ညောင်ဦးမှာ ဧရာဝတီမြစ်ရေ အတက်ကြမ်းနေလို့ စိုးရိမ်ရတဲ့အနေအထား ရှိနေ

  ဇူလိုင် ၁၀ – ၂၀၂၄ SN (VOM) မန္တလေးတိုင်း၊ ညောင်ဦးမြို့မှာ ဧရာဝတီမြစ်ရေ အတက်ကြမ်းနေတဲ့အတွက် စိုးရိမ်ရတဲ့အနေအထား ရှိနေတယ်လို့ ‌မြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။ လက်ရှိမှာ ညောင်ဦးမြစ်ရေဟာ စိုးရိမ်ရေအမှတ်အထက် ၃၆ စင်တီမီတာ ကျော်လွန်နေပြီး နောက်တရက်အတွင်း ၁ ပေခွဲခန့် ဆက်လက်မြင့်တက်နိုင်တယ်လို့ မြို့နယ်မီးသတ်တပ်ဖွဲ့မှ အသိပေး ကြေညာထားပါတယ်။ “ရေတက်တာက တပတ်လောက်ရှိပြီ။ ရေစပြီးတက်တုန်းကတော့ သိပ်ပြီး မကြမ်းသေးဘူး။ ဒီရက်ပိုင်း သုံး၊ လေးရက်အတွင်းမှာမှ တက်တာ ကြမ်းလာတာ။ ပြီးခဲ့တဲ့နှစ်ကထက်ကို ကြမ်းလာတာပေါ့။ ညတွင်းချင်းမှာတင် ပုံမှန်ရေတက်နှုန်းထက်ကို ရေတိုး မြန်နေတယ်” လို့ မြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။ လက်ရှိမှာ ကမ်းနားတလျှောက် ရေမြုပ်နေပြီဖြစ်သလို မြို့နယ်ရဲစခန်းရှေ့လမ်းပေါ် နဲ့ မြို့ထဲရှိ တချို့သော လမ်းမတွေပေါ် ရေဝင်ရောက်နေပြီဖြစ်ကာ ရေတိုးနှုန်းလည်း မြန်နေတယ်လို့…

Read More

နေတိုးအဖွဲ့ ထိပ်သီးဆွေးနွေးပွဲ ဝါရှင်တန်မှာ စတင်

  ဝါရှင်တန်၊ ဇူလိုင်-၁၀-၂၀၂၄ မျိုးဆက်(VOM) နေတိုးအဖွဲ့ရဲ့ ထိပ်သီးဆွေးနွေးပွဲကို အမေရိကန်နိုင်ငံ ဝါရှင်တန်မှာ စတင်လိုက်ပြီး အစည်းအဝေးကို အဖွဲ့ဝင်နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေတက်ရောက်နေပြီး ဇူလိုင် ၁၁ ရက်ထိ ကျင်းပသွားဖို့ရှိနေပါတယ်။ ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုဟာ မျိုးဆက်သစ်တွေအတွက် အကြီးမားဆုံးသော လုံခြုံရေးအကျပ်အတည်းဖြစ်တယ်လို့ နေတိုးအတွင်းရေးမှူးချုပ် စတိုတန်ဘာ့ဂ်က အစည်းအဝေးမှာ ပြောပါတယ်။ “ ယူကရိန်းစစ်ပွဲမှာ ရုရှားကအနိုင်ရလိုက်ရင် ဒါဟာကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်သလို အကြီးမားဆုံး အန္တရာယ်ဖြစ်လိမ့်မယ်”လို့ သူက သတိပေးပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကတော့ အဖွဲဝင် ၃၂ နိုင်ရှိတဲ့ လက်ရှိနေတိုးအဖွဲ့ဟာ အင်အားအကောင်းဆုံးလို့ အဖွင့်မိန့်ခွန်းမှာ ဆိုပါတယ်။ နေတိုးအဖွဲ့ရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ယူကရိန်းသို့ လက်နက်များပေးပို့ရေး၊ အဖွဲ့ဝင်နိုင်ငံတွေက တပ်ဖွဲ့ဝင်တွေအတွက် လေ့ကျင့်ခြင်း မဟာမိတ်အခန်းကဏ္ဍတိုးချဲ့ဖို့နဲ့ အခြားပြသနာများအပေါ် ဆွေးနွေးသွားဖို့ရှိနေပါတယ်။ ဒီထဲမှာ ယူကရိန်းအတွက် စစ်ရေးထောက်ပံ့မှုကို နောက်ထပ်တနှစ်ထပ်မံတိုးမြှင့်ဖို့ဆွေးနွေးခဲ့ကြပါတယ်။ အမေရိကန်၊ ဂျာမနီ၊…

