ဟားခါးမြို့ရဲစခန်းတိုက်ခိုက်ခံရပြီး အကျဥ်းသားတွေ လွတ်မြောက်

  ဇူလိုင် ၂၀ – ၂၀၂၄ GG (VOM) ချင်းပြည်နယ်၊ဟားခါးမြို့မ ရဲစခန်း ဒီနေ့ဇူလိုင်လ ၂၀ ရက်နေ့မနက်စောက တိုက်ခိုက်ခံရပြီး အချုပ်မှာချုပ်ထားတဲ့ အကျဥ်းသား ၆၀ ကျော်လည်းလွတ်မြောက်သွားတယ်လို့သိရပါတယ်။ ” ဟုတ်တယ် ၊ မနက်အစော အဲ့ဒီဘက်မှာပစ်ခတ်သံတွေကြားပြီး မကြာဘူး အချုပ်မှာ ချုပ်ထားတဲ့သူတွေလည်းလွတ်သွားတယ်။အစောင့်တွေလည်းသေတယ်ကြားရတယ်။ဒီမှာကထောင်မရှိဘူး။ဘောလုံးကွင်းအပေါ်မှာအချုပ်ပဲရှိတာ ။ စခန်းမှာက ရဲတွေပဲရှိတာ ကျွန်တော်တို့သိသလောက်လူအင်အားလည်းသိပ်မများဘူး ” လို့ ဒေသခံကပြောပါတယ်။ အဆိုပါ အချုပ်စခန်းမှာရှိတဲ့ အကျဥ်းသားအမျိုးသား ၄၉ ယောက်နဲ့ အကျဥ်းသူအမျိုးသမီး ၁၃ ယောက်လုံး လွတ်မြောက်သွားတာဖြစ်ပြီး လက်ရှိမှာတော့ ချင်း PDF တပ်ဖွဲ့ ကထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ ဟားခါးမြို့မ ရဲစခန်းကို တိုက်ခိုက်ပြီး အချုပ်ခန်းဖောက်မှုကို Chinland Defense Force – Hakha ကလုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ၊အကျဥ်းသားတွေထဲမှာ နိုင်ငံရေးအကျဥ်းသားတွေလည်းပါတဲ့အပြင် ရဲစခန်းကနေ…

Read More

ကိုးကန့် MNDAA ဘက်က တရုတ်ရဲ့ တောင်းဆိုမှုကြောင့် အပစ်ခတ်ရပ်စဲကာလ သက်တမ်းထပ်တိုး

ဇူလိုင်လ ၂၀၊ ၂၀၂၄ Shy V (VOM) ကိုးကန့် MNDAA ဘက်က တရုတ်ရဲ့ တောင်းဆိုမှုကြောင့် အပစ်ခတ်ရပ်စဲကာလ သက်တမ်းထပ်တိုးကြောင်း ယမန်နေ့ ဇူလိုင်လ ၁၉ ရက်နေ့မှာ အသိပေး ကြေညာစာ ထုတ်ပြန်ထားပါတယ်။ တရုတ်နိုင်ငံဘက်က ချက်ချင်းအပစ်အခတ်ရပ်စဲဖို့နဲ့ စစ်ပွဲတွေရပ်တန့်ဖို့ တောင်းဆိုထားတာကြောင်း တောင်းဆိုချက်ကို တုံ့ပြန်ရန်အတွက် ကိုးကန့် MNDAA ရဲ့ စစ်ရေးကော်မရှင်က ဇူလိုင် ၁၉ ရက်မှ ၃၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲရေးကာလ သက်တမ်းတိုး ကြောင်း ဖော်ပြထားပါတယ်။ ကိုးကန့် MNDAA တပ်ဖွဲ့ အနေနဲ့ လက်ရှိရောက်ရှိနေတဲ့ နေရာတွေမှာ ခံစစ်သာ တိုက်ရမှာဖြစ်ပြီး မိမိတို့ဘက်က စတင် ထိုးစစ်ဆင် တာတွေ ရပ်တန့်ဖို့နဲ့ လေကြောင်းရန် ကာကွယ်ရေး စီမံ ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း လည်း ဖော်ပြထားပါတယ်။ ထိုးစစ်ရပ်တန့်ထားတဲ့…

Read More

ဟားခါး၊ ဖလမ်း၊ ကန်ပက်လက်နဲ့ ကလေးမြို့တွေမှာ နှစ်ပတ်ကျော်ကြာတဲ့အထိ လျှပ်စစ်မီးမရသေးလို့ ဒေသခံတွေ အခက်ကြုံ

