This Day in History

  Voice of Myanmar ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်သည် ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ကို အဏုမြူဗုံးကြဲပြီးနောက် သုံးရက်အကြာတွင် ဒုတိယအကြိမ်အဖြစ် ၁၉၄၅ ခုနှစ် ဩဂုတ် ၉ ရက်၌ နာဂါဆာကီမြို့ပေါ်သို့ အဏုမြူဗုံးကြဲခဲ့သဖြင့် လူခုနှစ်သောင်းကျော်သေဆုံးခဲ့သည်။ #Voiceofmyanmar #VOM #ThisDayInHistory #August8

Read More

တိုက်ပွဲသတင်းကြောင့် စစ်ဘေးရှောင်လာသူတွေရဲ့ ကားတွေ ပြင်ဦးလွင် – မန္တလေး ၁၆ မိုင်ဂိတ်မှာ ရာနဲ့ချီ ပိတ်မိခဲ့

  ဩဂုတ် ၉ – ၂၀၂၄ SS (VOM) မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ကို လက်နက်ကိုင်တပ်ဖွဲ့တွေ မကြာခင် တိုက်ခိုက်တော့မယ်ဆိုတဲ့ သတင်းကြောင့် ဒေသခံတွေ အလုံးအရင်းနဲ့ စတင်ပြောင်းရွှေ့ နေကြတဲ့အတွက် မနေ့ ဩဂုတ် ၈ ရက်က ပြင်ဦးလွင် – မန္တလေး ၁၆ မိုင်ဂိတ်မှာ စစ်ဘေးရှောင်လာသူတွေရဲ့ ကားတွေ ရာနဲ့ချီ ပိတ်မိနေခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီက သိရပါတယ်။ မန္တလေး – ပြင်ဦးလွင် ပြည်ထောင်စုလမ်းမကြီးတလျှောက် ယာဉ်တန်း ရာနဲ့ချီ ရှိခဲ့ပြီး ၁၆ မိုင် စစ်ဆေးရေးဂိတ်မှာ ဌာနဆိုင်ရာပေါင်းစုံ အထိုင်ချကာ ပြင်ဦးလွင်ကဆင်းလာတဲ့ ကားတွေ၊ ဆိုင်ကယ်တွေကို အစစ်ဆေးတင်းကျပ်နေတာကြောင့် ၃ မိုင်ကျော်လောက်အထိ ယာဉ်တွေ ပိတ်ဆို့ခဲ့တယ်လို့ သိရပါတယ်။ “ပြင်ဦးလွင်မြို့နေ ပြည်သူ ထက်ဝက်ကျော်လောက်ရှိမယ်။ မန္တလေးမြို့ကို ကားကြီး၊ ကားငယ် အသွယ်သွယ်နဲ့…

Read More

ပြင်ပရွှေဈေး သိန်း ၇၀ ကျော် ရောက်ရှိ

  ယနေ့ ရွှေဈေး (ဩဂုတ် – ၉ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၄၂၅ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၄၆၈၉၂၀၄ ကျပ် ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၇၁၀၀၀၀၀ ကျပ် ဝယ်ဈေး ၇၀၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၆၉၀၀၀၀၀ ကျပ် ဝယ်ဈေး ၆၈၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #TodayGoldprice…

Read More

အမေရိကန်ဒေါ်လာဈေး ၅၈၀၀ ကျော် ရောက်ရှိလာ

d ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဩဂုတ် – ၉ ရက်) Voice of Myanmar -မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း အမေရိကန် တဒေါ်လာ – ၂၁၀၀ ကျပ် -အမေရိကန်ဒေါ်လာ‌ ရောင်းဈေး – ၅၈၅၀ ကျပ် ဝယ်ဈေး – ၅၇၅၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၄၂၅၀ ကျပ် ဝယ်ဈေး – ၄၁၁၀ ကျပ် -ယူရို ရောင်းဈေး – ၆၂၅၀ ကျပ် ဝယ်ဈေး – ၅၉၆၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၆၂.၆၀ ကျပ် ဝယ်ဈေး – ၁၅၅.၀၄ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၁၂၈၀ ကျပ် ဝယ်ဈေး –…

