This Day in History

  Voice of Myanmar အမေရိကန် အာကာသအေဂျင်စီ(နာဆာ)၏ ဗိုက်င်း-၁ စူးစမ်းလေ့လာရေး စက်ရုပ်ယာဉ်ကို ၁၉၇၅ ခုနှစ် ဩဂုတ် ၂၀ ရက်တွင် လွှတ်တင်ခဲ့ပြီး တနှစ်နီးပါးအကြာတွင် အင်္ဂါဂြိုဟ်၏မြောက်ဘက်ခြမ်း မြေနိမ့်ဒေသသို့ ဆင်းသက်နိုင်ခဲ့သည်။ #Vocieofmyanmar #VOM #ThisDayInHistory #August20

Read More

တရုတ်အလယ်ပိုင်း ရေဘေး လူ ၅၀ ကျော်သေပြီး ၁၅ ယောက်ပျောက်ဆုံးနေ

  ပေကျင်း၊ ဩဂုတ်-၂၀-၂၀၂၄ မျိုးဆက်(VOM) တရုတ်နိုင်ငံ အလယ်ပိုင်းမှာ ဇူလိုင်နှောင်းပိုင်းကစပြီး မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ရေကြီးရေလျှံမှုတွေအတွင်း လူ ၅၀ ကျော် သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဟူနန်ပြည်နယ်ရှိ ဇီကျင်းမှာလည်း အခြား ၁၅ ယောက်ပျောက်ဆုံးနေတယ်လို့ နိုင်ငံပိုင် စီစီတီဗီသတင်းဌာနက ပြောပါတယ်။ ရေဘေးသင့်ခဲ့တဲ့ ပြည်နယ်တွင်း ကျေးရွာတွေမှာ လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေးတွေ ပြန်ရနေပြီလို့ ဒေသန္တရ တာဝန်ရှိသူတွေက ပြောပါတယ်။ ဇူလိုင်နှောင်းပိုင်းမှာ ဖိလစ်ပိုင်၊ ထိုင်ဝမ်တို့ကို ဖြတ်ကျော်တိုက်ခတ်ပြီး ကုန်းတွင်းပိုင်းကို ဝင်ရောက်လာတဲ့ တိုင်ဖွန်းမုန်တိုင်း ဂေမီဟာ ကုန်းတွင်းပိတ် ဟူနယ်ပြည်နယ်ကို ပြင်းထန်စွာ ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။ မုန်တိုင်းကြောင့် အာဏာပိုင်တွေဟာ လူပေါင်း သုံးသိန်းနီးပါးကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပြီး နိုင်ငံအရှေ့ပိုင်းမှာလည်း အများသူငှာသယ်ယူပို့ဆောင်ရေးတွေ ရပ်နားခဲ့ရပါတယ်။ မကြာသေးမီက တရုတ်နိုင်ငံမှာ ပြင်းထန်ပြီး မတူညီတဲ့ ရာဦဥတုအခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး နိုင်ငံအရှေ့ပိုင်းနဲ့…

Read More

ဗြိတိန် နည်းပညာသန်းကြွယ်သူဌေး မိုက်လန့်ချ်နဲ့သမီးဖြစ်သူတို့ ဇိမ်ခံရွက်လှေနစ်မြုပ်ပြီး ပျောက်ဆုံးနေ

  ရောမ ၊ ဩဂုတ်-၂၀-၂၀၂၄ မျိုးဆက်(VOM) အီတလီနိုင်ငံ စစ္စလီကမ်းရိုးတန်းမှာ ဩဂုတ် ၁၉ ရက် နံနက်ပိုင်းက ဇိမ်ခံရွက်လှေတစင်းနစ်မြုပ်ပြီး ပျောက်ဆုံးသူခြောက်ဦးထဲမှာ ဗြိတိန်နည်းပညာသူဌေးကြီး မိုက်လန့်ချ်နဲ့ သူ့ရဲ့သမီးဖြစ်သူတို့ ပါဝင်ကြောင်း တာဝန်ရှိသူတွေက အတည်ပြုပြောဆိုလိုက်ပါတယ်။ အရှည် ၁၈၃ ပေအရှည်ရှိသော အဲဒီဇိမ်ခံရွက်လှေဟာ ဗြိတိန်၊ အမေရိကန်၊ ကနေဒါနိုင်ငံသားတွေ အပါအဝင် လူ ၂၂ ယောက်ကို တင်ဆောင်ခုတ်မောင်းခဲ့ပြီး နစ်မြုပ်မှုအတွင်း အသက် တနှစ်အရွယ် ဗြိတိန်ကလေးငယ်နဲ့ လူ ၁၅ ယောက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။ Bayesian လို့ အမည်ရတဲ့ ဇိမ်ခံရွက်လှေဟာ ညပိုင်းမှာ မုန်တိုင်းတိုက်ခတ်ပြီး ပင်လယ်ပြင်မှည လေဆင်နှာမောင်းတွေ ဖြစ်ပေါ်ပြီးနောက် ဒေသစံတော်ချိန်နံနက် ၅ နာရီမှာ စစ္စလီမြို့တော် ပါလာမိုမြို့အနီးမှာ တိမ်းမှောက်နစ်မြုပ်ခဲ့ပါတယ်။ ကနဦးမှာ အနီးနားရှိ နယ်သာလန်အလံတင်သင်္ဘောတစီးက အရေးပေါ်ကယ်ဆယ်ရေးတွေ ရောက်ရှိလာချိန်ထိ ရွက်လှေပေါ်မှ…

