အစ္စရေးကို လက်တုံ့ပြန်မတိုက်ခိုက်ဖို့ ဥရောပနိုင်ငံတွေရဲ့ တိုက်တွန်းချက် အီရန်ပယ်ချ

  တီဟီရန်၊ ဩဂုတ်-၁၃-၂၀၂၄ မျိုးဆက်(VOM) အစ္စရေးကို အီရန်က လက်တုံ့ပြန်တိုက်ခိုက်မယ့်ကိစ္စကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန် အမေရိကန်နဲ့ ဥရောပသုံးနိုင်ငံဖြစ်တဲ့ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်တို့ရဲ့ တိုက်တွန်းမှုကို အီရန်က ပယ်ချလိုက်ပါတယ်။ အခုလို တိုက်တွန်းချက်ဟာ နိုင်ငံရေးအရ ယုတ္တိမတန်သလို နိုင်ငံတကာဥပဒေတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ “အစ္စရေးအစိုးရရဲ့ ရာဇဝတ်မှုတွေကို ကန့်ကွက်ခြင်းမရှိဘဲ ဥရောပနိုင်ငံတွေက အခုလိုထုတ်ပြန်တာဟာ အီရန်ရဲ့ အချုပ်အခြာအာဏာနဲ့နယ်မြေပိုင်ဆိုင်မှု ချိုးဖောက်ခံရတာကို တုံ့ပြန်ခြင်းမပြုဖို့ တောင်းဆိုမှုသာဖြစ်ပါတယ်” လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဆာကာနန်နီက ပြောပါတယ်။ အီရန်ကတော့ အစ္စရေးရဲ့ လုပ်ရပ်တွေကို တားဆီးဖို့ ဆုံးဖြတ်ထားကြောင်း သူက ပြောပါတယ်။ “ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ လုပ်ရပ်တွေနဲ့ အစ္စရေးကို အနောက်အုပ်စုအစိုးရတွေရဲ့ နိုင်ငံရေးနဲ့ စစ်ရေး ကျယ်ကျယ်ပြန့်ပြန့်ကူညီပေးမှုတွေက ဂါဇာပဋိပက္ခ ဒေသတွင်းမှာ ပိုမိုကျယ်ပြန့်လာရတဲ့ အဓိကအကြောင်းရင်းဖြစ်တယ်” လို့ သူက…

Read More

နိုင်ငံတဝန်း စက်သုံးဆီပြတ်လပ်မှု ပိုမိုဆိုးရွားလာပြီး ညအိပ်စောင့်ဆိုင်း ဝယ်ယူရမှုတွေရှိနေ

  ဩဂုတ် ၁၃ – ၂၀၂၄ SN (VOM) မြန်မာတနိုင်ငံလုံးမှာ စက်သုံးဆီပြတ်လပ်မှု အဆိုးရွားဆုံးအခြေအနေကို ရောက်ရှိနေပြီး ဆီဆိုင်တွေရှေ့မှာ ညအိပ်စောင့်ဆိုင်း တန်းစီနေရတဲ့အထိ စက်သုံးဆီပြတ်လပ်မှု ဖြစ်ပေါ်နေတယ်လို့ မြို့နေပြည်သူတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့မှစတင်ကာ တနိုင်ငံလုံးမှာ စက်သုံးဆီ ရှားပါးပြတ်လပ်ခဲ့တာဖြစ်ပြီး ရက်ပေါင်း ၂၀ နီးပါး ကြာမြင့်လာချိန်အထိ ဆီပြတ်လပ်မှု ပြေလည်လာခြင်းမရှိဘဲ အရောင်းဆိုင်တွေမှာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်း တန်းစီနေရဆဲဖြစ်တယ်လို့ သိရပါတယ်။ “ဆီရဖို့ တခါတန်းစီရင် အချိန် သုံးနာရီလောက်ပေးရတယ်။ တနေ့ တနေ့ကို ဒီတနေရာတည်းမှာပဲ အချိန်တွေ အလဟဿကုန်နေရတာ။ ရန်ကုန်မှာက မြို့ထဲက ဆီဆိုင်တော်တော်များများမှာ ဆီက ရှိကိုမရှိတော့တာ။ ဆိုင်တိုင်းလိုလိုပိတ်ထားတယ်။ ရှိတဲ့နေရာကျတော့လည်း ကားက နှစ်ထပ်၊ သုံးထပ်နဲ့ ကားတန်းကလည်း အရှည်ကြီးပဲ။ အင်းစိန်၊ ရွာမကွေ့ကဆီဆိုင်ဆိုရင် ကားတန်းက…

