အစ္စရေးနဲ့ ပဋိပက္ခ အဆင့်သစ်တခုကိုရောက်နေပြီး တုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်ရမယ်လို့ ဟဇ်ဘိုလာခေါင်းဆောင် သတိပေး

 

ဘေရွတ်၊ ဩဂုတ်-၂-၂၀၂၄
မျိုးဆက်(VOM)

အစ္စရေးရဲ့ လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ဟဇ်ဘိုလာ ထိပ်တန်းတပ်မှူး ဖော့ဒ်ရှူကရာ သေဆုံးသွားပြီးနောက် အစ္စရေးပဋိက္ခဟာ အဆင့်သစ်တခုရောက်သွားပြီဖြစ်ကြောင်း ဟဇ်ဘိုလာခေါင်းဆောင်က သတိပေးလိုက်ပါတယ်။

အစ္စရေးစစ်တပ်ရဲ့ အဆိုအရ ရှူကရာဟာ ပြီးခဲ့တဲ့ စနေနေ့က ဂိုလန်ကုန်းမြင့်ရှိ ဘောလုံးကွင်းမှာ ကလေးငယ်တွေနဲ့ ဆယ်ကျော်သက် ၁၂ ယောက်သေဆုံးခဲ့တဲ့ တိုက်ခို်ကမှုအတွက် တာဝန်ရှိတယ်လို့ ဆိုပါတယ်/

သူဟာ ဩဇာညောင်းပြီး ကာလရှည်ကြာ ဟဇ်ဘိုလာခေါင်းဆောင်ဖြစ်နေတဲ့ အယ်လ်ဟာ့ဂျ်မိုဆင်လို့ လူသိများတဲ့ ဟတ်ဆန်နာစရယ်လာရဲ့ အနီးကပ်အကြံပေးတယောက်လည်းဖြစ်ပါတယ်။

ဟဇ်ဘိုလာတို့ကတော့ အနီးနားရှိ အစ္စရေးစစ်အခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့ပြီး ဒီဖြစ်စဉ်မှာ ပါ-ဝင်ပတ်သက်တာမရှိဘူးလို့ ငြင်းဆိုထားပါတယ်။ ဒါဟာ ပစ်မှတ်လွဲသွားတာဖြစ်နိုင်တယ်လို့ ထင်ကြေးပေးမှုတွေလည်း ထွက်ပေါ်လာပါတယ်။

“အစ္စရေးနဲ့ ပဋိပက္ခက အဆင့်သစ်ကို ရောက်သွားပြီ။ ရန်သူက မျဉ်းနီကိုဖြတ်လာတာကြောင့် ရှောင်လွှဲမရတဲ့ တုံ့ပြန်မှုကို စောင့်ရမယ်”လို့ ဟဇ်ဘိုလာခေါင်းဆောင် ဟတ်ဆန်နာစရယ်လာက ပြောပါတယ်။

ဒီလို အပြန်အလှန်တိုက်ခို်ကမှုတွေနဲ့အတူ တင်းမာမှုတွေဆက်လက်မြင့်တက်လာတဲ့အခြေအနေမှာ အစ္စရေးနဲ့ ဟဇ်ဘိုလာတို့အကြား အရှေ့အလယ်ပိုင်းရဲ့ စစ်ပွဲသစ်ဖြစ်လာမှာကို ဒေသတွင်းနဲ့ နိုင်ငံတကာက စိုးရိမ်နေကြပါတယ်။

Ref:BBC
Photo:Reuters

#Voiceofmyanmar #VOM #အစ္စရေး #ဟဇ်ဘိုလာ #ပဋိပက္ခ #မြင့်တက်

Related posts

Leave a Comment

VOM News

FREE
VIEW