စဉ့်ကူးတိုက်ပွဲအတွင်း အဆိုတော် တသသနဲ့ အချုပ်သားတွေ လွတ်မြောက်လာ

  ဇူလိုင် ၁၇ – ၂၀၂၄ SN (VOM) မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ မြို့သိမ်းတိုက်ပွဲအတွင်း အဆိုတော် တသသနဲ့ အချုပ်သားတွေ ပြန်လည် လွတ်မြောက်လာတယ်လို့ အဆိုတော် တသသက သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အသိပေး ရေးသားထားပါတယ်။ သူမနဲ့အတူ အချုပ်သား အမျိုးသမီး၊ အမျိုးသား ခြောက်ယောက် ပါဝင်ပြီး အချုပ်ခန်းမှ ထွက်ပြေးစဉ် သူမရဲ့ မန်နေဂျာအပါအဝင် အဖွဲ့အစည်းတချို့က လေကြောင်း ပစ်ခတ်နေတဲ့ကြားကနေ အချုပ်ခန်းသော့ကို ရိုက်ဖျက်ပြီး ကယ်တင်ပေးခဲ့တာလို့ သူမက အသိထားပါတယ်။ “ကျွန်မအခု လွတ်လာပါပြီ။ လွတ်လာတယ်ဆိုတာ လွှတ်ပေးတာ မဟုတ်ပါဘူး။ စဉ့်ကူးမှာ တိုက်ပွဲ နှစ်ကြိမ်ဖြစ်တယ်။ ပထမတကြိမ်ဖြစ်တော့ ကျွန်မတို့ကို အချုပ်က ထုတ်ပြီး လက်ထိပ်ခတ်၊ မခေါက်ရွာဘက်မှာ ခုနစ်ရက်ထားတယ်။ လက်ထိပ်နဲ့အတူ အိပ်ခဲ့ရတယ်။ ခုနစ်ရက်မြောက်တဲ့နေ့မှာ စဉ့်ကူးအချုပ်ကို ပြန်ပို့ပါတယ်။ အချုပ်ရောက်လို့…

Read More

ဘန်ကောက် ဟိုတယ်မှာ သေဆုံးသူခြောက်ယောက် လက်ဖက်ရည်ထဲ အဆိပ်ခတ်ခံခဲ့ရ ၊ စုံစမ်းစစ်ဆေးဖို့ အမေရိကန် FBI ကို အကူအညီခေါ်

  ဘန်ကောက်၊ ဇူလိုင်-၁၇-၂၀၂၇ မျိုးဆက်(VOM) ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ ဇိမ်ခံဟိုတယ်တခုမှာ တွေ့ရှိခဲ့တဲ့ အလောင်းခြောက်လောင်းဟာ အစားအသောက်တွေထဲမှာ ဆိုင်ယာနိုက်အဆိပ်အခတ်ခံရပြီး သေဆုံးသွားဖြစ်ပြီး ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့အတွက် အမေရိကန်အက်ဖ်ဘီအိုင်အဖွဲ့ကို အကူညီတောင်းထားတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ ကြွေးမြီကိစ္စအငြင်းပွားမှုနဲ့ ဆက်နွယ်ပြီး ခုလိုအဆိပ်ခတ်ခံလိုက်ရတာလို့ ရဲတပ်ဖွဲ့က ယူဆနေပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းက သေဆုံးခဲ့ဖွယ်ရှိတဲ့ လူခြောက်ယောက်ရဲ့ အလောင်းတွေကိုတော့ ဘန်ကောက်မြို့လယ်က Grand Hyatt Erawan ဟိုတယ်က အခန်းထဲမှာ မနေ့က တွေ့ရှိခဲ့တာဖြစ်ပါတယ်။ သေဆုံးသူခြောက်ယောက်မှာ လေးယောက်က ဗီယက်နမ်နိုင်ငံသားတွေဖြစ်ပြီး ကျန်နှစ်ယောက်ကတောပ အမေရိကန်နိုင်ငံသားတွေဖြစ်ကာ ဒီထဲက နှစ်ယောက်ဟာ ရင်းနှီးမြုပ်နှံဖို့အတွက် အခြားတယောက်ကို ဘတ် ၁၀ သန်းချေးငှားခဲ့တယ်လို့ ရဲတပ်ဖွဲ့ ယူဆထားပါတယ်။ သူတို့ခြောက်ယောက်ဟာ တနင်္လာနေ့ မွန်းလွဲပိုင်းမှာ ဟိုတယ်ငါးလွှာက အခန်းထဲမှာ စုဝေးခဲ့ကြပြီး နေ့လယ် ၂ နာရီမှာ…