Read More

တကောင်းမြို့ကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထား

  ဩဂုတ် ၁၃ – ၂၀၂၄ SS (VOM) မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ကို ဒေသတွင်း လက်နက်ကိုင်ပူးပေါင်းတပ်တွေ မနေ့ ဩဂုတ် ၁၂ ရက်နေ့က ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ တကောင်းမြို့ရှိ ရှေးဟောင်း လေးမျက်နှာဘုရားဝင်းထဲက နောက်ဆုံးကျန်ရှိတဲ့ နစကတပ်ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် မနေ့ နေ့လယ်ပိုင်းမှာ မြို့ကို အပြီးသတ် ထိန်းချုပ်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “တိုက်ပွဲက ဩဂုတ် ၁၁ ရက်နေ့ကစပြီး ပြင်းထန်ခဲ့တာ။ မြို့ပေါ်မှာရှိတဲ့ နစကရဲ့ အထိုင်စခန်းတွေထဲက တိုက်နယ်ဆေးရုံနဲ့ ရဲစခန်းက တပ်ဖွဲ့တွေက ၁၁ ရက်နေ့မှာ လက်နက်ချပေမယ့် လေးမျက်နှာဘုရားဝင်းထဲက တပ်တွေကတော့ လက်နက်မချဘဲ လေကြောင်းအကူနဲ့ ပြန်တိုက်ခဲ့တာ။ မြို့ပေါ်တိုက်ပွဲ နှစ်ရက်ကြာတယ်။ လေးမျက်နှာစေတီလည်း တော်တော်ပျက်စီးသွားတယ်။ မနေ့ နေ့လယ်ပိုင်းမှာတော့ မြို့ကိုအလုံးစုံ ထိန်းချုပ်နိုင်သွားတာပေါ့။ အခုကတော့…

Read More

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ နေပြည်တော်ကို မနက်ဖြန် လာမယ်

  ပေကျင်း၊ ဩဂုတ်-၁၃-၂၀၂၄ မျိူးဆက်(VOM) တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံကို ဩဂုတ် ၁၄ ရက်ကနေ ၁၇ ရက်ထိ လာရောက်မှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဝမ်ယီရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေဖို့နဲ့ ပြည်သူတွေအကြား နီးကပ်တဲ့ဆက်ဆံရေးကို မြှင့်တင်ဖို့ရည်ရွယ်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနဲ့ စီးပွားရေး တိုးတက်ဖို့ အားထုတ်မှုတွေကို ထောက်ခံတယ်လို့ ဆိုပါတယ်။ ဝမ်ယီဟာ မြန်မာနိုင်ငံကို လာရောက်ပြီးနောက် ကိုးကြိမ်မြောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေး တက်ရောက်ဖို့ ထိုင်းနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဟာ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်တို့ပါဝင်တဲ့ ဒေသတွင်း ပူးပေါင်းဆောင်ရွ့က်မှု ယန္တယားဖြစ်ပါတယ်။ ဒီအစည်းအဝေး ပြင်ပမှာတော့ ဝမ်ယီဟာ ဒေသတွင်းအခြေအနေတွေနဲ့ပတ်သက်ပြီး ထိုင်း၊…

