မြန်မာပြည်အလယ်ပိုင်း ရေဘေးသင့်ဒေသတွေရဲ့ နောက်ဆုံးအခြေအနေများ

စက်တင်ဘာ ၁၇ – ၂၀၂၄ SN (VOM) မုန်တိုင်းကြောင့် မိုးများ၊ ရေကြီးခဲ့တဲ့အတွက် မြန်မာပြည်အလယ်ပိုင်းက နေပြည်တော်၊ တောင်ငူ၊ သာစည်၊ ရမည်းသင်း၊ ပျော်ဘွယ်၊ ကျောက်ဆည်၊ မြစ်သား၊ ဝမ်းတွင်း စတဲ့ မြို့နယ်တွေက ကျေးရွာတွေမှာ ရေကြီးရေလျှံတာ၊ ဆည်ကျိုးတာတွေအပြင် တောင်ပြိုတာတွေကြောင့် လူနဲ့ တိရစ္ဆာန်တွေ၊ နေအိမ်တွေ၊ လမ်းနဲ့ တံတားတွေ၊ လယ်မြေတွေ ပျက်စီး ဆုံးရှုံးခဲ့ရပါတယ်။ အဲဒီမြို့နယ်တွေထဲက တချို့နေရာတွေမှာ ရေပြန်ကျနေပြီဖြစ်ပေမယ့် ပြန်လည် ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေသလို ရေဆက်လက် မြင့်တက်နေဆဲဖြစ်တဲ့ တချို့သောနေရာတွေကတော့ ကယ်ဆယ်ရေးအကူအညီတွေ လိုအပ်နေဆဲဖြစ်ပါတယ်။ မိုးကြီးတာကြောင့် နေပြည်တော် ကောင်စီနယ်မြေအတွင်းမှာ ဆင်သေချောင်းနဲ့ ငလိုက်ချောင်း အပါအဝင် ပေါင်းလောင်းမြစ်အတွင်းကို တောင်ကျချောင်းရေတွေ ဝင်ရောက်ပြီး မြို့နယ် ရှစ်မြို့နယ်ရှိတဲ့အထဲက တပ်ကုန်း၊ ပုဗ္ဗသီရိ၊ ဇေယျာသီရိ၊ ပျဉ်းမနားနဲ့ လယ်ဝေးမြို့နယ်တွေကို…

Read More

ရုရှားနိုင်ငံပိုင် မီဒီယာတွေ Facebook အပါအဝင် လူမှုကွန်ရက်တွေကနေ ပိတ်ပင်တားမြစ်ခံရ

ဝါရှင်တန်၊ စက်တင်ဘာ-၁၇-၂၀၂၄မျိုးဆက်(VOM)Facebook ရဲ့မိခင်ကုမ္ပဏီ Metaဟာ ရုရှားတူဒေးအပါအဝင် ရုရှားနိုင်ငံပိုင် သတင်မီဒီယာအများအပြားကို သူ့ရဲ့ လူမှုကွန်ရက်တွေကနေ ဖယ်ရှား ပိတ်ပင်မယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ဒီလို ပိတ်ပင်ရတာဟာ ရုရှားဩဇာလွှမ်းမိုးဖို့ ရုရှားမီဒီဟာတွေရဲ့ ထုတ်လွှင့်မှုတွေ၊ လှည့်စားမှုတွေကြောင့်လို့ Meta ကုမ္ပဏီက စွပ်စွဲထားပါတယ် ။“ ဒီကိစ္စတွေကို သေချာစဉ်းစားသုံးသပ်ပြီးနောက် ရုရှားနိုင်ငံပိုင် Rossiya Segodnya, RT နဲ့ တခြားဆက်စပ်သတင်းဌာနတွေဟာ နိုင်ငံခြားဝင်ရောက်စွက်ဖက်မှုတွေ လုပ်ဆောင်ခြင်းအတွက် ကမ္ဘာတဝန်းရှိ မိမိတို့ရဲ့ အက်ပလီကေးရှင်းတွေကနေ ပိတ်ပင်လိုက်တာ”လို့ Meta ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ပိတ်ပင်တားမြစ်ချက်ဟာ ရက်ပိုင်းအတွင်း စတင်အသက်ဝင်လာမှာ ဖြစ်ပြီး Meta ကုမ္ပဏီက ပိုင်ဆိုင်တဲ့ Facebook အပြင် Instagram, WhatsApp နဲ့ Threads အက်ပ်လီကေးရှင်းတွေကနေ တားမြစ်ခံရမှာပါ။ဝါရှင်တန်ရှိ ရုရှားသံရုံးနဲ့ Sputnik news agency, Rossiya Segodnya သတင်းဌာနတို့က…

