နီပေါမှာ လေယာဉ်တစင်းပျက်ကျမှု လေယာဉ်မှူးကလွဲပြီး လိုက်ပါသူအားလုံး သေဆုံး

  ခတ္တမန္ဒူ ၊ ဇူလိုင်-၂၄-၂၀၂၄ မျိုးဆက်(VOM) နီပေါနိုင်ငံ မြို့တော်ခတ္တမန္ဒူလေဆိပ်ကနေ ဒီနေ့ ဇူလိုင် ၂၄ ရက်က ပျံတက်သွားတဲ့ လေယာဉ်တစင်း ပျက်ကျမီးလောင်မှုကြောင့် လိုက်ပါသူ ၁၈ ယောက် သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။ မီးလောင်နေတဲ့ အပျက်အစီးတွေအောက်နေ လေယာဉ်မှူးကိုသာ ကယ်ထုတ်နိုင်ခဲ့ပြီး လက်ရှိမှာတော့ ဆေးရုံမှာ ကုသမှုခံယူနေရပြီး သူဟာ လေယာဉ်ပျက်ကျမှုကနေ အသက်ရှင်လွတ်မြောက်ခဲ့တဲ့ တဦးတည်းသောသူဖြစ်ပါတယ်။ Saurya လေကြောင်းလိုင်းက အဲဒီလေယာဉ်ဟာ နည်းပညာကျွမ်းကျင်သူတွေအပါအဝင် ကုမ္ပဏီဝန်ထမ်း ၁၈ ယောက်နဲ့ လေယာဉ်မှူးနှစ်ယောက်တို့လိုက်ပါပြီး ဟိမ၀န္တာဒေသခရီးသွားလုပ်ငန်း ဗဟိုချက်ဖြစ်တဲ့ နိုင်ငံအနောက်ပိုင်း ပေါ့ပ်ဟာရာကို သွားရောက်စဉ် ပျက်ကျခဲ့တာဖြစ်ပါတယ်။ ပုံမှန်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်ရဲ့တစိတ်တပိုင်းအဖြစ် ပေါ့ပ်ဟာရာကို ဦးတည်နေတဲ့ လေယာဉ်ဟာ ဒီနေ့မနက် ဒေသစံတော်ချိန် ၁၁ နာရီ ၁၅ မိနစ်မှာ ထရစ်ဟူဗန်နိုင်ငံတကာ လေဆိပ်ကနေ ထွက်ခွာပြီး မိနစ်အနည်းငယ်အကြာမှာ ပျက်ကျခဲ့တာပါ။…

Read More

လားရှိုး ထောင်ပွင့်သွားတယ်ဆိုတဲ့ သတင်း ကောလဟလသာဖြစ်ပြီး တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေ

ဇူလိုင် ၂၄၊ ၂၀၂၄ Shy V (VOM) လားရှိုး ထောင်ပွင့်သွားတယ်ဆိုတဲ့ သတင်း ကောလဟလသာဖြစ်ပြီး ဒီနေ့ ဇူလိုင်လ ၂၄ ရက်မှာလည်း တိုက်ပွဲ ဖြစ်ပွားနေဆဲဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ပစ်လိုက် မပစ်လိုက်ပဲ။ လားရှိုး ထောင် ပွင့်တယ်ဆိုတာ မဟုတ်ပါဘူး။ စစ်တပ်ဘက်က အမြဲ လက်နက်ကြီး ပစ်နေတာ။ လေယာဉ်တွေနဲ့ကော ပစ် ဆိုတော့ လွယ်လွယ်နဲ့တော့ ဝင်လို့ မရပါဘူး။” လို့ လားရှိုး ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။ နစက တပ်ဖွဲ့တွေကတော့ မြို့ထဲ နေရာ အနှံ့ နေရာယူထားကြကာ လက်နက်ကြီး ပစ်ကူ‌တာတွေ လေယာဉ်နဲ့ ကင်းလှည့်နေတာတွေ တချိန်လုံး ရှိနေတယ်လို့ သူက ပြောပါတယ်။ တိုက်ပွဲက ငြိမ်နေတယ် ဆိုပေမယ့် ပုံသေတွက်လို့ မရပဲ ဖြစ်ချင်တဲ့…