Read More

ကလေးမြို့ရှိ ဆီဆိုင်တွေမှာ ဓာတ်ဆီပြတ်လပ်နေပြီး တလီတာ ၈၅၀၀ ကျော် ပေးဝယ်နေရ

  ဇူလိုင် ၁၇ – ၂၀၂၄ SN (VOM) စစ်ကိုင်းတိုင်း၊ ကလေးမြို့က စက်သုံးဆီဆိုင်တွေမှာ ဓာတ်ဆီ ပြတ်လပ်နေပြီး ဇူလိုင် ၁၅ ရက်နေ့မှစတင်ကာ တလီတာ ၈၅၀၀ ကျော် ပေးဝယ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ တတိယပတ်လောက်ကတည်းက ကလေးမြို့မှာ စက်သုံးဆီပြတ်လပ်နေတာလို့ သိရပြီး လက်ရှိမှာ အရောင်းဆိုင်ကြီးတချို့လည်း ပိတ်ထားတာကြောင့် ရေသန့်ဘူးနဲ့ လက်လီ ရောင်းချပေးနေတဲ့ လမ်းဘေးဈေးဆိုင်တွေမှာသာ ဝယ်ယူနေရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။ “ပြီးခဲ့တဲ့လ အစလောက်ကတည်းက တိုက်ပွဲတွေ ပိုပြီး ပြင်းထန်နေတာကြောင့်ရယ်၊ လမ်းတွေကလည်း မဟာမြိုင်ရော၊ ဂန့်ဂေါရော ပိတ်နေတော့ ပိုဆိုးကုန်တာပေါ့။ လမ်းတွေ ပြန်ဖွင့်ပေးမယ်ဆိုရင်တော့လည်း အနည်းနဲ့အများတော့ အဆင်ပြေမှာပါ။ ဆီက ဂါလံဈေးဆိုရင် တဂါလံ လေးသောင်းကျော်နေပြီ။ တချို့ဆိုင်တွေကျတော့လည်း ဆီကရှိတယ်။ ဒါပေမယ့် မရောင်းချင်ကြဘူး။ ဈေးတင်ချင်ကြတယ်”…

Read More

အိန္ဒိယ ကက်ရှ်မီးယားဒေသမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ တကျော့ပြန် မြင့်တက်

ဂျမူး၊ ဇူလိုင်-၁၇-၂၀၂၇ မျိုးဆက်(VOM) အိန္ဒိယထိန်းချုပ်ထားတဲ့ အငြင်းပွားဖွယ် ကက်ရှ်မီးယားဒေသမှာ မကြာသေးမီကာလကစလို့ အကြမ်းဖက်မှုတွေ မြင့်တက်နေပြီး တနင်္လာနေ့ကလည်း စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကြောင့် အိန္ဒိယစစ်သား လေးယောက် သေဆုံးခဲ့ပါတယ်။ ဂျမူးရှိ ဒိုဒါခရိုင်က သစ်တောတွေအတွင်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေချိန် ခြုံခိုတိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။ ပါကစ္စတန်နဲ့ အငြင်းပွားနေတဲ့ ဒီဒေသက အခြားနေရာတခုမှာလည်း ယာဉ်တန်းကို တိုက်ခိုက်မှုကြောင့် စစ်သားငါးယောက် သေဆုံးခဲ့ပါသေးတယ်။ ၁၉၈၉ ခုနှစ်ကတည်းက အိန္ဒိယအုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသမှာ လက်နက်ကိုင် သောင်းကျန်းမှုတွေကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး မကြာသေးမီ နှစ်တွေအတွင်းမှာတော့ အကြမ်းဖက်မှုတွေ လျော့ကျခဲ့ပါတယ်။ ဒါပေမယ့် ဒီဒေသမှာ မကြာသေးမီကာလတွေအတွင်း သွေးထွက်သံယိုတွေပိုများလာခဲ့ပြီး ပြီးခဲ့တဲ့ ဇွန်လနောက်ပိုင်း ဒေသတွင်းမှာ အကြမ်းဖက်တိုက်ခို်ကမှု ရှစ်ကြိမ်ထိ ဖြစ်ပွားခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ ပြီးခဲ့တဲ့လကလည်း ဒေသတွင်း ဟိန္ဒူဘုရားဖူးတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတစီးကို စစ်သွေးကြွတွေရဲ့ တိုက်ခို်ကမှုကြောင့်…

