ရုရှားနိုင်ငံ မော်စကိုမြို့နဲ့ဒေသ ၁၅ ခုကို ယူကရိန်းက ဒရုန်းအစင်း ၁၅၀ ကျော်နဲ့ တိုက်ခိုက်

မော်စကို ၊ စက်တင်ဘာ-၁-၂၀၂၄မျိုးဆက်(VOM)ရုရှားနိုင်ငံ မော်စကိုမြို့အပါအဝင် ဒေသ ၁၅ ခုကို ယူကရိန်းက ဒရုန်း ၁၅၈ စင်းနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာကြောင့် ရုရှားစွမ်းအင်စက်ရုံနှစ်ရုံ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ပါတယ်။တိုက်ခိုက်မှုကြောင့် မော်စကိုရှိ ရေနံချက်စက်ရုံတရုံရှိ နည်းပညာဆိုင်ရာ အဆောက်အအုံတခု မီးလောင်ခဲ့တယ်လို့ မြို့တော်ဝန်က ဆိုပါတယ်။ ဒရုန်း ၁၁ စင်းလောက်က မော်စကိုနဲ့ အနီးတဝိုက်ဒေသတွေကို ပစ်မှတ်ထားခဲ့တယ်လို့ ပြောပါတယ်။ဒီအတောအတွင်း တီဗာမြို့မှ ၇၅ မိုင်သာကွာဝေးတဲ့ ကိုနာကိုဗို ဓါတ်အားပေး စက်ရုံအနီးမှာလည်း ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ မော်စကိုဒေသရှိ ကာရှီယာဓါတ်အားပေး စက်ရုံကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ယူကရိန်းကတော့ဒီတိုက်ခို်ကမှုနဲ့ပတ်သက်ပြီး မှတ်ချက်မပေးပါဘူး ။ယူကရိန်းတပ်တွေဟာ ပြီးခဲ့တဲ့လတွေအတွင်းက ရုရှားနိုင်ငံအတွင်းပိုင်းက ပစ်မှတ်တွေကို တာဝေးတိုက်ခိုက်မှုတွေ အရှိန်မြှင့်လုပ်ဆောင်နေပြီး တပတ်အတွင်း မဟာဗျူဟာမြောက် ပစ်မှတ်များကို ဒရုန်းအများအပြားနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ယူကရိန်းဒရုန်းတွေကို ကြားဖြတ်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့…

Read More

တပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန် ဈေးကွက်

စက်တင်ဘာ ၁ – ၂၀၂၄SS (VOM)အခုတပတ်မှာလည်း အခြေခံစားသောက်ကုန် ဈေးနှုန်းတွေဟာ ပြန်လည် ကျဆင်းလာခြင်း မရှိသေးတဲ့အပြင် တက်ရှိန်ကောင်းနေဆဲ ဖြစ်ပါတယ်။ အရင်တပတ်က အနည်းငယ် အကျရှိခဲ့တဲ့ စက်သုံးဆီဈေးတွေလည်း ကျပ် ၁၀၀ ဝန်းကျင်လောက် ပြန်တက်လာပါတယ်။ဩဂုတ်လ ဒုတိယပတ်အတွင်း ရွှေနဲ့ ဒေါ်လာဈေးတွေ စံချိန်တင် မြင့်တက်ခဲ့လို့ “ကျွဲကူး ရေပါ” ဆိုသလို ကုန်ဈေးနှုန်းတွေပါ လိုက်ပါ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုရက်ပိုင်း ရွှေနဲ့ ဒေါ်လာဈေး ပြန်လည် ကျဆင်းလာခဲ့ပြီဖြစ်ပေမယ့် ကုန်ဈေးနှုန်းတွေကတော့ လိုက်ပါ ကျဆင်းလာခြင်းမရှိတဲ့အပြင် ဆက်လက် မြင့်တက်လာနေတာကို တွေ့ရပါတယ်။#ပြည်တွင်းရွှေဈေးနှုန်းပြင်ပဈေးကွက်က အခေါက်ရွှေ ဈေးနှုန်းတွေဟာ အခုတပတ်မှာတော့ တောက်လျှောက် အကျဘက်မှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။ရွှေဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်ကစလို့ ကျပ် သိန်း ၈၀ အောက် ရောက်ရှိလာပြီး…

