တရားဝင် ငွေမလွဲတဲ့ ပြည်ပရောက် အလုပ်သမားတွေကို ပတ်စ်ပို့သက်တမ်းတိုးတာနဲ့ OWIC ကတ်ထုတ်ပေးတာ ခွင့်မပြု

စက်တင်ဘာ ၆ – ၂၀၂၄SN (VOM)အလုပ်သမားဝန်ကြီးဌာန အနေနဲ့ ပြည်ပရောက် အလုပ်သမားတွေ ပြည်တွင်းကို ငွေလွှဲတာနဲ့ပတ်သက်လို့ စိစစ်ဆောင်ရွက်နေပြီး တရားဝင် ငွေမလွှဲထားပါက ပတ်စ်ပို့သက်တမ်းတိုးတာနဲ့ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card – OWIC) ကတ် ထုတ်ပေးတာကို ခွင့်မပြုဘူးလို့ အသိပေး ကြေညာထားပါတယ်။ဒါအပြင် ပြည်ပနိုင်ငံဆီ အလုပ်နဲ့ထွက်ခွာမှုကို ကာလအကန့်အသတ်နဲ့ ပိတ်ပင်သွားမှာဖြစ်သလို စိစစ်အရေးယူမှုတွေကိုလည်း လိုအပ်သလို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။“ဝန်ကြီးဌာနဘက်ကတော့ ဒီကိစ္စကို ဖိအားပေး လုပ်ဆောင်နေပေမယ့် အလုပ်သမားတွေကို ထိန်းချုပ်နိုင်ဖို့က မလွယ်လောက်ဘူး။ နိုင်ငံခြားရောက်ပြီး မိသားစုဆီ ငွေပြန်မလွှဲတဲ့သူတွေတောင် ရှိသေးတာကိုး ဆိုတော့ ဒီကိစ္စက ဘယ်လိုမှ အဆင်မပြေလောက်ဘူး။ အခုထိတော့ တရားဝင်နည်းလမ်းနဲ့ လစာပြန်လွှဲတဲ့သူက မရှိသလောက်ဘဲ။ ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့ အေဂျင်စီတွေဘက်ကိုလည်း ဖိအားပေးတာတွေ၊ စာရင်းတောင်းတာတွေ၊ အရေးယူရတာတွေ ရှိတယ်။…

Read More

ဟိုင်နန်ကျွန်းကို တိုက်ခတ်မယ့် စူပါတိုင်ဖွန်း မုန်တိုင်းကြောင့် လူလေးသိန်းကို ဘေးလွတ်ရာ ရွှေ့ပြောင်း

ပေကျင်း၊ စက်တင်ဘာ-၆-၂၀၂၄ မျိုးဆက်(VOM) တရုတ်နိုင်ငံမှာ ယခုနှစ်အတွင်း အပြင်းထန်ဆုံးမုန်တိုင်းအဖြစ် သတ်မှတ်မယ့် စူပါတိုင်ဖွန်းမုန်တိုင်း ရာဂီဟာ ကမ္ဘာလှည့်ခရီးသွားတွေအကြား နာမည်ကြီးတဲ့ ဟိုင်နန်ကျွန်းကို ဝင်ရောက်တိုက်ခတ်မှာဖြစ်လို့ လူလေးသိန်းကို အာဏာပိုင်တွေက ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားပါတယ်။ ရာဂီဟာ များမကြာခင်မှာ ပျက်စီးမှုတွေ များစွာဖြစ်ပေါ်စေနိုင်မုန်တိုင်းကြီးအဖြစ် ကုန်းတွင်းပိုင်းကို ကျရောက်မယ့် အလွန်အန္တရာယ်များပြီး ပြင်းထန်တဲ့ စူပါတိုင်ဖွန်းမုန်တိုင်းကြီးဖြစ်ကြောင်း အင်ဒို-ပစိဖိတ် အပူပိုင်း ဆိုင်ကလုန်းဌာနကလည်း သတိပေးချက်ထုတ်ပြန်ထားပါတယ်။ စူပါတိုင်ဖွန်းတွေဟာ ပြင်းအား အဆင့် ၅ ရှိတဲ့ ဟာရီကိန်းမုန်တိုင်းတွေနဲ့ ညီမျှပါတယ်။ ၁၉၄၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ဟိုင်နန်ကျွန်းကို ဝင်ရောက်တို်ကခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ၁၀၆ ခုအနက် ကိုးခုကိုသာ စူပါတိုင်ဖွန်းမုန်တိုင်းအဖြစ် သတ်မှတ်ခဲ့ဖူးပါတယ်။ မုန်တိုင်းကြောင့် တရုတ်နိုင်ငံတောင်ပိုင်းဒေသတွေမှာ စာသင်ကျောင်းနဲ့ လုပ်ငန်းတွေ ပိတ်သိမ်းထားရသလို လေယာဉ်ခရီးစဉ်တွေလည်း ဖျက်သိမ်းထားရပါတယ်။ မုန်တိုင်းဟာ ကုန်းတွင်းပိုင်းကို ဆက်လက်ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။…