Read More

လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို မြို့အနီးတွေမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာ

  ဇူလိုင် ၁၇၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုး၊ သီပေါ ကျောက်မဲ၊ နောင်ချို မြို့အနီးတွေမှာ တိုက်ပွဲပြင်းထန်လာကြောင်း ဒေသခံတွေဆီက သိရပါတယ်။ လားရှိုးမြို့ပြင်ဘက်မှာဝောာ့ ယမန်နေ့ ဇူလိုင်လ ၁၆ ရက်နေ့ မနက် မိုးမလင်းခင်ကစ ဇူလိုင်လ ၁၇ ရက်နေ့ မနက် ၂ နာရီကျော်အထိ တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ “လားရှိုး မြို့ပြင် ဟိုပိတ်ရွာဘက် လည်းလေကြောင်းနဲ့ ပါ ဗုံးကြဲလာလို့ အိမ်စောင့် ကျန်ခဲ့တာ ဆက်နေလို့ မရတော့ဘူး။ ထွက်လာရတယ်။ တိုက်ပွဲက ပိုဆိုးလာမယ်ထင်တယ်” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ လားရှိုးမြို့နဲ့ အနီး ဝန်းကျင် နေရာ တချို့မှာ လက်နက် ကျည်တွေကြောင့် ဖုန်းကြိုး၊…

Read More

ဘင်္ဂလားဒေ့ရှ်မှာ ဆန္ဒပြပွဲတွေ ပြင်းထန်လာပြီးနောက် စာသင်ကျောင်းနဲ့ တက္ကသိုလ်တွေအားလုံး ပိတ်

  ဒါကာ၊ ဇူလိုင်-၁၇-၂၀၂၄ မျိုးဆက်(VOM) ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အစိုးရအလုပ်ခွဲတမ်းနဲ့ ပတ်သက်ပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပိုမိုပြင်းထန်လာပြီးနောက် နိုင်ငံတဝန်းရှိ စာသင်ကျောင်းတွေနဲ့ တက္ကသိုလ်တွေကို နောက်ထပ်အသိပေးချက် မထုတ်မပြန်မချင်း ပိတ်ထားလိုက်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဆန္ဒပြပွဲတွေအတွင်း လူခြောက်ယောက် သေဆုံးပြီးနောက်မှာ အာဏာပိုင်တွေက အခုလိုအမိန့်ထုတ်လိုက်တာဖြစ်ပြီး ဆန္ဒပြတက္ကသိုလ်ကျောင်းသားတွေဟာ အစိုးရရဲ့ အလုပ်အကိုင် မူဝါဒအပေါ် ကန့်ကွက်ဆန္ဒပြနေကြတာဖြစ်ပါတယ်။ ၁၉၇၁ ခုနှစ်မှာ ပါကစ္စတန်ထံမှ လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့တဲ့ စစ်မှုထမ်းဟောင်း သားသမီးများအတွက် အစိုးရအလုပ်အကိုင်တွေ ကြိုတင်နေရာချထားပေးတဲ့စနစ်ကို ဆန့်ကျင်တဲ့ တက္ကသိုလ်ကျောင်းသားတွေဟာ ပြီးခဲ့တဲ့ ရက်အတန်ကြာကတည်းက ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အစိုးရအလုပ်တွေရဲ့ သုံးပုံတပုံကို စစ်ပြန်သူရဲကောင်းအဖြစ် သတ်မှတ်ခံထားရသူတွေရဲ့ သားသမီးများအတွက် ထားရှိခြင်းဟာ ခွဲခြားဆက်ဆံခံရတာလို့ ဆန္ဒပြတက္ကသိုလ်ကျောင်းသားတွေက ကန့်ကွက်ပြောဆိုပါတယ်။ မြို့တော်ဒါကာအပါအဝင် မြို့အများအပြားမှာ ယခုသီတင်းပတ်အတွင်းဖြစ်ပွားခဲ့တဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများအတွင်း ဆန္ဒပြသူတွေနဲ့ အစိုးရထောက်ခံသူများအကြား အထူးသဖြင့် အာဏာရ အဝါမီလိဂ်ရဲ့…