Read More

သံတွဲအကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသား အယောက် ၄၀ ကျော် လွတ်မြောက်ခဲ့

  ဩဂုတ် ၉ – ၂၀၂၄ SN (VOM) ရခိုင်ပြည်နယ်၊ သံတွဲအကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသား အယောက် ၄၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က မနေ့ ဩဂုတ် ၈ ရက်က သတင်းထုတ်ပြန်ထားပါတယ်။ AA က သံတွဲအကျဥ်းထောင်ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့က သိမ်းယူခဲ့တာဖြစ်ပြီး အကျဉ်းသား ၃၇၂ ယောက်ကို ဘေးလွတ်ရာကို ကယ်ထုတ်ခဲ့တာမှာ နိုင်ငံရေးအကျဉ်းသား ၄၃ ယောက်လည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါနဲ့ပတ်သက်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က “အကျဉ်းသားတွေထဲမှာ နေမကောင်းတဲ့သူ၊ ဒဏ်ရာ ရထားတဲ့သူတွေလည်း ပါတယ်ကြားတယ်။ အခုကတော့ သံတွဲက တိုက်ပွဲငြိမ်နေတယ်လို့ ပြောရမယ်။ AA က သံတွဲကို မြို့ထဲမှာ တိုက်ပွဲမဖြစ်ဘဲ သိမ်းလိုက်နိုင်တာ။ အခု စစ်သားတွေလည်း မြို့ထဲမှာ…

Read More

သမ္မတလောင်း ဒေါ်နယ်ထရန့်နှင့် ကမလာဟားရစ်တို့ ပထမဆုံး စကားစစ်ထိုးမယ်

  ဝါရှင်တန်၊ ဩဂုတ်-၉-၂၀၂၄ မျိုးဆက် အမေရိကန်ဒူသမ္မတ ကမာလာဟားရစ်နဲ့ သမ္မတဟောင်း ဒေါ်နယ်ထရန့်တို့ဟာ အမေရိကန်ရွေးကောက်ပွဲအတွက် သူတို့ရဲ့ ပထမဆုံးသော ရုပ်မြင်သံကြား စကားစစ်ထိုးပွဲကို စက်တင်ဘာ ၁၀ရက်မှာ ပြုလုပ်မယ်လို့ သဘောတူလိုက်ကြပါတယ်။ အမေရိကန်သမ္မတရွေးကောက်ပွဲမတိုင်ခင်မှာ ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလီကန်သမ္မတလောင်းတွေဟာ ရုပ်မြင်သံကြား စကားစစ်ထိုးပွဲတွေ ပြုလုပ်လေ့ရှိပြီး ကမလာဟားရစ်နဲ့ အကြိမ်ရေများများ စကားစစ်ထိုးလိုကြောင်း ဒေါ်နယ်ထရန့်ကဆိုပါတယ်။ ဂျိုးဘိုင်ဒင် သမ္မတလောင်းအဖြစ်ကနေ နှုတ်ထွက်ခြင်းမပြုမီက စက်တင်ဘာ ၁၀ ရက်မှာတော့ နောက်တစ်ကြိမ် စကားစစ်ထိုးဖို့ သဘောတူထားခဲ့တာဖြစ်ပြီး သမ္မတလောင်းဖြစ်လာတဲ့ ဟားရစ်ကလည်း လက်ခံတဲ့ အတွက် ဝမ်းသာတယ်လို့ ထရန့်က သတင်းထောက်တွေကို ပြောပါတယ်။ အေဘီစီသတင်းဌာနက လက်ခံကျင်းပမယ့် ဒီစကားစစ်ထိုးပွဲကို မီချီဂန်မှာ ပြုလုပ်သွားမှာဖြစ်ပြီး ကမလာဟားရစ်နဲ့ ထရန့်တို့အကြား နောက်ထပ်စကားစစ်ထိုးပွဲတွေလည်း ပြုလုပ်နိုင်ကြောင်း သတင်းတွေက ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇွန်လမှာ သမ္မတဂျိုးဘိုင်ဒင်နဲ့ ဒေါ်နယ်ထရန့်တို့ ရုပ်မြင်သံကြား…