Read More

လာမယ့် သီတင်းပတ်မှာ နိုင်ငံတဝန်း မိုးများနိုင်ပြီ ရုတ်တရက် ရေကြီးမှုတွေ သတိပြုဖို့လို

စက်တင်ဘာ ၆ – ၂၀၂၄SN (VOM)တောင်တရုတ် ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း “ရာဂိ” (YAGI) နဲ့ ဘင်္ဂလားပင်လယ်အော်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် လာမယ့် သီတင်းပတ်မှာ မြန်မာနိုင်ငံအနှံ့ မိုးရွာသွန်းမှု များနိုင်တဲ့အတွက် ရုတ်တရက် ရေကြီးရေလျှံမှု သတိပြုဖို့ လိုအပ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။ဗီယက်နမ်နိုင်ငံ ကုန်းတွင်းပိုင်းဒေသတွေကို တိုင်ဖွန်းမုန်တိုင်း “ရာဂိ” ဖြတ်ကျော်ပြီးနောက် ရွေ့လျားလာမယ့် အကြွင်းအကျန် တိမ်တိုက်တွေကြောင့်အပြင် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းတို့ရဲ့ အရှိန်ကြောင့် အခု စက်တင်ဘာလ ၈ ရက်မှ ၁၂ ရက်အတွင်း နိုင်ငံတဝန်း မိုးရွာသွန်းမှု များပြားလာနိုင်တယ်လို့ သိရပါတယ်။လက်ရှိမှာ တိုင်ဖွန်း “ရာဂိ” ဟာ ဟိုင်နန်ကျွန်းရဲ့…

Read More

အာဖရိကနိုင်ငံတွေကို ဒေါ်လာ ၅၀ ဘီလီယံထောက်ပံ့မယ်လို့ တရုတ်သမ္မတ ကတိပြု

ပေကျင်း၊ စက်တင်ဘာ-၆-၂၀၂၄ မျိုးဆက်(VOM) အာဖရိကနိုင်ငံတွေအတွက် အခြေခံအဆောက်အအုံနဲ့ စစ်ဘက်ဆိုင်ရာတွေ အပါအဝင် အခြားကဏ္ဍတွေအတွက် ဒေါ်လာ ၅၀ ဘီလီယံ ထောက်ပံ့မယ်လို့ တရုတ်သမ္မတ ရှီကျင်းပင်က ကတိပြုလိုက်ပါတယ်။ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို တရုတ်နိုင်ငံ မြို့တော်ပေကျင်းမှာ ကျင်းပနေပြီး အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ သမ္မတရှီကျင်းပင်က အာဖရိက နိုင်ငံတွေအတွက် ထောက်ပံ့မှုကို ကတိပြုလိုက်တာဖြစ်ပါတယ်။ ဆွေးနွေးပွဲကို အာဖရိကနိုင်ငံ ၅၃ နိုင်င်ငံမှ ထိပ်တန်းခေါင်းဆောင်တွေ တက်ရောက်နေကြပါတယ်။ တရုတ်နဲ့ သံတမန်ဆက်ဆံရေးရှိတဲ့ အာဖရိကနိုင်ငံအားလုံးနဲ့ ဆက်ဆံရေးကို ပိုမိုမဟာဗျူဟာမြောက်အဆင့် တိုးမြှင့်ဖို့ အသင့်ရှိကြောင်း ရှီကျင်းပင်က ဆိုပါတယ်။ တရုတ်နိုင်ငံက လာမယ့် သုံးနှစ်အတွင်း ဒေါ်လာ ဘီလီယံ ၅၀ ပံ့ပိုးပေးသွားမှာဖြစ်ပြီး ကူညီမှုအစီအစဉ်မှာ အခြေခံအဆောက်အအုံ၊ စိုက်ပျိုးရေး၊ ကုန်သွယ်မှုနယ်ပယ်တွေ အကြုံးဝင်ပြီး စစ်ရေးလေ့ကျင့်မှုလို နယ်ပယ်တွေလည်း ပါဝင်နေပါတယ်။ အာဖရိကနဲ့ တရုတ်တို့အကြား ပူးပေါင်းဆောင်ရွက်မှုတွေဟာ…