Read More

ပုဂ္ဂလိက ဘဏ်ပိုင်ရှင်တွေအားလုံးကို တွေ့ဆုံဆွေးနွေးဖို့ နေပြည်တော်မှာ အစည်းအဝေးခေါ်

  ဇူလိုင် ၁၀ – ၂၀၂၄ SN (VOM) နစက က ပုဂ္ဂလိကဘဏ်တွေရဲ့ ပိုင်ရှင်တွေ အားလုံးကို နေပြည်တော်မှာ လာရောက်တွေ့ဆုံဖို့  ခေါ်ယူလိုက်တယ်လို့ ဘဏ်လုပ်ငန်းရှင်တွေက ပြောပါတယ်။ နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရုံးကို ဒီကနေ့ ဇူလိုင် ၁၀ ရက်၊ နေ့လယ် ၁ နာရီခွဲအချိန်မှာ ခေါ်ယူထားခြင်းဖြစ်ပြီး နစကရဲ့ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတို့က မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌနဲ့အတူ ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်တွေကို ပုဂ္ဂလိကဘဏ်တွေ အားလုံးနဲ့ တွေ့ဆုံ ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ဘဏ်လုပ်ငန်းရှင်တွေက ပြောပါတယ်။ “ဘဏ်တွေက ချေးငွေထုတ်ပေးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ခေါ်တွေ့တာလို့လည်း ကြားတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးနိုင်သလို တခြား ကိစ္စတွေလည်း ပါနိုင်တယ်။ ဘဏ်တွေကနေ အိမ်ယာချေးငွေနဲ့ ပတ်သက်ပြီး အရေးယူမယ်လို့လည်း…

Read More

ရက်အကန့်အသတ်မရှိ သပိတ်မှောက်တော့မယ်လို့ ဆမ်ဆောင်းကုမ္ပဏီ ဝန်ထမ်းတွေ ကြေညာ

  ဆိုးလ်၊ ဇူလိုင်-၁၀-၂၀၂၄ မျိုးဆက်(VOM) တောင်ကိုရီးယားရှိ ဆမ်ဆောင်းအီလက်ထရွန်းကို လုပ်သားထောင်ပေါင်းများစွာကို ကိုယ်စားပြုသော အလုပ်သမဂ္ဂက သူတို့ရဲ့ သုံးရက်ကြာသပိတ်ကို အကန့်အသတ်မရှိ သက်တမ်းတိုးကြောင်း ဒီနေ့မှာ ကြေညာလိုက်ပါတယ်။ အခုလို သပိတ်မှောက်တာဟာ နည်းပညာကုမ္ပဏီကြီးရဲ့ သမိုင်းမှာ အကြီးမားဆုံးသော အလုပ်သမားသပိတ်ဖြစ်ပြီး ဒုတိယသုံးလပတ်အတွက် အမြတ်အစွန်းတိုးလာမယ်လို့ ခန့်မှန်းထားတဲ့ ဆမ်းဆောင်အတွက် အဓိက ထိုးနှက်ချက်တခုဖြစ်ပါတယ်။ “ပထမအကြိမ်သပိတ်အပြီးမှာ ကုမ္ပဏီ စီမံခန့်ခွဲမှုအဖွဲ့က ဆွေးနွေးလိုတဲ့ဆန္ဒမရှိတာကြောင့် ဒီနေ့ ဇူလိုင် ၁၀ ရက်မှာ ဒုယတိအကြိမ် သပိတ်ကို အကန့်အသတ်မရှိ ကြေညာပါတယ်” လို့ အမျိုးသားဆမ်ဆောင်းအီလက်ထရွန်းနစ် အလုပ်သမားသမဂ္ဂရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။ သမဂ္ဂမှာ အဖွဲ့ဝင်ပေါင်း သုံးသောင်းကျော်ရှိပြီး ဆမ်ဆောင်းကုမ္ပဏီ စုစုပေါင်းလုပ်သားအင်အားရဲ့ ငါးပုံတပုံထိ ရှိနေပါတယ်။ အဖွဲ့ဝင် ၅၀၀၀ ကျော်ရဲ့ လစာနဲ့ အကျိုးခံစားခွင့်တွေအတွက် တောင်းဆိုရာမှာ အဆင်မပြေတာကြောင့် အလုပ်သမားတွေဟာ ပြီးခဲ့တဲ့…

