လကမ္ဘာရဲ့ မြေဆီလွှာကနေ ရေထုတ်နိုင်မယ့် နည်းလမ်းတွေ့ပြီလို့ တရုတ်သိပ္ပံပညာရှင်တွေ ကြေညာ

ပေကျင်း၊ ဩဂုတ်-၂၃-၂၀၂၄ မျိုးဆက်(VOM) လကမ္ဘာရဲ့ မြေဆီလွှာကနေ ရေထုတ်နိုင်မယ့် နည်းပညာသစ်တခုကို တီထွင်ခဲ့ကြောင်း တရုတ်သိပ္ပံပညာရှင်တွေက ထုတ်ဖော်ကြေညာလိုက်ပါတယ်။ တရုတ်သိပ္ပံအကယ်ဒမီက သုတေသီအဖွဲ့တဖွဲ့က ဒီနည်းလမ်းကို တီထွင်နိုင်ခဲ့ကြတာလို့ တရုတ်နိုင်ငံပိုင် စီစီတီဗီသတင်းဌာနက ဖော်ပြထားပါတယ်။ ဒီအဖွဲ့ဟာ ၂၀၂၀ ခုနှစ်မှာ တရုတ်နိုင်ငံက လွှတ်တင်ခဲ့တဲ့ လူလိုက်ပါခြင်းမရှိတဲ့ Chang’e-5 လကမ္ဘာစူးစမ်းလေ့လာရေးယာဉ်က ပြန်လည်ယူဆောင်လာတဲ့ နမူနာတွေကို ခွဲခြမ်းစိတ်ဖြာ လေ့လာနေခဲ့ကြတာဖြစ်ပါတယ်။ လရဲ့ မြေဆီလွှာကို ၁၀၀၀ ဒီဂရီစင်တီဂရိတ်မှာ အပူပေးလိုက်မယ်ဆိုရင် တွေဟာ ရေငွေ့ထွက်ပေါ်လာမယ့် ဟိုဒရိုဂျင်နဲ့ အိုင်းယွန်းအောက်ဆိုဒ် ဓါတုဗေဒဆိုင်ရာ ဓါတ်ပြုမှုတခုဖြစ်တယ်လို့ သုတေသီအဖွဲ့က ပြောပါတယ်။ လကမ္ဘာရဲ့ မြေဆီလွှာ ၁ ဂရမ်ကနေ ရေ ၇၆ မီလီဂရမ်ထိ ထုတ်နိုင်တယ်လို့ သုတေသီတွေက ခန့်မှန်းထားပါတယ်။ မြေဆီလွှာကို အပူပေးဖို့ကိုလည်း တခြားစွမ်းအင်မသုံးဘဲ နေရောင်ခြည်ကိုသာ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ သုတေသီတွေဟာ လကမ္ဘာရဲ့မြေဆီလွှာကနေ…

Read More

ထိုင်းနိုင်ငံ တောအုပ်ထဲကို လေယာဉ်တစင်းပျက်ကျလို့ လိုက်ပါသူအားလုံး သေဆုံး

ဘန်ကောက်၊ ဩဂုတ်-၂၃-၂၀၂၄ မျီုးဆက်(VOM) ထိုင်းနိုင်ငံ ဘန်ကောက်မြို့အရှေ့တောင်ပိုင်းမှာ တာဘိုပရော့လေယာဉ်တစင်း တောအုပ်ထဲကို ပျက်ကျသွားပြီးနောက် လိုက်ပါသွားသူအားလုံး သေဆုံးသွားဖွယ်ရှိတယ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ဒီနေ့ ဩဂုတ် ၂၃ ရက်မှာ အတည်ပြုပြောဆိုပါတယ်။ ဒီလေယာဉ်ဟာ ပြီးခဲ့တဲ့နေ့က ချာကီယာဆောင်ပြည်နယ်ရှိ တောအုပ်ထဲကို ပျက်ကျခဲ့တာဖြစ်ပြီး လိုက်ပါသူ ကိုးယောက်စလုံးသေဆုံးနိုင်ပြီး ရှာဖွေရေးတွေကိုတော့ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ လေယာဉ်မှူးနှစ်ယောက်နဲ့ ခရီးသည်ခုနှစ်ယောက်လိုက်ပါလာတဲ့ အဲဒီလေယာဉ်ဟာ ဘန်ကောက်ရှိ သု၀ဏ္ဏဘူမိလေဆိပ်ကနေ ကမ်းခြေတွေကြောင့် လူသိများတဲ့ ထိုင်းပင်လယ်ကွေ့ရှိ တီရက်ပြည်နယ်ကို ပျံသန်းစဉ် ပျက်ကျခဲ့တာဖြစ်ပါတယ်။ “မနေ့က ညနေ ၃ နာရီ ၁၀ မိနစ်မှာ လေယာဉ်ပျက်ကျတာပါ ။ ပျောက်ဆုံးနေသူတွေကို ရှာဖွေဖို့ ဆက်လက်ကြိုးစားနေပေမယ့် သူတို့အားလုံး သေဆုံးသွားလောက်ပြီ ”လို့ ချာကီယာဆောင်ပြည်နယ်အုပ်ချုပ်ရေးမှူးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ လေယာဉ်ပေါ်မှာ အသက် ၁၂ နဲ့ ၁၃ နှစ်ကြား…