Read More

KNU ဒုဥက္ကဋ္ဌဟောင်းဖြစ်သူ နော်စီဖိုးရာစိန် ကွယ်လွန်

  ဇူလိုင် ၂၄- ၂၀၂၄ GG (VOM) ကရင်အမျိုးသားအစည်းအရုံး (KNU)ရဲ့ ဒုဥက္ကဋ္ဌဟောင်းဖြစ်သူ နော်စီဖိုးရာစိန်ဟာ ဒီကနေ့ ဇူလိုင်လ ၂၄ ရက်နေ့၊ နေ့လယ် ၂ နာရီမှာ ကင်ဆာရောဂါ ​နဲ့ကွယ်လွန်သွားပြီဖြစ်တယ်လို့သိရပါတယ်။ နော်စီဖိုးရာစိန်ဟာ ကင်ဆာရောဂါကို ခံစားနေရတာကြာပြီဖြစ်ပြီး မကြာခဏဆေးကုသမှုလုပ်ခဲ့ရကြောင်း KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က ပြောဆိုထား ပါတယ်။ ဲ ကွယ်လွန်ချိန်မှာအသက် ၆၉ နှစ်ရှိပြီး သူရဲ့နေအိမ်ဖြစ်တဲ့ ထိုင်း- မြန်မာနယ်စပ်က မဲ့စလိယန်းမြို့မှာ ကွယ်လွန်သွားတာဖြစ်တယ်လို့သိရပါတယ်။ နော်စီဖိုးရာစိန်က KNU စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး တာမလာဘောရဲ့ သားသမီးတွေထဲက လေးယောက်မြောက်သမီးဖြစ်ပြီး ကရင်တော်လှန်ရေးကဏ္ဍမှာ ကျရာတာဝန်ကို ထမ်းဆောင်ခဲ့သူလည်းဖြစ်တယ်လို့သိရပါတယ်။ နော်စီဖိုးရာစိန်ကွယ်လွန်သွားတဲ့အပေါ် ကရင်တိုင်းရင်းသားတွေအပါအဝင်နိုင်ငံရေးအသိုင်းဝိုင်းကလည်း ဝမ်းနည်းကြောင်း လူမှုကွန်ယက်ကနေ ရေးသားနေကြပါတယ်။ နော်စီဖိုးရာစိန်ကို ၁၉၅၅ ခုနှစ်၊ ကရင်ပြည်နယ်မှာ မွေးဖွားခဲ့ပြီး ကျောင်းဆရာမအဖြစ် ၁၉၉၅ ခုနှစ်အထိ…

Read More

မကွေးတိုင်းမှာ တပတ်အတွင်း အုပ်ချုပ်ရေးမှူးလေးယောက်အပါ ငါးယောက်သတ်ခံရပြီးတိုက်ပွဲတွေ လည်းဖြစ်ပွား