Read More

သဗ္ဗာန်မှောက်ပြီးပျောက်ဆုံးနေတဲ့ ကျောင်းသားတွေအပါအဝင် ရှစ်ယောက် ရှာမတွေ့သေး

  ဇူလိုင် ၁၀ – ၂၀၂၄ GG (VOM) ဒီနေ့ မနက်ပိုင်းက ကြည့်မြင်တိုင်မြို့နယ်၊ လှိုင်မြစ်ထဲမှာ သဗ္ဗာန်မှောက်ပြီး ပျောက်ဆုံးသွားတဲ့ကျောင်းသားအပါအဝင် လူရှစ်ယောက်ကို ခုညနေပိုင်းအထိ ရှာဖွေမတွေ့သေးဘူးလို့ သိရပါတယ်။ လက်ရှိမှာနယ်မြေခံမီးသတ်တပ်ဖွဲ့တွေဘက်ကတော့ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေရပ်လိုက်ပေမယ့်ပျောက်ဆုံးမိသား စုဝင်တွေဘက်ကတော့ ရှာဖွေမှုတွေဆက်လက်လုပ်နေသေးတယ်လို့သိရပါတယ်။ ” ကျွန်တော်တို့ကတော့နေ့ခင်းကတည်းကရှာဖွေမှုမရှိတော့ဘူး။သူတို့မိသားစုတွေဘက်ကတော့ အဲဒီဘက်ကလူမှုရေးအသင်းတွေနဲ့ချိတ်ပြီးရှာနေတုန်းပဲ။ရှစ်ယောက်လုံးမတွေ့သေးတဲ့အခြေအနေပေါ့။ကြည့်မြင်တိုင်တဖက်ကမ်းရွာဘက်ကပါ ။စက်လှေတွေကို အသက်ကယ်အကင်္ျီတွေ ထားဖို့ပြောနေပါတယ်။နဂိုကတည်းကလည်းပြောတာကိုမလိုက်နာကြတာ ။ ” လို့ ကြည့်မြင်တိုင် မီးသတ်စခန်းမှတာဝန်ရှိသူတယောက်ကပြောပါတယ်။ သဗ္ဗာန်မှောက်ပြီး ပျောက်ဆုံးနေတဲ့ ရှစ်ယောက်ထဲမှာ ကျောင်းသားကသုံးယောက်နဲ့ ခရီးသည်က ငါးယောက်ပါကြောင်း၊ အားလုံးဟာ ကြည့်မြင်တိုင်တဖက်ကမ်းမှာရှိတဲ့ ငစင်နဲ့ ဦးမြရွာဘက်ကလို့ သိရပါတယ်။ လက်ရှိမှာသဗ္ဗာန်တိမ်းမှောက်မှုနဲ့ပတ်သက်ပြီး လူပျောက်ဆုံးမှု ရှိတာကြောင့် ဂိတ်မှူးနဲ့ စက်လှေမောင်းသူကို သက်ဆိုင်ရာနယ်မြေရဲစခန်းက ခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ ” မောင်းတဲ့စက်လှေသမားကနားမကြားဘူး။ခုသူရောဂိတ်မှူးရောဖမ်းသွားကြတယ်။သူတို့က လူတွေပိုတင်တာကိုး။အမှန်က လူကြီးဆိုရင်ခြောက်ယောက်လောက်ပဲတင်ရတာ။ကလေး၊ကျောင်းသားတွေပါရင်ဆယ်ယောက်အထိတင်ကြတယ်။အခုက၁၆ယောက်ဆိုတော့အတော်များတယ်။အသက်ကယ်အကင်္ျီကလည်းမပါတော့ခက်တယ် ။ ” လို့ ကြည့်မြင်တိုင်ဒေသခံတယောက်ကပြောပါတယ်။ သဗ္ဗာန်က ဒီနေ့မနက် ၈…

Read More

ANP ပါတီအပြင် KNC ပါတီ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီတို့ရဲ့ မှတ်ပုံတင်လျှောက်ထားမှု ပျက်ခံရ

