အမရပူရက အစ္စလာမ်ဘာသာဝင်​​တွေရဲ့ ရာမ္မဇန် ဝါဖြေပွဲ

မန္တလေး၊ မတ်- ၁- ၂၀၂၆
SA(VOM)
အီရန် နဲ့ အစ္စရေး စစ်ပွဲမှာ အီရန်ခေါင်းဆောင် ခါမေနာအီ တိုက်ခိုက်ခံရပြီး သေဆုံးခဲ့တဲ့ အတွက် ဝမ်းနည်းကြောင်းကို အစ္စလာမ် ဘာသာရေးခေါင်းဆောင်တဦးဖြစ်တဲ့ ဃရာနာ (K.A.F.T.G)မိသားစု ခလီဖွာဦးသိန်းဝင်းအောင် က မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စုမှာ ကျင်းပခဲ့တဲ့ ရာမ္မဇန် ဝါဖြေပွဲမှာ ပြောကြားခဲ့ပါတယ်။
ရာမ္မဇန် ဝါဖြေပွဲမှာ အစ္စလာမ်ဘာသာဝင် အမျိုးသား၊ အမျိုး သမီး စုစုပေါင်း တထောင်ဝန်းကျင် တက်ရောက်ခဲ့ပြီး ဝါဖြေအစားအစာတွေနဲ့ တည်ခင်းဧည့်ခံ ခဲ့ပါတယ်။
မြန်မာရှီအာဟ်မွတ်စလင်မ် သာသနာ့ပညာရှင်များ အဖွဲ့ချုပ် ကလည်း အီရန်ခေါင်းဆောင် သေဆုံးမှုအပေါ် ” ၂၀၂၆ခုနှစ်၊ ဖေဖေါ်ဝါလ(၂၈)ရက် ဟီဂျရီ၁၄၄၇ ရမဒွါန်လမြတ်(၉)ရက် နံနက်စောပိုင်းအချိန်တွင် အလွန်တရာမှပင် ရက်စက်ကြမ်းကြုတ်သူတို့၏ ဗုံးကျဲတိုက်ခိုက်မှု၌ ခေတ်ကာလ အေမာမ် (အ.ဂျ) ၏ကိုယ်စားလှယ်၊ ကမ္ဘာ့ ရှီအာတို့၏ ဦးသျှောင် (ဝလီ-ယေ-ဖုကီးဟ်) ဟဇ်ရသ် အာယသုလ္လာဟ် အလ်အွဇ်မာဆယိဒ်အလီ ခါမေနာအီနှင့်တကွ ကျန်ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များပါ ရှဟီးဒ် ဖြစ်ခဲ့ပါသည်။ ဤသို့ရက်စက်ကြမ်းကြုတ်မှုသည် အရှက်တရားနှင့်သတ္တိမရှိသူ၊ ဂုဏ်သိက္ခာကင်းမဲ့သူတို့၏လုပ်ရပ်သာ ဖြစ်ပါသောကြောင့် ကျွန်တော်များမှ ထိုသို့လုပ်ကြံတိုက်ခိုက်မှုအား ရွံရှာစွာဖြင့်ရှုံ့ချပါသည်” လို့ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီဖြစ်စဥ်ဖြစ်ပွားခဲ့မှုအပေါ် မြန်မာနိုင်ငံရှိ မို့အ်မင်န်များနည်းတူ ကမ္ဘာတစ်ဝှမ်းရှိ အစ္စလာမ်ဘာသာဝင်မို့အ်မင်န်သူတော်စင်များအားလုံး ကြေကွဲဝမ်းနည်းလျှက်ရှိနေကြပြီးမို့အမေနီးန်/မို့အမေနားသ်များအနေဖြင့် (၁၄)ရက်တိုင်တိုင် အနက်ရောင် ဝတ်စားဆင်ယင်မှုပြုကာအဇာဒါရ်အဖြစ် နေထိုင်ပေးကြပါရန် ကျွန်တော်များ မြန်မာရှီအာဟ်မွတ်စလင်မ် သာသနာ့ပညာရှင်များ အဖွဲ့ချုပ်မှ တိုက်တွန်းထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW