TNLA ထိန်းချုပ်ထားတဲ့ သီပေါမှာ တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာပြီး နှစ်ရက်ဆက်တိုက် ဗုံးကြဲခံရ

 

စက်တင်ဘာ ၁၆၊ ၂၀၂၄
Shy V (VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့စွန်ဘက်မှာ စက်တင်ဘာလ ၁၅ ရက်နေ့ကစ နစက တပ် နဲ့ TNLA ပူးပေါင်း တပ်ဖွဲ့ တို့အကြားတိုက်ပွဲ ပြန်လည်ဖြစ်ပွားလာပြီး နစက တပ်ဖွဲ့ ဘက်က နှစ်ရက် ဆက်တိုက် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ရှိလာကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“ဒီမနက် ၁၀ နာရီ နောက်ပိုင်း သီပေါမှာ လေယာဉ် နဲ့ ဗုံးကြဲတယ်။ ထိခိုက်သေဆုံးမှုရှိတယ်လို့ ကြားနေတယ်။ အတိအကျ မသိရသေးဘူး” လို့ ဒေသခံ တယောက်က ပြောပါတယ်။

မြို့ထဲ ဘာမှမဖြစ်ပေမယ့် တုံစင့်ဘက်ကတော့ ပစ်ခတ်သံ ကြားနေရတယ်လို့ ဆိုပါတယ်။

“ဗုံးက ရီရှင်းဂိတ်နား နဲ့ ဝက်ဝံဈေးနား ၃ နေရာ ကျတယ်။ စမ်းမာလာ ဥယျာဉ် ထဲလည်းကျတယ်။ ကလေး တယောက်တော့ ထိတယ်လို့ သိရတယ်။” နောက်ထပ်ဒေသခံ တယောက်က ပြောပါတယ်။

မနေ့က မနက်ပိုင်းလည်း လေယာဉ်နဲ့ ဗုံး ၁၀ လုံး ကျော် ကြဲသံကြားနေရပြီး ခလရ – ၂၃ နဲ့အနီးဘက် တိုက်ပွဲ ဖြစ်နေတာကြောင့် လေယာဉ်က အဲဒီဘက် သွားကြဲတယ်လို့ သိရပြီး လူ ထိခိုက် သေဆုံးတာတော့ မကြားရဘူးလို့ သူက ပြောပါတယ်။

မြို့ထဲမှာတော့ ဖုန်းလိုင်း ခက်ခဲ တာကလွဲပြီး လူတွေက ပုံသွားလာနေတာရှိပြီး တုံစင့်နဲ့ ဇာတ်စု ဘက်က လူတွေကိုတော့ စက်တင်ဘာလ ၁၄ ရက်နေ့ ညနေ ကတည်းက ရှောင်ထားခိုင်းပြီလို့ ကြားတယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၂၄ ရက်နေ့ကစ တိုပ်ပွဲ ပြန်လည်ဖြစ်ပွားလာတာဖြစ်ပြီး သီပေါ မြို့ထဲမှာတော့ လက်ရှိ TNLA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ ထိန်းချုပ်ထားကာ မြို့စွန်၊ မြို့ပြင်ဘက်မှာတော့ နစကရဲ့ ခလရ – ၂၃ တပ်၊ ခမရ – ၅၀၃ တပ် နဲ့ ခမရ – ၅၀၄ တပ် တို့ ရှိ နေတာ ဖြစ်ပါတယ်။

သီပေါမြို့မှာလည်း မြောက်ပိုင်း မဟာမိတ် ညီနောင် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်တဲ့ ဇွန်လ ၂၅ ရက်နေ့ကစ လက်ရှိအထိ တိုက်ပွဲဖြစ်ပွားတဲ ရက်တွေ ရှိသလို တိုက်ပွဲ ငြိမ် နေတဲ့ ရက်တွေလည်း ရှိကာ နှစ်ဖက် စစ်ရေး ကတော့ တင်းမာနေတာ ဖြစ်ပါတယ်။

Photo Crd# CJ

Related posts

Leave a Comment

VOM News

FREE
VIEW