ဝါရှင်တန်၊ စက်တင်ဘာ-၁၇-၂၀၂၄
မျိုးဆက်(VOM)
Facebook ရဲ့မိခင်ကုမ္ပဏီ Metaဟာ ရုရှားတူဒေးအပါအဝင် ရုရှားနိုင်ငံပိုင် သတင်မီဒီယာအများအပြားကို သူ့ရဲ့ လူမှုကွန်ရက်တွေကနေ ဖယ်ရှား ပိတ်ပင်မယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဒီလို ပိတ်ပင်ရတာဟာ ရုရှားဩဇာလွှမ်းမိုးဖို့ ရုရှားမီဒီဟာတွေရဲ့ ထုတ်လွှင့်မှုတွေ၊ လှည့်စားမှုတွေကြောင့်လို့ Meta ကုမ္ပဏီက စွပ်စွဲထားပါတယ် ။
“ ဒီကိစ္စတွေကို သေချာစဉ်းစားသုံးသပ်ပြီးနောက် ရုရှားနိုင်ငံပိုင် Rossiya Segodnya, RT နဲ့ တခြားဆက်စပ်သတင်းဌာနတွေဟာ နိုင်ငံခြားဝင်ရောက်စွက်ဖက်မှုတွေ လုပ်ဆောင်ခြင်းအတွက် ကမ္ဘာတဝန်းရှိ မိမိတို့ရဲ့ အက်ပလီကေးရှင်းတွေကနေ ပိတ်ပင်လိုက်တာ”လို့ Meta ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပိတ်ပင်တားမြစ်ချက်ဟာ ရက်ပိုင်းအတွင်း စတင်အသက်ဝင်လာမှာ ဖြစ်ပြီး Meta ကုမ္ပဏီက ပိုင်ဆိုင်တဲ့ Facebook အပြင် Instagram, WhatsApp နဲ့ Threads အက်ပ်လီကေးရှင်းတွေကနေ တားမြစ်ခံရမှာပါ။
ဝါရှင်တန်ရှိ ရုရှားသံရုံးနဲ့ Sputnik news agency, Rossiya Segodnya သတင်းဌာနတို့က ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုတာမရှိသေးပါဘူး။ ယူကရိန်းစစ်ပွဲပြီးနောက် ဥရောပနိုင်ငံတွေနဲ့ ဗြိတိန်မှာ ရုရှားနိုင်ငံပိုင် သတင်းဌာနအချို့ရဲ့ ထုတ်လွှတ်မှုတွေကို ဆိုရှယ်မီဒီယာပလက်ဖောင်းမှာ တင်ဆက်နေတာကို ပိတ်ပင်ဖို့ တောင်းဆိုချက်ကို Meta ကုမ္ပဏီက လုပ်ဆောင်ပေးခဲ့ပါတယ်။
Ref:BBC
Photo:Getty Images
ရုရှားနိုင်ငံပိုင် မီဒီယာတွေ Facebook အပါအဝင် လူမှုကွန်ရက်တွေကနေ ပိတ်ပင်တားမြစ်ခံရ