  ဇူလိုင် ၂၄ -၂၀၂၄ GG (VOM) မကွေးတိုင်းမှာ တပတ်အတွင်း အုပ်ချုပ်ရေးမှူးလေးယောက်နဲ့မိသားစုဝင်အပါအဝင် ငါးယောက်ထက်မနည်း အသတ်ခံခဲ့ရတဲ့အပြင် တိုက်ပွဲတွေလည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဇူလိုင် ၂၃ ရက်နေ့ က မကွေးတိုင်း ဆိပ်ဖြူမြို့နယ်၊ရွာသစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ အောက်ဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဆိုသူတို့ သူတို့ရဲ့နေအိမ်တွေမှာ လာရောက်ပစ်သတ်ခံခဲ့ရတာဖြစ်ပါတယ်။ ” ဟုတ်တယ်။မနေ့ကတရက်တည်း နှစ်ယောက်သတ်ခံရတာ။ရွာသစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညွန့်လွင် နဲ့ အောက်ဆိပ်ရွာအုပ်ကြီး ဦးမြင့်ချိုပါ။ သူတို့အိမ်ကိုလာသတ်သွားတာ။ ညပိုင်းမှာပဲ။နှစ်ယောက်လုံးဆိပ်ဖြူဆေးရုံရင်ခွဲရုံမှာပါ။ ” လို့ ဒေသခံတယောက်ကပြောပါတယ်။ ဇူလိုင်လ ၁၈ ရက်နေ့ကလည်း မြို့သစ်မြို့နယ်၊ သီးကုန်းကျေးရွာက ရပ်ကျေး အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဦးနဲ့ သားဖြစ်သူ ကိုဝေဇော်ထွန်းတို့လည်း သူတို့ရဲ့နေအိမ်မှာပဲ သေနတ်နဲ့လာရောက်ပစ်သတ်ခံခဲ့ရပါတယ်။ ဇူလိုင်လ ၁၇ ရက်မှာလည်း မကွေးမြို့နယ်၊ လက်ပံရွာသစ်ကျေးရွာအနီးက သစ်ရာကောက်-ကိုးပင်လမ်းပိုင်းပေါ်မှာ လယ်ဘိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဆိုင်ကယ်စီးလာစဥ် ပစ်သတ်ခံရတယ်လို်သိရပါတယ်။ ဒါအပြင် တပတ်အတွင်းမှာ…

Read More

ဧရာဝတီတိုင်းက မြို့ ကိုးမြို့မှာ မြစ်ရေတိုးပြီး တာတမံကျိုးပေါက်ကာ စိုက်ခင်းတွေ ရေမြုပ်

  ဇူလိုင် ၂၄ – ၂၀၂၄ SN (VOM) လက်ရှိ ဧရာဝတီတိုင်းအတွင်း မြစ်ရေတွေ တိုးလာတာကြောင့် မြို့ ကိုးမြို့မှာ တာတမံကျိုးပေါက်မှုတွေ ဖြစ်ပေါ်နေပြီး စိုက်ခင်းတွေ ရေမြုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သာပေါင်း၊ မြန်အောင်၊ ကြံခင်း၊ ဟင်္သာတ၊ ဇလွန်၊ ပန်းတနော်၊ ညောင်တုန်း၊ မအူပင်၊ ငါးသိုင်းချောင်း စတဲ့ မြို့နယ်တွေမှာ ဧရာဝတီမြစ်ရေ၊ ငဝန်မြစ်နဲ့ ပန်းလှိုင်မြစ်ရေတွေ တိုးလာနေတာဖြစ်ပြီး စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနေဆဲဖြစ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။ လက်ရှိမှာ ဇလွန်မြို့နယ်၊ သာပေါင်းမြို့နယ်၊ ပန်းတနော်နဲ့ ဟင်္သာတမြို့နယ်တွေမှာ ကျေးရွာတာတမံ ကျိုးပေါက်မှုတွေဖြစ်ပေါ်နေပြီး ကွမ်းနဲ့ စပါးစိုက်ခင်းတွေ ပျက်စီးကုန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါနဲ့ ပတ်သက်လို့ သာပေါင်းမြို့နယ်မှ ဒေသခံတယောက်က “တာကျိုးကျတာက ဇူလိုင် ၂၂…