Read More

ကန့်သတ်မှုအချို့ကြောင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအချို့ အခက်တွေ့

စက်တင်ဘာ ၁ – ၂၀၂၄KG(VOM)ကန့်သတ်မှုအချို့ကြောင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီအချို့ အခက်တွေ့လာရပြီး လုပ်ငန်းပိုင်းဆိုင်ရာမှာလည်းနှောင့်နှေးကြန့်ကြာမှုတွေရှိလာတယ်လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေးဂျင့်လုပ်ငန်းများထံမှ သိရပါတယ်။“အခုကပြည်ပထွက်ဖို့လွယ်လားဆိုတော့ PJ ဆိုရင်တော့ နည်းနည်းလေးပြောရဆိုရတာနည်းနည်းပါးပါး ရှိပါတယ်။PV နဲ့ကတော့နည်းနည်းထွက်လို့အဆင်ပြေနေသေးတယ်။ကိုယ့်လမ်းကြောင်းနဲ့ကိုယ်တော့ရသလိုထွက်ကြတာပါပဲ။လူငယ်အများစုကတော့ထွက်နေကြတယ်။ဟိုရောက်ရင်အလုပ်အကိုင်အခွင့်ကသူ့ဘာသာသူတော့ပွင့်သွားတာပဲလေ၊အခုကဘယ်လိုဖြစ်လဲဆိုတော့တချို့လူငယ်တွေကလည်းအားလုံးလုပ်ကိုင်ပြီးမှလေဆိပ်ရောက်မှပြန်လှည့်လာရမှာကိုကြောက်ကြတယ်။ပြောရရင်လုပ်ငန်းပိုင်းဆိုင်ရာလေးတွေမှာနှောင့်နှေးကြန့်မှုလေးတွေတော့ရှိလာပါတယ်။တချို့လည်းပြည်ပထွက်ဖို့တွေဝေသွားတာမျိုးရှိပါတယ်”လို့ ပြည်ပအလုပ်အကိုင် ရှာဖွေရေးလုပ်ငန်းလုပ်ကိုင်တဲ့ အေးဂျင့်တယောက်က လက်ရှိအနေအထားကို ပြောပြပါတယ်။ယခုနှစ်ပိုင်းတွေအတွင်းမှာ ပြည်ပနိုင်ငံတွေက မြန်မာလုပ်သားတွေခေါ်ယူတဲ့ အလုပ်ခေါ်စာလက်ခံမှုယာယီ ရပ်ဆိုင်းလိုက်တဲ့ဖြစ်စဥ်တွေလည်း ရှိခဲ့ပြီး လက်ရှိမှာတော့ အလုပ်သမားဝန်ကြီးဌာနက စိစစ်ပြီးဖြစ်တဲ့အလုပ်ခေါ်စာတွေကိုတော့ သတ်မှတ်ထားတဲ့ လုပ်ငန်းစဉ်တွေအတိုင်း ဆက်လက်လုပ်ဆောင်ပေးနေတယ်လို့လည်း ထုတ်ပြန်မှုအချို့လည်းရှိနေခဲ့တာဖြစ်ပါတယ်။ဒါအပြင် ပြည်တွင်းမှာအလုပ်အကိုင်အခွင့်အလမ်းရှားပါးလာမှုတွေကြောင့် မြန်မာအလုပ်သမားအများ စုဟာ ထိုင်း၊ကိုရီးယား၊မလေးရှား၊ဂျပန်နဲ့ စင်ကာပူနိုင်ငံတွေကိုသွားရောက်အလုပ်လုပ်ကိုင်နိုင်ဖို့ ကြိုးပမ်းနေကြတာလည်း ဖြစ်ပါတယ်။“အခုကကိုရီးယားတို့ ဂျပန်တို့ထက် ထွက်လို့လွယ်တဲ့ အလုပ်ရဖို့လွယ်ကူတဲ့ မြန်မြန်ဆန်ဆန်ထွက်လို့ရတဲ့ စင်ကာပူတို့ UAE နိုင်ငံဘက်တို့ ထိုင်းတို့ကိုအသွားများပါတယ်။အသွားအများဆုံးကတော့ ထိုင်းနဲ့ စင်ကာပူပါပဲ။ စင်ကာပူကအလုပ်ရဖို့လွယ်တာပေါ့၊ကိုရီးယားတို့ဂျပန်တို့ကျတော့သွားဖို့အတွက်အချိန်စောင့်ဆိုင်းရတာတွေရှိပါတယ်”လို့ ပြည်ပထွက်ခွာဖို့ ကြိုးပမ်းနေတဲ့လူငယ်တယောက်က ပြောပါတယ်။လက်ရှိမှာစင်ကာပူနိုင်ငံသို့ ထွက်ခွာအလုပ်လုပ်ကိုင်မည်ဆိုပါက အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေကိုပေးရတဲ့ဝန်ဆောင်ခက လူတယောက်ကို သိန်း(၁၀၀) အထက်မှာရှိနေတယ်လို့လည်း သိရပါတယ်။“အခုဆိုကုန်ကျစရိတ်ကသိန်း ၁၀၀ လောက်ရှိပါမယ်။…

