လားရှိုးကို နစကဘက်က လေကြောင်းနဲ့ ပြန်တိုက်လာ

ဩဂုတ် ၃၁၊ ၂၀၂၄ Shy (VOM) ဩဂုတ်လ ၃၀ ရက်နေ့ မနေ့ည ၉နာရီဝန်းကျင်က လားရှိုးမြို့ပေါ်ကို နစကတပ်ဘက်ကနေ လေကြောင်းနဲ့ ပြန်တိုက်လာ‌ ကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။ “လားရှိး ရပ်ကွက် ၉ ဘက် အထက ၈ မရောက်ခင် မီးပွိုင့်နားဘက်ကျတာက အိမ် တအိမ်ထိတယ်။ တိုင်းရုံးဘက်နဲ့ လေယာဉ်ကွင်းဘက်ရော ကျတယ် ကြားတယ်။” လို့ဒေသခံ တယောက်က ပြောပါတယ်။ ဖြစ်စဥ်ဖြစ်တဲ့ဘက်ဟာ ဘူတာနဲ့လည်း နီးသလို ၆၀၂ ထောက်ပို့ တပ်နဲ့လည်း နီးတာဖြစ်ပြီး ညပိုင်းအချိန်မို့ အထိအခိုက်တော့ အသေးစိတ် မသိရသေးဘူး လို့ ပြောပါတယ်။ “လူတွေတော့ ဘာမှတော့ မဖြစ်ဘူးတဲ့။ တော်သေးတာပေါ့။ တချို့က မပေါက်ကွဲဘူးလို့ ပြောတယ်။စစ်တပ်တွေထဲမှာ MNDAA တွေ နေနေမယ်ထင်လို့ လာချသွားတာ နေမယ်၊…

Read More

This Day in History

Voice of Myanmar ဘရာဇီး၏ ပထမဆုံး အမျိုးသမီးသမ္မတ ဒီလ်မာရပ်ဆဲဖ်သည် ၎င်းပြန်လည်ရွေးကောက်ခံရသော ၂၀၁၄ ခုနှစ်ရွေးကောက်ပွဲတွင် ဘက်ဂျက်လိုငွေပြမှုကိုကာမိစေရန် နိုင်ငံပိုင် ရန်ပုံငွေများကို အသုံးပြုခဲ့ကြောင်း လွှတ်တော်ကစွပ်စွဲ ပြစ်တင်ပြီးနောက် ၂၀၁၆ ခုနှစ် ဩဂုတ် ၃၁ ရက်တွင် ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။

Read More

ပူတင်ကို ဖမ်းဆီးပေးဖို့ အိုင်စီစီအဖွဲ့ဝင် မွန်ဂိုလီးယားကို ယူကရိန်းသမ္မတ တောင်းဆို

ကိဗ်ယက်၊ ဩဂုတ်-၃၁-၂၀၂၄မျိုးဆက်(VOM)ရုရှားသမ္မတ ပူတင်ဟာ လာမယ့်သီတင်းပတ်အတွင်းမှာ မွန်ဂိုလီးယားကို သွားရောက်ဖို့ရှိနေပြီး ဒီခရီးစဉ်မှာ ပူတင်ကို ဖမ်းဆီးဖို့ အိုင်စီစီ အဖွဲ့ဝင်ဖြစ်တဲ့ မွန်ဂိုလီးယားကို ယူကရိန်းသမ္မတ ဇီလန်စကီးက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။ဒီခရီးစဉ်ဟာ အိုင်စီစီက ဖမ်း၀ရမ်းထုတ်ပြီးနောက်မှာ အိုင်စီစီအဖွဲ့ဝင်နိုင်ငံတနိုင်ငံကို ရုရှားသမ္မတပူတင် ပထမဆုံးအကြိမ် သွားရောက်ဖို့ စီစဉ်နေတာလည်းဖြစ်ပါတယ်။ ယူကရိန်းစစ်ပွဲ စတင်ပြီးနောက် ယူကရိန်းမှာဖြစ်ပွားခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ပူတင်မှာတာဝန်ရှိတယ်လို့ အိုင်စီစီက စွပ်စွဲထားပါတယ်။အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မွန်ဂိုလီးယားဟာ အိုင်စီစီရဲ့စည်းမျဉ်းတွေကို လိုက်နာဖို့ တာဝန်ရှိတယ်လို့ အိုင်စီစီတာဝန်ရှိသူတယောက်က ပြောပါတယ်။ လာမယ့် အင်္ဂါနေ့မှာ စတင်မယ့် ဒီခရီစဉ်အတွက် စိုးရိမ်စရာမရှိဘူးလို့ ရုရှားဘက်က ပြောဆိုထားပါတယ်။“မွန်ဂိုလီးယားက ကျွန်တော်တို့ရဲ့ လု်ပဖော်ကိုင်ဖက်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ် ။ သမ္မတရဲ့ခရီးစဉ်ကို အသေအချာပြင်ဆင်ထားတယ် ” လို့ ရုရှားသမ္မတနန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်က ပြောပါတယ်။အိုင်စီစီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဖာဒီအယ်လ်အဗ္ဗဒယ်လာကတော့ မွန်ဂိုလီးယားအပါအဝင် အဖွဲ့ဝင်နိုင်ငံတွေဟာ…