  ဇူလိုင် ၂၀ – ၂၀၂၄ SN (VOM) ချင်းပြည်နယ်ရှိ ဟားခါး၊ ဖလမ်း၊ ကန်ပက်လက်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်တို့မှာ နှစ်ပတ်ကျော်ကြာတဲ့အထိ လျှပ်စစ်မီး မရရှိသေးတဲ့အတွက် အခက်ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တို့မှာ ဓာတ်အား အဓိက ဖြန့်ဖြူးပေးနေတဲ့ အုန်းတော – ညောင်ပင်ကြီး ချောင်းကူးဓာတ်အားခွဲ 230KV ရုံ ဓာတ်အားလိုင်း အပြစ်ဖြစ်သွားတာကြောင့် ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်နေ့မှစတင်ကာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို လျှပ်စစ်မီး ပြတ်တောက်နေတဲ့အတွက် အဲဒီမြို့နယ်တွေက ဒေသခံပြည်သူတွေဟာ ကျန်းမာရေးကိစ္စ၊ လုပ်ငန်းခွင်နဲ့ အိမ်မှုကိစ္စရပ်တွေမှာ အခက်ကြုံနေကြရတယ်လို့ သိရပါတယ်။ “မီးမလာလို့ ဆေးရုံတွေမှာ ခွဲစိတ်ကုသဖို့အတွက် အဆင်မပြေဘူး ဖြစ်နေတယ်။ ခွဲစိတ်လူနာတွေကို စောင့်ခိုင်းထားရတယ်။ အရေးပေါ်လူနာတွေကိုတော့ မီးစက်နှိုးပြီး…

Read More

တရုတ်မှာ တံတားကျိုးပြီး ကားတွေမြစ်ထဲကျလို့ ၁၁ ယောက်သေပြီး ၃၀ ကျော်ပျောက်ဆုံး

  ပေကျင်း ၊ ဇူလိုင်-၂၀-၂၀၂၄ မျိုးဆက်(VOM) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး အဝေးပြေးလမ်းပေါ်ရှိ တံတားတစင်းပြိုကျမှုကြောင့် လူ ၁၁ ယောက်ထက်မနည်း သေဆုံးပြီး ၃၀ ကျော်ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ရှန်ဇီပြည်နယ် ရှန်လွန်မြို့မှာ မနေ့က မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက် ရေကြီးရေလျှံမှုကြောင့် တံတားပြိုကျခဲ့တာလို့ ပြည်နယ်အာဏာပိုင်တွေက ပြောပါတယ်။ ကယ်ဆယ်ရေးသမားတွေဟာ မြစ်ထဲကို ကျသွားတဲ့ ကားတွေကို ရှာဖွေတွေ့ရှိခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ မြစ်ထဲကိုကျသွားတဲ့ ကားငါးစီးထဲမှာ သေဆုံးသူ ၁၁ ယောက်ကို တွေ့ရှိထားပြီး နောက်ထပ်ကားအစီး ၂၀ လောက်ရေအောက် နစ်မြုပ်သွားတယ်လို့ နိုင်ငံပိုင်သတင်းဌာနက ထုတ်ပြန်ထားပါတယ်။ အခင်းဖြစ်တဲ့နေရာကို ကယ်ဆယ်ရေးသမား ၇၀၀ ကျော်၊ စက်လှေ ၁၈ စင်း၊ ဒရုန်း ၃၂ စင်းတို့ စေလွှတ်ဖြန့်ထားပြီး ပျောက်ဆုံးနေသူတွေကို အစွမ်းကုန်ရှာဖွေဖို့ တရုတ်သမ္မတရှီကျင်းပင်က…

