ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းအဖြစ် ကမလာဟားရစ် တရားဝင်ရွေးချယ်ခံရ

 

ဝါရှင်တန်၊ ဩဂုတ်-၃-၂၀၂၄
မျိုးဆက်(VOM)

အမေရိကန် ဒုတိယသမ္မတ ကမလာဟားရစ်ဟာ ပါတီကိုယ်စားလှယ်တွေရဲ့ ထောက်ခံမဲနဲ့အတူ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတအဖြစ် တရားဝင်ရွေးချယ်ခံရပြီဖြစ်ပါတယ်။

ဒါကြောင့် သူမဟာ အမေရိကန်နိုင်ငံရေးပါတီကြီးတခုအတွက် အိမ်ဖြူတော်တာဝန်တွေကို နောက်ထပ်ထမ်းဆောင်ဖို့ ကြိုးပမ်းတဲ့ ပထမဆုံးလူမည်းအမျိုးသမီးနဲ့ ပထမဆုံးတောင်အာရှဖွား အမျိုးသမီးဖြစ်လာပါတယ်။

လာမယ့်နိုဝင်ဘာရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရန့်ကိုသာအနိုင်ရခဲ့မယ်ဆိုရင် ကမလာဟားရစ်ဟာ အမေရိကန်ရဲ့ ပထမဆုံးသော အမျိုးသမီးသမ္မတဖြစ်လာမှာပါ။

ပြီးခဲ့တဲ့နေ့ မွန်းလွဲပိုင်းကပြုလုပ်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီရဲ့ အစည်းအဝေးမှာ ကမလာဟားရစ်ဟာ ကိုယ်စားလှယ် ၂၃၅၀ ယောက်ရဲ့ ထောက်ခံမှုကို ရရှိခဲ့ပြီး သမ္မတလောင်းအဖြစ် တရားဝင်အမည်စာရင်းတင်သွင်းခံရသူဖြစ်လာခဲ့ပါတယ်။

အသက် ၅၉ နှစ်အရွယ် ကမလာဟားရစ်ဟာ ကယ်လီဖိုးနီယားပြည်နယ် အော့ကလန်မှာ မွေးဖွားခဲ့ပြီး နှစ်ပေါင်း ၂၀၀ အတွင်း ဒီမိုကရက်တစ်ပါတီက ပထမဆုံးရွေးချယ်လိုက်တဲ့ အမျိုးသမီးသမ္မတလောင်းလည်းဖြစ်ပါတယ်။

ဒီမိုကရက်တစ်သမ္မတလောင်းဖြစ်သူ လက်ရှိသမ္မတဂျိုးဘိုင်ဒင်ဟာ သူရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေးအခြေအနေကြောင့် သမ္မတရွေးကောက်ပွဲဝင်ရောက်မယ့်အပေါ် ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ပြီးနောက် နှုတ်ထွက်ခဲ့ပြီးနောက် သမ္မတလောင်းအဖြစ် ကမလာဟားရစ် ရွေးချယ်ခံရတာဖြစ်ပါတယ်။

Ref:BBC
Photo:Getty Images

#Voiceofmyanmar #VOM #အမေရိကန် #ဒီမိုကရက်တစ်ပါတီ #သမ္မတလောင်း #ကမလာဟားရစ် #ရွေးချယ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW