ဒေလီ၊ စက်တင်ဘာ-၂၇-၂၀၂၄
ရတီ(VOM)
အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဟိန္ဒူဘာသာရေးပွဲတော်တခုမှာ ကလေးငယ် ၃၇ ယောက်နဲ့ အမျိုးသမီး ခုနှစ်ယောက်အပါအဝင် လူ ၄၆ ယောက် ရေနစ်သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ပွဲတော်ကာလအတွင်း မကြာသေးမီက ရေကြီးရေလျှံခဲ့သည့် မြစ်ချောင်းများအတွင်း ရေဆင်းချိုးရာမှ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ခရိုင် ၁၅ ခုမှာလည်း သေဆုံးမှုတွေရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဂျီဗစ်ပူထရာကာ ပွဲတော်ဟာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ပွဲတော်ဖြစ်ပြီး ကလေးငယ်များဟာ မိခင်တွေနဲ့အတူ ဥပုသ်စောင့် ၊ ကုသိုလ်ပြုတာတွေ ပြုလုပ်ကြတာဖြစ်ပါတယ်။ ပွဲတော်ကျင်းပဖို့ ရေချိုးကြစဉ်မှာ လူအများအပြားဟာ မြစ်တွေရေကြီးမှုကို လျစ်လျူရှုခဲ့ကြတယ်လို့ ဘီဟာပြည်နယ် တာဝန်ရှိသူတွေက ပြောပါတယ်။
ရေနစ်သေဆုံးသူ တိုးလာမှာကို တာဝန်ရှိသူတွေက စိုးရိမ်နေကြပါတယ်။ အိန္ဒိယနိုင်ငံမှာ ဘာသာရေးပွဲတော်တွေမှာ လုံခြုံရေးအစီအမံတွေ လိုက်နာမှုအားနည်းတာနဲ့ လူအုပ်နဲ့ကျင်းပတာမျိုးတွေကြောင့် လူအသေအပျောက်များတဲ့ မတော်တဆမှုတွေ အဖြစ်များပါတယ်။
ဇူလိုင်လအတွင်းကလည်း နိုင်ငံမြောက်ပိုင်း ဥတာပရောဒေ့ရှ်ပြည်နယ်မှာ ဘာသာရေးအခမ်းအနားတခုမှာ လူအုပ်ပြိုကျပြီး ၁၂၁ ယောက်သေဆုံးခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်ကလည်း ဟိန္ဒူရိုးရာပွဲတော်ကျင်းပစဉ် လူအုပ်ထဲ ရထားဝင်တိုက်လို့ လူ ၆၀ ကျော်သေဆုံးခဲ့ပါတယ်။
Ref:BBC
Photo:Getty Images
Related posts
-
ရန်ကုန်မှာ ကလေး၊ သက်ကြီး၊ ကိုယ်ဝန်ဆောင်နဲ့ မသန်စွမ်းတွေကို ထောက်ပံ့ကြေးပေးဖို့ စာရင်းကောက်နေ
ဇန်နဝါရီ ၁၀ – ၂၀၂၅KKO(VOM)ရန်ကုန်တိုင်းအတွင်းက မြို့နယ်/ရပ်ကွက်အချို့မှာ ထောက်ပံ့ကြေးငွေ ပေးအပ်ဖို့ စာရင်းကောက်ယူမှု တွေရှိနေတယ်လို့... -
HMPV ဗိုင်းရပ်စ်ကူးစက်မှု အထူးစိတ်ပူစရာမရှိဘူးလို့ ကျန်းမာရေးဝန်ကြီးပြော
ဇန်နဝါရီ ၁၀ – ၂၀၂၅GG (VOM)HMPV ရောဂါက ဆောင်းရာသီမှာဖြစ်လေ့ဖြစ်ထရှိတဲ့ရောဂါဖြစ်တဲ့အပြင် ရောဂါကြောင့် သေဆုံးနူန်းကလည်း... -
တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဖို့ ကချင်ပြည်နယ်နေ့မှာ နစကဥက္ကဋ္ဌ တိုက်တွန်းပေမယ့် ကချင်မှာ စစ်ရေးအရှိန်မြင့်
ဇန်နဝါရီ ၁၀ – ၂၀၂၅SN (VOM)ဒီကနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့...