ဂါဇာမှာ ဟားမတ်စ်တို့ သတ်ဖြတ်ထားတဲ့ အစ္စရေးဓါးစာခံခြောက်ယောက်ရဲ့ အလောင်းတွေ တွေ့ရှိ



ဂါဇာစီးတီး၊ စက်တင်ဘာ-၁-၂၀၂၄
မျိုးဆက်(VOM)

ဂါဇာကမ်းမြှောင်ဒေသမှာ ဟားမတ်စ်တို့ ဖမ်းဆီးသွားတဲ့ အစ္စရေးဓါးစာခံခြောက်ယောက်ရဲ့ အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။

ရုပ်အလောင်းတွေကို ရာဖာဒေသရှိ မြေအောက်ဥမင်လိုဏ်ခေါင်းတခုထဲမှာ မနေ့ တွေရှိခဲ့တာလို့ ဆိုပါတယ်။ သေဆုံးသွားတဲ့ ဓါးစာခံတွေဟာ Carmel Gat၊ Eden Yerushalmi၊ Hersh Goldberg-Polin၊ Alexander Lobanov၊ Almog Sarusi နဲ့ Master Sgt Ori Danino တို့ဖြစ်တယ်လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ထားပါတယ်။

ဒီထဲမှာ အမေရိကန်နိုင်ငံသား မစ္စတာ Goldberg-Polinလည်း ပါဝင်တယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ဝမ်းနည်းစကာဆိုပါတယ်။ ဓါးစာခံတွေဟာ အစ္စရေးစစ်တပ်မရောက်ခင် ဟားမတ်စ်တို့ရဲ့ ရက်ရက်စက်စက် သတ်ဖြတ်တာကို ခံခဲ့ရတယ်လို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ်ဟာဂါရီက ပြောပါတယ်။

သူတို့ ခြောက်ယောက်ဟာ ၁၁ လကြာ ဖမ်းဆီးခံရမှုအတွင်း ညှင်းပန်းနှိပ်စက်မှု ၊ လူ့အခွင့်အရေးချိုးဖောက်မှု ၊ ငတ်မွတ်ခေါင်းပါးမှုဒဏ်တွေကိုခံရင်း ပြီးခဲ့တဲ့ ရက်အနည်းငယ်က ဟားမတ်စ်တို့ရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်လို့ ဓါးစားခံမိသားစုများ ဖိုရမ်က ဆိုပါတယ်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ထိုးဖို့ နှောင့်နှေးကြန့်ကြာမှုတွေက ဓါးစာခံသေဆုံးမှုတွေကို ဖြစ်ပေါ်စေတယ်လို့ ဓါးစာခံမိသားစုတွေက အစ္စရေးအစိုးရကို ဝေဖန်နေကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဂျေရုဆလင်အပါအဝင် နိုင်ငံတဝန်းမှာ ဆန္ဒပြတောင်းဆိုမှုတွေလုပ်ဖို့နဲ့ ပြည်သူတွေပူးပေါင်းပါဝင်ဖို့ သူတို့တွေက တိုက်တွန်းထားပါတယ်။ လက်ရှိမှာတော့ သေဆုံးသွားတဲ့ ဓါးစာခံတွေရဲ့ ရုပ်အလောင်းတွေကို အစ္စရေးပိုင်နက်ကို လွှဲပြောင်းပေးထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

Ref:BBC

Related posts

✕
VOM News

FREE
VIEW