Read More

ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ မြေပြိုမှုနဲ့ လမ်းပျက်မှုတွေကြောင့် ကားအသွားအလာ ခက်ခဲ ကြန့်ကြာ

ဩဂုတ် ၂၃၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကားလမ်းတွေ မိုးသည်းလို့ လမ်းပျက်မြေပြို ဖြစ်ပြီး ကားအသွားအလာ ခက်ခဲ ကြန့်ကြာနေကြောင်း ခရီးသွား ယာဉ်မောင်းတွေဆီက သိရပါတယ်။ “လမ်းက တော်တော်ဆိုးတယ်။ အခုက မိုးတွင်းဆိုတော့။ ကားက ကိုယ့် တစီး ရပ်သွားရင် ကျန်တဲ့ ကားတွေပါ သွားလို့ မရတော့ဘူး။ လမ်းကလည်း ကျဉ်းတယ်။” လို့ ယဉ်မောင်း တယောက် ကပြောပါတယ်။ ကုန်ကားတွေဆိုရင် ရှမ်းမြောက်ဘက် လမ်းပိတ်တာကြောင့် ရှမ်းရှေ့ဘက် ကားတွေ စုပြုံ ရောက်ရှိလာကြပြီး ကားတွေ ပိုများနေတဲ့ အပြင် လမ်းပျက် မြေပြို လမ်းပိတ် နေတာကြောင့် ၂ ရက်၊ ၃ ရက် သွားတဲ့ ခရီး တပတ် ထက်မနည်း ကြန့်ကြာနေတယ်လို့ သူက…

Read More

ဒေါ်နယ်ထရန့်ကို သတ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသား ဖမ်းဆီးခံရ

ဝါရှင်တန် ၊ ဩဂုတ်-၂၃-၂၀၂၄ ရတီ(VOM) အမေရိကန်-မက္ကဆီကိုနယ်စပ် အရီဇိုးနားပြည်နယ်ကို ရောက်ရှိနေတဲ့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို သတ်ဖြတ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသားတယောက်ကို အရီဇိုးနားရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ အရီဇိုးနားပြည်နယ် ကိုချီကောင်တီက အသက် ၆၆ နှစ်အရွယ် ရော်နယ်လီဆီဗာ့ဆိုဟာ သမ္မတဟောင်းဒေါ်နယ်ထရန့်ကို သတ်ဖြတ်မယ်လို့ သူ့ရဲ့ လူမှုကွန်ရက်တွင် ခြိမ်းခြောက်ရေးသားထားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သူဟာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုနဲ့ အခြားစွဲချက်တွေ အတွက် ရဲတပ်ဖွဲ့က အလိုရှိနေသူလည်းဖြစ်ပြီး ၀စ္စကွန်ဆင်နဲ့ အရီဇိုးနားပြည်နယ်တို့မှာ ဖမ်း၀ရမ်းအများအပြားနဲ့ ရင်ဆိုင်နေရသူဖြစ်ပါတယ်။ သမ္မတဟောင်း ဒေါ်နယ်ထရန့်ဟာ ပင်ဆယ်ဗေးနီးယားပြည်နယ်မှာ ပြီးခဲ့သည့်လက မဲဆွယ်စည်းရုံးရေး ပြုလုပ်စဉ်ကလည်း သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းခံခဲ့ရပြီး ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။ လက်ရှိမှာတော့ အမေရိကန်-မက္ကဆီကို နယ်စပ်ကိုရောက်ရှိနေတဲ့ ဒေါ်နယ်ထရန့်က ဒီမိုကရက်တစ်တွေရဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒများနဲ့ပတ်သက်ပြီး ဒုသမ္မတ ကမလာဟားရစ်ကို ဝေဖန်ပြောဆိုမှုတွေ…