  ဇူလိုင် ၉ – ၂၀၂၄ GG (VOM) ကချင်အမျိုးသားကွန်ဂရက်ပါတီ KNC) နဲ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီတွေကို မှတ်ပုံတင်ခွင့်မပြုဘဲ ပယ်ဖျက်လိုက်ကြောင်း ဒီနေ့ဇူလိုင်၉ ရက်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကအသိပေးလိုက်ပါတယ်။ KNC ပါတီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်တွေနဲ့ ညီညွတ်ခြင်းမရှိတာကြောင်​့ မှတ်ပုွတင်ခွင့်ငြင်းပယ်ခံရတာဖြစ်ပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီကတော့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၅ ပါ ပြဋ္ဌာန်းချက်​တွေနဲ့ ညီညွတ်ခြင်းမရှိတာကြောင့် မှတ်ပုံတင်ခွင့်ငြင်းပယ်ခံရတာဖြစ်တယ်လို့ကော်မရှင်ထုတ်ပြန်မှုအရ သိရပါတယ်။ KNC ပါတီကတော့ ပါတီမှတ်ပုံတင်ခွင့်ငြင်းပယ်ခံရတဲ့အပေါ် အယူခံတက်ဖို့မရှ်သလို ပါတီနာမည်ပြောင်းပြီးလည်း လုပ်ဖို့မရှိဘူးလို့ ပါတီဘက်ကပြောပါတယ်။ KNC ပါတီ မှတ်ပုံတင်ခွင့်ငြင်းပယ်ခံရတာနဲ့ပတ်သက်ပြီး ပါတီဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လမ်က” ကျွန်တော်တို့ဒီမိုကရေစီမှာတော့ဆုံးဖြတ်ချက်တေ​ွကိုတော့အထိုက်အလျောက်လေးစားဖို့လိုတယ်။အပြန်အလှန်လေးစားဖို့လိုတာပေါ့။ကျွန်တော်တို့ရပ်တည်မှုကိုလေးစားသလိုအာဏာပိုင်ရဲ့ဆုံးဖြတ်ချက်ကိုလည်းအမှန်ကတော့ဗျာ။ တရားဥပဒေအရဆိုရင် တရားလွှတ်တော်ချုပ်ရုံးကို ပြန်အယူခံတင်ရတာရှိတယ်၊ဒါပေမယ့်ခုတော့မလုပ်ပါဘူး။ဘာလို့ဆိုဆုံးဖြတ်တယ်ဆိုတာ ကျွန်တော်တို့လည်းဘာမှခေါ်မမေးဘဲဆုံးဖြတ်တဲ့ကိစ္စက ကျွန်တော်တို့ကတဖက်သတ်တရားစီရင်ခံရတာလိုဖြစ်နေတယ်။အမှန်ကစစ်ဆေးတာလေ ။စစ်ဆေးတာတွေ့ရှိချက်ပိုကာယကံရှင်ကိုမေးကြည့်ရမယ်လေ ။ကာယကံရှင်ကိုမေးလည်းမမေးဘူး။ ဖုန်းလည်းတခါမှမဆက်ဘဲ ဒီလိုကြီးလုပ်တာခက်တာပေါ့။တရားဥပဒေစံနူန်းနဲ့ဆိုရင်အခက်အခဲရှိတယ်လိုအပ်ချက်တွေရှိတယ် လို့မြင်တယ်။သူတို့ဘက်ကတွေ့ရှိချက်ကတော့ဒီလိုပါ ပါတီကဘယ်လိုလဲဘာလဲမေးတယ်မြန်းတယ်ဆိုရင်တော့…

Read More

လားရှိုး – မန္တလေး လမ်း အချို့နေရာတွေမှာ ယာယီ ပိတ်ထား

ဇူလိုင် ၉၊ ၂၀‌၂၄ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း လမ်းကြောင်းဖြစ်တဲ့ လားရှိုး – မန္တလေး လမ်း အချို့နေရာတွေကို ဒီနေ့ ဇူလိုင်လ ၉ ရက်နေ့မှာ ယာယီ ပိတ်ထားကြောင်း ခရီးသွား ပြည်သူတွေဆီက သိရပါတယ်။ လားရှိုး – မန္တလေး လမ်းမပေါ်ရှိ လားရှိုးမြို့နယ်၊ ခေးနင်းကျေးရွာအုပ်စု၊ စန်ဖြတ်ရွာမှာ ဒိနေ့ ဇူလိုင်လ ၉ ရက်မနက် ၁၀ နာရီကျော်ခန့်ကစ လမ်းအသွားအလာ ယာယီ ပိတ်ထားလိုက်ပြီလို့ ခရီးသွား ပြည်သူ တယောက်က ပြောပါတယ်။ “စန်ဖြတ်ရွာနားမှာ တားထားလိုက်တာ။ ဝင် ထွက်မယ်သူတွေတော့ စောင့်ရမှာပေါ့။ အနီးနား ရောက်နေတဲ့ ကားတွေတော့ လုံခြုံတဲ့ နေရာ ရပ်ထားရတာပေါ့။ အခြေအနေက ပုံသေမရှိဘူး။ အပြောင်းအလဲ ရှိနိုင်တယ်” လို့ သူက…

