ဖြူးနဲ့ ကျောက်ကြီးမြို့နယ်အစပ်ရှိ ကျေးရွာ ငါးရွာမှာ ရေဘေးဒုက္ခသည်တွေ ပိတ်မိနေဆဲ

စက်တင်ဘာ ၁၆ – ၂၀၂၄ SN (VOM) ပဲခူးတိုင်း၊ ဖြူးမြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်အစပ်ရှိ ကျေးရွာ ငါးရွာမှာ ရေဘေးဒုက္ခသည်တွေ ပိတ်မိနေဆဲဖြစ်ပြီး ကယ်ဆယ်ရေးအကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲဒီ ကျေးရွာတွေကတော့ ဒိုးတန်း၊ သောင်လယ်၊ နွယ်တန်း၊ အင်ကြင်းကုန်းနဲ့ ရန်ဂစ်ရွာတို့ဖြစ်ပြီး စစ်တောင်းမြစ်ရေ မြင့်တက်မှုကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့ကတည်းကစပြီး ပိတ်မိနေတာဖြစ်တယ်လို့ သိရပါတယ်။ “စစ်တောင်းမြစ်ကမ်းဘေးက ရွာလေးတွေပါ။ အခုအချိန်ထိ ပိတ်မိနေကြတုန်းပါ။ ကယ်ဆယ်ရေး အကူအညီတွေလည်း မရောက်သေးဘူး။ လက်ရှိမှာ စားရေးသောက်ရေး၊ နေရေးထိုင်ရေးအတွက် အရမ်းကို ဒုက္ခရောက်နေကြတယ်။ သွားရေးလာရေးကလည်း အရမ်းကိုခက်ခဲတဲ့ နေရာတွေပါ။ ကျွန်တော်တို့ရွာအပါအဝင် ဒီနားတဝိုက်က ရွာတွေက စစ်တောင်းမြစ်ကို ဖြတ်ရတာကိုး။ တနေရာနဲ့ တနေရာ သွားဖို့က လှေပေါ်တင် တနာရီခွဲလောက် ကြာတယ်။ အသွားအပြန်ဆို…

Read More

ရှန်ဟိုင်းမှာ ၇၅ နှစ်အတွင်း အပြင်းထန်ဆုံးမုန်တိုင်း ဝင်ရောက်တိုက်ခတ်

ရှန်ဟိုင်း၊ စက်တင်ဘာ-၁၆-၂၀၂၄ မျိုးဆက်(VOM) တရုတ်နိုင်ငံမှာ အင်အားပြင်းတိုင်ဖွန်းမုန်တိုင်း ဘီဘင်ကာ တရုတ်နိုင်ငံ စီးပွားရေးမြို့တော် ရှန်ဟိုင်းအနီး ကုန်းတွင်းပိုင်းကို စက်တင်ဘာ ၁၆ ရက်မှာ ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။ တိုင်ဖွန်းမုန်တိုင်းဟာ ဒီနေ့မနက် ဒေသစံတော်ချိန် ၇ နာရီ မိနစ်၃၀ ဝန်းကျင်းက ရှန်ဟိုင်းမြို့အရှေ့ဘက် လင်ဂန်မြို့ကမ်းရိုးတန်းကို ဝင်ရောက်တို်ကခတ်ခဲ့တာလို့ တရုတ်မိုးလေဝသဌာနက ထုတ်ပြန်ပါတယ်။ တိုင်ဖွန်းမုန်တိုင်း ဘီဘင်ကာသည် ၇၅ နှစ်အတွင်း ရှန်ဟိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းတွေထဲက အပြင်းထန်ဆုံး မုန်တိုင်းတခုဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် သတင်းဌာနက ဆိုပါတယ်။ ရှန်ဟိုင်းမြို့ခံ ၂၅ သန်းကို နေအိမ်မှာသာနေထိုင်ကြဖို့ အာဏာပို်ငတွေက သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ ကြိုတင်ကာကွယ်မှုအဖြစ် လူလေးသိန်းကိုလည်းကို ပြီးခဲ့တဲ့ ညနှောင်းပိုင်းက ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ မုန်တိုင်းကြောင့် ရှန်ဟိုင်းမြို့ရှိ လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာသို့ ရွှေပြောင်းပေးခဲ့ရပြီး မြို့တော်ရဲ့ အဓိကလေဆိပ်နှစ်ခုရှိ လေယာဉ်ခရီးစဉ် ရာပေါင်းများစွာ…

Read More

TNLA ထိန်းချုပ်ထားတဲ့ သီပေါမှာ တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာပြီး နှစ်ရက်ဆက်တိုက် ဗုံးကြဲခံရ

