ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်က အဆုံတံတား ထက်ပိုင်းကျိုးလို့ ကားတွေသွားမရ ဖြစ်နေ

စက်တင်ဘာ ၁၁ – ၂၀၂၄ GG (VOM) ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ် နေပြည်တော် တပ်ကုန်းမြို့နယ်ထဲက အဆုံတံတား ထက်ပိုင်းကျိုးကျ ပျက်စီးသွားတာကြောင့် ရန်ကုန်- မန္တလေး လမ်းဟောင်းသွားလာလို့မရတော့ဘဲ ကားတွေ ပိတ်မိနေတယ်လို့သိရပါတယ်။ ” အဆုံတံတားကျိုးသွားပါပြီ။ မိုးတအားသည်းပြီး တောင်ကျရေတွေကလည်းများ၊ ရေကလည်းတအားအတက်မြန်တဲ့အခြေအနေပါ။ရေတိုက်စားပြီးတံတားက ကျိုးကျသွားတာ။တပ်ကုန်းထဲက ရွာတွေလည်းအရေးပေါ်အကူအညီတွေလိုအပ်နေတယ်။ရေစီးတအားသန်တော့ကယ်ဆယ်ရေးလုပ်ဖို့တောင်ခက်နေတယ်” လို့ တပ်မြို့ခံ တယောက်ကပြောပါတယ်။ ဒါကြောင့် လက်ရှိမှာ ရန်ကုန် – မန္တလေးလမ်းဟောင်းက သွားလာလို့မရတော့သလို တပ်ကုန်းကိုသွားဖို့အတွက်လည်း လမ်းဟောင်းက သွားဖို့အဆင်မပြေတော့တဲ့အတွက် အခြားလမ်းတွေကနေ သွားလာရမယ့်အခြေအနေဖြစ်သွားပါတယ်။ “အရေးပေါ်သွားရမယ်ဆိုရင်တပ်ကုန်းအဝင် Denko ဆီဆိုင်မရောက်ခင် သံလမ်းအကျော်ကနေ ပုဗ္ဗဘက်ကိုတလမ်းရှိမယ်။ တိုးဂိတ်မရောက်ခင် နီလာရိုးမဘေးလမ်းကတလမ်း ရှိပါတယ်။ဒါပေမယ့်ဒေသခံကို လမ်းအခြေနေမေးပြီးမှ သွားတာပိုကောင်းပါတယ်။ အခုရေကတအားကိုတက်ပြီး ရေစီးလည်းကြမ်းနေပါတယ်။” လို့ ဒေသခံတယောက်ကပြောပါတယ်။ လက်ရှိတပ်ကုန်းမြို့နယ် ထဲမှာတောင်ကျရေတွေမြင့်တက်နေလို့ ကင်းသာရွာ၊လက်ပံကုန်းရွာအပါအဝင် ရွာအများအပြားမှာရေကြီး နစ်မြုပ်နေပြီး ခုချိန်ထိ…

Read More

ဒုက္ခသည်တွေ ဝင်ရောက်မှုကြောင့် မြန်မာနယ်စပ်မှာ ဘင်္ဂလားဒေ့ရှ်က လုံခြုံရေး ပိုမိုတိုးမြှင့်

ဒါကာ၊ စက်တင်ဘာ-၁၁-၂၀၂၄မျိုးဆက်(VOM)ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို မကြာသေးမီလတွေအတွင်းက ရိုဟင်ဂျာဒုက္ခသည် ၁၈၀၀၀ ထက်မနည်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးနောက် မြန်မာနဲ့ ထိစပ်နေတဲ့ နယ်စပ်လုံခြုံရေးကို ယခင်ကထက် ပိုမိုတိုးမြှင့်ထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ရခိုင်ပြည်နယ်မှာ အေအေနဲ့ နစကတပ်တို့အကြား တိုက်ပွဲတွေပြင်းထန်ပြီး စစ်ရေးတင်းမာမှုတွေ မြင့်တက်နေချိန်မှာ ဒုက္ခသည်ထောင်ပေါင်းများစွာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဝင်ရောက်ဖို့ ကြိုးပမ်းနေကြတယ်လို့ ဆိုပါတယ်။“ ဒုက္ခသည် ထောင်ပေါင်းများစွာ ဒီဘက်ကို ဖြတ်ကျော်လာခဲ့တယ်။ အများအပြားက ဖြတ်ကျော်ဖို့ စောင့်နေကြတယ် ”လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက အမည်မဖော်လိုတဲ့ အရာရှိက သတင်းမီဒီယာတွေကို ပြောပါတယ်။ထောက်ပံ့နိုင်တဲ့ အရင်းအမြစ်နည်းပါးတာကြောင့် နောက်ထပ် ဒုက္ခသည်တွေကို လက်မခံနိုင်တော့ဘူးလို့ ဘင်္ဂလားဒေ့ရှ်က ပြောဆိုထားပေမယ့် ယခုလအတွင်း ဝင်ရောက်လာတဲ့ ဒုက္ခသည် အရေအတွက်ဟာ အစိုးရမျှော်မှန်းထားတာထက် နှစ်ဆများနေပါတယ်။“ နယ်စပ်မှာ သတိထားစောင့်ကြည့်နေရတဲ့ လုံခြုံရေးအခြေအနေ တိုးမြှင့်ထားပေမယ့် မြန်မာနဲ့ ၁၆၈ မိုင်ထိစပ်နေတဲ့ နယ်စပ်ကို စီမံခန့်ခွဲရတာ အထူးသဖြင့်…