Read More

ဂါဇာမှာ ဟားမတ်စ်တို့ သတ်ဖြတ်ထားတဲ့ အစ္စရေးဓါးစာခံခြောက်ယောက်ရဲ့ အလောင်းတွေ တွေ့ရှိ

ဂါဇာစီးတီး၊ စက်တင်ဘာ-၁-၂၀၂၄မျိုးဆက်(VOM)ဂါဇာကမ်းမြှောင်ဒေသမှာ ဟားမတ်စ်တို့ ဖမ်းဆီးသွားတဲ့ အစ္စရေးဓါးစာခံခြောက်ယောက်ရဲ့ အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။ရုပ်အလောင်းတွေကို ရာဖာဒေသရှိ မြေအောက်ဥမင်လိုဏ်ခေါင်းတခုထဲမှာ မနေ့ တွေရှိခဲ့တာလို့ ဆိုပါတယ်။ သေဆုံးသွားတဲ့ ဓါးစာခံတွေဟာ Carmel Gat၊ Eden Yerushalmi၊ Hersh Goldberg-Polin၊ Alexander Lobanov၊ Almog Sarusi နဲ့ Master Sgt Ori Danino တို့ဖြစ်တယ်လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ထားပါတယ်။ဒီထဲမှာ အမေရိကန်နိုင်ငံသား မစ္စတာ Goldberg-Polinလည်း ပါဝင်တယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ဝမ်းနည်းစကာဆိုပါတယ်။ ဓါးစာခံတွေဟာ အစ္စရေးစစ်တပ်မရောက်ခင် ဟားမတ်စ်တို့ရဲ့ ရက်ရက်စက်စက် သတ်ဖြတ်တာကို ခံခဲ့ရတယ်လို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ်ဟာဂါရီက ပြောပါတယ်။သူတို့ ခြောက်ယောက်ဟာ ၁၁ လကြာ ဖမ်းဆီးခံရမှုအတွင်း ညှင်းပန်းနှိပ်စက်မှု ၊ လူ့အခွင့်အရေးချိုးဖောက်မှု ၊ ငတ်မွတ်ခေါင်းပါးမှုဒဏ်တွေကိုခံရင်း ပြီးခဲ့တဲ့…

Read More

သတင်းထောက်ဟောင်း တယောက်က ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေဆီက သိန်းထောင်ချီ လိမ်လည်မှု ဖြစ်ပွားပြန်