  စက်တင်ဘာ ၁၆၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့စွန်ဘက်မှာ စက်တင်ဘာလ ၁၅ ရက်နေ့ကစ နစက တပ် နဲ့ TNLA ပူးပေါင်း တပ်ဖွဲ့ တို့အကြားတိုက်ပွဲ ပြန်လည်ဖြစ်ပွားလာပြီး နစက တပ်ဖွဲ့ ဘက်က နှစ်ရက် ဆက်တိုက် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ရှိလာကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဒီမနက် ၁၀ နာရီ နောက်ပိုင်း သီပေါမှာ လေယာဉ် နဲ့ ဗုံးကြဲတယ်။ ထိခိုက်သေဆုံးမှုရှိတယ်လို့ ကြားနေတယ်။ အတိအကျ မသိရသေးဘူး” လို့ ဒေသခံ တယောက်က ပြောပါတယ်။ မြို့ထဲ ဘာမှမဖြစ်ပေမယ့် တုံစင့်ဘက်ကတော့ ပစ်ခတ်သံ ကြားနေရတယ်လို့ ဆိုပါတယ်။ “ဗုံးက ရီရှင်းဂိတ်နား နဲ့ ဝက်ဝံဈေးနား ၃ နေရာ ကျတယ်။ စမ်းမာလာ…

Read More

မြောက်ကိုရီးယား ဖွဲ့စည်းပုံအခြေခံဥပဒေ လာမယ့်လအတွင်း ပြင်ဆင်တော့မယ်

ဝါရှင်တန်၊ စက်တင်ဘာ-၁၆-၂၀၂၄ရတီ (VOM)မြောက်ကိုရီးယား ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မယ့် ပါလီမန်အစည်းအဝေးကို လာမယ့် အောက်တိုဘာ ၇ ရက်မှာ ကျင်းပမယ်လို့ မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။အစည်းအဝေးကို အောက်တိုဘာ ၇ ရက်မှာ ကျင်းပသွားမည်ဖြစ်ပြီး ဒေသဆိုင်ရာ ကိုယ်စားလှယ်တွေတက်ရောက်ကြမှာဖြစ်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပါအဝင် အခြားနိုင်ငံတွေနဲ့ ကုန်သွယ်ရေး ကိစ္စတွေပါ ဆွေးနွေးသွားဖို့ရှိနေပါတယ်။တောင်ကိုရီးယားကို နံပါတ် ၁ ရန်သူတော်အဖြစ် သတ်မှတ်ဖို့နဲ့ စစ်ပွဲဖြစ်ပွားချိန်မှာ တောင်ကိုရီးယားကို လုံးလုံးလျားလျား သိမ်ယူနိုင်တဲ့အချက်တွေကို ထည့်သွင်းဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလက ကျင်းပခဲ့တဲ့ ပါလီမန်အစည်းအဝေးမှာ ကင်ဂျုံအန်က ပြောဆိုခဲ့ပါတယ်။ကင်ဂျုံအန်ဟာ နှစ်နိုင်ငံငြိမ်းချမ်းစွာပေါင်းစည်းရေးဆိုတဲ့ အယူအဆနဲ့စာပိုဒ်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေထဲကနေ ဖယ်ရှားပြီး ရေကြောင်းအပါအဝင် နိုင်ငံနယ်နိမိတ်တွေကို အသစ်ပြန်လည်သတ်မှတ်ဖို့ကိုလည်း ညွှန်ကြားခဲ့ပါတယ်။မြောက်ကိုရီးယားဟာ နှစ်နိုင်ငံအကြား ဆက်ဆံရေးကို နိုင်ငံချင်းဆက်ဆံမှုမျိုးထက် ပြန်လည်ပေါင်းစည်းရေး လုပ်ငန်းစဉ် အစမ်းသဘောနဲ့ အထူးဆက်ဆံရေးသတ်မှတ်ခဲ့သော ၁၉၉၁ ခုနှစ် သဘောတူညီချက်ကို လာမယ့်ပါလီမန်အစည်းအဝေးမှာ ဖျက်သိမ်းနိုင်ကြောင်း တောင်ကိုရီးယားက အစောပိုင်းတွင်…