Read More

အလုံမှာ နိုက်ကလပ်ကပြန်လာတဲ့ကား လူအုပ်ဝင်တိုက်လို့ သုံးယောက်သေ၊ လေးယောက်ဒဏ်ရာရ

  ဩဂုတ် ၁၃ – ၂၀၂၄ GG (VOM) ရန်ကုန်တိုင်း ၊အလုံမြို့နယ် ၊အောက်ကြည့်မြင်တိုင်လမ်း၊ ဆင်မင်းစျေးမှတ်တိုင်မှာ ဘတ်စ်ကားစောင့်နေတဲ့ လူအုပ်ကို ကားတစီးကဝင်တိုက်ခဲ့ရာမှ ကားစောင့်နေသူ သုံးယောက်သေဆုံးခဲ့ပြီး လေးယောက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဖြစ်စဥ်က ဒီနေ့ဩဂုတ်လ ၁၃ ရက်နေ့၊မနက်အစော ၆ နာရီခွဲလောက်မှာ အိမ်စီးကားတစီးက ဆင်မင်းစျေးမှတ်တိုင်အနီးရပ်ထားတဲ့ကားကိုဝင်တိုက်ပြီး ကားစောင့်နေတဲ့ ပြည်သူခုနှစ်ယောက်ကိုထပ်မံဝင်တိုက်ရာမှ သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ” မနက်အစောကဖြစ်တာ စဖြစ်တုန်းကတော့ သေဆုံးမရှိဘူး။ဆေးရုံရောက်မှသေဆုံးတာပါ။သေဆုံးတဲ့အထဲမှာအမျိုးသမီးတွေလည်းပါတယ်။တိုက်တဲ့ကားကအရှိန်ပြင်းတယ်။ရပ်ထားတဲ့ကားတိုက်ပြီးမှ ခရီးသည်တွေကိုတိုက်တာတောင် ခုလိုပြင်းတာ။တိုက်တဲ့ကားမှာကောင်လေးနဲ့ကောင်မလေးမောင်းလာတာ။ကလပ်ကပြန်လာကြတာ။ ” လို့ ဒေသခံလူမှုကူညီရေးအသင်းအဖွဲ့ဝင်တယောက်ကပြောပါတယ်။ ကားတိုက်ခံရသူ သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူတွေကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးကိုပို့ဆောင်ထားပြီး ထိခိုက်ဒဏ်ရာ ရရှိသူတွေထဲမှာလည်း ခြေထောက်နဲ့လက်ကျိုးသူတွေရှိတယ်လို့သိရပါတယ်။ “ဒီနေ့ မနက် Bus ကားစောင့်နေရင်း အရှိန်နဲ့ ကားဝင်တိုက်မှုကြောင့် ညီမရဲ့အဒေါ် နှစ် ယောက် ထိပြီးတယောက်က လက်ကျိုးတယ်။ တယောက်အသက်ဆုံးရှုံးလိုက်ရပါတယ်။ခေါင်းက ပလက်ဖောင်းနဲ့ ရိုက်မိပြီး ambulance ပေါ်မှာထဲကစိုးရိမ်ရတဲ့ အခြေနေဖြစ်သွားတာပါ။…

Read More

နိုင်ငံခြားငွေကြေး ရောင်းဝယ်တဲ့ NUGGETS Viber Group ကို တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူမယ်လို့ ဗဟိုဘဏ် ထပ်မံ ကြေညာ

  ဩဂုတ် ၁၁ – ၂၀၂၄ SS (VOM) မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ဂုဏ်သိက္ခာ ကျဆင်းစေဖို့ မဟုတ်မမှန်တဲ့ သတင်းတွေ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံခြားငွေကြေး ရောင်းဝယ်ရေး NUGGETS Viber Group ကို တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေး ကြေညာထားပါတယ်။ ဗဟိုဘဏ်အနေနဲ့ ပြီးခဲ့တဲ့ ဩဂုတ် ၉ ရက်ကလည်း ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီးဖြစ်ကာ အဲဒီကြေညာချက်မှာ ဒေါ်လာစျေး ဆွဲတင်တဲ့ NUGGETS စတဲ့ Viber Group တွေ၊ Hlaing Htet Arkar(nGa wAi)၊ ယူရိုဒေါ်လာ ရောင်းဝယ်ပို့ဆောင်သူများ ဆုံဆည်းရာ၊ ဒေါ်လာရောင်းသူဝယ်သူတိုက်ရိုက် (dollor buyer seller direct)၊ Su Myat Kyaw ၊ US vs BURMA Dollar…