Read More

ယူကရိန်းကို ရုရှားရဲ့လေကြောင်းတိုက်ခိုက်မှု ၃၆ ယောက်သေပြီး ၁၄၀ ကျော်ဒဏ်ရာရ

  ကိဗ်ယက်၊ ဇူလိုင်-၉-၂၀၂၄ မျိုးဆက်(VOM) ယူကရိန်းနိုင်ငံ တဝန်းကို ရုရှားကဒုံးကျည်တွေနဲ့ ပြီးခဲ့တဲ့နေ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ယူကရိန်းရှိ ကလေးဆေးရုံတရုံလည်း ပျက်စီးခဲ့တယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ပြောပါတယ်။ ယူကရိန်း အကြီးဆုံးကလေးအထူးကုဆေးရုံဖြစ်တဲ့ Ohmatdyt ဆေးရုံဟာ ဒုံးကျည်ထိမှန်မှုကြောင့် လူနှစ်ယောက်သေဆုံးခဲ့ပါတယ်။ ဆေးရုံမှသေဆုံးသွားတဲ့နှစ်ယောက်ကတော့ လူကြီးတွေဖြစ်ပြီး တယောက်က ဆရာဝန်ဖြစ်ပါတယ်။ ဆေးရုံအပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးသမားတွေက ရှာဖွေနေကြပါတယ်။ ရုရှားရဲ့တိုက်ခိုက်မှုအတွင်း စုစုပေါင်းသေဆုံးသူ ၃၆ ယောက်ရှိပြီး ၁၄၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်းသမ္မတရုံးက ထုတ်ပြန်ပါတယ်။ ဒီတိုက်ခိုက်မှုကို ရုရှားကငြင်းဆိုခဲ့ပြီး ယူကရိန်းလေကြောင်းကာကွယ်ရေးစနစ် အစိတ်အပိုင်းတွေထိမှန်တာလို့ ဆိုပါတယ်။ ယူကရိန်းကတော့ တိုက်ခို်ကမှုအတွင်း ရုရှားခရုဇ်ဒုံးကျည် အစိတ်အပိုင်းတွေ တွေ့ရတယ်လို့ ဆိုပါတယ်။ ရုရှားဟာ မကြာသေးမီကာလတွေအတွင်း ယူကရိန်းနယ်စပ်ဒေသများမှာ ထိုးစစ်အရှိန်မြှင့်တင်ခဲ့ပြီး ယူကရိန်း၏ စွမ်းအင်အခြေခံအဆောက်အအုံများကိုလည်း မကြာခဏဆိုသလို ပစ်မှတ်ထားတိုက်ခိုက်နေပါတယ်။ ယူကရိန်းသမ္မတကတော့ နောက်ထပ်လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ မဟာမိတ်တွေဆီက တောင်းခံထားပါတယ်။…

Read More

အာသံပြည်နယ်ရေဘေး ရှားပါးကြံ့နဲ့ သမင်တွေအပါအဝင် တောရိုင်းတိရိစာ္ဆန် ၁၃၀ ကျော်သေဆုံး