Read More

မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ ရှမ်း/တောင်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး လူသေဆုံးမှု ရှိ

စက်တင်ဘာ ၁၁ – ၂၀၂၄ SN (VOM) မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေမြင့်တက်မှု၊ တောင်ကျချောင်းရေ လျှံကျမှုတွေကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ရေကြီးမှုတွေ ဖြစ်ပေါ်နေပြီး လူသေဆုံးမှုလည်း ရှိတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။ ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတွေဖြစ်တဲ့ ညောင်ရွှေ၊ ကလော၊ အောင်ပန်းမြို့တို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မနေ့ စက်တင်ဘာ ၁၀ ရက်မှစတင်ကာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး ရပ်ကွက်အများအပြား ရေနစ်မြုပ်နေတယ်လို့ ဒေသအခြေစိုက် ကူညီရေးလုပ်ဆောင်သူတွေက ပြောပါတယ်။ အောင်ပန်းမြို့မှာ ရပ်ကွက်တွေအတွင်း တောင်ကျချောင်းရေ ဝင်ရောက်မှုကြောင့် ရေကြီးမှု ဖြစ်ပေါ်ခဲ့တာမှာ မနေ့ စက်တင်ဘာ ၁၀ ရက်က ငါးနှစ်အရွယ် ကလေးငယ်တယောက် ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ “ရေစတင် ဝင်ရောက်တဲ့ရက်မှာပဲ အောင်ပန်းမြို့၊ အမှတ် (၃)…

Read More

ယူကရိန်းကို တာဝေးပစ်လက်နက်တွေ အသုံးပြုခွင့် ပေးနိုင်တယ်လို့ အမေရိကန် အရိပ်အမြွတ်ပြော

ဝါရှင်တန်၊ စက်တင်ဘာ-၁၁-၂၀၂၄မျိုးဆက်(VOM)ရုရှားကို တိုက်ခိုက်ရာမှာ ယူကရိန်းအတွက် ထောက်ပံ့ထားတဲ့ တာဝေးပစ်ဒုံးလက်နက်တွေအသုံးပြုခွင့် ကန့်သတ်ချက်ကို ရုပ်သိမ်းပေးနိုင်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အရိပ်အမြွတ် ထုတ်ဖော်ပြောကြားလိုက်ပါတယ်။အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင် ၊ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လမ်မီတို့ ကိဗ်ယက်မှာ ယူကရိန်းသမ္မတဇီလန်စကီးနဲ့ တွေ့ဆုံဖို့ ပြင်ဆင်နေချိန်မှာ သမ္မတဂျိုးဘိုင်ဒင်ရဲ့ မှတ်ချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ဒီခရီးစဉ်ဟာ ယူကရိန်းရဲ့ ရည်မှန်းချက်တွေ ၊ လိုအပ်ချက်တွေနဲ့ မိမိတို့ ဘာလုပ်ပေးနိုင်လဲဆိုတာတွေကို ယူကရိန်းခေါင်းဆောင်ပိုင်းဆီက တိုက်ရိုက် ကြားသိလိုတယ်လို့ ခရီးစဉ်မတိုင်မီ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးကပြောပါတယ်။တကယ်လို့ ရုပ်သိမ်းပေးမယ်ဆိုရင် ရုရှားရဲ့ ကျူးကျော်မှုကို တွန်းလှန်ဖို့ ပေးထားတဲ့ တာဝေးပစ်လက်နက်တွေကို အသုံးပြုခွင့်ပေးဖို့ အကြိမ်ကြိမ်တောင်းဆိုနေခဲ့တဲ့ ယူကရိန်းရဲ့ ဆန္ဒနဲ့ ကိုက်ညီနေပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး ရုရှားဘက်က မှတ်ချက်မပေးပေမယ့် ဒီလိုတာဝေးပစ်လက်နက်တွေ အသုံးပြုခွင့်ပေးလိုက်တာဟာ အလွန်ဆိုးရွားတဲ့ ပြသနာတွေဆီကို ဦးတည်သွားနိုင်တယ်လို့ သမ္မတပူတင်က သတိပေး ပြောဆိုခဲ့ဖူးပါတယ်။Ref:BBCPhoto:Getty Images

