အစ္စရေးကို အီရန်လက်တုံ့ပြန်တာ ကာကွယ်ဖို့ စစ်သင်္ဘောနဲ့ တိုက်လေယာဉ်တွေ အမေရိကန် ထပ်မံစေလွှတ်မယ်

 

ဝါရှင်တန်၊ ဩဂုတ်-၃
မျိုးဆက်(VOM)

အီရန်နဲ့ မဟာမိတ်တွေက အစ္စရေးကို လက်တုံ့ပြန်တိုက်ခို်ကမှုကနေ ကာကွယ်ဖို့ အတွက် အရှေ့အလယ်ပိုင်းကို နောက်ထပ်စစ်သင်္ဘောနဲ့ တိုက်လေယာဉ်တွေ ဖြန့်ကြက်ချထားဖိူ့ စေလွှတ်သွားမယ်လို့ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။

အီရန်မှာ ဟားမတ်စ်နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ်ဟာနီယာလုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ဘက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့ ထိပ်တန်းတပ်မှူးတို့ လုပ်ကြံသတ်ဖြတ်ခံရမှုတွေကြောင့် ဒေသတွင်းမှာ တင်းမာမှုတွေ ဆက်လက်မြင့်တက်နေပါတယ်။

ဒါကြောင့်အမေရိကန်ဟာ ဒုံးကျည်ကာကွယ်ရေးတပ်ဖွဲ့တွေကိုလည်း အရှေ့အလယ်ပိုင်းဒေသမှာ တိုးမြှင့်ချထားဖို့ လည်း အဆင်သင့်ရှိနေကြောင်းနဲ့ အစ္စရေးကို အကာအကွယ်ပေးတဲ့ အမေရိကန်ရဲ့ ကတိကဝတ်ဟာ ခိုင်မာကြောင်း ပင်တဂွန်စစ်ဌာနချုပ်ကဆိုပါတယ်။

တပ်ဖြန့်မှုအသစ်ဟာ အမေရိကန်တပ်ဖွဲ့ဝင်တွေရဲ့ ကာကွယ်ရေးစွမ်းရည်ကို တိုးတက်စေမှာဖြစ်ပြီး အစ္စရေးရဲ့ ကာကွယ်ရေးအတွက်လည်း အထောက်အကူဖြစ်စေမယ်လို့ ပင်တဂွန်စစ်ဌာနချုပ် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အသက် ၆၂ နှစ်အရွယ် ဟားမတ်စ်နိုင်ငံရေးခေါင်ဆောင် ဟာနီယာဟာ ဂါဇာစစ်ပွဲရပ်စဲရေး စေ့စပ်ဆွေးနွေးမှုတွေမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ သူသေဆုံးမှုအတွက် လက်တုံ့ပြန်မယ်လို့ အီရန်က ကတိပြုပြောဆိုထားပါတယ်။

Ref:BBC
Photo:AP/Getty Images

#Voiceofmyanmar #VOM #အမေရိကန် #အစ္စရေး #အရှေ့အလယ်ပိုင်း #တိုက်လေယာဉ် #စစ်သင်္ဘောစေလွှတ်မယ်

Related posts

Leave a Comment

VOM News

FREE
VIEW