Read More

နိုင်ဂျီးရီးယားမှာ ယာဉ်တိုက်မှုကြောင့် တနေ့ကို လူ ၁၆ ယောက်ဝန်းကျင် သေဆုံးနေ

အဘူဂျာ၊ စက်တင်ဘာ-၁၇-၂၀၂၄ မျိုးဆက်(VOM) နိုင်ဂျီးရီးယား နိုင်ငံတဝန်းမှာ ယာဉ်တိုက်မှုတွေကြောင့် တနေ့ကို ပျှမ်းမျှ လူ ၁၆ ယောက်ထက်မနည်း သေဆုံးနေကြောင်း အစိုးရက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ ၂၀၂၄ ခုနှစ် ပထမသုံးလပတ်မှာ နိုင်ငံတဝန်းဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုတွေကြောင့် လူပေါင်း ၁၄၇၀ ကျော်သေဆုံးခဲ့ပြီး ဒါဟာ တနေ့ကို ၁၆ ပျှမ်းမျှအားဖြင့် ၁၆ ယောက်နှုန်း သေဆုံးနေတာဖြစ်ပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံမှာ လမ်းအခြေခံအဆောက်အအုံတွေ ယိုယွင်းမှု၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာမှုတွေကြောင့် လူအများအပြား သေဆုံးစေတဲ့ ယာဉ်မတော်ဆမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပါတယ်။ နိုင်ဂျီးရီးယားမြောက်ပိုင်း ကာဒူနာပြည်နယ်မှာ မနေ့က ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုတခုအတွင်း ဘုရားဖူး ၄၀ နီးပါး သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဘတ်စ်ကားဟာ လီရီမြို့အနီးမှာ မောင်းနှင်နေတဲ့ ဝင်တိုက်မိခဲ့တာပါ။ လက်ရှိချိန်ထိ သေဆုံးသူ ၃၆…

Read More

မလေးရှားမှာ ခရီးသွားရာဇဝင်မရှိတဲ့ အမျိုးသားတယောက် မျောက်ကျောက်ရောဂါ ကူးစက်မှုတွေ့

ကွာလာလမ်ပူ၊ စက်တင်ဘာ-၁၇-၂၀၂၃မျိုးဆက်(VOM)မလေးရှားနိုင်ငံမှာ တနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မျောက်ကျောက်ရောဂါ ကူးစက်မှုကို တွေ့ရှိခဲ့ပြီး ပြည်ပသို့ခရီးသွားရာဇဝင်မရှိတဲ့ အမျိုးသားတယောက်ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဒီနေ့ စက်တင်ဘာ ၁၇ ရက်မှာ အတည်ပြုပါတယ်။အဲဒီအမျိုးသားဟာ စက်တင်ဘာ ၁၁ ရက်ကတည်းက စတင်ဖျားနာခဲ့ပြီး ချောင်းဆိုး ၊ လည်ပင်းနာလက္ခဏာတွေ ပြသပြီးနောက် နောက်တနေ့မှာတော့ အဖုအပိန့်တွေ ထွက်လာခဲ့တယ်လို့ မလေးရှားကျန်းမာရေး ဝန်ကြီးဌာနက ဆိုပါတယ်။မလေးရှားနိုင်ငံသားဖြစ်တဲ့ လူနာဟာ ရောဂါလက္ခဏာတွေမပြမီ ပြီးခဲ့တဲ့ ၂၁ ရက်အတွင်း ပြည်ပနိုင်ငံတွေကို သွားရောက်ခဲ့ခြင်းမရှိဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။“ ဒီလူနာရဲ့ အဆက်အသွယ်တွေအားလုံးကို ဖော်ထုတ်နေပြီး သူတို့ရဲ့ ကျန်းမာရေးအခြေအနေကို တင်းကြပ်တဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ စောင့်ကြည့် စစ်ဆေးနေပါတယ် ” လို့ မလေးရှားကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လကစပြီး မျောက်ကျောက်ရောဂါ ကူးစက်မှု ၁၀ ခုရှိခဲ့ပြီး ကိုးခုကတော့ ၂၀၂၃…

Read More

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(စက်တင်ဘာ – ၁၇ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar #ရွှေဈေး -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၅၈၂ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၅၂၁၉၇၆၂ ကျပ် ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၆၈၀၀၀၀၀ ကျပ် ဝယ်ဈေး ၆၇၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၆၆၀၀၀၀၀ ကျပ် ဝယ်ဈေး ၆၅၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” (ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။) #နိုင်ငံခြားငွေလဲလှယ်နှုန်း -မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း အမေရိကန် တဒေါ်လာ…

Read More

This Day in History

Voice of Myanmarဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက်တပ်များသည် ဂျာမနီတပ်များနှင့် ပူးပေါင်းကာ ၁၉၃၉ ခုနှစ် စက်တင်ဘာ ၁၇ ရက်တွင် ပိုလန်အရှေ့ပိုင်းကို ကျူးကျော်တိုက်ခိုက်ပြီ ပိုလန်အစိုးရသည် ရိုမေးနီးယားနိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။

Read More
VOM News

FREE
VIEW