Read More

နေပြည်တော် တပ်ကုန်းမှာ ရုတ်တရက်ရေကြီးလို့ ဒေသခံတချို့ ပိတ်မိနေပြီး အရေးပေါ်ကယ်ဆယ်ရေး လိုအပ်

စက်တင်ဘာ ၁၁ – ၂၀၂၄ SS (VOM) နေပြည်တော်၊ တပ်ကုန်းမှာ ရုတ်တရက် ရေကြီးမှုကြောင့် ဒေသခံတချို့ ပိတ်မိနေပြီး အရေးပေါ် ကူညီကယ်ဆယ်ရေးတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ အဆက်မပြတ် ရွာသွန်းနေတဲ့မိုးကြောင့် မနေ့ စက်တင်ဘာ ၁၀ နေ့မှာ တပ်ကုန်းမြို့နယ်အတွင်း နဝင်းချောင်းနဲ့ တောင်ကျချောင်းရေတွေ မြင့်တက်လာတဲ့အတွက် မြို့ပေါ်ရပ်ကွက်တွေအပြင် ရှောက်ကုန်းရွာ၊ လက်ပံကုန်းရွာ၊ ကင်းသာရွာ၊ မန်ကျည်းပင်ရွာ၊ ချောင်းခွရွာ အပါအဝင် ကျေးရွာအများအပြား ရေနစ်မြုပ်နေပြီး ကယ်ဆယ်ရေးတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ရမည်းသင်း၊ တပ်ကုန်း ဆည်ကျိုးကျပြီး နေရာတော်တော်များ ရေမြုပ်နေတယ်။ ကင်းသာရွာဘက်မှာလည်း မြေပြိုပြီး လူအသေအပျောက်ရှိတယ်လို့ သိရတယ်။ ရန်ကုန် – မန္တလေး လမ်းဟောင်း နေရာတော်တော်များ ရေမြုပ်နေလို့ ခုချိန် ကားငယ်တွေ လမ်းဟောင်းကနေ ခရီးမသွားသင့်ဘူး” လို့…

Read More

ပုဂ္ဂလိကကဏ္ဍရဲ့ ပထမဆုံး အာကာသလမ်းလျှောက်မစ်ရှင် Space X စေလွှတ်

ဝါရှင်တန်၊ စက်တင်ဘာ-၁၁-၂၀၂၄ ရတီ (VOM) ပုဂ္ဂိလိကကဏ္ဍရဲ့ ပထမဆုံး အာကာသလမ်းလျှောက်မယ့် အစီအစဉ်အတွက် Space X ကုမ္ပဏီဟာ ငါးရက်ကြာမြင့်မယ့် အာကာသမစ်ရှင်တခုကို မနေ့က စေလွှတ်လိုက်ပါတယ်။ Space X ရဲ့ Dragon အာကာသယာဉ်နဲ့အတူ အမေရိကန်နည်းပညာ သန်းကြွယ်သူဌေးကြီး Jared Isaacman ဟာ သူ့မိတ်ဆွေတယောက် ယာဉ်အမှုထမ်းနှစ်ယောက်နဲ့အတူ ဒီမစ်ရှင်မှာ လိုက်ပါသွားခဲ့ပါတယ်။ အာကာသယာဉ်ဟာ လွှတ်တင်ပြီး ၁၀ မိနစ်အတွင်း စီစဉ်ထားတဲ့အတိုင်း ကမ္ဘာပတ်လမ်းကြောင်းထဲကိုဝင်ရောက်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အစီအစဉ်အရ အာကာသယာဉ်ဟာ ကမ္ဘာမြေပြင်အထက် ကီလိုမီတာ ၁၄၀၀ အကွာထိ ပျံသန်းမှာဖြစ်ပါတယ်။ ဒါဟာ အပိုလိုမစ်ရှင်နောက်ပိုင်း ကမ္ဘာ့ပတ်လမ်းကြောင့် အမြင့်မှ အမြင့်ဆုံးသွားရောက်ဖို့ ကြိုးစားတာဖြစ်ပါတယ်။ လိုက်ပါသွားတဲ့ အာကာသယာဉ်မှူးနှစ်ယောက်ဟာ ဓါတ်ရောင်ခြည်က လူ့ကျန်းမာရေးအပေါ် သက်ရောက်မှုနဲ့ အခြားလေ့လာမှုတွေကို ပြုလုပ်ကြဦးမှာဖြစ်ပါတယ်။ တတိယောက်မြောက်နေ့မှာတော့ မစ်ရှင်ရဲ့အဖွဲ့သားတွေဟာ Space…