Read More

ရခိုင်မှာ တိုက်ပွဲတွေကြောင့် ရေလုပ်ငန်းလုပ်ကိုင်ရခက်လာလို့ ဒေသခံတွေဒုက္ခရောက်

  ဇူလိုင် ၁၉ – ၂၀၂၄ GG (VOM ) ရခိုင်ပြည်နယ်မှာ AA နဲ့ နစကတပ်တွေအကြားဖြစ်ပွားနေတဲ့တိုက်ပွဲကြောင့် ရေလုပ်ငန်းလုပ်ကိုင်ဖို့ခက်ခဲလာတဲ့အတွက် ရေလုပ်ငန်းကိုအမှီပြုပြီးအသက်မွေးဝမ်းကျောင်းလုပ်ကိုင်နေရတဲ့ဒေသခံတွေ ဒုက္ခရောက်နေရတယ်လို့သိရပါတယ်။ တကျော့ပြန်တိုက်ပွဲတွေ စတင်ဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ်နိုဝင်ဘာလကစပြီး ပင်လယ်ပြင်ထွက်ပြီး ငါး ၊ပုဇွန်ဖမ်းခြင်းလုပ်ငန်းက လုပ်ကိုင်ရအဆင်မပြေတော့ဘဲ တဖြေးဖြေးပိုဆိုးလာပြီး လက်ရှိမှာတော့ ငါးဖမ်းဖို့အတွက် ထောက်ခံစာရယူရတာတွေ၊အချိန်ကန့်သတ်တာ၊ကမ်းအဝေးကိုငါးရှာခွင့်တားမြစ်တာတွေ၊မြို့တခုနဲ့တခုကိုသွားလာခွင့် တားမြစ်ခြင်းအပါအဝင်စတဲ့ ကန့်သတ်ချက်တွေ ရှိလာတာဖြစ်တယ်လို့သိရပါတယ်။ ဒါကြောင့် ငါး၊ပုဇွန် အပါရေထွက်ပစ္စည်း ရှာဖွေပြီးအသက်မွေးဝမ်းကျောင်းပြုနေသူတွေမှာ ဝမ်းစာရဖို့အတွက်ပင်မနည်းရုန်းကန်​နေရတယ်လို့ဆိုပါတယ်။ ” အခုက ငါးဖမ်းသူသိပ်မရှိတော့ဘူး။အရမ်းခက်ခဲလာတယ်။တချို့ရှိတဲ့သူကျလည်း ကိုယ့်ဒေသတွင်းမှာပဲရောင်းဝယ်ကြတယ်။ရန်ကုန်မတင်ပို့နိုင်တော့ဘူး။ငါးဖမ်းရင်အုပ်ချုပ်ရေးမှာထောက်ခံစာယူရတယ်။အဝေးသွားမရဘူးအနီးမှာပဲ ရှာရတယ်။လွတ်လွတ်လပ်လပ်လုပ်လို့မရတော့ဘူး။ဒီတော့တချို့က ငါးဖမ်းဘာညာမလုပ်တော့ဘူး။တချို့ကကျဧရာဝတီတိုင်းဘက်ကိုရွှေ့သွားကြတယ်။ ” လို့ ဒေသခံတယောက်ကပြောပါတယ်။ ဒါအပြင် လက်ရှိရခိုင်ပြည်နယ်မှာ AA တပ်ဖွဲ့ကနေ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေလည်းများလာတဲ့အပြင် တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေလည်းများလာတာကြောင့် ဒေသခံတွေဟာ နေရပ်စွန့်ခွာပြီးစစ်ဘေးရှောင်နေရတဲ့အတွက် ငါးပုဇွန်ရှာဖွေခြင်းလုပ်ငန်းကို မလုပ်နိုင်သူလည်းအများအပြားရှိနေပါတယ်။ ” ခုကစစ်ရှောင်နေရလို့ ပြေးနေရတာဆိုတော့ဘယ်သူမှ ပင်လယ်ပြင်လည်းမထွက်နိုင်ဘူး။…

Read More

နေပြည်တော်မှာ တော်ဝင်ယာဉ်လိုင်း ပြည်လည် ပြေးဆွဲပေးနေ

  ဇူလိုင် ၁၉ – ၂၀၂၄ SN (VOM) နေပြည်တော် ကောင်စီနယ်မြေအတွင်း တော်ဝင် မော်တော်ယာဉ်လိုင်းကို Yutong CB ယာဉ် ခြောက်စီး၊ ယာဉ်လိုင်း လေးလိုင်းနဲ့ ပြန်လည် ပြေးဆွဲပေးနေပြီ ဖြစ်တယ်လို့ တော်ဝင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှ သိရပါတယ်။ “‌တော်ဝင်ယာဉ်လိုင်းက အရင်ကတည်းက ပြေးဆွဲပေးနေတဲ့ ယာဉ်လိုင်းပါ။ ကိုဗစ်ဖြစ်လို့ နားထားတာကနေ အခုမှ ပြန်ပြေးဆွဲပေးတာ။ ဇူလိုင် ၃ ရက်နေ့ကတည်းက ပြန်စနေတာပါ။ စစချင်းတုန်းကတော့ လူသိပ်မသိကြသေးတော့ လူရနည်းတယ်။ အခုနောက်ပိုင်းတော့ လူများလာပါပြီ” လို့ တော်ဝင်ယာဉ်လိုင်းမှ ယာဉ်မောင်းတယောက်က ပြောပါတယ်။ အဲဒီ ယာဉ်လိုင်းကို နေပြည်တော်အတွင်းရှိ အများပြည်သူတွေ သွားလာရေး လွယ်ကူနိုင်ဖို့၊ ဘုရားဖူးပြည်သူတွေ မာရဝိဇယဘုရားကို လွယ်ကူစွာ သွားရောက်ဖူးမြှော်နိုင်ဖို့နဲ့ ကျောင်းသား၊ ကျောင်းသူတွေ သက်ဆိုင်ရာတက္ကသိုလ်တွေမှာ ပညာသင်ကြားရာမှာ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ဖို့အတွက်…