Read More

ရှမ်းအရှေ့ အထူးဒေသ(၄) မိုင်းလား  ခေါင်းဆောင် ဦးစိုင်းလင်း ကွယ်လွန်

  ဩဂုတ် ၉ – ၂၀၂၄ SS (VOM) ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) NDAA မိုင်းလားအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးစိုင်းလင်းဟာ မနေ့ ဩဂုတ် ၈ ရက် မနက်ပိုင်းက တရုတ်နိုင်ငံမှာ အဆုတ်ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပြီဖြစ်တယ်လို့ အဲဒီ အဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ အဆုတ်ကင်ဆာရောဂါကို ဒုတိယအကြိမ် ဆေးကုသရင်း ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၈ နှစ် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။ “သူက လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က ဒီရောဂါကြောင့် အဆုတ်တခြမ်း ဖြတ်ထားရတာ။ ဒီတကြိမ် ရောဂါ ပြန်ထလာတော့ အသက်ပါ ပါသွားတာပေါ့။ အခု တရုတ်ပြည်ကနေ မိုင်းလားကို ပြန်သယ်ဖို့ စီစဉ်နေပါတယ်” လို့ NDAA အဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ ဦးစိုင်းလင်းကွယ်လွန်သွားတဲ့အတွက်…

Read More

ရုရှားကို ယူကရိန်းရဲ့ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှု ကွတ်ခ်ဒေသ ၁၀ ကီလိုမီတာထိ ဝင်ရောက်လာ

  ဝါရှင်တန်၊ ဩဂုတ်-၉-၂၀၂၄ မျိုးဆက်(VOM) ယူကရိန်းတပ်တွေဟာ ရုရှားနိုင်ငံထဲကို နယ်စပ်ဖြတ်ကျော်တိုက်ခို်ကမှုအဖြစ် ရုရှားရဲ့ကွတ်ခ်ဒေသ ၁၀ ကီလိုမီတာထိ ဝင်ရောက်နေပြီဖြစ်တယ်လို့ အမေရိကန် သုတေသနအဖွဲ့တဖွဲ့က ထုတ်ပြန်ပါတယ်။ ယူကရိန်းတပ်တွေ လှုပ်ရှားမှုနဲ့ပတ်သက်ပြီး အဲဒီဒေသမှာ ရိုက်ကူးထားတဲ့ ဓါတ်ပုံနဲ့ ရုပ်သံမှတ်တမ်းတွေကို အကဲဖြတ်ပြီး စစ်ပွဲလေ့လာရေး အင်စတီကျုက အစီရင်ခံစာတစောင်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ယူကရိန်းတပ်တွေဟာ လက်ရှိချိန်ထိ နယ်မြေ ၁၁ ခုကို သိမ်းပိုက်ထားတယ်နိုင်တယ်လို့ ရုရှားသတင်းရင်းမြစ်တွေကို ကိုးကားပြီး ဆိုထားပါတယ်။ ယူကရိန်းစစ်တပ်ဟာ နယ်စပ်ဖြတ်ကျော်တို်ကခို်ကမှု စတင်နေပြီလို့ ရုရှားစစ်တပ်ကလည်း ပြီးခဲ့တဲ့ အင်္ဂါနေ့ကတည်းက အတည်ပြုပြောဆိုထားပါတယ်။ ယူကရိန်းတပ်ဖွဲ့ဝင် ၁၀၀၀ ကျော်ဟာ ကွတ်ခ်ဒေသရဲ့ အစိတ်အပိုင်းတွေကို သိမ်းပိုက်ဖို့ရည်ရွယ်ပြီး တိုက်ခိုက်မှုစတင်ခဲ့တယ်လို့ ရုရှားစစ်တပ် အကြီးအကဲက ပြောပါတယ်။ အရေးပေါ်အခြေအနေကြေညာထားတဲ့ အဲဒီမြို့မှာ တိုက်ပွဲတွေလည်း ပြင်းထန်စွာ ဖြစ်ပွားနေပြီး အရပ်သားငါးယောက် သေဆုံးခဲ့ကာ ယူကရိန်းသံချပ်ကာယာဉ်တွေကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက…