Read More

ရခိုင်မှာ KPay နဲ့ Wave ငွေထုတ်ခ ၂၀ ရာခိုင်နှုန်းအထိ ထပ်မံ မြင့်တက်

  ဇူလိုင် ၁၇ – ၂၀၂၄ SN (VOM) လက်ရှိ ရခိုင်ပြည်နယ်အတွင်းမှာ KPay , Wave နဲ့ တခြား ငွေထုတ်ခနှုန်းထားတွေ ၂၀ ရာခိုင်နှုန်းအထိ ထပ်မံ မြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်ရဲ့ ငွေထုတ်ခနှုန်းထားမှာ နစက က ဘဏ်လုပ်ငန်းရှင်တွေကို ဖမ်းဆီးအရေးယူခြင်းအပြင် ဘဏ်တွေကနေ ငွေထုတ်ယူမှု ကန့်သတ်ချက်ကြောင့် ရာခိုင်နှုန်း အဆမတန် မြင့်တက်လျက်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ငွေထုတ်ခနှုန်းထား ၁၅ ရာခိုင်နှုန်းအထိ ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ၂၀ ရာခိုင်နှုန်းအထိ ထပ်မံ မြင့်တက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။ “တဖြည်းဖြည်း ပိုဆိုးလာပြီ။ တသိန်းထုတ်ရင် နှစ်သောင်းပေးရတယ်။ မတန်တဆဈေး ဖြစ်နေပြီ။ ဘဏ်တွေ ပြဿနာဖြစ်ပြီးနောက်ပိုင်း ငွေထုတ်ရခက်လာသလို ‌ရာခိုင်နှုန်း ဖြတ်တာတွေလည်း ပိုပိုဆိုးလာတယ်။…

Read More

ဘန်ကောက်မြို့လယ်က ဟိုတယ်တခုမှာ အလောင်းခြောက်လောင်းတွေ့

  ဘန်ကောက်၊ ဇူလိုင်-၁၇-၂၀၂၄ မျိုးဆက်(VOM) ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ ဇိမ်ခံဟိုတယ်တခုရဲ့ အခန်းထဲမှာ လူခြောက်ယောက်ရဲ့ အလောင်းတွေကို မနေ့ကညက ရှာတွေခဲ့တယ်လို့ ထိုင်းရဲတွေက ပြောပါတယ်။ ကြယ်ငါးပွင့်အဆင့်ရှိ Grand Hyatt မှ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သတင်းဌာနတွေက ကနဦးမှာ ဖော်ပြခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ရဲတပ်ဖွဲ့က ဒီကိစ္စကို ပယ်ချခဲ့ပြီး သေနတ်ပစ်ခတ်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။ သေဆုံးသူတွေဟာ အမျိုးသား သုံးယောက်နဲ့ အမျိုးသမီး သုံးယောက်ဖြစ်ပြီး ဗီယက်နမ်နိုင်ငံသားတွေနဲ့ အမေရိကန်-ဗီယက်နမ် နှစ်နိုင်ငံသား ခံယူထားသူအချို့လည်း ပါဝင်တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ ဟိုတယ်မှာ လူခုနှစ်ယောက် တည်းခိုဖို့ ကြိုတင်စာရင်းသွင်းထားသော်လည်း လူငါးဦးသာ စာရင်းသွင်းတည်းခိုခဲ့ပြီး အခြားလူတယောက်မှာတည်းခိုစာရင်းမှာ မပါဝင်ကြောင်းနဲ့ သူတို့ဟာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးခဲ့ဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ လက်ရှိမှာတော့ တွေ့ရှိထားတဲ့အလောင်းတွေကို ရင်ခွဲစစ်ဆေးဖို့လုပ်ဆောင်နေပြီး အစာအဆိပ်သင့်မှုရှိမရှိနဲ့ အခြားအကြောင်းရင်းတွေကို…