Read More

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(ဩဂုတ် – ၃၁ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar #ရွှေဈေး -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၅၀၃ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၅၀၂၁၆၇၈ ကျပ် ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၇၁၀၀၀၀၀ ကျပ် ဝယ်ဈေး ၇၀၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၆၉၀၀၀၀၀ ကျပ် ဝယ်ဈေး ၆၈၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” (ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။) #နိုင်ငံခြားငွေလဲလှယ်နှုန်း -မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း အမေရိကန် တဒေါ်လာ…

Read More

အီရတ်ရှိ အိုင်အက်စ်အဖွဲ့ ပစ်မှတ်တွေကို အမေရိကန်တိုက်ခိုက်မှု စစ်သွေးကြွ ၁၅ ယောက်သေဆုံး

ဘဂ္ဂဒက်၊ ဩဂုတ်-၃၁-၂၀၂၄မျိုးဆက်(VOM)အီရတ်ရှိ အိုင်အက်စ်စစ်သွေးကြွ ပစ်မှတ်တွေကို အမေရိကန်နဲ့အီရတ်တပ်ဖွဲ့တွေရဲ့ ပူးပေါင်းစစ်ဆင်ရေးအတွင်း စစ်သွေးကြွ ၁၅ ယောက်ကို သုတ်သင်နိုင်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ထုတ်ပြန်ပါတယ်။ပူးတွဲစစ်ဆင်ရေးအတွင်း လက်နက်တွေ အသေခံဗုံးတပ်ဆင်ထားတဲ့ ဝတ်စုံတွေ ၊ ခဲယမ်းမီးကျောက်အများအပြားနဲ့ အရေးကြီး စာရွက်စာတမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။အိုင်အက်စ်စစ်သွေးကြွတွေဟာ အမေရိကန် ၊ အီရတ်နဲ့ ဒေသတွင်း ဒေသပြင်မဟာမိတ်တွေရဲ့ အစီအစဉ် ၊ စုစည်းမှု၊ တိုက်ခိုက်နိုင်စွမ်းကို နှောက်ယှက်ဖို့ကြိုးပမ်းနေတဲ့ အိုင်အက်စ်ဗဟိုဌာနချုပ်မှ အဖွဲ့ဝင်တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အမေရိကန်စစ်တပ်က ထုတ်ပြန်ထားပါတယ်။စစ်သွေးကြွတွေ ခိုအောင်းနေတဲ့နေရာတွေကို ၊ လှိုဏ်ဂူတွေနဲ့ ပစ်မှတ်တွေကို လေကြောင်းကနေ စစ်ဆင်ရေးတွေ လု်ပဆောင်ခဲ့တယ်လို့ အီရတ်စစ်တပ်က တာဝန်ရှိသူတွေကလည်း ဆိုပါတယ်။တိုက်ခိုက်မှုမှာ အရပ်သားသေဆုံးမှုမရှိဘူးလို့ ပြောပါတယ်။ ဒါပေမယ့်လည်း အမေရိကန် သို့မဟုတ် အီရတ်တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှုအခြေအနေကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။လက်ရှိချိန်ထိ အမေရိကန်တပ်ဖွဲ့ဝင် ၂၅၀၀ ဝန်းကျင် အီရတ်မှာ…