Read More

ဒေါ်နယ်ထရန့်နဲ့ ကမလာဟားရစ် ရွေးကောက်ပွဲ လူထုထောက်ခံမှုနှုန်း မတိမ်းမယိမ်းရှိနေ

  ဝါရှင်တန် ၊ ဇူလိုင်-၂၄-၂၀၂၄ မျိုးဆက်(VOM) လာမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ သမ္မတဟောင်းဒေါ်နယ်ထရန့်နဲ့ ဒုတိယသမ္မတ ကမလာဟားရစ်တို့ အပေါ် လူထုထောက်ခံမှုနှုန်းဟာ သူမသာကိုယ်မသာ မတိမ်းမယိမ်း ရှိနေကြောင်း ရွေးကောက်ပွဲ သဘောထားစစ်တမ်း နှစ်ရပ်မှာ ဖော်ပြထားပါတယ်။ သမ္မတရွေးကောက်ပွဲကနေ နှုတ်ထွက်ကြောင်း ဂျိုးဘိုင်ကြေညာပြီးနောက် ရိုက်တာသတင်းဌာနနဲ့ Ipsos အဖွဲ့တို့က တနိုင်ငံလုံးအတိုင်းအတာနဲ့ သမ္မတလောင်းတွေအပေါ် လူထုရဲ့ ထောက်ခံမှု သဘောထားစစ်တမ်းတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ စစ်တမ်းတခုမှာတော့ သမ္မတရွေးကောက်ပွဲမှာ ကမလာဟားရစ်ကို မဲပေးမယ်ဆိုသူ ၄၄ ရာခိုင်နှုန်းရှိပြီး ၄၂ ရာခိုင်နှုန်းကတော့ ဒေါ်နယ်ထရန့်ကို မဲပေးမယ်လို့ ဆိုကြပြီး ဟားရစ်ဟာ သူမရဲ့ ဒီမိုကရက်တစ်ပါတီကို လူကြိုက်များအောင် အနည်းငယ်မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။ ပီဘီအက်စ်နဲ့အခြားသော စစ်တမ်းတခုမှာတော့ ရွေးကောက်ပွဲမှာ မှတ်ပုံတင်ထားတဲ့ မဲဆန္ဒရှင်တွေရဲ့ ၄၆ ရာခိုင်နှုန်းကတော့ ကမလာဟားရစ်ကို မဲပေးမယ်လို့ ဆိုပါတယ်။ ဒေါ်နယ်ထရန့်ကတော့ ဂျိုးဘိုင်ဒင်ထက် ဟားရစ်ကို…

Read More

ဘဏ်နဲ့ချိတ်ဆက် အိမ်ရာဝယ်တဲ့ ချေးငွေတွေ ရပ်ဆိုင်းကုန်တာကြောင့် အိမ်ခြံမြေဈေးကွက် ထိခိုက်လာ

  ဇူလိုင် ၂၄ – ၂၀၂၄ SN (VOM) ဘဏ်တွေ အရေးယူမယ့်ကိစ္စကြောင့် ဘဏ်နဲ့ချိတ်ဆက် အိမ်ရာဝယ်တဲ့ချေးငွေတွေ ရပ်ဆိုင်းကုန်တဲ့အတွက် အိမ်ခြံမြေဈေးကွက် ထိခိုက်လာတယ်လို့ ဈေးကွက် ကျွမ်းကျင်သူတွေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။ “လတ်တ‌လော အခြေအနေတွေအရ ဘဏ်တွေကနေ ငွေထုတ်လို့ မရတဲ့အပိုင်းနဲ့ ဘဏ်ချိတ်တွေ မရတော့တဲ့ အနေအထားတွေ ဖြစ်လာတယ်။ ထိန်းချုပ်မှုတွေ၊ အရေးယူမှုတွေလည်း ရှိလာတဲ့အခါကျတော့ အဆင်မပြေတော့ဘူး။ မြို့ကြီးတွေမှာက နယ်မြို့တွေထက် ဘဏ်ချိတ်နဲ့ ဝယ်တာ ပိုများလေ့ရှိတာဆိုတော့ ခုနောက်ပိုင်း အရောင်းအဝယ်တွေ ခက်လာတယ်။ အဆင်မပြေတော့ဘူး” လို့ အိမ်ခြံမြေဈေးကွက် ကျွမ်းကျင်သူတယောက်က ပြောပါတယ်။ ဗဟိုဘဏ် သတ်မှတ်ချက်ထက် ကျော်လွန်ပြီး အိမ်ရာချေးငွေ ထုတ်ချေးထားတဲ့ ပြည်တွင်းဘဏ် ခုနစ်ခုရဲ့ တာဝန်ရှိသူတွေကို အရေးယူမယ်လို့ ကြေညာပြီးတဲ့နောက်ပိုင်းမှာ ဘဏ်နဲ့ ချိတ်ဆက် အိမ်ရာဝယ်တဲ့ ချေးငွေတွေ ရပ်ဆိုင်းသွားတာကြောင့်…