Read More

ပြည်နဲ့အောင်လံမှာ လူ၁၂၀၀၀ ကျော် ရေဘေးသင့်နေရပြီး အကူအညီတွေလိုအပ်နေ

  ဇူလိုင် ၁၉ – ၂၀၂၄ GG (VOM) ပြည်မြို့နဲ့ အောင်လံမြို့နယ်မှာ မြစ်ရေတက်လို့ အိမ်ထောင်စု ၃၀၀၀ လောက် ရေနစ်မြုပ်နေပြီးလူပေါင်း ၁၂၀၀၀ ကျော် ရေဘေးသင့်ပြီးအစားအသောက်အပါအဝင်အကူအညီတွေလိုအပ်နေတယ်လို့ ရေဘေးကူညီနေသူတွေဆီကသိရပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ အနောက်ပိုင်း၊ ပြည်မြို့အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ဧရာဝတီမြစ်ကမ်းဘေး တလျှောက်ရှိ မြစ်ရေဝင်ရောက်လျက်ရှိသော အိမ်ခြေများမှ လူဦးရေ (၁၁၀၀၀)ကျော်အား ရေဘေးလွတ်ရာသို့ ရွှေ့ ပြောင်းပေးနေရကြောင်း သက်ဆိုင်ရာရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များထံမှ သိရသည်။ ပြည်မြို့မှာ ဇူလိုင်လ ၁၃ ရက်ကစပြီး ဧရာဝတီမြစ်ရေတက်တာကြောင့် မြစ်ကမ်းဘေး တလျှောက်ရှိ နဝင်းရပ်ကွက်၊ ပြည်သာယာရပ်ကွက်၊ ကုန်းသာလင်းကျေးရွာအုပ်စု၊ ဇလုံကျေးရွာအုပ်စု၊ အနောက်လက္ခုပ္ပင်ကျေးရွာအုပ်စု၊ ငါးရွာကျေးရွာအုပ်စု ၊သဲဖြူရွာ စတဲ့ နေအိမ်တွေကို မြစ်ရေဝင်ရောက်နစ်မြုပ်နေတာဖြစ်ပါတယ်။ ရေကြီးနစ်မြုပ် မှုကြောင့် အိမ်ထောင်စု ၂၇၇၉ ခုမှလူဦးရေ ၁၁၃၃၃ ယောက် ရေဘေးသင့်ဒဏ်ခံနေရတာဖြစ်ပြီး လက်ရှိရေဝင်ရောက်နစ်မြုပ်နေတဲ့ နေရာတွေမှာကအခြေခံလူတန်းစားတွေအများဆုံးနေထိုင်ကြတာဖြစ်တဲ့အတွက်…

Read More

ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင်ရုပ်သံကို ဆန္ဒပြသူတွေ ဝင်စီးပြီး မီးရှို့