စက်တင်ဘာ ၁ – ၂၀၂၄SN (VOM)သတင်းထောက်ဟောင်း တယောက်က လက်နက်ခဲယမ်းတွေ ဝယ်ယူပေးမယ်လို့ ဆိုကာ ဒေသတွင်း လက်နက်ကိုင်တပ်တွေဆီက ငွေသိန်းပေါင်း ထောင်နဲ့ချီ လိမ်လည်ခဲ့တယ်လို့ ဒေသတွင်း သတင်းဖော်ပြချက်အရ သိရပါတယ်။အဲဒီ သတင်းထောက်ဟောင်းရဲ့ နာမည်ကတော့ ဘုန်းနိုင်ဖြိုး ဖြစ်တယ်လို့ သိရပြီး မုံရွာဇာတိဖြစ်ကာ အရင်က စကိုင်းနက် ရုပ်/သံ နယ်သတင်းထောက်နဲ့ မဇ္ဈိမ သတင်းဌာနတို့မှာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ဖူးသူလည်း ဖြစ်တယ်လို့ သိရပါတယ်။“ဘုန်းနိုင်ဖြိုးဟာ အဖွဲ့တွေ လိုအပ်နေတဲ့ လက်နက်ခဲယမ်းတွေ ဝယ်ယူဖို့ အချိတ်အဆက်ရှိတယ်၊ မှာပေးမယ်လို့ ဆိုကာ စရံတွေ တောင်းယူပြီး လိမ်လည်တယ်။ မှာယူထားတဲ့ လက်နက်အနည်းငယ်ရောက်ရင် ငွေပိုပေးနိုင်တဲ့သူတွေကို လက်ငင်းရောင်းချ အယုံသွင်းပြီး ထပ်မှာလိုရင်တော့ ငွေကြိုပေးဖို့ ပြောတယ်။ ကနဦး စရံကြိုပေးထားသူကိုတော့ လမ်းမှာ ကြာနေတယ်၊ လက်နက်တွေ အဖမ်းခံရတယ် စသဖြင့် အကြောင်းအမျိုးမျိုးပြပြီး လိမ်လည်နေတာ…

Read More

ရုရှားမှာ ရဟတ်ယာဉ်တစင်း ပျက်ကျမှု ပျောက်ဆုံးနေသူ ၂၂ ယောက်ကို အပူတပြင်းရှာဖွေနေ

မော်စကို၊ စက်တင်ဘာ-၁-၂၀၂၄ မျိုးဆက်(VOM) ရုရှားအရှေ့ဖျားပိုင်းမှာ ခရီးသည် ၂၂ ယောက်လိုက်ပါသွားတဲ့ ရဟတ်ယာဉ်တစင်း ပျောက်ဆုံးနေတာကြောင့် ကယ်ဆယ်ရေးသမားတွေက အပူအပြင်းရှာဖွေနေကြပါတယ်။ ဒီရဟတ်ယာဉ်ဟာ ခရီးသည်တွေနဲ့အတူ ကမ်ချက်ကာကျွန်းဆွယ်ရှိ ဗက်ချ်ကာဇက်စ်မီးတောင်အနီး လေယာဉ်ကွင်းကနေ ပျံတက်သွားပြီးနောက် သိပ်မကြာခင်မှာ ရေဒါကနေ ပျောက်သွားတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ အဲဒီဒေသဟာ လှပတဲ့ ရှုခင်းတွေ မီးတောင်တွေကြောင့် ထင်ရှားကျော်ကြားတဲ့ ခရီးသွားနေရာတခုလည်းဖြစ်ပါတယ်။ မြူတွေထူထပ်စွာကျဆင်းပြီး ရာသီဥတုဆိုးရွားမှုတွေကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေ နှောင့်နှေးနေပါတယ်။ Vityaz-Aero ကုမ္ပဏီက ပို်ငဆိုင်တဲ့ ရဟတ်ယာဉ်ဟာ ဆိုဗီယက်ခေတ်က ထုတ်လုပ်ထားတဲ့ အမ်အိုင်-၈ အမျိုးအစားဖြစ်ပြီး ရုရှားမှာ တွင်ကျယ်စွာ အသုံးပြုနေကြဆဲဖြစ်ပါတယ်။ ရေဒါကနေ ပျောက်ဆုံးပြီး အဆက်အသွယ်ပြတ်မသွားခင်ထိ လေယာဉ်မှူးတွေဟာ လေယာဉ်နဲ့ပတ်သက်ပြီး ထူးခြားချက်တစုံတရာကို သတင်းပို့ခဲ့တာမရှိဘူးလို့ ရုရှားနိုင်ငံပိုင် သတင်းဌာနက ဆိုပါတယ်။ ရဟတ်ယာဉ်ပေါ်မှာ ခရီးသည် ၁၉ ယောက်နဲ့ အမှုထမ်း သုံးယောက်လိုက်ပါသွားပြီး…