Read More

တောင်ငူရေဘေး ကယ်ဆယ်ရေးသမား တယောက်သေပြီး တယောက်ပျောက်နေ

စက်တင်ဘာ ၁၆ – ၂၀၂၄ SS (VOM) ပဲခူးတိုင်း၊ တောင်ငူမြို့အတွင်းက ရေကြီးရေလျှံမှု ဖြစ်ပွားရာနေရာတွေကို သွားရောက်ကူညီပေးနေတဲ့ ပရဟိတသမား ကယ်ဆယ်ရေးသမား တယောက် ကယ်ဆယ်ရေးလုပ်ဆောင်ရင်း ရေနစ်သေဆုံးခဲ့ပြီး တယောက်ပျောက်ဆုံးနေတယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ “သေဆုံးသွားတဲ့သူတွေက ရှင်ပေါလုအသင်းက စေတနာ့ဝန်ထမ်းတယောက်နဲ့ စုံစမ်းဆဲ တယောက်ပါ။ တယောက်ကိုတော့ အလောင်းပြန်ရပေမယ့် တယောက်ကတော့ ပျောက်ဆုံးနေဆဲပါ။ အခု ကျွန်တော်တို့ ကယ်ဆယ်ရေးဆင်းနေလို့ အသေးစိတ် အခြေအနေကိုတော့ နောက်မှ ပြောပါရစေ” လို့ မြေပြင်ကယ်ဆယ်ရေး လုပ်ဆောင်နေသူတယောက်က ပြောပါတယ်။ လက်ရှိမှာ ရုပ်အလောင်း ပြန်တွေ့ထားသူဟာ ရှင်ပေါလုအသင်းတော် ကူညီကယ်ဆယ်အရေးအဖွဲ့က အသက် ၂၄ နှစ်အရွယ် ကိုဂျားဂျား ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ စေတနာ့ဝန်ထမ်းဟာ မနေ့ စက်တင်ဘာ ၁၅ ရက်၊ နေ့လယ် ၂ နာရီဝန်းကျင်က တောင်ငူမြို့က…

Read More

စက်တင်ဘာ ၁၆၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့ပေါ်မှာ စက်တင်ဘာလ ၁၅ ရက်နေ့ ညနေ အထိ ရရှိထားတဲ့ စားရင်းတွေအရ ပြိုကျ ပျက်စီး ရေမျောပါ သွားတဲ့ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး ရေနစ်မြုပ် အိမ်ခြေ ၅၀၀ ကျော်ရှိကြောင်း ကလော ကြက်ခြေနီအသင်းနဲ့ ဒေသခံတွေဆီက သိရပါတယ်။ “ပြိုကျတဲ့ အိမ်၊ ပျက်စီးပြိုကျ ပေါ့နော်။ ပြိုကျတာကတော့ လူဦးရေနဲ့ တွက်မယ်ဆိုရင်တော့ ၉၈၂ ပေါ့။ အိမ်ထောင်စု ၂၇၂ စု၊ အိမ်အလုံးရေက ၂၃၄ ပေါ့။ ကျနော်တို့ အကုန်လုံး မနေ့က စစ်တမ်းကောက်တာ အဲဒီလောက် ရှိပါတယ်။ ပြိုကျတာဆိုရင်တော့ မျောပါတာနဲ့ အတူတူပဲ ဖြစ်သွားပြီပေါ့။ အလုံးလိုက်ကြီး ကျွတ်ပါသွားတာကို ပျက်စီး ပြိုကျထဲမှာပဲ ကျွန်တော်တို့…

Read More

အစ္စရေးအလယ်ပိုင်းထိ ဟူသီသူပုန်အဖွဲ့က ဒုံးကျည်နဲ့ တိုက်ခိုက်

  တဲလ်အဗစ်၊ စက်တင်ဘာ-၁၆-၂၀၂၄ ရတီ(VOM) အစ္စရေးနိုင်ငံ အလယ်ပိုင်းကို ဟူသီသူပုန်အဖွဲ့က ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဒီလုပ်ရပ်အတွက် လက်တုံ့ပြန်မယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ကတိပြုပြောဆိုလိုက်ပါတယ်။ ဒုံးကျည်ဟာ လူမနေတဲ့ဒေသမှာ ပြီးခဲ့တဲ့နေ့အစောပိုင်းက ကျရောက်ခဲ့တာဖြစ်ပြီး ထိခိုက်ပျက်စီးမှုတွေ မရှိဘူးလို့ အစ္စရေးစစ်တပ်က ပြောဆိုထားပေမယ့် ဒါဟာ အစ္စရေးလေပိုင်နက်ထဲ ဒုံးကျည်မဝင်ရောက်မီ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေက မဟန့်တားနိုင်ခဲပတာဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုဟာ ယီမင်ကနေ မိုင်ပေါင်း ၁၂၄၀ ဝန်းကျင်အကွာရှိ အစ္စရေးအလယ်ပိုင်းကို ဟူသီတို့ရဲ့ ပထမဆုံးအကြိမ် တိုက်ခို်ကမှုလည်း ဖြစ်ပါတယ်။ အစ္စရေးပိုင်နက်ထဲထိ ဒုံးကျည်ဘယ်လို ကျရောက်ပေါက်ကွဲခဲ့လဲဆိုတာကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ အစ္စရေးစစ်တပ်က ဆိုပါတယ်။ စစ်ဆင်ရေးဟာ အစ္စရေးရဲ့ ကြားဖြတ်ဟန့်တာမှုစနစ်တွေကို ကျော်လွှားနိုင်ကြောင်း ပြသလိုတာကြောင့် အသံထက်မြန်တဲ့ ဒုံးကျည်အမျိုးအစားသစ်ကို အသုံးပြုခဲ့တယ်လို့ ယီမင်အခြေစိုက် ဟူသီသူပုန်အဖွဲ့က အခိုင်အမာဆိုပါတယ်။ ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ ယီမင်မှာ ဟူသီသူပု်နအဖွဲ့က နယ်မြေအများအပြားကို…