Read More

ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့ခံရမှုကြောင့် ရခိုင်ပြည်နယ်မှာ ART ဆေး လုံးဝ ပြတ်လပ်နေ

  ဩဂုတ် ၉ – ၂၀၂၄ SN (VOM) ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့ခံရမှုကြောင့် ရခိုင်ဒေသမှာ HIV ပိုးထိန်းဆေး (ART) ဆေးတွေ လုံးဝပြတ်လပ်နေပြီး ရောဂါပိုးရှိသူတွေ အခက်ကြုံနေရလို့ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။ ခုခံအားကျဆင်းမှုရောဂါ (Human Immunodeficiency Virus – HIV) ပိုး ကူးစက်ခံရသူတွေဟာ ဝေဒနာကို HIV ပိုးထိန်းဆေး (Antiretroviral Therapy – ART) တွေနဲ့ ထိန်းထားနိုင်တာဖြစ်ပြီး လက်ရှိ ရခိုင်ပြည်မှာ ကုန်းလမ်းနဲ့ ရေလမ်းတွေ ပိတ်ဆို့ထားကာ ဆေးဝါးတင်သွင်းခွင့်ကိုပါ မရရှိအတွက် ဆေးဝါးတွေ ပြတ်လပ်နေတယ်လို့ သိရပါတယ်။ “တီဘီနဲ့ ပတ်သက်တဲ့ ဆေးဝါးတွေ၊ HIV နဲ့ ပတ်သက်တဲ့ ဆေးဝါးဆေးတွေက တခြားဆေးတွေလို အလွယ်တကူဝယ်လို့မရဘူး။ ဈေးနှုန်းအားဖြင့်လည်း အတိုင်းအတာတခုထိ ဈေးကြီးတာမျိုးရှိတယ်။ အရင်တုန်းကတော့…

Read More

ပြင်ပရွှေဈေး ကျပ် ၇၅ သိန်းဝန်းကျင်နဲ့ ဒေါ်လာ ကျပ် ၆၀၀၀ ကျော်အထိ အတက်ကြမ်းနေ

  ဩဂုတ် ၉ – ၂၀၂၄ SN (VOM) ပြင်ပဈေးကွက်အတွင်း အခေါက်ရွှေ တကျပ်သား ကျပ် ၇၅ သိန်းဝန်းကျင် ရောက်ရှိနေပြီး အမေရိကန် တဒေါ်လာ ကျပ် ၆၀၀၀ ကျော်အထိ အတက်ကြမ်းနေတယ်လို့ ရွှေလုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ပြည်တွင်း အခေါက်ရွှေဈေးဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့ကစလို့ တကျပ်သား သိန်း ၆၀ ကျော်ဝန်းကျင်ကို ရောက်ရှိလာပြီး တောက်လျှောက် အတက်ကြမ်းခဲ့တာမှာ ၁၄ ရက်အကြာ မနေ့ ဩဂုတ် ၈ ရက်၊ ညနေပိုင်းမှာ သိန်း ၇၀ ကျော်ကို ရောက်ရှိလာကာ ဒီကနေ့ ဩဂုတ် ၉ ရက်မှာတော့ ၇၅ သိန်းဝန်းကျင်ကို စံချိန်ချိုး ရောက်ရှိနေတာ ဖြစ်ပါတယ်။ “ရွှေဈေးက အကျ လုံးဝ မရှိခဲ့ဘူး။ တောက်လျှောက်…

Read More
VOM News

FREE
VIEW