Read More

ရွှေကုက္ကိုလ်က လုပ်ငန်းတွေကို အပြီးထွက်ခွာခိုင်းထားပေမယ့် အလုပ်ခေါ်ယူမှုတွေ ဆက်ရှိနေ

စက်တင်ဘာ ၆ – ၂၀၂၄ KG(VOM) ကရင်ပြည်နယ်၊မြဝတီခရိုင်အတွင်းမှာတည်ရှိတဲ့ ရွှေကုက္ကိုလ်ကလုပ်ငန်းတွေအားလုံးကို အခုစက်တင်ဘာလ အတွင်းမှာ အပြီးထွက်ခွာခိုင်းပေမယ့် ဒီထဲက လုပ်ငန်းအချို့ကတော့ ယနေ့အထိတိုင်အလုပ်ခေါ်ယူမှုတွေရှိနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နိုင်ငံတကာကဖိအားပေးမှုနဲ့ နိုင်ငံတော်၏ရဲ့ တောင်းဆိုမှုကြောင့် လက်ရှိလုပ်ဆောင်နေသောဒေသဆိုင်ရာဖွံ့ ဖြိုးရေးလုပ်ငန်းတွေကိုအကန့်အသတ်မရှိရပ်ဆိုင်းသွားမှာဖြစ်ပြီးရွှေကုက္ကိုလ် နဲ့ရထိုက်အပါအဝင် မြို့အတွင်းရှိ လုပ်ငန်းရှင်တွေနဲ့ဝန်ထမ်းများအားလုံးသည် အခုစက်တင်ဘာလ ၂၀ ရက်နေ့တွင်အပြီးတိုင်ပြောင်းရွှေ့ပေးဖို့ကို မြန်မာနိုင်ငံ၊ကရင်ပြည်နယ် ရွှေကုက္ကိုလ် ရထိုက်စုပေါင်းရုံးက မကြာသေးခင် ထုတ်ပြန်ကြေညာ ထားတာဖြစ်ပါတယ်။ ဒီကြေညာချက်ဟာ လာမယ့် စက်တင်ဘာလ ၁၅ ရက်နေ့မှစတင် အကျုံးဝင်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာရေးသားဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း လူမှုကွန်ရက်နဲ့ နီးစပ်ရာတွေကတဆင့် အလုပ်ခေါ်ယူမှုတွေ ဆက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “သူတို့ဆီမှာအလုပ်လျှောက်တာနဲ့ English စကား ပြောတတ်လားဆိုတာကိုဖုန်းနဲ့အင်တာဗျူးတယ်။ အဲဒီအင်တာဗျူး ပေးတဲ့ကားနဲ့ စရိတ်ငြိမ်းအခမဲ့မြဝတီဘက်ကို လာရတာပေါ့၊သူတို့ပေးတဲ့လစာကလည်း အတော်လေးမက်လောက်စရာဆိုတော့ တချို့တွေလည်းသွားကြတယ်။ တချို့ကုမ္ပဏီတွေကလစာကိုမြန်မာငွေနဲ့ပေးတဲ့ဟာရှိသလို ထိုင်းဘတ်ငွေနဲ့ပေးတဲ့ကုမ္ပဏီလည်းရှိပါတယ်။ တလောကပဲကျွန်တော်အသိတယောက်ကမြ၀တီမှာ အလုပ်လာလုပ်မလားဆိုပြီးလှမ်းခေါ်ပါတယ်။…