Read More

ဆိုးလ်မြို့အနီး ဟိုတယ်မီးလောင်မှု ခုနှစ်ယောက်သေပြီး ၁၂ ယောက်ဒဏ်ရာရ

ဆိုးလ်၊ ဩဂုတ်-၂၃-၂၀၂၄မျိုးဆက်(VOM)တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့အနီးရှိ ဟိုတယ်တခုမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကြောင့် လူ ခုနှစ်ယောက်သေပြီး ၁၂ ယောက်ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။အဆိုပါမီးလောင်မှုဟာ ဘူချွန်မြို့ရှိ ဟိုတယ်ရှစ်လွှာအခန်းကနေ မနေ့ကည ၇ နာရီခွဲဝန်းကျင်းမှာ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ ခုနှစ်ဦးစလုံးဟာ တောင်ကိုရီးယားနိုင်ငံသားတွေဖြစ်တယ်လို့ ဆိုပါတယ်။မီးလောင်မှုဖြစ်ချိန်မှာ ဟိုတယ်မှာ ဧည့်သည် ၂၃ ယောက်ရှိနေပြီး သေဆုံးသူတွေကို ဟိုတယ်ဧည့်ခန့်၊ စင်္ကြံနဲ့ လှေကားတွေမှာ တွေ့ရှိရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အဆောက်အအုံထဲမှာ မီးခိုးတွေကြောင့် သေဆုံးခဲ့တာလို့ ဆိုပါတယ်။မီးလောင်မှုကို သုံးနာရီကြာ ငြှိမ်းသတ်ခဲ့၇ပြီး အကြောင်းရင်းနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေပါတယ်။ ဟိုတယ်ဟာ ဆိုးလ်မြို့ ဂင်ပိုလေဆိပ်အနောက်တောင်ဘက် ၇ ကီလိုမီတာအကွာ မြို့ပြဒေသမှာတည်ရှိပါတယ်။ဇွန်လအတွင်းကလည်း တောင်ကိုရီးယားနိုင်င်ငံမှာ လစ်သီယံဘက်ထရီစက်ရုံတရုံမီးလောင် ပေါက်ကွဲမှုကြောင့် လူ ၂၃ ယောက်သေဆုံးပြီး နှစ်များစွာအတွင်း အဆိုးရွားဆုံး မတော်တဆမှုဖြစ်ပါတယ်။Ref:CNAPhoto: X

Read More

This Day in History

Voice of Myanmarလစ်ဗျားအာဏာရှင် ကဒါဖီ၏ နေအိမ်ခြံဝန်းကို ပုန်ကန်သူများက ၂၀၁၁ ခုနှစ် ဩဂုတ် ၂၃ ရက်တွင် ဝင်ရောက်စီးနှင်းပြီးနောက် နိုင်ငံကို ကဒါဖီ၏ နှစ်ပေါင်း ၄၀ ကျော်ကြာအုပ်ချုပ်မှု အဆုံးသတ်ခဲ့ကာ ၎င်းမည်သည့်နေရာတွင် ပုန်းအောင်းနေကြောင်း ကနဦးမသိရသော်လည်း နှစ်လအကြာ၌ Surt မြို့တွင် ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည်။

Read More

ဒီဂျစ်တယ်နည်းလမ်းနဲ့ လစာပေးချေမှု နိုင်ငံ့ဝန်ထမ်းတွေအတွက် အဆင်မပြေနိုင်ဘူးလို့ ဆို

