သံတွဲအကျဉ်းထောင် လက်နက်ကြီးထိလို့ အမျိုးသမီးနှစ်ယောက် သေဆုံး

 

ဇူလိုင် ၁၃ – ၂၀၂၄
GG – VOM

ရခိုင်ပြည်နယ်၊ သံတွဲမြို့အကျဉ်းထောင်ပေါ်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အမျိုးသမီးနှစ် လက်နက်ကြီးထိမှန်သေဆုံးခဲ့ရပြီး လက်ရှိအထိလည်း သံတွဲမှာတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါတယ်။

အကျဉ်းထောင်ဘက်မှာမနေ့က ဇူလိုင်လ ၁၂ ရက်နေ့က လက်နက်ကြီးကျပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တာဖြစ်ကြောင်း၊ လက်နက်ကြီးပေါက်ကွဲမှုတွေကြောင့် အကျဥ်းသားအချို့ကို နေရာရွှေ့ပြောင်းပေးခဲ့ရာမှာ အမျိုးသမီးနှစ်ယောက်က ထောင်အပေါက်ဝမှာ လက်နက်ထိမှန်သေဆုံးခဲ့ရတာဖြစ်တယ်လို် ကနဦးသတင်းအရသိရပါတယ်။

“ထောင်ကိုဗုံးကျတယ်။ အဲဒါမှာတချို့ထောင်သားတွေနေရာရွှေ့ပြောင်းပေးတယ် ။အဲဒီမှာ အမျိုးသမီးနှစ်ယောက် ထောင် အဝမှာ ဗုံးထိပြီးသေသွားတယ် ။အခု စာတိုက်ရှေ့မှာလို့ပြောတယ်။အခုထိတိုက်ပွဲကဖြစ်နေတုန်းဆိုတော့ အခြေနေကမပြောနိုင်ဘူး ။ ” လို့ ဒေသခံတယောက်ကပြောပြပါတယ်။

အဆိုပါ လက်နက်ကြီးထိမှန်တဲ့အမျိုးသမီးနှစ်ယောက်ရုပ်အလောင်းကို ဂွမြို့ဆီသယ်ဆောင်ဖို့ လုပ်ဆောင်နေပေမယ့် လက်ရှိမှာတော့ တိုက်ပွဲကြောင့်သယ်ယူနိုင်ဖို့အဆင်မပြေသေးဘူးလို့သိရပါတယ်။

သံတွဲအကျဥ်းထောင်မှာက နစကတပ်ဖွဲ့တွေ တပ်စွဲထားတာရှိပြီး လက်နက်ကြီးတွေလည်းရှိတာကြောင့် တိုက်ခိုက်ခံရတာဖြစ်နိုင်ကြောင်း ၊လက်ရှိမှာထောင်အနီးတဝိုက်က သွားလာခွင့်ကန့်သတ်ထားပါတယ်။

သံတွဲမြို့ပေါ်ကို ဇူလိူင် ၉ ရက်ကလည်းလက်နက်ကြီးကျလို့ ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့သလို ဇူလိူင်လ ၁၀ရက်နဲ့၁၁ ရက်မှာလည်း ရွာတွေထဲလက်နက်ကြီးကျရောက်ပေါက်ကွဲလို့ သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့သိရပါတယ်။

လက်ရှိမှာ သံတွဲမြို့ပေါ်လက်နက်ကြီးကျရောက်မှုတွေအပြင် ရွာဘက်တွေနဲ့ ငပလီကမ်းခြေ၊ဂျိတ်တောကမ်းခြေတလျှောက်မှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် နေအိမ် ထိခိုက်ပျက်စီးတာ ၊အရပ်သားပြည်သူထိခိုက် သေဆုံးတာတွေရှိနေပေမယ့် တိုက်ပွဲကြောင့် လူနာကူညီရေးလမ်းကြောင်းတွေလည်း အချိန်နဲ့တပြေးညီလုပ်နိုင်ခြင်းမရှိဘဲဖြစ်နေရပါတယ်။

ကမ်းခြေတလျှောက်တိုက်ပွဲတွေကြောင့် ကျေးရွာအချို့မှာစစ်မရှောင်ဘဲကျန်နေသေးတဲ့ဒေသခံတွေလည်းပိတ်မိနေသလို ဘုန်းကြီးကျောင်းတွေက စစ်ရှောင်တွေမှာလည်းအကူအညီတွေလိုအပ်နေတယ်လို်သိရပါတယ်။

AA ကတော့လက်ရှိမှာ ငပလီလေဆိပ်ကိုသိမ်းပိုက်ထားတဲ့အပြင် ကမ်းခြေက ခြေလျင်တပ်ရင်း ခလရ ၅၅ ကိုလည်းသိပ်းပိုက်ထားကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ AA ကတော့ သံတွဲမြို့ကို သိမ်းပိုက်နိုင်ဖို့အတွက် ထိုးဆစ်စစ်တိုက်ခိုက်နေတာဖြစ်လို့ တိုက်ပွဲတွေက ပြင်းထန်နေတာပဲဖြစ်ပါတယ်။

သံတွဲမြို့ပေါ်မှာတော့ မြို့ခံအချို့ရှိနေသေးသလို အချို့လည်းဘုန်းကြီးကျောင်းတွေမှာစစ်ရှောင်နေသူတွေရှိကြောင်း ၊ မြို့ပေါ်ကျန်နေသူအချို့ဟာ ကျန်းမာရေးအခြေအနေကြောင့် နဲ့ငွေကြေးမပြည့်စုံမှုကြောင့် မြို့ထဲမှာပဲ တိမ်းရှောင်ရင်းနေကြရတာဖြစ်ပြီး အများစုကတော့ ဂွ၊ကျိန္တလီ၊ဧရာဝတီတိုင်း၊ရန်ကုန်ကို စစ်ဘေးရှောင်နေကြပြီဖြစ်ပါတယ်။

#Voiceofmyanmar #vom #သံတွဲ #အကျဥ်းထောင် #လက်နက်ကြီးကျ #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW