၂၀၈၀ ခုနှစ်မှာ ကမ္ဘာ့လူဦးရေ ၁၀ ဒသမ ၃ ဘီလီယံကျော်ထိ အထွတ်အထိပ် ရောက်ရှိနိုင်

 

ကုလသမဂ္ဂ၊ ဇူလိုင်-၁၃-၂၀၂၄
မျိုးဆက်(VOM)

ကမ္ဘာ့လူဦးရေဟာ ၂၀၈၀ ခုနှစ်မှာ ၁၀ ဒသမ ၃ ဘီလီယံထိ အထွတ်အထိပ်ရောက်ဖွယ်ရှိကြောင်း ကုလသမဂ္ဂရဲ့ ကမ္ဘာ့လူဦးရေခန့်မှန်းချက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ယခုနှစ်အတွင်း ကမ္ဘာတဝန်းမှာ လူဦးရေ ၈ ဒသမ ၂ ဘီလီယံတိုးပွားခဲ့ပြီး လူဦးရေမြင့်တက်မှုဟာ လာမယ့်နှစ် ၆၀ ထိ ရှိနေပြီး ရာစုနှစ်မကုန်ခင်မှာ စတင်ကျဆင်းလာမယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၁ ရာစုအကုန်မှာတော့ ကမ္ဘာ့လူဦးရေ ၁၀ ဒသမ ၂ ဘီလီယံရှိမယ်လို့ ခန့်မှန်းထားပြီး ကမ္ဘာတဝန်းမှာ မွေးဖွားနှုန်း ဆက်တိုက်ကျဆင်းလာတာက လူဦးရေးတိုးတက်မယ့်ကာလကို ယခင်ခန့်မှန်းထားတာထက် စောစီးစွာ ကုန်ဆုံးဖွယ်ရှိတယ်လိုပ ဆိုပါတယ်။

ရုရှားနဲ့ တရုတ်အပါအဝင် နိုင်ငံနဲ့ ဒေသပေါင်း ၆၃ ခုမှာ လူဦးရေဟာ ယခုနှစ်မတိုင်ခင်က အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ ဘရာဇီးနဲ့ အင်ဒိုနီးရှားအပါအဝင် အခြားနိုင်ငံနဲ့ ဒေသ ၄၈ ခုမှာတော့ ၂၀၅၄ ခုနှစ်မှာ လူဦးရေအမြင့်ဆုံး ရောက်ရှိနိုင်တယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။

လက်ရှိကိန်းဂဏန်းတွေအရ အိန္ဒိယနိုင်ငံဟာ လူဦးရေ ၁ ဒသမ ၄၅ ဘီလီယံနဲ့ ကမ္ဘာပေါ်မှာ လူဦးရေအများဆုံး နိုင်ငံအဖြစ် ရပ်တည်နေပြီး တရုတ်နိုင်ငံက ၁ ဒသမ ၄၂ ဘီလီယံနဲ့ ဒုတိယ၊ အမေရိကန်က ၃၄၅ သန်း တတိယရပ်တည်နေပါတယ်။

အိန္ဒိယရဲ့ လူဦးရေဟာ ၂၀၅၄ ခုနှစ်မှာ ၁ ဒသမ ၇ ဘီလီယံနဲ့ တရုတ်နိုင်ငံက ၁ ဒသမ ၂ ထိ လူဦးရေမြင့်တက်လာနိုင်ပြီး တရုတ်နိုင်ငံရဲ့လူဦးရေကတော့ ၂၁၀၀ ခုနှစ်မှာ သန်း ၆၀၀ လောက်ကျဆင်းမယ်လို့ အစီရင်ခံစာက ခန့်မှန်းထားပါတယ်။

Ref:NHK
Photo:Getty Images

#Voiceofmyanmar #VOM #ကမ္ဘာ့လူဦးရေ #၂၀၈၀ခုနှစ် #အမြင့်ဆုံး #၁၀ဘီလီယံကျော်

Related posts

Leave a Comment

VOM News

FREE
VIEW