ဝါရှင်တန်၊ စက်တင်ဘာ-၂၈-၂၀၂၄
ရတီ (VOM)
အမေရိကန် အရှေ့တောင်ပိုင်းကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ ဟာရီကိန်းမုန်တိုင်း ဟယ်လင်ကြောင့် လူ ၄၃ ယောက်ထက်မနည်း သေဆုံးပြီး ဒေသခံသန်းချီပြီး လျှပ်စစ်ဓါတ်အား ပြတ်တောက်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
မုန်တိုင်းဟာ အမေရိကန်ကို တိုက်ခတ်ခဲ့သမျှ မုန်တိုင်းတွေထဲမှာ ၁၄ ခုမြောက် အင်အားအပြင်းဆုံး မုန်တိုင်းဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် ၁၉၉၆ ခုနှစ် အိုပယ်လ်နဲ့ ၂၀၁၇ ခုနှစ် အိုင်ဒါမုန်တိုင်းတို့ထက် ပိုမိုကျယ်ဝန်းပြီး မုန်တိုင်းဟာ မိုင် ၄၂၀ ထိ ကျယ်ဝန်းတယ်လို့ အမျိုးသား ဟာရီကိန်းစင်တာက ဆိုပါတယ်။
ဟာရီကိန်းမုန်တိုင်းဟာ ဖလော်ရီဒါပြည်နယ် ဘစ်ဘန်ဒေသကို ဝင်ရောက်တိုက်ခဲ့ပြီးနောက် မြောက်ဂျော်ဂျီယာနဲ့ ကာရိုလိုင်းနားပြည်နယ်များသို့ ရွေ့လျားသွားပြီး အင်အားပြင်းစွာ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းလည်းဖြစ်ပါတယ်။
မုန်တိုင်းဟယ်လင်ဟာ လက်ရှိမှာ သိသိသာသာ အားလျော့သွားပြီဖြစ်ပေမယ့် လေပြင်းတိုက်ခတ်မှု ၊ ရေကြီးမှု ၊ လေဆင်နှာမောင်းတိုက်ခတ်မှုတို့ကို ဆက်လက်ကြုံတွေ့ရနိုင်ကြောင်း တာဝန်ရှိသူများက သတိပေးထားသည်။
အဆင့် ၄ အဖြစ် သတ်မှတ်ခဲ့ရတဲ့ မုန်တိုင်းကြောင့် လမ်းတံတား၊ နေအိမ်နဲ့ စီးပွားရေးလုပ်ငန်းတွေ ရေနစ်မြုပ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှု ဒေါ်လာဘီလီယံ ချီ ရှိနိုင်တယ်လို့ အာမခံအဖွဲ့အစည်းတွေက ခန့်မှန်းထားပါတယ်။
မုန်တိုင်းအရှိန်ကြောင့် ကမ်းရိုးတန်းဒေသတွေမှာ ဒီရေလှိုင်းတွေမြင့်တက်တာနဲ့ မိုးရွာသွန်းမှုတွေက အချို့ဒေသတွေမှာ ၁၅ ပေထိ ရေမြင့်တက်ခဲ့တယ်လို့ အမေရိကန် အမျိုးသား ဟာရီကိန်းစင်တာက ထုတ်ပြန်ထားပါတယ်။
Ref:BBC
Photo:Reuters
Related posts
-
ဖိလစ်ပိုင်ရေပြင်မှာ တရုတ်ရေအောက်ဒရုန်းတစင်း ရှာဖွေတွေ့ရှိ
မနီလာ၊ ဇန်နဝါရီ-၂-၂၀၂၄မျိုးဆက်(VOM)တရုတ် မောင်းသူမဲ့ ရေအောက်ဒရုန်းလို့ ယူဆရတဲ့ ယာဉ်တစင်းကို ဖိလစ်ပိုင်ရေပြင်မှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က... -
နေပြည်တော်မှာ ရဲဝန်ထမ်းက ဇနီးကျောင်းဆရာမကို သေနတ်နဲ့ပစ်သတ်ပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်
ဇန်နဝါရီ ၂ – ၂၀၂၅SN (VOM)နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သာဝတ္ထိမြို့မှာ မနေ့ ဇန်နဝါရီလ... -
အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုးကာရံမှု မိုရေးနယ်စပ်မှာ ပြီးစီး
ဒေလီ၊ ဇန်နဝါရီ-၂-၂၀၂၅မျိုးဆက်(VOM)အိန္ဒိယ-မြန်မာနယ်စပ် မဏိပူရ မိုရေးမှာ မြန်မာနဲ့ထိစပ်နေတဲ့နယ်စပ်မှာ ၉ ဒဿမ ၂၁၄ ကီလိုမီတာအရှည်ရှိ...