Read More

ဂါဇာစစ်ပွဲ အပစ်ရပ်ရေး သဘောတူညီချက် အစ္စရေး သဘောတူပြီ

  တဲလ်အဗစ်၊ ဩဂုတ်-၂၀-၂၀၂၄ မျိုးဆက်(VOM) ဂါဇာစစ်ပွဲ အဆုံးသတ်ရေး အပစ်ရပ် သဘောတူညီချက်အတွက် အမေရိကန်ရဲ့ ပေါင်းကူးအဆိုပြုချက်ကို အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက လက်ခံသဘောတူတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ လက်ရှိကတော့ ဟားမတ်စ်တို့ သဘောတူဖို့ပဲ လိုတော့ကြောင်း ဘလင်ကင်က ဆိုပါတယ်။ အစ္စရေး လုံခြုံရေးလိုအပ်ချက်လို့ ရှုမြင်ရတဲ့ ဟားမတ်စ်တို့ဖမ်းဆီးထားတဲ့ ဓါးစာခံတွေလွတ်မြောက်ရေး အမေရိကန်ရဲ့ အဆိုပြုချက်အပေါ် မစ္စတာနေတန်ယာဟုက အပြုသဘောဆောင် ဆွေးနွေးပွဲအတွက် တဲလ်အဗစ်မှာ တွေ့ဆုံခဲ့တယ်လို့ အစ္စရေးဝန်ကြီးချုပ်ရုံးကလည်း ထုတ်ပြန်ပါတယ်။ ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရေးဟာ ဒီတကြိမ်နောက်ဆုံးဖြစ်ကြောင်း ဘလင်ကင်က အစောပိုင်းမှာ သတိပေးခဲ့ပြီး အမေရိကန်ကတော့ သဘောတူညီချက်ကို အပြီးသတ်တွန်းအားပေးဖို့ရည်ရွယ်ထားပုံရပါတယ်။ သဘောတူညီချက်ဟာ လာမယ့်အပတ် ဒီလိုအချိန်မှာ ရနိုင်တယ်လို့ ဘလင်ကင်က ပြောဆိုထားပေမယ့် အစ္စရေးနဲ့ ဟားမတ်စ်တို့ကတော့ ဒီကိစ္စအပေါ် တိတိပပ ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ ဒီသဘောတူညီချက်အတွက် တွန်းအားပေးဖို့ အီဂျစ်နဲ့…

Read More

သမ္မတ ရွေးကောက်ပွဲနိုင်ရင် အီလွန်မာ့ခ်ကို ဝန်ကြီးနဲ့အကြံပေးခန့်ဖို့ ရှိတယ်လို့ ဒေါ်နယ်ထရန့်ပြော

  ဝါရှင်တန်၊ ဩဂုတ်-၂၀-၂၀၂၄ မျိုးဆက်(VOM) လာမယ့် နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲမှာ နိုင်ရရှိမယ်ဆိုရင် နည်းပညာလုပ်ငန်းရှင်နဲ့ သန်းကြွယ်သူဌေးဖြစ်သူ အီလွန်မာ့ခ်ကို အစိုးရဝန်ကြီး သို့မဟုတ် အကြံပေးရာထူးပေးဖို့စဉ်းစားသွားမယ်လို့ သမ္မတဟာင်း ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ပင်ဆယ်ဗေးနီးယားပြည်နယ်မှာ ပြုလုပ်ခဲ့တဲ့ မဲဆွယ်စည်းရုံးရေးအပြီးမှာ ဒေါ်နယ်ထရန့်က သတင်းဌာနတွေကို အခုလိုက် ပြောဆိုခဲ့တာဖြစ်ပြီး အီလွန်မာ့ခ် လုပ်ဖို့ဆန္ဒရှိရင် ရာထူးသေချာတယ်လို့ ထရန့်ကပြောပါတယ်။ အီလွန်မာ့ခ်က ထူးချွန်သူလို့ ဒေါ်နယ်ထရန့်ကဆိုပါတယ်။ သူတို့နှစ်ယောက်ဟာ အီလွန်မာ့ခ်ပိုင်ဆိုင်တဲ့ X ဆိုရှယ်မီဒီယာမှာ ဩဂုတ် ၁၂ ရက်က နှစ်နာရီကြာ စကားပြောဆိုဆွေးနွေးခဲ့ကြပြီး ယခုနောက်ပိုင်းမှာ ဆက်ဆံရေး ပိုမိုနီးကပ်လာခဲ့ပါတယ်။ တက်စ်လာလျှပ်စစ်ကားကုမ္ပဏီရဲ့ စီအီးအိုလည်းဖြစ်တဲ့ အီလွန်မာ့ခ်က အခွန်အသုံးပြုမှုနဲ့ အခြားသောကိစ္စရပ်တွေကို ထိရောက်စွာလေ့လာနိုင်ဖို့ အစိုးရကော်မရှင်တရပ် ဖွဲ့စည်းသင့်ကြောင်း အကြုံပြုခဲ့ပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်က သမ္မတရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒင်ကို မဲပေးခဲ့ကြောင်း အီလွန်မတ်ခ်က ဆိုပါတယ်။ ဒါပေမယ့်…

Read More
VOM News

FREE
VIEW