Read More

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(စက်တင်ဘာ – ၁ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar #ရွှေဈေး -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၅၀၃ ဒေါ်လာ ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၇၂၀၀၀၀၀ ကျပ် ဝယ်ဈေး ၇၁၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၇၀၀၀၀၀၀ ကျပ် ဝယ်ဈေး ၆၉၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #နိုင်ငံခြားငွေလဲလှယ်နှုန်း -မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း အမေရိကန် တဒေါ်လာ – ၂၁၀၀ ကျပ် -အမေရိကန်ဒေါ်လာ‌ ရောင်းဈေး – ၅၆၀၀ ကျပ် ဝယ်ဈေး –…

Read More

This Day in History

Voice of Myanmarအမေရိကန် ရှာဖွေရေးသမား ရောဘတ်ဘောလ်လက် ဦးဆောင်သော ရှာဖွေရေးအဖွဲ့ဟာတိုက်တန်းနစ်သင်္ဘောပျက်ကို သမုဒ္ဒရာကြမ်းပြင် မီတာ ၄၀၀၀ အနက်တွင် ၁၉၈၅ ခုနှစ် စက်တင်ဘာ ၁ ရက်က ရှာဖွေတွေ့ရှိခဲ့ကြသည်။

Read More

အက်ဖ်-၁၆ တိုက်လေယာဉ် ပျက်ကျပြီးနောက် ယူကရိန်းလေတပ်အကြီးအကဲ ရာထူးကနေ ထုတ်ပယ်ခံရ

ကိဗ်ယက်၊ စက်တင်ဘာ-၁-၂၀၂၄မျိုးဆက်(VOM)ယူကရိန်းကို အနောက်အုပ်စုမဟာမိတ်တွေ ထောက်ပံ့ပေးထားတဲ့ အက်ဖ်-၁၆ တိုက်လေယာဉ် ပျက်ကျမှုနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေရှိနေချိန်မှာ ယူကရိန်းလေတပ်အကြီးအကဲကို သမ္မတ ဇီလန်စကီးက ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ယူကရိန်းလေတပ်အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး မိုင်ကိုလာအိုလပ်ချော့ခ်ကို ထုတ်ပယ်ရတဲ့အကြောင်းရင်းကို ဖော်ပြမထားပေမယ့် မိမိတို့ရဲ့ စစ်သည်တော်အားလုံးကို စောင့်ရှောက်ဖို့ တာဝန်ရှိတယ်လို့ ဇီလန်စကီးက ပြောပါတယ်။ယူကရိန်းအတွက် ထောက်ပံ့ပေးထားတဲ့ အမေရိကန်လုပ် အက်ဖ်-၁၆ တိုက်လေယာဉ်တစင်းဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ပျက်ကျခဲ့ပြီး လေယာဉ်မှူး သေဆုံးခဲ့ပါတယ်။ ရုရှားရဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေကြားမှာ ပျက်ကျခဲ့တာဖြစ်ပေမယ့် ရန်သူ့လက်ချက်တိုက်ရိုက်မိခဲ့တာမဟုတ်ဘူးလို့ ယူကရိန်းဘက်က ဆိုပါတယ်။အဖိုးတန်လေယာဉ်ပျက်ကျပြီး လေယာဉ်မှူးသေဆုံးခဲ့တဲ့ဖြစ်စဉ်အပေါ် ယူကရိန်းနိုင်ငံရေးသမားအချို့က လေတပ်အကြီးအကဲ မိုင်ကိုလာအိုလပ်ချော့ခ်ကို အပြစ်တင်ခဲ့ပြီးနောက် အခုလို ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ယူကရိန်းကို ရုရှားက ၂၀၂၂ ခုနှစ်မှာ အပြည့်အ၀ကျူးကျော်ပြီးနောက်မှာ ယူကရိန်းအရှေ့ပိုင်း နယ်မြေအများအပြားကို သိမ်းပိုက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ယူကရိန်းတပ်တွေဟာ ရုရှားအနောက်ပိုင်း ကာ့ဒ်ဒေသကို ဩဂုတ်လအစောပိုင်းက အံ့အားသင့်ဖွယ် ဝင်ရောက်တိုက်ခိုက်နေပါတယ်။ဒီလိုတိုက်ခို်ကမှုကို…

Read More
VOM News

FREE
VIEW