Read More

သောင်ရင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် ၁၀ ပေခွဲတက်လို့ မြ၀တီရှိ အနိမ့်ပိုင်းရပ်ကွက်အားလုံး ရေမြုပ် စက်တင်ဘာ ၁၁ – ၂၀၂၄ KG(VOM) အဆက်မပြတ်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သောင်ရင်းမြစ်ရေတိုးလာပြီး ကရင်ပြည်နယ်အတွင်းက မြ၀တီမြို့ပေါ် ရှိ အနိမ့်ပိုင်းရပ်ကွက်များအားလုံးဟာ ဒီကနေ့ စက်တင်ဘာ ၁၁ ရက်၊နံနက်အစောပိုင်းအချိန်မှစတင်လို့ ရေများ၀င်ရောက်လာကာ အမှတ်(၁)ချစ်ကြည်ရေးတံတား အပါအဝင် အနိမ့်ပိုင်းရပ်ကွက်ရှိ လူနေအိမ်များရေနစ်မြုပ်လျက်ရှိတယ်လို့ မြို့နေဒေသခံတွေထံကနေ သိရပါတယ်။ ဒေသခံတွေရဲ့ ပြောပြချက်အရ စက်တင်ဘာ ၁၀ ရက်၊နံနက်ပိုင်းကစတင်လို့ မြဝတီမြို့ပေါ် သောင်ရင်းမြစ်ရေတွေတိုးလာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ “အနိမ့်ပိုင်းကနေအိမ်အားလုံးရေမြုပ်တယ်။မြေနီကုန်းဘက်ကတော့လမ်းဖြတ်တံတား တလအတွင်းပြီးသွားလို့ ရေအရင်လို မကြီးတော့ပါဘူး။ ရေတင်လဲခဏပါပဲ၊မိုးတိတ်တာနဲ့ပြန်ကျသွားတာပါ”လို့ မြ၀တီမြို့ခံတယောက်က ပြောပါတယ်။ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့စက်တင်ဘာ ၁၁ ရက်၊မြန်မာစံတော်ချိန် နံနက် ၇ နာရီ ၃၀ မိနစ်အချိန်တိုင်းထွာချက်အရ မြ၀တီမြို့ရဲ့သောင်ရင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်က ၉၆၃ စင်တီမီတာအထက်၁၀ ပေခွဲခန့်(၃၁၉ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေတယ်လို့…