Read More

ဂရိနိုင်ငံ အေသင်မြောက်ပိုင်းမှာ တောမီးအကြီးအကျယ်လောင်ကျွမ်းလို့ လူထောင်ပေါင်းများစွာ ဘေးလွတ်ရာ ရွှေ့ပြောင်း

  အေသင်၊ ဩဂုတ်-၁၂-၂၀၂၄ မျိုးဆက်(VOM) ဂရိနိုင်ငံ အေသင်မြို့မြောက်ဘက်မှာ တောမီးအကြီးအကျယ် ဆက်လက်လောင်ကျွမ်းနေပြီး မီးတောက်တွေဟာ ပေ ၈၀ အမြင့်ထိရှိလာတဲ့အတွက် ဒေသခံထောင်ပေါင်းများစွာကို ဘေးလွတ်ရာရွှေ့ပြောင်းပေးထားပါတယ်။ ရှေးယခင်က မာရသွန်ပြိုင်ပွဲများကျင်းပခဲ့တဲ့ သမိုင်ဝင်နေရာဖြစ်ပြီး အနီးနားရှိ ဗာနာဗက်စ်မြို့မှာလည်း နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ပါတယ်။ တောမီးရှောင်ရှားရင် ပိတ်မိနေသော ကား ၂၅ စီးပေါ်မှ လူများကို ကယ်ဆယ်ရေးသမားတွေက ကယ်တင်ခဲ့ရပါတယ်။ တောမီးလောင်ကျွမ်းမှုဟာ ယမန်နေ့ကထိ နေရာပေါင်း ၃၀ ကျော်မှာ လောင်ကျွမ်းနေဆဲဖြစ်ပြီး မီးငြှိမ်းသတ်ရေးအတွက် မီးသတ်သမားတွေ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ ပူပြင်းတဲ့ ရာသီဥတုအခြေအနေကြောင်း တောမီးလောင်ကျွမ်းမှု ပိုမိုဆိုးရွာနိုင်ကြောင်း ဂရိတာဝန်ရှိသူတွေက သတိပေးထားပါတယ်။ တောမီးလောင်ကျွမ်းမှု အခြေအနေဆိုးရွားလာတာကြောင့် ဂရိဝန်ကြီးချုပ် ကီရီယာကော့စ် မစ်ဆိုတာကစ်ဟာ အားလပ်ရက်ခရီးထွက်မယ့်အစီအစဉ်ကို ဖျက်သိမ်းပြီး အေသင်ကို ပြန်လာခဲ့ပါတယ်။ လက်ရှိမှာတော့ ဗာနာဗက်စ်နဲ့ ဂရမ်မာတီကိုမြို့ခံတွေကို ဘေးလွတ်ရာပြောင်းရွှေ့ဖို့ ဒေသန္တရာ တာဝန်ရှိသူတွေက အမိန့်ထုတ်ထားပါတယ်။…

Read More

ဂါဇာတောင်ပိုင်း ခန်းယွန်းနစ်ဒေသခံတွေ ဘေးလွတ်ရာပြောင်းရွှေ့ဖို့ အစ္စရေး အမိန့်ထုတ်