Read More

ထိုင်ဝမ်ကို နာရီပိုင်းအတွင်း တိုက်ခတ်မယ့် အင်အားပြင်းမုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ်တွေ အားလုံးနီးပါး ဖျက်သိမ်း

  တိုင်ပေ၊ ဇူလိုင်-၂၄-၂၀၂၄ မျိုးဆက်(VOM) ထိုင်ဝမ်မှာ ကျွန်းရဲ့ အရှေ့မြောက်ကမ်းရိုးတန်း ကု်နးတွင်းပိုင်းကို လာမယ့် နာရီပိုင်းအတွင်း ဝင်ရောက်တိုက်ခတ်မယ့် အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ဂေမီတိုက်ခတ်မယ့်အရေးကို ကြိုတင်ပြင်ဆင်နေရပါတယ်။ ဒါဟာ ထိုင်ဝမ်ကျွန်းကို ယခုနှစ်မုန်တိုင်းရာသီမှာ ပထမဆုံးဝင်ရောက်တိုက်ခတ်မယ့် တိုင်ဖွန်းမုန်တိုင်းဖြစ်ပြီး ထိုင်ဝမ်စစ်တပ်ရဲ့ နှစ်စဉ်အကြီးစားစစ်ရေးလေ့ကျင့်မှု အချို့ကိုပါ ဖျက်သိမ်းခဲ့ရပါတယ်။ နိုင်ငံတကာလေယာဉ်ခရီးစဉ် ၂၀၀ နဲ့အတူ ပြည်တွင်း လေယာဉ်ခရီးစဉ်အားလုံးနီးပါးကို ဖျက်သိမ်းထားကြောင်း ထိုင်ဝမ် ပို့ဆောင်ရေးဝန်ကြီးဌာနက ပြောပါတယ်။ တိုင်ဖွန်းမုန်တိုင်းဟာ တနာရီကို မိုင် ၁၅၀ နှုန်းထိ တိုက်ခတ်နေပြီး အဆင့် ၄ အဖြစ်သတ်မှတ်ထားပါတယ်။ ကင်မီကျွန်းမှလွဲပြီး ကျန်နေရာတွေမှာ ဒီနေ့ကို မုန်တိုင်းနေ့အဖြစ်သတ်မှတ်ပြီး အလုပ်တွေနဲ့ စာသင်ကြားမှုတွေ ရပ်ဆိုင်းခဲ့ပါတယ်။ ဒါပေမယ့် ချစ်ပ်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ TSMC ကတော့စက်ရုံရဲ့ လုပ်ငန်းဆောင်တာတွေ ပုံမှန်လည်ပတ်နေတယ်လို့ ဆိုပါတယ်။ မုန်တိုင်းဟာ လက်ရှိမှာတော့ မြောက်ဘက်ကို အနည်းငယ်ရွေ့လျားနေပြီး…

Read More

ဒေါ်နယ်ထရန့် ပစ်ခတ်ခံရမှုကြောင့် အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေးအကြီးအကဲ ရာထူးကနေ နုတ်ထွက်ပြီ