Read More

တရုတ်ဘက် အထည်ချုပ်သွားမယ့်သူတွေ လမ်းမှာ ပိတ်မိသူတွေ ရှိနေသလို အဖမ်းခံရသူတွေလည်းရှိ

စက်တင်ဘာ ၆၊ ၂၀၂၄Shy V (VOM)တရုတ်ဘက် အထည်ချုပ်သွားမယ့် သူတွေ လတ်တလော လမ်းမှာ ပိတ်မိနေသူတွေ ရှိနေသလို ဖမ်းခံထားရသူတွေလည်းရှိနေကြောင်း ခရီးသည် ယာဉ်မောင်းတွေနဲ့ စက်ချုပ်သွားမယ့် သူတွေ ဆီက သိရပါတယ်။“အထည်ချုပ်သမားတွေ လမ်းမှာ ဖမ်းတာလားဖမ်းထားတာရှိတယ်။ မှတ်ပုံတင်မှာ ဘာမျဥ်းစောင်းတွေလဲတော့ မသိဘူး။” လို့ မျက်မြင် ယာဉ်မောင်း တယောက်က ပြောပါတယ်။မူဆယ် ကနေ တရုတ်ဘက် အထည်ချုပ် အလုပ်သွားလုပ်မယ့် သူတွေအနေနဲ့ တောင် ကြီး ကနေ မူဆယ် ကို ရှမ်းပြည်နယ် မှတ်ပုံတင် ၁၃ / ဆိုရင် သွားရ လွယ်ကူပေမယ့် ကျန် မျဉ်းစောင်းတွေက သွားဖို့ လမ်းမှာ အရမ်းခက်ခဲတယ်လို့ သူက ပြောပါတယ်။“အေးဂျင့် (ပွဲစား /ကိုယ်စားလှယ်) တိုင်းကိုည်း မယုံ ကြပါနဲ့။ နမ့်ခမ်းအဝင်မှာ အေးဂျင့်လာမကြိုရင် ဒဏ်ငွေ…

Read More

မြူးနစ်ရှိ အစ္စရေးကောင်စစ်ဝန်ရုံးအနီး ပစ်ခတ်မှု သေနတ်သမား သေဆုံး

  ဘာလင်၊ စက်တင်ဘာ-၆-၂၀၂၄ မျိုးဆက်(VOM) ဂျာမနီတောင်ပိုင်း မြူးနစ်မြို့ရှိ အစ္စရေးကောင်စစ်ဝန်ရုံးအနီးမှာ သေနတ်သမားနဲ့ ရဲတပ်ဖွဲ့တို့အကြား အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားပြီး သေနတ်သမားသေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သေနတ်သမားဟာ အသက် ၁၈ နှစ်အရွယ် ဩစတြေးလျနိုင်ငံသားဖြစ်ပြီး ကောင်စစ်ဝန်ရုံးကို အကြမ်းဖက်တို်ကခိုက်ဖို့ စီစဉ်ခဲ့တာဖြစ်နို်ငကြောင်း ဂျာမနီအာဏာပိုင်တွေက ပြောပါတယ်။ ယခုဖြစ်စဉ်အတွင်း ထိခိုက်သေဆုံးသူမရှိဘူးလို့ ဆိုပါတယ်။ ၁၉၇၂ ခုနှစ် မြူးနစ်အိုလံပစ်အားကစားပွဲတော်ကို တက်ရောက်လာတဲ့ အစ္စရေးကိုယ်စားလှယ်အဖွဲ့ကို ပါလက်စတိုင်း အစွန်းရောက်အဖွဲ့က အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၁၁ ယောက်သေဆုံးခဲ့တဲ့ နှစ်ပတ်လည်နေ့နဲ့ တိုက်ဆို်ငနေပါတယ်။ ဒါဟာ ကောင်စစ်ဝန်ရုံးကို အကြမ်းဖက်တိုက်ခို်ကဖို့ ကြိုးပမ်းမှုအဖြစ် ရဲတပ်ဖွဲ့နဲ့ အစိုးရရှေ့နေတွေက ဖော်ပြထားပြီး တိုက်ခိုက်ရတဲ့အကြောင်းရင်းအသေးစိတ်ကို ဆက်လက်စုံစမ်းနေတယ်လို့ ပြောပါတယ်။ သေနတ်သမား ဆယ်ကျော်သက်ဟာ အစွန်းရောက် အစ္စလာမ္မစ် အယူအဆတွေရဲ့ လွှမ်းမိုးမှုအောက်မှာရှိနေတယ်ဆိုတဲ့ သံသယနဲ့ ဩစတြေးလျအာဏာပိုင်တွေဟာ သူ့ရဲ့နေအိမ်ကို ယခင်က ရှာဖွေမှုတွေ…