Read More

ထိုင်ဝမ်ကျွန်း ကမ်းတက်စစ်ဆင်ရေးတွေ တရုတ်စစ်တပ် ဆက်လက်ပြင်ဆင်နေ

တိုင်ပေ ၊ ဩဂုတ်-၃၁-၂၀၂၄မျိုးဆက်(VOM)တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကျွန်းကို ကမ်းတက်စစ်ဆင်ရေးတွေအတွက် ဆက်လက်ပြင်ဆင်နေကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ တရုတ်ရဲ့ စစ်ရေးစွမ်းရည်ဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာမှာ ရေးသားဖော်ပြထားပါတယ်။မေလမှာ သမ္မတလိုင်ချင်းတီ ရာထူးရယူပြီးနောက်ပိုင်း တရုတ်နိုင်ငံကလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုတွေဟာ ထိုင်ဝမ်ကို ခြိမ်းခြောက်ပြီး ထိုင်ဝမ်စစ်တပ်နဲ့ပြည်သူတွေရဲ့ စိတ်ဓါတ်ပျက်ပြားစေဖို့ ရည်ရွယ်တာလို့ ထိုင်ဝမ်ပါလီမန်ကို တင်သွင်းတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။တရုတ်စစ်တပ်ဟာ ထိုင်ဝမ်ကို ရေကြောင်းကနေ ပိတ်ဆို့တာတွေကို သေချာစေဖို့အတွက် ထိုင်ဝမ်အရှေ့ဘက် ကမ်းလွန်ရေပြင်ထိ စစ်သင်္ဘောတွေအပြင် ကမ်းခြေစောင့်တပ် သင်္ဘောများပါ စေလွတ်ခဲ့တယ်လို့ ဆိုပါတယ်။တရုတ်စစ်တပ်ဟာ ထိုင်ဝမ်ရေလက်ကြားရဲ့ သဘာ၀ ပထဝီပတ်ဝန်းကျင်နဲ့ထောက်ပံ့နိုင်စွမ်း မလုံလောက်သေးတာကြောင့် ထိုင်ဝမ်ကို အပြည့်အ၀ကျူးကျော်ဖို့တော့ အားနည်းနေသေးတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ဒါပေမယ့်လည်း တရုတ်စစ်တပ်ဟာ ကမ်းတက်စစ်ဆင်ရေးတွေ ပြင်ဆင်ဖို့အတွက် စစ်ဘက်ဆိုင်ရာ နည်းပညာတွေနဲ့ စက်ပစ္စည်းကိရိယာအသစ်တွေကို တီထွင်နေတယ်လို့ ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။ယခုနှစ်အစောပိုင်းမှာ စည်းကမ်းချိုးဖောက်မှုကြောင့် တရုတ်ကွန်မြူနစ်ပါတီကနေ ကာကွယ်ရေးဝန်ကြီးဟောင်းနှစ်ယောက်ကို ထုတ်ပယ်လိုက်တာကိုလည်း အစီရင်ခံစာမှာ…

Read More

တောင်ငူမြို့က ရေဘေးသင့်ပြည်သူ တသောင်းဝန်းကျင်အတွက် စားနပ်ရိက္ခာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်နေ

