ရုရှားနိုင်ငံ မော်စကိုမြို့နဲ့ဒေသ ၁၅ ခုကို ယူကရိန်းက ဒရုန်းအစင်း ၁၅၀ ကျော်နဲ့ တိုက်ခိုက်



မော်စကို ၊ စက်တင်ဘာ-၁-၂၀၂၄
မျိုးဆက်(VOM)

ရုရှားနိုင်ငံ မော်စကိုမြို့အပါအဝင် ဒေသ ၁၅ ခုကို ယူကရိန်းက ဒရုန်း ၁၅၈ စင်းနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာကြောင့် ရုရှားစွမ်းအင်စက်ရုံနှစ်ရုံ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ပါတယ်။

တိုက်ခိုက်မှုကြောင့် မော်စကိုရှိ ရေနံချက်စက်ရုံတရုံရှိ နည်းပညာဆိုင်ရာ အဆောက်အအုံတခု မီးလောင်ခဲ့တယ်လို့ မြို့တော်ဝန်က ဆိုပါတယ်။ ဒရုန်း ၁၁ စင်းလောက်က မော်စကိုနဲ့ အနီးတဝိုက်ဒေသတွေကို ပစ်မှတ်ထားခဲ့တယ်လို့ ပြောပါတယ်။

ဒီအတောအတွင်း တီဗာမြို့မှ ၇၅ မိုင်သာကွာဝေးတဲ့ ကိုနာကိုဗို ဓါတ်အားပေး စက်ရုံအနီးမှာလည်း ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ မော်စကိုဒေသရှိ ကာရှီယာဓါတ်အားပေး စက်ရုံကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ယူကရိန်းကတော့ဒီတိုက်ခို်ကမှုနဲ့ပတ်သက်ပြီး မှတ်ချက်မပေးပါဘူး ။ယူကရိန်းတပ်တွေဟာ ပြီးခဲ့တဲ့လတွေအတွင်းက ရုရှားနိုင်ငံအတွင်းပိုင်းက ပစ်မှတ်တွေကို တာဝေးတိုက်ခိုက်မှုတွေ အရှိန်မြှင့်လုပ်ဆောင်နေပြီး တပတ်အတွင်း မဟာဗျူဟာမြောက် ပစ်မှတ်များကို ဒရုန်းအများအပြားနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

ယူကရိန်းဒရုန်းတွေကို ကြားဖြတ်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ရုရှားစစ်တပ်က ဆိုပါတယ်။ ရုရှားနိုင်ငံထဲထိ ယူကရိန်းရဲ့ တိုက်ခိုက်မှုတွေမှာ အနောက်မဟာမိတ်တွေရဲ့ လက်နက်နည်းပညာနဲ့ ဘဏ္ဍာရေး ပံ့ပိုးမှုတွေ ပါဝင်တယ်လို့ အကဲခတ်တွေက ဆိုပါတယ်။

Ref:BBC
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW