မှော်ဘီလေတပ် ရဟတ်ယာဉ်ပျက်ကျမှု   လေတပ် ဗိုလ်ချုပ်တယောက်နဲ့ တွဲဘက်လေယာဥ်မှူးသေဆုံး

 

ဩဂုတ် ၂ – ၂၀၂၄
SN (VOM)

ရန်ကုန်မြို့၊ မှော်ဘီမြို့မှာ ဒီကနေ့ ဩဂုတ်လ ၂ ရက်၊ မနက်ပိုင်းက နစက ရဟတ်ယာဉ်တစီး လေတပ်အတွင်း ပျက်ကျပြီး တောင်ပိုင်းတိုင်း လေတပ်ကွပ်ကဲရေးမှူးချုပ် ဗိုလ်ချုပ်စိုးတင်လတ်နဲ့ တွဲဘက်လေယာဥ်မှူး သေဆုံးခဲ့ကာ အမျိုးသမီးလေယာဥ်မှူးနဲ့ စက်မှူအကြပ်တယောက် ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ပျက်ကျတဲ့ ရဟတ်ယာဉ်ဟာ Eurocopter ရဟတ်ယာဉ်အမျိုးအစားဖြစ်ပြီး ရဟတ်ယာဉ်ကွင်းမှ ပျံတက်ပြီး သိပ်မကြာခင်မှာပဲ ကွင်းအတွင်းကို ပျက်ကျခဲ့တာလို့ မှော်ဘီလေတပ်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“မှော်ဘီလေတပ်ကနေ ရှေ့တန်းသွားဖို့ ပျံတက်တဲ့အချိန် ပျက်ကျတာ။ ဒဏ်ရာရသူတွေလည်း စိုးရိမ်ရတဲ့ အခြေအနေ သိပ်‌မကောင်းဘူးလို့ ကြားတယ်” လို့ သူက ပြောပါတယ်။

သေဆုံးသူ ဗိုလ်ချုပ်စိုးတင်လတ်ဟာ မကွေး လေတပ်စခန်းဌာနချုပ်မှူးအဖြစ်မှ တောင်ပိုင်းတိုင်း၊ လေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူးအဖြစ် မကြာသေးမီကမှ ရာထူးတိုးထားသူလည်းဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ ရဟတ်ယာဥ် ပျက်ကျတဲ့ သတင်းနဲ့ ပက်သက်ပြီး နစကဘက်က တစုံတရာ တရားဝင် သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်ကာ နစကရဲ့ လေယာဉ်နဲ့ ရဟတ်ယာဉ်ပျက်ကျမှု၊ ပစ်ချခံရမှုကြောင့် ပျက်ကျမှု စုစုပေါင်း ၁၃ ကြိမ်ရှိခဲ့ပြီး အခု မှော်ဘီဖြစ်စဉ်ဟာ ၁၄ ကြိမ်မြောက် ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မှော်ဘီလေတပ် #ရဟတ်ယာဉ်ပျက်ကျမှု

Related posts

Leave a Comment

VOM News

FREE
VIEW