမယ့်နှစ် ၆၀ ထိ ရှိနေပြီး ရာစုနှစ်မကုန်ခင်မှာ စတင်ကျဆင်းလာမယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ၂၁ ရာစုအကုန်မှာတော့ ကမ္ဘာ့လူဦးရေ ၁၀ ဒသမ ၂ ဘီလီယံရှိမယ်လို့ ခန့်မှန်းထားပြီး ကမ္ဘာတဝန်းမှာ မွေးဖွားနှုန်း ဆက်တိုက်ကျဆင်းလာတာက လူဦးရေးတိုးတက်မယ့်ကာလကို ယခင်ခန့်မှန်းထားတာထက် စောစီးစွာ ကုန်ဆုံးဖွယ်ရှိတယ်လိုပ ဆိုပါတယ်။ ရုရှားနဲ့ တရုတ်အပါအဝင် နိုင်ငံနဲ့ ဒေသပေါင်း ၆၃ ခုမှာ လူဦးရေဟာ ယခုနှစ်မတိုင်ခင်က အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ ဘရာဇီးနဲ့ အင်ဒိုနီးရှားအပါအဝင်…

Read More

မန္တလေး – မြစ်ကြီးနားကားလမ်း ပိတ်ထားလို့ ကားအစီး‌ရေ ရာနဲ့ချီ ပိတ်မိနေ

  ဇူလိုင် ၁၃ – ၂၀၂၄ SN (VOM) စစ်ကိုင်းတိုင်းရှိ တိုက်ပွဲတွေကြောင့် မန္တလေး – မြစ်ကြီးနားကားလမ်း ပိတ်ထားတာကြောင့် ကားအစီး‌ရေ ရာနဲ့ချီ ပိတ်မိနေတယ်လို့ လမ်းအသုံးပြုသူတွေက ပြောပါတယ်။ နစကတပ်တွေနဲ့ PDF တပ်တို့ကြား တိုက်ပွဲ ပြင်းထန်နေတာကြောင့် မန္တလေးအဝင်ဂိတ်၊ မဲဇာဂိတ်နဲ့ ကျောက်တန်းကျေးရွာ ဂိတ်တို့ကို ဇူလိုင် ၁၁ ရက်၊ ညပိုင်းမှစတင်ကာ နှစ်ဖက်တပ်ဖွဲ့တွေက ရက်အကန့်အသတ်မရှိ ပိတ်လိုက်တာ ဖြစ်တယ်လို့ လမ်းအသုံးပြုသူတွေက ပြောပါတယ်။ ဒါကြောင့် အဲဒီလမ်းပိုင်းမှာ လက်ရှိအချိန်ထိ ပိတ်မိနေတဲ့ ကားအစီးရေ သုံးရာဝန်းကျင်ရှိနေပြီး လမ်းကြောပိတ်ချိန် ကြာမြင့်လာတာနဲ့အမျှ ပိတ်မိနေတဲ့ ကားအရေအတွက် ပိုမိုများပြားလာနိုင်တယ်လို့ ယာဉ်မောင်းတယောက်က ပြောပါတယ်။ “အတက်၊ အဆင်းအားလုံး ပိတ်လိုက်တာ။ ဒီလမ်းက အရင်ကလည်း တိုက်ပွဲဖြစ်ရင် ခဏခဏ ပိတ်လေ့ရှိတယ်။ တိုက်ပွဲငြိမ်ရင် လမ်းပြန်ဖွင့်ပေးတယ်။…

Read More

ကျောက်မဲမှာ စားစရာမရှိလို့ ဒေသခံ ပြည်သူ ရာချီ အခက်အခဲ ဖြစ်နေ

  ဇူလိုင် ၁၃၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ စစ်ရှောင်ပြီး ပြန်လာသူတွေရာ စစ်မရှောင်နိုင်ပဲ ကျန်ရစ်နေခဲ့ သူတွေရော စားစရာမရှိလို့ ဒေသခံ ပြည်သူ ရာချီ အခက်အခဲ ဖြစ်နေကြရ ကြောင်း ဒေသခံ တွေဆီက သိရပါတယ်။ “ခန့်မှန်းခြေက တော့ တော်တော်များပါတယ် ခင်ဗျ။ ရာချီရှိပါတယ် ။ ဆန်က ဝယ်လို့ရပါတယ်။ ဆန်က သူတို့ စစ်ရှောင်ပြီး ပြန်လာတယ်ဆိုတော့ တချို့က တရက်လုပ် တရက်စားတွေလေ။ အလုပ်မရှိတဲ့ အချိန်ကျတော့ ဝင်ငွေမရှိဘူး။ ကုန်ဈေးနှုန်းကလည်း တက်တော့ အဲလို ဖြစ်တာပါခင်ဗျ။” လို့ အကူအညီ ပေးနသူ တယောက်က ပြောပါတယ်။ လက်ရှိမှာ ကျောက်မဲမြို့ထဲ တိုက်ပွဲ ဖြစ်ပွားတာ မရှိတော့ ပေမယ့် လုပ်စရာ အလုပ်အကိုင်ကို မရှိတော့တာကြောင့်…

Read More
VOM News

FREE
VIEW