  ဒါကာ၊ ဇူလိုင်-၁၉-၂၀၂၄ မျိုးဆက်(VOM) ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေအတွင်း ကျောင်းသားတွေနဲ့ရဲတပ်ဖွဲ့တို့အကြား ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် တနိုင်ငံလုံးမှာ မြင့်မားတဲ့ လုံခြုံရေးသတိပေးချက် ထုတ်ပြန်ထားပါတယ်။ မြို့တော်ဒါကနဲ့ ဝန်းကျင်ဒေသတွေမှာတော့ အင်တာနက်နဲ့ ဖုန်လိုင်းတွေ ပြတ်တောက်လျှက်ရှိပါတယ်။ ပြီးခဲ့တဲ့နေ့မှာတော့ ဆန္ဒပြသူ ထောင်ပေါင်းများစွာဟာ နိုင်ငံပိုင် ရုပ်သံဌာန ဘီတီဗီကို ဝင်ရောက်စီးနှင်းကာ ပရိဘောဂတွေနဲ့ အဆောက်အအုံနေရာအချို့ကို ဖျက်းဆီးမီးရှို့မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒီဖြစ်ရပ်ကြောင့် ရုပ်သံထုတ်လွှင့်မှုတွေ ရပ်ဆိုင်းခဲ့ပြီး ဝန်ထမ်းတွေလည်း အဆောက်အဦထဲက စွန်ခွာခဲ့ရပါတယ်။ အခြေအနေက အရမ်းဆိုးလို့ ဒီနေရာကနေထွက်ခွာဖို့ကလွဲပြီး တခြားရွေးချယ်စရာမရှိခဲ့ဘူးလို့ ဝန်ထမ်းတယောက် ပြောပါတယ်။ လူပေါင်း ၁၉ ယောက်ထက်မနည်း သေဆုံးပြီး ရာနဲ့ချီဒဏ်ရာရခဲ့တဲ့ ဆန္ဒပြပွဲတွေ အပြီးမှာတော့ အခြေအနေ ငြိမ်သက်ဖို့ ဝန်ကြီးချုပ် ရှိတ်ဟာစီနာက တိုက်တွန်းထားပါတယ်။ ပါကစ္စတန်နိုင်ငံဆီကနေ လွတ်လပ်ရေးရယူခဲ့တဲ့ တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ စစ်မှုထမ်းဟောင်းတွေရဲ့ သားသမီးတွေအတွက် အစိုးရအလုပ်ခွဲတမ်း…

Read More

This Day in History

  Voice of Myanmar အမေရိကန်တွင် အမျိုးသမီးအတွက် အထူးအခွင့်အရေးများ အထူးသဖြင့် မဲပေးခွင့်ရရေး လှုပ်ရှားမှုများသည် ၁၉၄၈ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် စတင်ခဲ့သည်။ #Voiceofmyanmar #VOM #ThisDayInHistory #July19

Read More

ရေစကြိုမှာ ရေဘေးဒုက္ခသည် တသိန်းကျော် ရှိနေပြီး ကျေးရွာပေါင်း တရာကျော် ရေမြုပ်နေ

  ဇူလိုင် ၁၉ – ၂၀၂၄ SN (VOM) မကွေးတိုင်း၊ ရေစကြိုမြို့မှာ ရေဘေးဒုက္ခသည် တသိန်းကျော် ရှိနေပြီး ကျေးရွာပေါင်း တရာကျော် ရေနစ်မြုပ်နေတယ်လို့ ရေဘေးသင့်ပြည်သူတွေကို ကူညီပေးနေသူတွေက ပြောပါတယ်။ ချင်းတွင်းနဲ့ ဧရာဝတီမြစ် ဆုံတဲ့နေရာမှာရှိတဲ့ ရေစကြိုမြို့မှာ မြစ်ရေမြင့်တက်မှုကြောင့် မြို့ဧရိယာအကျယ်အဝန်းရဲ့ သုံးပုံတပုံလောက်နဲ့ ရွာပေါင်း ၁၃၀ ကျော် ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။ “ဒီနှစ်ကတော့ ပြောမနေပါနဲ့။ မိုးက တအားများတော့ ဧရာဝတီမြစ်ရေကလည်း တောက်လျှောက်မြင့်နေတာဆိုတော့ အခုဒီဘက် ချင်းတွင်းမြစ်ကနေ ဝင်မယ့်ရေက ထောက်နေတာကို ရေကပိုမြင့်ရုံပဲရှိတော့တာပေါ့၊အခုချိန် မြစ်ဘေးနဲ့ မြစ်ပတ်လည်တွေက သွားကြည့်စရာကိုမလိုတာ၊ တကြောလုံးမြုပ်နေပြီ” လို့ ရေဘေးသင့်ပြည်သူတွေကို ကူညီ‌ပေးနေသူက ပြောပါတယ်။ လက်ရှိမှာ ရေစကြိုမြို့နယ်အတွင်း ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ဆုံရာ ရေလယ်ကျွန်းဒေသ၊ ချင်းတွင်းမြစ် အနောက်ဘက်ကမ်းရှိ ကျွန်းတဲဒေသတို့မှာ ရေနစ်မြုပ်နေပြီး ရေကြီး၊ ရေလျှံမှုကြောင့်…

Read More
VOM News

FREE
VIEW