ဩဂုတ် ၃၁ – ၂၀၂၄ SS (VOM) ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က ရေဘေးသင့်ပြည်သူ တသောင်းဝန်းကျင်အတွက် စားနပ်ရိက္ခာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ Save The Trees Rescue Team မှ တာဝန်ရှိသူတယောက်ကဖြစ်တဲ့ ကိုကျော်သူရက ပြောပါတယ်။ တောင်ငူမြို့နယ်မှာ သုံးပတ်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆွာရေလှောင်တမံ ရေလျှံလာပြီး ဩဂုတ် ၂၇ ရက်မှစတင်ကာ ရပ်ကွက်နဲ့ ကျေးရွာတချို့မှာ ရေကြီးမှုတွေ ဖြစ်ပေါ်နေတာပါ။ ရေကြီးမှုကြောင့် မြို့ပေါ်ရှိ (၈) ရပ်ကွက်၊ (၉) ရပ်ကွက်၊ (၁၀) ရပ်ကွက်၊ အလယ်ကျွန်းရပ်ကွက်တွေနဲ့ ဇီးဖြူပင်၊ သဖန်းပင်၊ ပြသောင်၊ ထုံးဘို၊ ချောင်းကမ်း၊ ကမ်းနီ အစရှိတဲ့ ကျေးရွာတွေအပြင် စစ်တောင်းမြစ်အနီးရှိ ကျေးရွာတွေမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်နေတယ်လို့ ကိုကျော်သူရက ပြောပါတယ်။ “ကျေးရွာတွေဘက်က…

Read More

မန္တလေး – မူဆယ် လမ်းမှာ ခရီးသွားပြည်သူတွေကို ပိုမို တင်းကြပ်လာပြီး စမတ်ကဒ် သိမ်းခံရသူတွေ ရှိနေ

ဩဂုတ် ၃၁၊ ၂၀၂၄Shy V (VOM)မန္တလေး – မူဆယ် လမ်းမှာ လတ်တလောခရီးသွားပြည်သူတွေကို ပိုမို တင်းကြပ် စစ်ဆေး လာပြီး စမတ်ကဒ် သိမ်းခံရသူတွေ ရှိနေကြောင်း ခရီးသွား ပြည်သူတွေဆီက သ်ရပါတယ်။“မန္တေလး ကနေတက်လာရင် စစ်တပ်က သံရွာမာ စစ်တယ်။ ရပ်စောက်ထိ နစက စစ်သားတွေတွေ့တယ်။ ဂိတ်တွေ တိုင်းစစ်နေတာတွေ့ရတယ်။ ကျွန်မတို့က ၁၃ / စစ်ရှောင်ဆိုတော့ ဘာမှ မပြောဘူး။” လို့ မန္တလေးကနေ မူဆယ်ကို လာခဲ့တဲ့ မိန်းကလေး နှစ်ယောက်က ပြောပါတယ်။တခြားကားမှာ စစ်ကိုင်း၊ မေကွး၊ ချင်း၊ ရခိုင် က မှတ်ပုံတင် ဆိုရင် ပြန်လှည့်လို့ ပြောနေသံကြားရတယ်။ တကယ်လှည့်ရတာလား၊ မလှည့်ရဘူးလားတော့ မသိဘူး လို့ သူတို့ နှစ်ယောက်က ပြောပြပါတယ်။နမ့်လန်ကျော်လာရင်တော့ လမ်းတလျှောက်နမ့်ပေါင်ဘက်နားအထိတော့ ရှမ်းစစ်သား (SSPP)…

Read More

ပုဏ္ဏားကျွန်းမှာ အရေပြားရောဂါ ဖြစ်ပွားမှု ပိုမိုဆိုးရွားလာနေပြီး ရောဂါဖြစ်ပွားသူ ၃၀၀ ကျော်ထိ ရှိလာ

