ရုရှားရဲ့ အရေးပါတဲ့ ဒုတိယမြောက်တံတားတစင်းကို ယူကရိန်းတပ်တွေ ဖျက်ဆီး

 

ကိဗ်ယက်၊ ဩဂုတ်-၁၉-၂၀၂၄
မျိုးဆက်(VOM)

ရုရှားနိုင်ငံ ကာ့ဒ်ဒေသကို ယူကရိန်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်မှု တပတ်ကျော်ကာလအတွင်း ရုရှားရဲ့ ဗျူဟာမြောက် ဒုတိယတံတားတစင်းကို ဖျက်ဆီးခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။

“ဒါနောက်ထပ် တံတားတစင်းပါ။ ကျွန်တော်တို့ ဖျက်ဆီးနိုင်ခဲ့တယ် ”လိူ့ ယူကရိန်းလေတပ်မှ ဒုတိယဗိုလ်ချုပ်ကြီး မိုင်ကိုလာအိုလက်စ်ချော့က ပြောပါတယ်။ ရန်သူကို တိကျတဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ထောက်ပို့စွမ်းရည် သိသိသာသာ ထိခိုက်စေလိမ့်မယ်လို့ သူကပြောပါတယ်။

ဇဗန်နိုးဒေသရှိ အဲဒီတံတား တိုက်ခို်ကမှုနဲပတ်သက်တဲ့ ရုပ်သံမှတ်တမ်းကိုလည်း ယူကရိန်းစစ်တပ်က ပြီးခဲ့တဲ့နေ့က ထုတ်ပြန်ခဲ့ပါတယ်။ ရုရှားရဲ့ ကာ့ဒ်ဒေသကို ထိုးစစ်ဆင်တာဟာ ရုရှားရဲ့တိုက်ခိုက်မှုတွေကိုရပ်ဖို့ ကြားခံဇုန်တခု ဖန်တီးဖို့လည်း ပါဝင်တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။

ဒါဟာ ၂၀၂၂ ခုနှစ်မှ စစ်ပွဲစတင်ပြီးနောက်ပိုင်း ရုရှားပိုင်နက်ထဲကို ယူကရိန်းတပ်တွေရဲ့ အကြီးမားဆုံး နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုဖြစ်ပြီး သီတင်းနှစ်ပတ်နီးပါး ကြာမြင့်လာပြီဖြစ်ပါတယ်။

ယခုသီတင်းပတ်အစောပိုင်းကလည်း ဂလူရှကိုဗိုမြို့အနီးရှိ ရုရှားရဲ့အရေးပါတဲ့ တံတားတစင်းကိုလည်း ယူကရိန်းတပ်တွေက ဖျက်ဆီးနိုင်ခဲ့ပါတယ်။ ရုရှားတပ်တွေအတွက် ထောက်ပို့လမ်းကြောင်းအဖြစ် အသုံးပြုတဲ့ ကာ့ဒ်ဒေသရှိတံတားသုံးစင်းအနက် နှစ်စင်းပျက်စီးသွားတယ်လို့ စစ်ရေးစောင့်ကြည့်လေ့လာသူတွေကလည်း ပြောပါတယ်။

Ref:CNA
Photo:AP

#Voiceofmyanmar #VOM #ရုရှား #ယူကရိန်း #ထိုးစစ်ဆင်တိုက်ခို်ကမှု #ဒုတိယမြောက်တံတား #ဖျက်ဆီးခံ၇

Related posts

Leave a Comment

VOM News

FREE
VIEW