  ဂါဇာစီးတီး၊ ဩဂုတ်-၁၂-၂၀၂၄ မျိုးဆက်(VOM) ဂါဇာတောင်ပိုင်း ခန်းယွန်နစ်မြို့မှာ ဟားမတ်စ်တိုက်ခိုက်ရေးသမားတွေ လှုပ်ရှားနေတယ်ဆိုကာ အဲဒီမြို့ကနေ ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ အစ္စရေးစစ်တပ်က အမိန့်သစ် ထုတ်ပြန်လိုက်ပါတယ်။ အစ္စရေးထုတ်ပြန်လိုက်တဲ့ ပြောင်းရွှေ့မိန့်ထဲမှာ အစ္စရေးသတ်မှတ်ပေးထားတဲ့ လူသားချင်းစာနာထောက်ထားမှုဇုန်လည်း တစိတ်တပိုင်း ပါဝင်နေပါတယ်။ ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း ဂါဇာမှာ အစ္စရေးရဲ့ တိုက်ခို်ကမှုကြောင့် လူ ခုနှစ်သောင်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ ဂါဇာစီးတီးရှိ စာသင်ကျောင်းတကျောင်းကို အစ္စရေးရဲ့ လေကြောင်းတိုက်ခို်ကမှုအတွင်း လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့တဲ့အပေါ် နိုင်ငံတကာက ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ စာသင်ကျောင်းဟာ ဟားမတ်စ်တို့ရဲ့ အမာခံနယ်မြေဖြစ်တယ်လို့ အစ္စရေးကတော့ ဆိုပါတယ်။ ကလေးငယ်တွေအပါအဝင် လူရာချီသေဆုံးခဲ့တဲ့ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး လာမယ့် အင်္ဂါနေ့အစောပိုင်းမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးကျင်းပဖို့ရှိနေတယ်လို့ သံတမန်အရင်းအမြစ်တွေက ပြောပါတယ်။ ဒီအတောအတွင်း အမေရိကန်၊ အီဂျစ်၊ ကာတာတို့ကြားဝင်မှုနဲ့ ပြုလုပ်နေတဲ့ အစ္စရေးနဲ့ဟားမတ်စ်အကြား အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲတွေကတော့ ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ်ဟာနီယာ သတ်ဖြတ်ခံရမှုနဲ့အတူ…

Read More

တရားမျှတမှုနဲ့ ဖိအားပေးဖို့ ရုရှားနိုင်ငံထဲ ဝင်တိုက်တာလို့ ယူကရိန်းသမ္မတ ဇီလန်စကီးပြော

  ကိဗ်ယက်၊ ဩဂုတ်-၁၂-၂၀၂၄ မျိုးဆက်(VOM) တရားမျှတမှုနဲ့ ရုရှားတပ်တွေကို ဖိအားပေးဖို့အတွက် ရုရှားနိုင်ငံထဲကို ဝင်ရောက်တို်ကခိုက်တာဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒါဟာ ယူကရိန်းစစ်ပွဲစတင်ပြီးနောက် ရုရှားပိုင်နက်ထဲကို ယူကရိန်းတပ်တွေ အံ့အားသင့်ဖွယ် ထိုးစစ်ဆင်တိုက်ခို်ကမှုကို ပထမဆုံးအကြိမ် ဝန်ခံလိုက်တာလည်း ဖြစ်ပါတယ်။ “ ယူကရိန်းဟာ တရားမျှတမှုကို အမှန်တကယ်ပြန်လည်ရရှိနိုင်ကြောင်း သက်သေပြနေတာဖြစ်ပြီး ရန်သူအပေါ် လိုအပ်တဲ့ဖိအားမျိုးတွေ ပေးသွားမယ်” လို့ သမ္မတ ဇီလန်စကီးက ညစဉ်မိန့်ခွန်းမှာပြောပါတယ်။ ရုရှားနိုင်ငံ ကွတ်ခ်ဒေသကို ယူကရိန်းတပ်တွေ ဝင်ရောက်တိုက်ခိုက်နေတာဟာ ခြောက်ရက်မြောက်နေ့ရှိနေပြီး ရုရှားကတော့ အဲဒီဒေသမှာ စစ်ကူတွေ စေလွှတ်ထားပါတယ်။ မြို့ခံတွေကိုလည်း ရုရှားအာဏာပိုင်တွေက ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးနေပါတယ်။ ဒီအတော့အတွင်း အဲဒီဒေသရှိ နျူကလီးယား ဓါတ်အားပေးစက်ရုံ အနီးမှာ ဒုံးကျည်ကျရောက်ပေါက်ကွဲမှုတွေ ရှိခဲ့ပြီး ဒီကိစ္စကို ရုရှားနဲ့ ယူကရိန်းတို့က အပြန်အလှန်စွပ်စွဲထားပြီး အိုင်အေအီးအေကတော့ နျူကလီးယားမတော်တဆမှုတွေ ရှောင်ရှားနိုင်ဖို့…

Read More
VOM News

FREE
VIEW