Read More

ဧရာဝတီ၊ မကွေးနဲ့ ပဲခူးတိုင်းတို့မှာ မြစ်ရေ ဆက်လက်မြင့်တက်ပြီး စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေ

  ဇူလိုင် ၁၇ – ၂၀၂၄ SN (VOM) ဧရာဝတီမြစ်ရေဟာ အောက်ဘက်ကို တဖြည်းဖြည်း ဆင်းလာတဲ့အတွက် မကွေး၊ ဧရာဝတီနဲ့ ပဲခူးတိုင်းတို့မှာ မြစ်ရေ ဆက်လက်မြင့်တက်နေပြီး စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားပါတယ်။ လက်ရှိမှာ ဧရာဝတီမြစ်ကမ်းနံဘေး မြို့တွေဖြစ်တဲ့ ဟင်္သာတ၊ ဇလွန်၊ ပခုက္ကူ၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံနဲ့ ပြည်မြို့တို့မှာ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ် အထက် ကျော်လွန် ရောက်ရှိနေပြီဖြစ်တာကြောင့် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေအနေနဲ့ အထူးသတိပြု နေထိုင်ကြဖို့ မိုး/ဇလက အကြံပြုထားပါတယ်။ “မြစ်ရေကြီးတဲ့ အဓိကအချက်ကတော့ မိုးများလို့ပါ။ မြစ်တွေရဲ့ သဘောသဘာဝက မြစ်အထက်ပိုင်းမှာ မိုးများတယ်ဆိုရင် အရင်ဆုံးရေကြီးမှုကို ခံရမှာက အဲဒီ မြစ်အထက်ပိုင်းတွေပဲ။ ဧရာဝတီဆိုရင် ပြီးခဲ့တဲ့ ဇွန်လကုန်၊ ဇူလိုင်လဆန်းလောက်မှာ စပြီးရေကြီးတယ်။…

Read More

မဟာမြိုင်လမ်းမှာ ပိတ်မိနေတဲ့ ကားသမား ၁၃ ယောက်ကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့ ယာယီထိန်းသိမ်းထား

  ဇူလိုင် ၁၆ – ၂၀၂၄ GG (VOM) စစ်ကိုင်းတိုင်း၊ ကလေးဝ – ရေဦးကြား မဟာမြိုင်ကာလမ်းမှာ ပိတ်မိနေတဲ့ ကားသမားတွေနဲ့ နယ်မြေခံ PDF တပ်ဖွဲ့ဝင်တွေ ပြဿနာတက်မှုဖြစ်ပွားပြီး ကားသမား ဆယ်ယောက်ကျော်ကို PDF တွေဘက်က ယာယီ ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့သိရပါတယ်။ မဟာမြိုင်ကားလမ်းမှာ ဆီဘောက်ဆာကားတွေအပါအဝင် ကုန်တင်ကားအစီးရေ ရာနဲ့ချီပိတ်မိနေတာ တလကျော်ကြာမြင့်လာတဲ့အတွက် ကားသမားတွေက လမ်းဖွင့်ပေးဖို့ပြောဆိုပြီး PDF တွေတားထားတဲ့စည်းကိုကျော်ကာ ကာယသမားအချို့က ကားမောင်းလာတာကြောင့် pdf တွေက ကားကိုသေနတ်နဲ့ပစ်ဖောက်တားဆီးခဲ့ရာမှာ ကားသမားတွေနဲ့ PDF တွေအကြားပြဿနာတက်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီနောက်မှာကားသမားတွေနဲ့ PDF တွေအကြားခိုက်ရန်ဖြစ်ပွားတဲ့အခြေအနေအထိ ရှိခဲ့ပြီးရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြောင်း ၊ ပြဿနာဖြစ်ပွားမှုအတွက် ကား သမားတွေထဲက ၁၃ ယောက်ကို PDF တွေကဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” ကားလမ်းကပိတ်တာကြာတော့ အကုန်လုံးအဆင်မပြေတော့ ကားသမားတွေက…

Read More
VOM News

FREE
VIEW