  ဒေလီ၊ ဇူလိုင်-၉-၂၀၂၄ မျိုးဆက်(VOM) အိနိ္ဒယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ အမျိုးသားဥယျာဉ်တခုမှာ ရေကြီးရေလျှံမှုကြောင့် ရှားပါးကြံ့ခြောက်အပါဝင် တောရိုင်းတိရိစာ္ဆန် ၁၃၀ ကျော်သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ အာသံပြည်နယ်ရှိ ကာဇီရန်ဂါ အမျိုးသားဥယျာဉ်ဟာ မကြာသေးမီနှစ်များအတွင်း အဆိုးရွားဆုံး ရေဘေးနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ရေနစ်သေဆုံးသွားတဲ့ တိရိစာ္ဆန်တွေမှာ သမင်၊ ဝက်ဝံတွေနဲ့ ဖျံတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ၂၀၁၇ ခုနှစ်ကလည်း ဥယျာဉ်အတွင်း ရေကြီးရေလျှံမှုနဲ့ ကုန်းမြင့်နေရာသို့ တိရိစာ္ဆန်တွေကို ရွှေ့ပြောင်းစဉ် ယာဉ်တိမ်းမှောက်မှုကြောင့် တိရိစာ္ဆန် ၃၅၀ ကျော်သေဆုံးခဲ့ဖူးပါတယ်။ လက်ရှိရေဘေးမှာတော့ွှ တိရိစာ္ဆန် ၉၇ ကောင်ကို ကယ်တင်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဒီအမျိုးသားဥယျဉ်ဟာ ယခုရာစုနှစ်အကူးအပြောင်းက မျိုးသုန်းလုနီးပါးဖြစ်ခဲ့တဲ့ ဦးချိုတချောင်းကြံ့တွေအများဆုံးနေထိုင်ရာ နေရာတခုဖြစ်ပါတယ်။လက်ရှိမှာ ဦးချိုတစ်ချောင်းကြံ့ ၂၄၀၀ ကျော်နေထိုင်ကြက်စားတဲ့ ကမ္ဘာ့အမွေအနှစ်နေရာတခုလည်းဖြစ်ပါတယ်။ ဥယျာဉ်ဟာ ကျားထိန်းသိမ်းရေးနယ်မြေတခုလည်းဖြစ်ပြီး ဆင်တွေ၊ ရေမြင်းတွေ၊ ငှက်မျိုးစိတ်တွေနဲ့ အခြားတိရိစာ္ဆန်များစွာ နေထိုင်ကြပြီး…

Read More

ရုရှားနဲ့ အစ္စရေးဆန့်ကျင်ရေးအဖွဲ့တွေကို ဆက်လက်ထောက်ခံမယ်လို့ အီရန်သမ္မတသစ်ပြော

  တီဟီရန်၊ ဇူလိုင်-၉-၂၀၂၄ မျိုးဆက်(VOM) ရုရှားနဲ့ အစ္စရေးဆန့်ကျင်ရေးအဖွဲ့တွေအပေါ် အီရန်ရဲ့ထောက်ခံမှုဟာ သူ့ရဲ့သမ္မတသက်တမ်းအတွင်းမှာ မပြောင်းလဲဘူးလို့ အီရန်ရွေးကောက်ခံသမ္မတ မာဆွတ်ပီဇက်ရှ်ကီယန် က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အီရန်ကို အနောက်နိုင်ငံတွေနဲ့ဆက်ဆံရေး တိုးတက်ကောင်းမွန်လာစေဖို့ တောင်းဆိုတိုက်တွန်းလေ့ရှိတဲ့ ပြုပြင်ပြောင်းလဲရေးသမားဖြစ်သူ ပီဇက်ရှ်ကီယန်ဟာ ပြီးခဲ့တဲ့ သောကြာနေ့က သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပါတယ်။ အီရန်နိုင်ငံပိုင် သတင်းဌာနရဲ့အဆိုအရ ပီဇက်ရှ်ကီယန်ဟာ ရုရှားသမ္မတပူတင်နဲ့ မနေ့က တယ်လီဖုန်းဆက်သွယ် ဆွေးနွေးခဲ့ပြီး ဂုဏ်ပြုသဝဏ်လွှာအတွက် ကျေးဇူးတင်ကြောင်းနဲ့ အီရန်-ရုရှား နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် ဆန္ဒရှိကြောင်း အီရန်ရွေးကောက်ခံသမ္မတက ပြောပါတယ်။ အီရန်ဟာ နျူကလီးယားအစီအစဉ်အပါအဝင် အခြားသောကိစ္စရပ်တွေမှာ အနောက်နိုင်ငံတွေနဲ့ဆန့်ကျင်ဘက်ဖြစ်ပြီး ရှေးရိုးစွဲသမ္မတ ရိုင်ဆီလက်ထက်မှာတော့ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး အနောက်အုပ်စုနဲ့ သဘောထားကွဲလွဲနေတဲ့ ရုရှားနဲ့ ဆက်ဆံရေးပိုမို နီးကပ်ခဲ့ပါတယ်။ သူအနေနဲ့ အစ္စရေးဆန့်ကျင်ရေးအဖွဲ့တွေကို ဆက်လက်ကူညီဖို့ ရည်ရွယ်ချက်ရှိနေပါတယ်။ သမ္မတသစ်အနေနဲ့ သမ္မတဟောင်းရဲ့ နိုင်ငံခြားရေးနဲ့ စစ်ရေးမူဝါဒတွေကို ဆက်လက်ကျင့်သုံးဖို့နဲ့ အနောက်နိုင်ငံတွေနဲ့…

Read More
VOM News

FREE
VIEW