ကျောက်မဲမှာ စားစရာမရှိလို့ ဒေသခံ ပြည်သူ ရာချီ အခက်အခဲ ဖြစ်နေ

 

ဇူလိုင် ၁၃၊ ၂၀၂၄
Shy V (VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ စစ်ရှောင်ပြီး ပြန်လာသူတွေရာ စစ်မရှောင်နိုင်ပဲ ကျန်ရစ်နေခဲ့ သူတွေရော စားစရာမရှိလို့ ဒေသခံ ပြည်သူ ရာချီ အခက်အခဲ ဖြစ်နေကြရ ကြောင်း ဒေသခံ တွေဆီက သိရပါတယ်။

“ခန့်မှန်းခြေက တော့ တော်တော်များပါတယ် ခင်ဗျ။ ရာချီရှိပါတယ် ။ ဆန်က ဝယ်လို့ရပါတယ်။ ဆန်က သူတို့ စစ်ရှောင်ပြီး ပြန်လာတယ်ဆိုတော့ တချို့က တရက်လုပ် တရက်စားတွေလေ။ အလုပ်မရှိတဲ့ အချိန်ကျတော့ ဝင်ငွေမရှိဘူး။ ကုန်ဈေးနှုန်းကလည်း တက်တော့ အဲလို ဖြစ်တာပါခင်ဗျ။” လို့ အကူအညီ ပေးနသူ တယောက်က ပြောပါတယ်။

လက်ရှိမှာ ကျောက်မဲမြို့ထဲ တိုက်ပွဲ ဖြစ်ပွားတာ မရှိတော့ ပေမယ့် လုပ်စရာ အလုပ်အကိုင်ကို မရှိတော့တာကြောင့် ပိုပြီး အခက်အခဲဖြစ် စားနပ်ရိက္ခာပြတ်ဒုက္ခ ရောက်ကြရတာလို့ သူက ပြောပါတယ်။

စစ်ဘေးရှောင်စခန်းကနေ ပြန်လာကြသူတွေလည်း ရှိလာပြီး မြို့ထဲ စစ်ရှောင်သူ တချို့လည်း ပြန်လာကြ တာ ရှိတယ်လို့ ဆိုပါတယ်။

“အလုပ်က မရှိ။ မိသားစုဝင် တယောက်က လေဖြတ်၊ တယောက်က အမောဖောက် ဆိုတော့ စားသာက်ရဖို့ ခက်ခဲနတာ။ ဝင်ငွေလည်း မရှိဘူး။ ဘာမှ မဝယ်စားနိုင်တော့ဘူး” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။

လက်လုပ် လက်စား အလုပ်လုပ်တဲ့ မိသားစု တွေ၊ လူမမာ ရှိနေတဲ့ မိသားစုတွေက အလုပ်ရှားပါးတာကြောင့် ပို အခက်အခဲဖြစ်ကြရတာလို့ ဆိုပါတယ်။

ကုန်ပစ္စည်းတွပြတ်လပ်နေတဲ့ အပြင် စက်သုံးဆီတွပါ ပြတ်လပ်လာနပြီလို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။

“အခုဖြစ်နေတဲ့ ဒုက္ခက စက်သုံးဆီဒုက္ခပါ။ ဓာတ်ဆီ တလီတာကို ၈၀၀၀ နေ ၁၂၀၀၀ ထိ ရှိပါတယ်။ ဒါတောင် စက်သုံးဆီတွေ ပြတ်နေပါပြီ။” လို့ သူက ပြောပါတယ်။

မြို့ပြင်ဘက်မှာတော့ ပစ်ခတ်သံတွကြားနေရပြီး ဒီရက်ပိုင်းအတွင်း မြို့အဝင်အထွက် ပိတ်ထားတာမျိုးလည်း ရှိတယ်လို့ ဆိုပါတယ်။

ကျောက်မဲမှာတော့ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ကစ TNLA နဲ့ ပူး ပေါင်း တပ်ဖွဲ့တွေက ၁၀၂၇ ကျော့ပြန် စစ်ဆင်ရေး စတင်ကာ ထိုးစစ်ဆင်တိုက်ပွဲ ဖြစ်လာတာ ဖြစ်ပါတယ်။

Photo Crd# တောင်ပါ်သားလေး

#voiceofmyanmar #VOM #ကျောက်မဲ #စားစရာ #ဒေသခံပြည်သူ #ခက်ခဲ

Related posts

Leave a Comment

VOM News

FREE
VIEW