ပေါက်ခေါင်း ပဲခူးရိုးမဘက်က လှည်းကူးရွာမှာ နေအိမ်၁၅လုံးမီးလောင်ပြီး လူနှစ်ယောက်မီးလောင်သေ

 

ဩဂုတ် ၂ – ၂၀၂၄
GG (VOM)

ပဲခူးတိုင်းအနောက်ပိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ လှည်းကူးကျေးရွာအုပ်စုမှာ နေအိမ်၁၅လုံးမီးလောင်ခဲ့ပြီး လူနှစ်ယောက်လည်း မီးလောင်သေဆုံးခဲ့ရတယ်လို့သိရပါတယ်။

မီးလောင်သေဆုံးသူနှစ်ယောက်ကတော့ အမျိုးသားနှစ်​ယောက်ဖြစ်ပြီး ဩဂုတ်လ ၁ ရက်နေ့မှာမီးလောင်သေဆုံးခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

” မနေ့ကဖြစ်တာပါ။ ဘယ်လိုပြောရမလဲရှို့မီးလို့သိရပေမယ့် ရိုးမဘက်ဆိုတော့လှမ်းတယ်ပေါ့ ။အဲ့ဘက်တွေက နယ်မြေမငြိမ်တော့ အသွားအလာသိပ်လုပ်လို့မရဘူး။ပေါက်ခေါင်းကနေအုတ်တွင်းကိုသွားတဲ့ ရိုးမတောင်တွေကိုဖြတ်ပြီးသွားရတဲ့ ပဲခူးရိုးမလမ်းကနေ အတွင်းကို (၉)မိုင်လောက်ဝင်ရတဲ့ရွာပါ။ သွားလာရေးခုကာလမလွယ်ဘူး။” လို့ ပေါက်ခေါင်းမြို့ဒေသခံတယောက်ကပြောပါတယ်။

မီးလောင်ကျွမ်းခဲ့တဲ့နေအိမ်တွေကတော့ သစ်၊ဝါးသုံးထားပြီးထရံကာအိမ်တွေများပြီး ဆိုင်ကယ်အချို့လည်းမီးလောင်ကျွမ်းဆုံးရှုံးမှုရှိခဲ့တယ်လို့သိရပါတယ်။

ပဲခူးရိုးမဘက်ခြမ်းမှာ နစကတပ်တွေနဲ့နယ်မြေခံpdf တွေအကြား မကြာခဏတိုက်ပွဲတွေဖြစ်ပွားလေ့ရှိတဲ့အတွက် ဒေသခံတွေသွားလာမလွယ်တဲ့အခြေအနေတွေဖြစ်ပါတယ်။

ဇူလိုင် ၁၀ ရက်တုန်းကလည်း ပေါက်ခေါင်းမြို့နယ်၊ကြိုပင်ဝိုင်းအုပ်စု၊ရွှေကူရွာနေ အုပ်ချုပ်ရေးမှူး ဝင်းနိုင် သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။

#Voiceofmyanmar #vom #ပေါက်ခေါင်း #ပဲခူးရိုးမ #အိမ်၁၅လုံးမီးလောင် #လူနှစ်ယောက်သေ

Related posts

Leave a Comment

VOM News

FREE
VIEW