Read More

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(စက်တင်ဘာ – ၁၆ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar #ရွှေဈေး -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၅၈၄ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၅၂၀၉၆၆၂ ကျပ် ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၆၈၀၀၀၀၀ ကျပ် ဝယ်ဈေး ၆၇၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၆၆၀၀၀၀၀ ကျပ် ဝယ်ဈေး ၆၅၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” (ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။) #နိုင်ငံခြားငွေလဲလှယ်နှုန်း -မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း အမေရိကန် တဒေါ်လာ…

Read More

ဒေါ်နယ်ထရန့်ကို ပစ်ခတ်လုပ်ကြံဖို့ ကြိုးပမ်းပြန် ၊ သေနတ်သမားကို ဖမ်းမိထား

ဝါရှင်တန်၊ စက်တင်ဘာ-၁၆-၂၀၂၄မျိုးဆက်(VOM)အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်ဟာ ဖလော်ရီဒါရှိ သူ့ရဲ့ဂေါက်ကွင်းမှာ သေနတ်သမားတယောက်က လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုကနေ လွတ်မြောက်ခဲ့ပြီး သမ္မတဟောင်း ဘေးကင်းတယ်လို့ အမေရိကန် အက်ဖ်ဘီအိုင်က ပြောပါတယ်။သမ္မတဟောင်း ထရန့်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လကလည်း ပင်ဆယ်ဗေးနီးယားပြည်နယ် မဲဆွယ်စည်းရုံးပွဲမှာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံဖို့ ကြိုးပမ်းခံခဲ့ရပြီး ဒဏ်ရာရရှိခဲ့ပါတယ်။ထရန့် ဂေါက်ကစားနေ ကျင်းတခုအနီးက ချုံပုတ်တွေထဲမှာ အေကေ ၄၇ ပုံစံ သေနတ်ပြောင်းတခု ထွက်လာတာကို ထရန့်ရဲ့ လျှို့ဝှက်လုံခြုံရေးအေးဂျင့်တယောက်က မြင်တွေ့ပြီးနောက် သေနတ်နဲ့ ပစ်ခတ်ခဲ့ချိန်မျာ သေနတ်သမားက ထွက်ပြေးသွားခဲ့ပါတယ်။သေနတ်သမားစီးနှင်းသွားတဲ့ အနက်ရောင်နစ်ဆန်းကားကို မျက်မြင်သက်သေတယောက်က မြင်တွေ့မှတ်သားပြီး ရဲတပ်ဖွဲကို အကြောင်းကြားခဲ့ရာမှာ သံသယရှိသူ သေနတ်သမားကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ဂေါက်ကွင်းအစပ်က ခြုံထဲမှာတော့ သေနတ်တလက် ၊ မှန်ဘီလူး၊ ကျောပိုးအိတ်နဲ့ ဂိုးပရိုကင်မရာတလုံးတို့ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သေနတ်သမားဟာ အသက် ၅၀ ကျော်အရွယ် Ryan Wesley Routh…

Read More

This Day in History

Voice of Myanmarအီရန်နိုင်ငံ တာဘက်စ်ဒေသတွင် ပြင်းအား ၇ ဒသမ ၇ ငလျင်တခု ၁၉၇၈ ခုနှစ် စက်တင်ဘာ ၁၆ ရက်က လှုပ်ခတ်ခဲ့မှုကြောင့် လူနှစ်သောင်းကျော် သေဆုံးပြီး ပျက်စီးဆုံးရှုံးမှု များစွာ ဖြစ်ပေါ်ခဲ့သည်။

Read More
VOM News

FREE
VIEW