  ဝါရှင်တန်၊ ဇူလိုင်-၂၄ မျိုးဆက်(VOM) အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုမှာ လုံခြုံရေးဆိုင်ရာ ပျက်ကွက်မှုကြောင့် လျှို့ဝှက်ထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူး ကင်ချီတယ်ဟာ ရာထူးကနေ နုတ်ထွက်ကြောင်း ကြေညာလိုက်ပါတယ်။ ဌာနရဲ့ ညွှန်ကြားရေးမှူးတယောက်အနေနဲ့ အဲဒီဖြစ်စဉ်က လုံခြုံရေးပျက်ကွက်မှုအတွက် မိမိအပြည့်အ၀ တာဝန်ယူကြောင်း မစ္စချီတယ်ရဲ့ နုတ်ထွက်စာမှာ ဖော်ပြထားပါတယ်။ သမ္မတဟောင်းဒေါ်နယ်ထရန့် ပစ်ခတ်ခံရမှုနဲ့ပတ်သက်ပြီး အငြင်းပွားဖွယ် လွှတ်တော်ကြားနာမှုအပြီးမှာ သူမဟာ ် ရီပတ်ဘလီကန်နဲ့ ဒီမိုကရက်တစ်ပါတီ နှစ်ဘက်စလုံးရဲ့ နုတ်ထွက်ဖို့ တောင်းဆိုမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီဖြစ်ရပ်ဟာ ဆယ်စုနှစ်များစွာအတွင်း လျှို့ဝှက်ထောက်လှမ်းရေးဌာနအတွက် လွန်စွာဆိုးရွားတဲ့ လုံခြုံရေးဆိုင်ရာ ပျက်ကွက်မှုဖြစ်ကြောင်း လွှတ်တော်ကြားနာမှုအတွင်း သူမက ဝန်ခံပြောဆိုပါတယ်။ ဒေါ်နယ်ထရန့်ရှိနေတဲ့ စင်မြင့်မှ မီတာ ၁၃၀ အကွာထိ သေနတ်သမားဘယ်လို ချဉ်းကပ်ခဲ့သည့်ဆိုတဲ့အပေါ် ဝေဖန်မှုတွေကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပြီးနောက် အာဏာပို်ငတွေဟာ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ အဖွဲ့ရဲ့…

Read More

အီသီယိုးပီးယား မြေပြိုမှု အလောင်း ၂၃၀ တွေ့ရှိထား

  အာဒစ်အာဘာဘာ၊ ဇူလိုင်-၂၄-၂၀၂၄ မျိုးဆက်(VOM) အီသီယိုးပီးယားနိုင်ငံတောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာပြီး အလောင်း ၂၃၀ ကိုတွေ့ရှိထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဂိုဖာဇုန်ရှိ ဝေးလံခေါင်သီတဲ့ တောင်တန်းဒေသမှာ မိုးသည်းထန်စွာရွာသွန်းပြီးနောက် မြေပြိုမှု နှစ်ခုဖြစ်ပွာခဲ့တာဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ကယ်ဆယ်နိုင်ခဲ့သူ ၁၀ ယောက်ကို ဆေးရုံပို့ထားပါတယ်။ အခင်းဖြစ်ပွားရာမှာ လူရာချီစုဝေးပြီး ရှာဖွေရေးတွေလုပ်ဆောင်နေကြကာ သေဆုံးသူအရေအတွက် တိုးလာနိုင်တယ်လို့ ပြောပါတယ်။ သေဆုံးသူတွေမှာ အမျိုးသမီး၊ ကလေးငယ်တွေနဲ့ ရဲအရာရှိတွေပါဝင်တယ်လို့ ဆိုပါတယ်။ “ပြီးခဲ့တဲ့နေ့မနက်က မြေပြိုမှုဖြစ်တဲ့နေရာမှာ ကယ်ဆယ်ရေးတွေလုပ်ဖို့ ရဲတွေအပါအဝင် ဒေသခံတွေစုရုံးနေကြချိန်မှာ ဒုတိယအကြိမ်မြေပြိုမှု ထပ်ဖြစ်တယ်။ဒီမှာတင် သေဆုံးသူတွေ ပျောက်ဆုံးသူတွေ တိုးလာတယ်”လို့ ခရိုင်အစိုးရ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ ဂိုဖာဒေသဟာ တောင်အီသီယိုးပီးယားပြည်နယ်ရဲ့ အစိတ်အပိုင်းဖြစ်ပြီး မြို့တော် အာဒစ်အာဘာဘာနဲ့ ၃၂၀ ကီလိုမီတာဝေးပါတယ်။ ဒီဒေသဟာ…

Read More
VOM News

FREE
VIEW