လားရှိုးထောင်ပွင့်သွားပြီး NLD ဗဟိုအလုပ်အမှုဆောင်၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် အပါအဝင် နိုင်ငံရေး အကျဉ်းသား ၃၀၀ ကျော် လွတ်မြောက်

 

ဇူလိုင် ၂၉၊ ၂၀၂၄
Shy V

လားရှိုးထောင် ယမနခနေ့ ဇူလိုင်လ ဏ္ဍ၈ ရက်နေ့မှာ ပွင့်သွားပြီး NLD ဗဟိုအလုပ်အမှုဆောင်၊ ပြည်သူ့ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် အပါအဝင် နိုင်ငံရေး အကျဉ်းသား ၃၀၀ ကျော် လွတ်မြောက်သွားကြောင်း နိုင်ငံရေး အကျဉ်းသားတွေနဲ့ နီးစပ်သူတွေ ဆီက သိရပါတယ်။

“ဦးထွန်းထွန်းဟိန် အပါအဝင် နိုင်ငံရေး အကျဉ်းသား အမျိုးသား ၃၀၀ နဲ့ အမျိုးသမီး ၇၀ လွတ်သွားတယ်။ ရိားရိုး ါကျဉ်းသားတွေက ဘယ်လောက်လဲ မသိဘူး” လို့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ နီးစပ်သူ အမျိုးသမီး တယောက်က ပြောပါတယ်။

တိုက်ပွဲ ဖြစ်ေနချိန် အကျဉ်းထောင် ပွင့်သွားတာကြောင့် အကျဉ်းသားတွေ လွတ်ကာ ပြေးထွက်ကုန်ကြတာ လို့ ဒေသခံတွေက ပြောပါတယ်။

“ထောင်ပွင့်သွားတယ် ကြားတယ်။ လူတွေ အကုန်ပြေးပြီတဲ့။ ထင်တာတော့ ဝန်ထမ်းတွေ လွတ်ပေးပြီး သူတို့လည်း ရောပြေးတာပေါ့။ ခံချရင် သေမဲ့တူတူ။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

NLD ဗဟိုအလုပ်အမှုဆောင် ဖြစ်သလို ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ လည်းဖြစ်တဲ့ အသက် ၇၅ နှစ်အရွယ် ဦးထွန်းထွန်းဟိန်ဟာ ရာဇသတ်ကြီး ပုဒ်မ ၁၃၀ (က) ၊ နိုင်ငံတော်ပုန်ကန်မှု ရာဇသတ်ကြီး ပုဒ်မ – ၁၂၂၊ ရာသတ်ကြီးပုဒ်မ – ၅၀၅ (က) ၊ပုဒ်မ – ၅၀၅ (ခ) တို့နဲ့ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရတာဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတုန်းက ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ်အဖြစ် အနိုင်ရထားသူ ဖြစ်ပါတယ်။

ဇူလိုင်ရ ၂၇ ရက်နေ့ကစ လားရှိုး အကျဉ်းထောင် ဝန်းကျင် တိုက် ပွဲ ပြင်းထန်နေခဲ့ပြီး ခလရ ၆၈ တပ်ပါ ဆုတ်ခွာထားရချိန် ထောင်ပွင့်သွားတာ လို့ ဒေသခံတေဠက ပြောပါတယ်။

လက်ရှိမှာလည်း လားရှိုးမြို့ တချို့ ရပ်ကွက်တွေမှာ တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်ပြီး မြို့ရဲ့ ၈၅ ရာခိုင်နှုန်းခန့်ကို ကိုးကန့် MNDAA ပူးပေါင်း တပ်ဖွဲ့ တွေက ထိန်းချုပ်ထားပြီလို့ ဒေသခံတွေက ပြောပါတယ်။

လားရှိားမြို့ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်ကစ ကိုးကန့် MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ဝာာ ဖြစ်ပါတယ်။

Photo Crd# Wiki

#voiceofmyanmar #VOM #လားရှိုးထောင်ပွင့် #ဦးထွန်းထွန်းဟိန် #နိုင်ငံရေးအကျဉ်းသား #၃၀၀ကျော် လွတ်မြောက်

Related posts

Leave a Comment

VOM News

FREE
VIEW