ကုလသမဂ္ဂ၊ စက်တင်ဘာ-၅-၂၀၂၄
မျိုးဆက်(VOM)
မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေ ပြင်းထန်လာတာနဲ့အမျှ မြန်မာပြည်သူ သုံးပုံတပုံဟာ လူသားချင်းစာနမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေကြောင်း ကုလသမဂ္ဂက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး တနှစ်တာအတွင်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက ပြီးခဲ့တဲ့နေ့က ထုတ်ပြန်ရာမှာ အခုလို သတိပေးထားတာဖြစ်ပါတယ်။
နိုင်ငံတဝန်းမှာ ရွှေ့ပြောင်းနေထိုင်မှုနဲ့ စားနပ်ရိက္ခာမလုံခြုံမှု ပိုမိုဆိုးရွားစေတဲ့ ပြင်းထန်တဲ့ ပဋိပက္ခတွေကြောင့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေလည်း မြင့်မားလာတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ လူဦးရေရဲ့ သုံးပုံတပုံ သို့မဟုတ် ပြည်သူ ၁၈ ဒသမ ၆ သန်းကျော်ဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေပြီး သူတို့ထဲက ၅ ဒသမ ၃ သန်းဟာ အရေးပေါ်အကူအညီ လိုအပ်နေသူတွေလို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒီအကျပ်အတည်းကို တုံ့ပြန်ဖို့ မြန်မာနိုင်ငံမှာ ရန်ပုံငွေပြတ်လပ်မှုနဲ့ အရေးပေါ် သိုလှောင်စီမံခန့်ခွဲမှုတွေ ခမ်းခြောက်နေပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးကြဖို့ ကုလသမဂ္ဂက တိုက်တွန်းထားပါတယ်။
လက်ရှိမှာတော့ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံဒေသအတော်များများမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ ဒေသတွင်းလက်နက်ကိုင် ပူးပေါင်းအဖွဲ့တွေနဲ့ နစကတပ်တွေအကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။
Ref:NHK
Photo:CJ
Related posts
-
ဆွီဒင် စာသင်ကျောင်းတကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၁၀ ယောက်သေဆုံး
စတော့ဟုမ်း၊ ဖေဖော်ဝါရီ-၅-၂၀၂၅ ရတီ(VOM) ဆွီဒင်နိုင်ငံ အလယ်ပိုင်းရှိ စာသင်ကျောင်းတကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁၀... -
ဂွမြို့နယ်ရှိ စစ်ရှောင်တွေမှာ အရေပြားရောဂါဖြစ်ပွားမှု နှစ်လအတွင်း ပိုမိုဆိုးရွားလာ
ဖေဖော်ဝါရီ ၅ – ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ် ၊ဂွမြို့နယ်ထဲက ကျေးရွာအများစုက... -
ကုလ လူ့အခွင့်အရေးကောင်စီကနေ အမေရိကန်နုတ်ထွက်မယ့်အမိန့် ဒေါ်နယ်ထရန့် လက်မှတ်ထိုး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၅-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်အနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်မယ့် အမိန့်တရပ်ကို သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး...