ရန်ကုန်မှာ ငမိုးရိပ်ချောင်းရေတက်လာလို့ မြို့နယ်တချို့ ရေဝင်ရောက်မှု ဖြစ်

စက်တင်ဘာ ၂၀ – ၂၀၂၄ SN (VOM) ရန်ကုန်မြို့မှာ ဒီကနေ့ စက်တင်ဘာ ၂၀ ရက်၊ မနက်ပိုင်းက ထူးကဲဒီရေကြောင့် ငမိုးရိပ်ချောင်းရေ မြင့်တက်လာတဲ့အတွက် အဲဒီချောင်းအနီးအနားက မြို့နယ်တချို့မှာ ရေဝင်ရောက်မှု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ဒဂုံမြို့သစ် (အရှေ့ပိုင်း၊ မြောက်ပိုင်း၊ ဆိပ်ကမ်း)၊ မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ တာမွေ၊ သာကေတ၊ ဒေါပုံ စတဲ့ မြို့နယ်တွေမှာ ရေဝင်ရောက်ခဲ့တာဖြစ်ပြီး တချို့နေရာတွေမှာတော့ ရေ ၂ ပေခန့်အထိ မြင့်တက်ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ “စံပြဘက်မှာတော့ ရေက အိမ်ထဲအထိဝင်တယ်။ ပစ္စည်းတွေတော့ ရွှေ့ပြောင်းရတာပေါ့။ တခြားရပ်ကွက်တွေရောပဲ။ ကျွန်မတို့က အနိမ့်ပိုင်းနေရာ ရောက်နေတော့ ပိုသတိထားရတယ်။ ရေကတော့ အရမ်းမများဘူး။ အဲဒီအချိန် မိုးမရွာလို့ တော်သေးတယ်ပြောရမယ်။ မိုးရွာရင်တော့မလွယ်ဘူး” လို့ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြရပ်ကွက်မှာ နေထိုင်သူတယောက်က ပြောပါတယ်။…

Read More

ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့ ဒရုန်းထုတ်လုပ်မှု ၁၀ ဆတိုးမယ်လို့ ပူတင်ပြော

မော်စကို၊ စက်တင်ဘာ-၂၀-၂၀၂၄ မျိုးဆက်(VOM) ရုရှားသမ္မတ ပူတင်ဟာ ယူကရိန်းစစ်ပွဲမှာအသုံးပြုနေတဲ့ ဒရုန်းတွေကို ပြီးခဲ့တဲ့နှစ်ကထက် ၁၀ ဆတိုးမြှင့်ပြီး ၁ ဒသမ ၄ သန်းထိ ထုတ်လုပ်ဖို့ စီစဉ်နေပါတယ်။ ပူတင်ဟာ စိန့်ပီတာစဘတ်မြို့ရှိ ဒရုန်းထုတ်လုပ်ရေးစက်ရုံကို သွားရောက်စစ်ဆေးခဲ့ပြီး ဒရုန်းတွေ တိုးမြှင့်ထုတ်လုပ်ဖို့အတွက် ကာကွယ်ရေးစက်မှုလုပ်ငန်းကော်မရှင် အစည်းအဝေးမှာ ညွှန်ကြားခဲ့တာပါ။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း အမျိုးအစားမျိုးစုံ ဒရုန်းတသိန်းလေးသောင်းခန့်ကို ရုရှားလက်နက်ကိုင်တပ်တွေအတွက် ပေးအပ်နိုင်ခဲ့ပြီး ဒရုန်းထုတ်လုပ်မှုကို အဆများစွာ တိုးမြှင့်ပြီး အထူးသဖြင့် ၁၀ ဆလောက်ထိ ထုတ်လုပ်မှုတိုးလာဖို့ရှိတယ်လို့ ပူတင်ကပြောပါတယ်။ ယူကရိန်းမှာ စစ်ဆင်ရေးဆင်နွှဲနေရာမှာ ဒရုန်းတွေရဲ့ အရေးပါမှုကို ပူတင်ကအလေးပေးပြောကြားခဲ့ပြီး အမျိုးစုံသော ဒရုန်းတွေဟာ ခေတ်သစ်စစ်ပွဲရဲ့ အရေးပါတဲ့ အစိတ်အပိုင်းဖြစ်လာပြီး ရုရှားဟာလည်း စစ်မြေပြင်မှာ ထိရောက်စွာအသုံးပြုနေတယ်လို့ သူက အလေးပေးပြောပါတယ်။ တိုက်ခိုက်ရေးအတွေ့အကြုံပေါ် အခြေခံပြီး ဒရုန်းတွေကို ခေတ်မီအောင်အဆက်မပြတ် နည်းပညာဆန်းသစ်နေစေဖို့လိုအပ်တယ်လို့…

Read More

တောင်ငူရေဘေး အကူအညီ လုံးဝမရောက်သေးတဲ့ ရွာတွေရှိနေပြီး ရေပြန်တက်လာမှာကိုလည်း စိုးရိမ်နေရ

စက်တင်ဘာ ၂၀ – ၂၀၂၄ SS (VOM) ပဲခူးတိုင်း၊ တောင်ငူမြို့နယ် ရေကြီးမှုမှာ အကူအညီ လုံးဝ မရောက်သေးတဲ့ ရွာတွေရှိနေပြီး ရေပြန်တက်လာမှာကိုလည်း စိုးရိမ်နေရတယ်လို့ ဒေသခံတွေနဲ့ ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေဆီက သိရပါတယ်။ တောင်ငူမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အပြင် ဆည်လွှတ်ရေနဲ့ တောင်ကျ ချောင်းရေတွေကြောင့် စက်တင်ဘာ ၁၁ ရက်မှစတင်ကာ တမြို့လုံးနီးပါး ရေလွှမ်းနေတာဖြစ်ပြီး ဒီကနေ့ စက်တင်ဘာ ၂၀ ရက်အထိ ရေပြန်မကျသေးဘူးလို့ သိရပါတယ်။ “ရေကလည်း ပြန်တက်ဦးဆိုတော့ အချိန်နဲ့အမျှ စိုးရိမ်နေရတယ်။ အရင် ရေတက်ထားတာတောင် ကောင်းကောင်း ပြန်ကျသေးတာမဟုတ်ဘူးလေ။ အားလုံး အသစ်ကပြန်စဖို့ ကြိုးစားနေကြတုန်းမှာ နောက်တကြိမ်‌ ရေတက်ဦးမယ်ဆိုတော့ ရေဆိုတဲ့အရာကိုတောင် ကြောက်နေပြီ” လို့ တောင်ငူမြို့နယ်၊ မြင်းစုရွာမှ ဒေသခံတယောက်က ပြောပါတယ်။ လက်ရှိအချိန်အထိ အကူအညီ လုံးဝ မရသေးတဲ့…

Read More

လက်ဘနွန်ရှိ ဟဇ်ဘိုလာပစ်မှတ်တွေကို အစ္စရေးက လေကြောင်းအကြီးအကျယ် တိုက်ခိုက်

တဲလ်အဗစ်၊ စက်တင်ဘာ-၂၀-၂၀၂၄ ရတီ(VOM) အစ္စရေးဟာ လက်ဘနွန်တောင်ပိုင်းရှိ ဟဇ်ဘိုလာတို့ရဲ့ ပစ်မှတ်တွေကို လေကြာင်းတိုက်ခိုက်မှု အကြီးအကျယ်ပြုလုပ်ခဲ့ပြီး ဒုံးကျည်လောင်ချာ ၁၀၀ ကျော်နဲ့ လက်နက်သိုလှောင်ရုံတွေကို ဖျက်ဆီးခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ အစ္စရေးအနေနဲ့ ဟဇ်ဘိုလာတွေအပေါ် စစ်ဆင်ရေး အဆင့်သစ်တခု စတင်ပြီလို့ ကာကွယ်ရေးဝန်ကြီး ယော့ဗ်ဂယ်လန့်က ထုတ်ဖော်ပြောဆိုပြီးနောက်မှာ အခုလို လေကြောင်းကနေ အကြီးအကျယ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နေ့တွေက လက်ဘနွန်ုတဝန်းမှာ ဆက်သွယ်ရေးစက်တွေ ဆက်တိုက်ပေါက်ကွဲပြီး လူ ၃၀ ကျော်သေဆုံးကာ ထောင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့တဲ့ တိုက်ခိုက်မှုဟာ အစ္စရေးလက်ချက်လို့ ဟဇ်ဘိုလာတို့က စွပ်စွဲထားပြီး လက်တုံ့ပြန်မယ်လို့ ဟဇ်ဘိုလာခေါင်းဆောင်က ကတိပြုထားပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ တိုက်ခိုက်မှုတွေကို နှစ်ဘက်စလုံးအနေနဲ့ ထိန်းထိ်နးသိမ်းသိမ်းလုပ်ဆောင်ဖို့ အမေရိကန်နဲ့ ဗြိတိန်တိုံ တိုက်တွန်းထားပြီး ဒီအကျပ်အတည်းနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးကို စက်တင်ဘာ ၂၀ ရက်နှောင်းပိုင်းမှာ ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ လက်ဘနွန်အခြေစိုက်…

Read More

မင်းပြားမြို့မှာ အိမ်ခြေ ၃၀၀ နီးပါး ရေထဲမျောပါပြီး လူတယောက် ပျောက်ဆုံး

စက်တင်ဘာ ၂၀ – ၂၀၂၄ SS (VOM) ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ ရေကြီးမှုကြောင့် လူတယောက် ပျောက်ဆုံးနေပြီး ကျေးရွာ ၂၀ ခန့် ရေနစ်မြုပ်ခဲ့ကာ အိမ်ခြေ ၃၀၀ နီးပါး ရေထဲမျောပါသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မိုးသည်းထန်စွာရွာသွန်းပြီး ဖုံသာချောင်းရေ မြင့်တက်ခဲ့မှုကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့မှစတင်ကာ မင်းပြားမြို့နယ်က နတ်ထောင့်ရွာဟောင်း၊ နတ်ထောင့်ရွာသစ်၊ ဇိုင်ချောင်း၊ ကျေးမကြီး၊ ကျေးမချေ၊ ကြွီချောင်း၊ ပြင်းချောင်း၊ ကိုင်းကြီး၊ ပြင်းဝ၊ သရက်အုပ်၊ ရွာသာယာ၊ င/လင်းကြီး၊ င/သာ၊ ခချီးမြောင် (အောက်၊ အထက်)၊ စေတီရံ၊ လက်ပံကိုင်း၊ နတ်ကံပြင် အစရှိတဲ့ ကျေးရွာတွေအပြင် ကျေးရွာအများအပြားမှာ ရေကြီးမှုတွေဖြစ်ပေါ်ခဲ့ပြီး အများစုက ချင်းလူမျိုးတွေ နေထိုင်တဲ့ ကျေးရွာတွေ ဖြစ်တယ်လို့ သိရပါတယ်။ “ဖုံသာချောင်းက ရခိုင်ရိုးမနဲ့…

Read More

ယူကရိန်းသမ္မတ ဇီလန်စကီး ဂျိုးဘိုင်ဒင်၊ ဟားရစ်တို့နဲ့ ဝါရှင်တန်မှာ သီးခြားစီတွေ့ဆုံမယ်

ဝါရှင်တန်၊ စက်တင်ဘာ-၂၀-၂၀၂၄မျိုးဆက်(VOM)ယူကရိန်းသမ္မတ ဇီလန်စကီးဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ၊ ဒုသမ္မတ ကမလာဟားရစ်တို့နဲ့ ဝါရှင်တန်မှာ သီးခြားစီ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ကြောင်း အိမ်ဖြူတော်က အတည်ပြုထုတ်ပြန်ပါတယ်။အဆိုပါတွေ့ဆုံဆွေးနွေးမှုတွေကို စက်တင်ဘာ ၂၆ ရက်မှာ ပြုလုပ်မှာဖြစ်ပြီး အစည်းအဝေးနှစ်ခုစလုံးကို အိမ်ဖြူတော်မှာ လက်ခံကျင်းပမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ရုရှားနဲ့ဖြစ်ပွားနေတဲ့ စစ်ပွဲ အဆုံးသတ်ဖို့အစီအစဉ်ကို ဂျိုးဘိုင်ဒင်ကို တင်ပြဖို့ရှိကြောင်း ယူကရိန်းသမ္မတက ပြီးခဲ့တဲ့လမှ ပြောကြားခဲ့ပါတယ်။ ယူကရိန်းအတွက် မဟာမိတ်တွေက ထောက်ပံ့ပေးထားတဲ့ တာဝေးပစ်လက်နက်တွေ အသုံးပြုမှုအတွက် ကန့်သတ်ချက်တွေ ရုပ်သိမ်းဖို့ကိုလည်း ဆွေးနွေးဖို့ရှိနေပါတယ်။ယူကရိန်းဟာ ရုရှားနိုင်ငံထဲက ပစ်မှတ်တွေကို တိုက်ခိုက်ဖို့အတွက် တာဝေးပစ်လက်နက်တွေ အသုံးပြုခွင့်ပေးဖို့ ကြိမ်ဖန်များစွာ တောင်းဆိုနေခဲ့ပါတယ်။ ဇီလန်စကီးဟာ သူဟာ ရွေးကောက်ပွဲထပ်ဝင်မယ့် သမ္မတဟောင်းထရန့်နဲ့လည်း တွေ့ဆုံဆွေးနွေးနိုင်ခြေရှိနေပါတယ်။ယူကရိန်းသမ္မတ ဇီလန်စကီးဟာ သူ့ရဲ့အမေရိကန်ခရီးစဉ်အတွင်း ယူကရိန်းအပေါ် အမေရိကန်က ဆက်လက်ထောက်ခံဖို့ ရီပတ်ဘလီကန်နဲ့ ဒီမိုကရက်တစ်သမ္မတလောင်းတွေကို တောင်းဆိုသွားမှာဖြစ်တယ်လို့ သိရပါတယ်။Ref:NHKPhoto:CBS

Read More

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(စက်တင်ဘာ – ၂၀ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar #ရွှေဈေး -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၅၈၅ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၅၂၁၆၀၁၂ ကျပ် ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၆၈၈၀၀၀၀ ကျပ် ဝယ်ဈေး ၆၈၄၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၆၆၈၀၀၀၀ ကျပ် ဝယ်ဈေး ၆၆၄၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” (ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။) #နိုင်ငံခြားငွေလဲလှယ်နှုန်း -မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း အမေရိကန် တဒေါ်လာ…

Read More

လက်ဘနွန်ပေါက်ကွဲမှု အစ္စရေးကို လက်တုံ့ပြန်မယ်လို့ ဟဇ်ဘိုလာခေါင်းဆောင် ကတိပြု

ဘေရွတ်၊ စက်တင်ဘာ-၂၀-၂၀၂၄မျိုးဆက်(VOM)လက်ဘနွန်နိုင်ငံမှာ ကြိုးမဲ့ဆက်သွယ်ရေးစက် ရာပေါင်းများစွာပေါက်ကွဲမှုနဲ့ပတ်သက်ပြီး လက်တုံ့ပြန်အပြစ်ပေးမယ်လို့ ဟဇ်ဘိုလာခေါင်းဆောင် ဟတ်ဆန်နာစရယ်လာက ကတိပြုပြောဆိုလိုက်ပါတယ်။ဒီတိုက်ခိုက်မှုကြောင့် ဟဇ်ဘိုလာတိုက်ခိုက်ရေးသမားတွေအပါအဝင် လူ ၃၇ ယောက်သေပြီး ၃၀၀၀ ကျော်ဒဏ်ရာရရှိခဲ့ပြီး ဒါဟာအစ္စရေး မော့ဆက်ထောက်လှမ်းရေးလက်ချက်လို့ လက်ဘနွန်ဘက်က စွပ်စွဲထားပါတယ်။ဆက်သွယ်ရေးစက်တွေကို ဗုံးထောက်ဖောက်ခွဲတိုက်မှုဟာ နှစ်ဖက်အကြား အနီရောင်မျဉ်းအားလုံးကို ဖြတ်ကျော်လိုက်တာဖြစ်ပြီး ဒါဟာအစ္စရေးက စစ်ကြေညာလိုက်တာလို့ ဟဇ်ဘိုလာခေါင်းဆောင်က ပြောဆိုလိုက်ပြီး မျှတဲ့ပြစ်ဒဏ်ပြန်ပေးမယ်လို့ ဆိုပါတယ်။ဆက်သွယ်ရေးစက်တွေကို လက်ဘနွန်ယူမလာမီ အစ္စရေးထောက်လှမ်းရေးတွေက ဗုံးထောင်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ ဒီစက်တွေဟာ ထိုင်ဝမ်ကုမ္ပဏီအမှတ်တံဆိပ်ဖြစ်ပေမယ့် လက်ဘနွန်အတွက် ရောင်းချခြင်းမဟုတ်ဘဲ ဟန်ဂေရီကုမ္ပဏီတခုက ဝယ်ယူခဲ့ခြင်းဟု ဆိုသည်။ဂါဇာစစ်ပွဲမှာ ဟားမတ်စ်တို့ကို ထောက်ခံတဲ့ ဟဇ်ဘိုလာတွေနဲ့ အစ္စရေးတို့အကြား တိုက်ခိုက်မှုတွေဟာ ၁၁ ကြာမြင့်လာပြီး လူရာချီသေဆုံးခဲ့ကာ နယ်စပ်ဒေသမှာ လူသောင်းချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး စစ်ပွဲဖြစ်လာမှာကို စိုးရိမ်းပူပန်မှုတွေ မြင့်တက်နေပါတယ်။Ref:BBCPhoto:Al Jazeera

Read More
VOM News

FREE
VIEW