ဩဂုတ် ၃၁ – ၂၀၂၄ SN (VOM) ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ဘေးရှောင်တွေနဲ့ ဒေသခံတွေ အရေပြားရောဂါ ဖြစ်ပွားမှု ပိုမိုဆိုးရွားလာနေပြီး ရောဂါဖြစ်ပွားသူ အရေအတွက် ၃၀၀ ကျော်အထိ ရှိလာနေပြီလို့ လင်းရောင်ခြည် ဖောင်ဒေးရှင်းအဖွဲ့မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။ အဲဒီ အရေပြားရောဂါဟာ ပြီးခဲ့တဲ့ နွေရာသီကာလ ကုန်ဆုံးခါနီးကစလို့ တဦးစ၊ နှစ်ဦး ဖြစ်ပွားနေတာဖြစ်ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပွားပြီးတဲ့နောက် မိုးဦးကာလ အစပိုင်းမှာတော့ ခန္ဓာကိုယ်အနှံ့မှာ အဖုတွေပေါက်တာ၊ အရေပြားယားယံတာမျိုးနဲ့ အရေးပြားကွာကျတာမျိုးတွေ စဖြစ်လာတယ်လို့ သိရပါတယ်။ “အခု အကုန်လုံးကလည်း ဆက်သွယ်ရေး လမ်းကြောင်းတွေလည်း ပိတ်ထားတယ်ဆိုတော့ ရှိတဲ့ဆေးဝါးလေးတွေနဲ့ပဲ ကုသပေးနေရတာပေါ့။ ဆရာခိုလိမ်းလည်း ခဏပဲ သက်သာတယ်။ တချို့ဆေးတွေကျတော့လည်း အကျိုးအာနိသင်က ထိရောက်မှု မရှိဘူး။ ကုသမှုတွေက နီးစပ်ရာ ကျန်းမာရေးမှူး၊ သူနာပြုတွေကလည်း ကုသပေးနေကြတာ။ ဆေးဝါးတွေ…

Read More

ပဲခူးတိုင်း အနောက်ခြမ်းမှာ တလအတွင်း အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး ကိုးယောက် အသတ်ခံရ

ဩဂုတ် ၃၁ – ၂၀၂၄ GG (VOM) ပဲခူးတိုင်း အနောက်ခြမ်းမှာ ခုဩဂုတ်လအတွင်း အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး ကိုးယောက်အထိ အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အသတ်ခံရတာက မင်းလှမြို့နယ်က အုပ်ချုပ်ရေးမှူးနဲ့ရာအိမ်မှူး အပါအဝင် သုံးယောက်၊ပေါက်ခေါင်းမြို့နယ်ကအုပ်ကြီး သုံးယောက်၊အုတ်ဖိုက အုပ်ချုပ်ရေးမှူးတယောက်နဲ့ ကြို့ပင်ကောက်မြို့နယ်ကအုပ်ချုပ်ရေးမှူးနှစ်ယောက်တို့ဖြသ်ပါတယ်။ ” ပေါက်ခေါင်းမှာတင်သုံးယောက်သတ်ခံရတယ် ။အုပ်ကြီးတွေပဲ။အုပ်ကြီးတွေသတ်ခံရတာ ခပ်စိတ်စိပ်ဖြစ်လာတော့ ညဘက်တွေဆို စစ်သားတွေလည်း ကင်းလှည့်ကြတယ်။ချောင်းကောင်းကအုပ်ကြီးသတ်ခံရတုန်းကဆိုရင်ပေါင်းတလည်နဲ့ပေါက်ခေါင်းလမ်းတောင်ခဏပိတ်လိုက်တယ်။” လို့ ပေါင်းတလည်ဒေသခံကပြောပါတယ်။ ဩဂုတ်လ ၂၅ ရက်နေ့နဲ့ ၂၃ ရက်မှာ ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်ထဲက အုပ်ချုပ်ရေးမှူး နှစ်ယောက်သတ်ခံခဲ့ရတာဖြစ်ပြီး သတ်ခံရသူတွေက မြို့ကိုင်းအုပ်စု၊ ချောင်းခွရွာနေ အုပ်စုအုပ်ချုပ်ရေးမှူး ဖြစ်သူ ကိုရန်အောင်စိုး ဆိုသူ ရုံးချောင်းအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ကိုမြင့်တင်ကို တို့ဖြစ်တယ်လို့ သိရပါတယ် ။ ဩဂုတ်လ ၁၃ ရက်၊ ၁၅ ရက်နဲ့ ၂၀…

Read More
VOM News

FREE
VIEW