ဩဂုတ် ၂၃ – ၂၀၂၄ SN (VOM) မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံ့ဝန်ထမ်းလစာကို ငွေသားအစား ဒီဂျစ်တယ်နည်းလမ်းနဲ့ ပေးချေနိုင်ရေးဆောင်ရွက်မှု အဆင်ပြေမှု မရှိနိုင်ဘူးလို့ ဝန်ထမ်းတွေက ပြောပါတယ်။ နိုင်ငံ့ဝန်ထမ်းလစာကို ငွေသားအစား ဒီဂျစ်တယ်နည်းဖြင့် လစာငွေ ပေးချေနိုင်ဖို့အတွက် ဗဟိုဘဏ်မှ ဆောင်ရွက်လျက်ရှိပြီး ဝန်ကြီးဌာန၊ အဖွဲ့အစည်းတွေအနေနဲ့ မိမိတို့ရဲ့ ဝန်ထမ်းတွေကို ဒီဂျစ်တယ်နည်းလမ်းနဲ့ လစာငွေပေးချေနိုင်စေရေး ပူးပေါင်းပါဝင်ဆောင်ရွက်ရမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးထားပါတယ်။ “ဒီအတွက်က လျှပ်စစ်မီး မှန်ဖို့ရယ်၊ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ကောင်းဖို့ လိုအပ်တယ်။ အဲဒါတွေက ခုချိန်မှာ တခုမှ အဆင်မပြေသေးဘူး။ အဲဒီတော့ ဒီဂျစ်တယ်နဲ့ လစာထုတ်ဖို့က အဆင်မပြေလောက်ဘူး။ နောက်ပိုင်း ဘဏ်တွေမှာ အခက်အခဲရှိလာနိုင်တယ်။ ATM စက်တွေ အလုပ် မလုပ်တာမျိုး ဖြစ်လာရင် ကိုယ့်လစာလေးတခါရဖို့ ATM စက်တွေရှေ့မှာ အချိန်အကြာကြီး သွားတန်းစီနေရတာမျိုးတွေ…

Read More

တိဘက် ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားနဲ့ တွေ့ဆုံခဲ့မှု အမေရိကန်ကို တရုတ်ကန့်ကွက်

ပေကျင်း၊ ဩဂုတ်-၂၂-၂၀၂၄မျိုးဆက်(VOM)တိဘက်ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားကို ဘယ်အကြောင်းနဲ့ဖြစ်ဖြစ် လက်ခံတဲ့နိုင်ငံတိုင်းကို ပြတ်ပြတ်သားသား ကန့်ကွက်တယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဒီနေ့ပြောပါတယ်။အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဲ့ အိမ်ဖြူတော် ထိပ်တန်းတာဝန်ရှိသူတွေဟာ ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ နယူးယောက်မှာ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ပြီး တိဘက်လူမျိုးတွေရဲ့ လူ့အခွင့်အရေးတွေ မြှင့်တင်ဖို့ အမေရိကန်ရဲ့ ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့ကြပါတယ်။အသက် ၈၉ နှစ်အရွယ် ပြည်ပရောက် တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားကို တရုတ်အစိုးရက အန္တရာယ်ရှိတဲ့ ခွဲထွက်ရေးသမားအဖြစ် ယူဆထားပြီး နိုင်ငံတိုင်းက တာဝန်ရှိသူတွေနဲ့ ဆက်သွယ်တွေ့ဆုံတာတွေကို ကန့်ကွက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။လက်ရှိတွေ့ဆုံမှုကိုလည်း အမေရိကန်ဘက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီး အမေရိကန်က နိုင်ငံရေးခွဲထွက်လှုပ်ရှားမှုတွေမှာ ဒလိုင်းလာမားကို ပါဝင်ခွင့်မပြုဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တောင်းဆိုမှုနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေကို ဖြေရှင်းပေးဖို့ အမေရိကန်က ဖိအားပေးထားတဲ့ ဥပဒေတရပ်ကိုလည်း တရုတ်က ပြင်းထန်စွာကန့်ကွက်ပြီး မိမိအကျိုးစီးပွားကို…

Read More

မျောက်ကျောက်ရောဂါကြောင့် ပြည်ပက ပြန်ဝင်လာသူအားလုံး ခရီးသွားရာဇဝင် ဖြည့်ရမယ်

    သြဂုတ်၂၂ ၊ ၂၀၂၄ Ms(VOM)   ကမ္ဘာ့ ကျန်းမာရေးအဖွဲ့  (WHO) က နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး  အရေးပေါ် အခြေအနေ အဖြစ်  ကြေညာထားတဲ့ မျောက်ကျောက်ရောဂါ Mpox နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာမယ့် ပြည်ပကပြန်လာသူအားလုံးကို ခရီးသွားရာဇဝင် ဖြည့်ရတော့မှာဖြစ်ပြီး   ကျန်းမာရေးဆိုင်ရာ  အချက်အလက် ဖြည့်သွင်းမှု (HDCs) ဖောင်ပုံစံ သစ်ကို ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်ကလည်း ယနေ့မှာထုတ်ပြန်လိုက်ပါတယ်။   မျောက်ကျောက်ရောဂါ နဲ့ပတ်သက်တဲ့ ကျန်းမာရေးဆိုင်ရာအချက်အလက်တွေ ဖြည့်စွက် ဖောင် ကို မြန်မာနိုင်ငံထဲဝင်ရောက်လာမယ့် သူတွေအတွက် လေကြောင်း ၊ ရေကြောင်းနဲ့ နယ်စပ် ဂိတ် စတဲ့ ပြည်တွင်းပြည်ပ အဝင်အထွက်နေရာတွေမှာ ဖြန့်ဝေပေးထားမှာ ဖြစ်ပြီး  သက်ဆိုင်ရာ ဝင်ပေါက် လူဝင်မှုကြီးကြပ်ရေးကောင်တာများ ကိုမဖြတ်သန်းခင်လေဆိပ်က  ကျန်းမာရေး ဝန်ထမ်းတွေ ထံ…

Read More

ဗီယက်နမ် တောနက်ထဲမှာ ငါးရက်ကြာပျောက်နေတဲ့ ကလေးငယ်ကို အသက်ရှင်လျက် ပြန်တွေ့

ဟနွိုင်း၊ ဩဂုတ်-၂၂-၂၀၂၄ ရတီ (VOM) ဗီယက်နမ်နိုင်ငံ တောနက်ထဲမှာ ငါးရက်ကြာ ပျောက်ဆုံးနေတဲ့ ခြောက်နှစ်အရွယ်ကလေးငယ်ကို အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ နိုင်ငံအနောက်မြောက်ပိုင်း ယန်ဘိုင်ပြည်နယ်မှာနေထိုင်တဲ့ ဒန်တီလမ်ဆိုတဲ့ ကလေးငယ်ဟာ မွေးချင်းကိုးယောက်နဲ့အတူ စမ်းချောင်းမှာရေဆော့ပြီး တောင်ကုန်းပေါ်ကို လမ်းလျှောက်ရာကနေ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ တောစပ်နာက သစ်ကြမ်းပင်တွေကိုခုတ်နေတဲ့ လယ်သမားတွေက ကလေးငိုသံကြားရလို့ ရှာဖွေရာ အနီရောင်တီရှပ်နဲ့ ဘောင်းဘီတိုဝတ်ဆင်ထားတဲ့ သူ့ကို ပြန်တွေ့ခဲ့တာဖြစ်ပါတယ်။ ပျောက်ဆုံးသွားတဲ့နေရာကနေ ၃ ဒသမ ၇ မိုင်အကွာမှာ တွေ့ရှိခဲ့တာဖြစ်ပြီး အရမ်းအားနည်းနေတယ်လို့ ဆိုပါတယ်။ သူဟာ လမ်းပျောက်ခဲ့တဲ့အချိန်တွေအတွင်း တောထဲက အရွက်တွေ၊ တခြားသစ်သီးတွေကိုစားပြီး ရေကိုသာသောက်ခဲ့ရတယ်လို့ သူကပြောပါတယ်။ လက်ရှိမှာတော့ ကျန်းမာရေးအခြေအနေ တည်ငြိမ်နေပါတယ်။ ကလေးငယ်ကို ရှာဖွေဖို့အတွက် ဒေသဆိုင်ရာ တာဝန်ရှိသူတွေဟာ ရဲ၊ စစ်သားနဲ့ ဒေသခံစေတနာ့ဝန်ထမ်းတွေ အပါအဝင် လူ ၁၅၀ ကျော်ကို…

Read More
VOM News

FREE
VIEW