ဆိုးလ်မြို့အနီး ဟိုတယ်မီးလောင်မှု ခုနှစ်ယောက်သေပြီး ၁၂ ယောက်ဒဏ်ရာရ



ဆိုးလ်၊ ဩဂုတ်-၂၃-၂၀၂၄
မျိုးဆက်(VOM)

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့အနီးရှိ ဟိုတယ်တခုမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကြောင့် လူ ခုနှစ်ယောက်သေပြီး ၁၂ ယောက်ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အဆိုပါမီးလောင်မှုဟာ ဘူချွန်မြို့ရှိ ဟိုတယ်ရှစ်လွှာအခန်းကနေ မနေ့ကည ၇ နာရီခွဲဝန်းကျင်းမှာ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ ခုနှစ်ဦးစလုံးဟာ တောင်ကိုရီးယားနိုင်ငံသားတွေဖြစ်တယ်လို့ ဆိုပါတယ်။

မီးလောင်မှုဖြစ်ချိန်မှာ ဟိုတယ်မှာ ဧည့်သည် ၂၃ ယောက်ရှိနေပြီး သေဆုံးသူတွေကို ဟိုတယ်ဧည့်ခန့်၊ စင်္ကြံနဲ့ လှေကားတွေမှာ တွေ့ရှိရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အဆောက်အအုံထဲမှာ မီးခိုးတွေကြောင့် သေဆုံးခဲ့တာလို့ ဆိုပါတယ်။

မီးလောင်မှုကို သုံးနာရီကြာ ငြှိမ်းသတ်ခဲ့၇ပြီး အကြောင်းရင်းနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေပါတယ်။ ဟိုတယ်ဟာ ဆိုးလ်မြို့ ဂင်ပိုလေဆိပ်အနောက်တောင်ဘက် ၇ ကီလိုမီတာအကွာ မြို့ပြဒေသမှာတည်ရှိပါတယ်။

ဇွန်လအတွင်းကလည်း တောင်ကိုရီးယားနိုင်င်ငံမှာ လစ်သီယံဘက်ထရီစက်ရုံတရုံမီးလောင် ပေါက်ကွဲမှုကြောင့် လူ ၂၃ ယောက်သေဆုံးပြီး နှစ်များစွာအတွင်း အဆိုးရွားဆုံး မတော်တဆမှုဖြစ်ပါတယ်။

Ref:CNA
Photo: X

Related posts

Leave a Comment

VOM News

FREE
VIEW