Read More

ကျိုင်းတုံ၊ တာချီလိတ်၊ မယ်ဆိုင် တွေဘက် မကြုံဖူးတဲ့ ရေကြီးမှုမျိုးကြုံနေ

စက်တင်ဘာ ၁၁၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ် ဘက် မိုးအဆက်မပြတ် ရွာသွန်းပြီး စက်တင်ဘာ ၁၀ ရက်နေ့ကစ ရေကြီးရေလျှံနေကာ တာချီလိတ်နဲ့ ထိစပ်နေတဲ့ ထိုင်းဘက် မယ်ဆိုင်မှာလည်း မကြုံဖူးတဲ့ ရေကြီးမှုမျိုးကြုံနေရတယ်လို့ နယ်စပ်ဒေသခံတွေ ဆီက သိရပါတယ်။ “ညကတည်းက အိမ်ခေါင်မိုးပေါ်တက်နေရတာ အခုမနက်ထိ ကယ်ဆယ်ရေးတွေလာမကယ်နိုင်ဘူး။ ဒါကတော့မယ်ဆိုင်ဘက်ပါ။မြန်မာဘက်နဲ့လည်း ဖုန်းအဆက်သွယ် မရတော့ဘူး။ မြန်မာဘက်ဆို ဒီထက်နှစ်ဆပိုဆိုးပါတယ်။” လို့ နယ်စပ် ဒေသခံတယောက်က ပြောပါတယ်။ ယမန်နေ့ ညပိုင်းမှာ မယ်ဆိုင်တံတား ရေမြုပ်သွားပါပြီဖြစ်ပြီး မယ်ဆိုင်မြို့ပေါ်က နေအိမ်တွေထဲလည်း ရေတက်လာကာ မယ်ဆိုင်မြို့ပေါ် နှစ် ပေါင်း ၃၀ ကျော် – ၄၀ အတွင်း တခါမှ မကြီးဘူးတဲ့ နေရာတွေပါ ရေအကုန်အပြည့်ဝင်ကုန် တာကြောင့် နေစရာ တောင်မရှိဘူးလို့…

Read More

ရုရှားကို လက်နက်ထောက်ပံ့လို့ အီရန်အပေါ် အမေရိကန်နဲ့မဟာမိတ်တွေ ဒဏ်ခတ်ပိတ်ဆို့

လန်ဒန်၊ စက်တင်ဘာ-၁၁-၂၀၂၄မျိုးဆက်(VOM)ယူကရိန်းစစ်ပွဲမှာ ရုရှားအတွက် ပဲ့ထိန်းဒုံးကျည်တွေ ထောက်ပံ့ပေးနေတဲ့အတွက် အီရန်အပေါ် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီတို့က ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ချမှတ်လိုက်ပါတယ်။ချမှတ်လိုက်တဲ့ အရေးယူပိတ်ဆို့မှုတွေထဲမှာ အီရန်လေကြောင်းလိုင်းကို ဗြိတိန်နဲ့ ဥရောပနိုင်ငံတွေကို ပျံသန်းခွင့်တားမြစ်တာ၊ ရုရှားအတွက် စစ်ရေးအရ ကူညီထောက်ပံ့မှုတွေ ပြုလုပ်နေတယ်လို့ စွပ်စွဲခံရတဲ့ အီရန်နိုင်ငံသား အများအပြားကို ခရီးသွားလာခွင့် ပိတ်ပင်တာနဲ့ ပိုင်ဆိုင်မှု ရပ်ဆိုင်းတာတွေပါဝင်ပါတယ်။အီရန်ဟာ ရုရှားတပ်ဖွဲ့ဝင်တွေကို တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေ အသုံးပြုဖို့ လေ့ကျင့်ပေးခဲ့ပြီး လာမယ့် ရက်တ္တပတ်အတွင်း ယူကရိန်းကို တိုက်ခိုက်နိုင်တယ်လို့ လန်ဒန်ကိုရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က ပြောပါတယ်။အီရန်ကတော့ ရုရှားအတွက် ပဲ့ထိန်းဒုံးကျည်တွေ ထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ကြိမ်ဖန်များစွာ ငြင်းဆိုထားပါတယ်။ ရုရှားသမ္မတပူတင်ဟာ ယူကရိန်းစစ်ပွဲမှာ အီရန်နဲ့ မြောက်ကိုရီးယားတို့ရဲ့ ကူညီထောက်ပံ့မှုတွေကို မှီခိုနေပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်နေတယ်လို့ ဘလင်ကင်က ပြောပါတယ်။အကွာအဝေး ၇၅ မိုင်ထိ ရောက်ရှိပစ်ခတ်နိုင်တဲ့…

Read More

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(စက်တင်ဘာ – ၁၁ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar #ရွှေဈေး -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၅၁၉ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၅၀၇၁၁၂၀ ကျပ် ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၆၈၅၀၀၀၀ ကျပ် ဝယ်ဈေး ၆၈၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၆၆၅၀၀၀၀ ကျပ် ဝယ်ဈေး ၆၆၁၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” (ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။) #နိုင်ငံခြားငွေလဲလှယ်နှုန်း -မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း အမေရိကန် တဒေါ်လာ…

Read More
VOM News

FREE
VIEW