Read More

နမ့်ခမ်းမှာ လက်နက်ကြီးကျလို့ ၁၁ ယောက်သေပြီး ၁၁ ဒဏ်ရာရ

စက်တင်ဘာ ၆၊ ၂၀၂၄ Shy V (VOM) တရုတ် – မြန်မာ နယ်စပ်၊ နမ့်ခမ်းမြို့မှာ ဒီနေ့ စက်တင်ဘာ ၆ ရက် နေ့မနက် ၁ နာ ရီခွဲခန့်က လက်နက်ကြီးကျလို့ ၁၁ ယောက်သေပြီး ၁၁ ယောက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေနဲ့ TNLA ရဲ့ ထုတ်ပြန် ချက်အရ သိရပါတယ်။ “သေဆုံးသွားတဲ့ ထဲ ကျနော်တို့ ရွာထိပ်က မိသားစု သုံးယောက်လည်းပါတယ်။ အားလုံးဘယ်နှစ်ယောက် သေဆုံးတာတော့ ကျနော် မသိဘူး။ ဒဏ်ရာရတာက ၁၀ ယောက် ကျော်တယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။ TNLA ဘက်ကတော့ နမ့်ခမ်းမြို့မှာ စက်တင်ဘာလ ၆ ရက် မနက် ၁ နာရီ ၃၅ မိနစ်အချိန် နစက တပ်ဖွဲ့က…

Read More

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(စက်တင်ဘာ – ၆ ရက်၊ နံနက် ၁၀ နာရီ)Voice of Myanmar#ရွှေဈေး-ကမ္ဘာ့ရွှေဈေးတအောင်စ ၂၅၁၇ ဒေါ်လာရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း– အကယ်ဒမီ မီးလင်းရွှေ တကျပ်သား၅၀၇၇၁၇၁ ကျပ်ပြင်ပရွှေဈေးနှုန်း-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)ရောင်းဈေး ၇၁၀၀၀၀၀ ကျပ်ဝယ်ဈေး ၇၀၆၀၀၀၀ ကျပ်-၁၅ ပဲရည် တကျပ်သားရောင်းဈေး ၆၉၀၀၀၀၀ ကျပ်ဝယ်ဈေး ၆၈၆၀၀၀၀ ကျပ်“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)#နိုင်ငံခြားငွေလဲလှယ်နှုန်း-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းအမေရိကန် တဒေါ်လာ – ၂၁၀၀ ကျပ်ပြင်ပပေါက်စျေး-အမေရိကန်ဒေါ်လာ‌ရောင်းဈေး – ၅၅၀၀ ကျပ်ဝယ်ဈေး – ၅၄၀၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၄၀၈၀ ကျပ်ဝယ်ဈေး – ၃၉၆၅ ကျပ်-ယူရိုရောင်းဈေး – ၅၉၁၅ ကျပ်ဝယ်ဈေး –…

Read More

This Day in History

Voice of Myanmarအမေရိကန်၏ ၂၅ ယောက်သမ္မတ ဝီလီယံမက်ကင်လေသည် နယူးယောက်ရှိ ဘတ်ဖလိုမြို့တွင် ၁၉၀၁ ခုနှစ် စက်တင်ဘာ ၆ ရက်၌ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရပြီးနောက် ရှစ်ရက်အကြာတွင် သေဆုံးသွားခဲ့သည်။

Read More
VOM News

FREE
VIEW