မော်စကို ၊ စက်တင်ဘာ-၁-၂၀၂၄
မျိုးဆက်(VOM)
ရုရှားနိုင်ငံ မော်စကိုမြို့အပါအဝင် ဒေသ ၁၅ ခုကို ယူကရိန်းက ဒရုန်း ၁၅၈ စင်းနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာကြောင့် ရုရှားစွမ်းအင်စက်ရုံနှစ်ရုံ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ပါတယ်။
တိုက်ခိုက်မှုကြောင့် မော်စကိုရှိ ရေနံချက်စက်ရုံတရုံရှိ နည်းပညာဆိုင်ရာ အဆောက်အအုံတခု မီးလောင်ခဲ့တယ်လို့ မြို့တော်ဝန်က ဆိုပါတယ်။ ဒရုန်း ၁၁ စင်းလောက်က မော်စကိုနဲ့ အနီးတဝိုက်ဒေသတွေကို ပစ်မှတ်ထားခဲ့တယ်လို့ ပြောပါတယ်။
ဒီအတောအတွင်း တီဗာမြို့မှ ၇၅ မိုင်သာကွာဝေးတဲ့ ကိုနာကိုဗို ဓါတ်အားပေး စက်ရုံအနီးမှာလည်း ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ မော်စကိုဒေသရှိ ကာရှီယာဓါတ်အားပေး စက်ရုံကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
ယူကရိန်းကတော့ဒီတိုက်ခို်ကမှုနဲ့ပတ်သက်ပြီး မှတ်ချက်မပေးပါဘူး ။ယူကရိန်းတပ်တွေဟာ ပြီးခဲ့တဲ့လတွေအတွင်းက ရုရှားနိုင်ငံအတွင်းပိုင်းက ပစ်မှတ်တွေကို တာဝေးတိုက်ခိုက်မှုတွေ အရှိန်မြှင့်လုပ်ဆောင်နေပြီး တပတ်အတွင်း မဟာဗျူဟာမြောက် ပစ်မှတ်များကို ဒရုန်းအများအပြားနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
ယူကရိန်းဒရုန်းတွေကို ကြားဖြတ်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ရုရှားစစ်တပ်က ဆိုပါတယ်။ ရုရှားနိုင်ငံထဲထိ ယူကရိန်းရဲ့ တိုက်ခိုက်မှုတွေမှာ အနောက်မဟာမိတ်တွေရဲ့ လက်နက်နည်းပညာနဲ့ ဘဏ္ဍာရေး ပံ့ပိုးမှုတွေ ပါဝင်တယ်လို့ အကဲခတ်တွေက ဆိုပါတယ်။
Ref:BBC
Photo:Reuters
Related posts
-
ဂျိုးဘိုင်ဒင်နဲ့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်တို့ အိမ်ဖြူတော်မှာ တွေ့ဆုံ
ဝါရှင်တန်၊ နိုဝင်ဘာ-၁၄-၂၀၂၄မျိုးဆက်(VOM)အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ပြီး အာဏာလွှဲပြောင်းရေး ကိစ္စတွေကို... -
ရွာငံမှာ ပစ်ခတ်မှုတွေဖြစ်လို့ တန်ဆောင်တိုင်လာတဲ့ကားတွေ ရာနဲ့ချီ ပိတ်မိနေ
နိုဝင်ဘာ ၁၄-၂၀၂၄ZY(VOM)ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့အဝင် စစ်ဆေးရေးဂိတ်အနီးမှာ ဒီကနေ့ နိုဝင်ဘာလ ၁၄ရက်၊ မွန်းလွဲပိုင်းအချိန်က... -
စစ်မှုထမ်းရမယ့် ပြည်ပရောက် လုပ်သားတွေကို ပြန်ခေါ်ပေးရေး ခက်ခဲပြီး အဆင်မပြေနိုင်ကြောင်း အေဂျင်စီတွေပြော
နိုဝင်ဘာ ၁၄ – ၂၀၂၄SS (VOM)စစ်မှုထမ်းဖို့အတွက် ပြည်ပရောက် အလုပ်သမားတွေကို ပြန်ခေါ်မပေးနိုင်တဲ့ အေဂျင်စီတွေကို...