တပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်

စက်တင်ဘာ ၂၉ – ၂၀၂၄SS (VOM)ဒီတပတ်မှာတော့ ပြင်ပဈေးကွက်မှာ ရွှေဈေးနှုန်းတွေ ဆက်တိုက် ကျဆင်းနေတာကို တွေ့ရပါတယ်။ အဲဒီလိုပဲ အမေရိကန်ဒေါ်လာဈေးတွေလည်း ကျဆင်းလာပါတယ်။စက်သုံးဆီ ဈေးနှုန်းတွေကတော့ ပြန်လည် ကျဆင်းလာခြင်းမရှိသေးဘဲ ဒီတပတ်မှာလည်း အတက်ဘက်ကိုသာ ဆက်သွားနေတာပါ။ အဲဒီလိုပဲ အခြေခံစားသောက်ကုန် ဈေးကွက်မှာလည်း ကုန်စည်ဈေးနှုန်းတွေ ကျဆင်းလာခြင်း မရှိသေးပါဘူး။#ပြည်တွင်းရွှေဈေးနှုန်းပြီးခဲ့တဲ့တပတ်က ပြင်ပဈေးကွက်ရဲ့ အခေါက်ရွှေ ဈေးနှုန်းတွေဟာ ကျပ် သိန်း ၇၀ နီးပါးမှာပဲ အတက်၊ အကျ အနည်းငယ်စီနဲ့ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ ကျပ် ၆၃ သိန်းဝန်းကျင်အထိကို ပြန်လည် ကျဆင်းလာတာပါ။ဒါဟာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကစပြီး ရွှေဈေးတွေ စံချိန်တင် မြင့်တက်ခဲ့ရာကနေ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒေါ်လာတွေ ထုတ်ရောင်းခဲ့ပြီးနောက် ဈေးနှုန်းတွေ အကျဘက်ကို ရောက်ရှိလာတာဖြစ်ပါတယ်။ ဒါပေမယ့် ဇူလိုင်လနှောင်းပိုင်းက ဖြစ်ပေါ်ခဲ့တဲ့ ရွှေတကျပ်သား ကျပ်သိန်း ၆၀…

Read More

ရှမ်းတောင်၊ ပုံးအင်းဒေသမှာ ရေဘေးကြောင့် မျိုးစပါးတွေပျက်စီးကုန်လို့ စိုက်ပျိုးရေးပါထိခိုက်

စက်တင်ဘာ ၂၉၊ ၂၀၂၄ သတင်း-ZY ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဆန်စပါးအများဆုံးထွက်ရှိပြီး စပါးကျည်လို့ ခေါ်ဝေါ်ကြတဲ့ ပုံးအင်းဒေသမှာ ရေကြီးရေနစ်မြုပ်မှုကြောင့် မျိုးစပါးတွေပျက်စီးကုန်လို့ လူဦးရေ သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ လက်ရှိအချိန်မှာ အခက်အခဲကြုံတွေ့နေရတယ်လို့ ဒေသအရေးစောင့်ကြည့်လေ့လာသူတွေဆီကနေ သိရပါတယ်။ တောင်ကြီး၊ ဆီဆိုင်၊ ဟိုပုံးစတဲ့မြို့နယ် ၃ခုထဲမှာ ပါဝင်တဲ့ ပုံးအင်းဒေသမှာ စက်တင်ဘာလ၊ ဒုတိယပါတ်အတွင်းက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံကာ ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့တာကြောင့် လာမယ့် စပါးစိုက်ရာသီအတွက် သိမ်းဆည်းထားတဲ့ စပါးမျိုးစေ့ တင်းပေါင်းသိန်းချီ ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။ “ပုံးအင်းဒေသက စပါးခင်းတွေ ရေအောက်ရောက်ကုန်ပြီ ဖြစ်တာကြောင့် ဆန်ပြန်လှူရတဲ့ အခြေအနေ ဖြစ်သွားပါပြီ။ ရွာအများစုနဲ့ လယ်တွေဟာ ရေနှစ်မြှုပ်ကုန်ပြီး နောင်နှစ်အတွက် စပါးမျိုးတွေပါ မရှိတော့ပါဘူး။ ကူညီလိုကြသူတွေအနေနဲ့ ပြန်လည်ထူထောင်ရေးမှာ ဒီစပါးမျိုးပံ့ပိုးပေးဖို့ စဉ်းစားပေးချင်ပါတယ်။ ၁၀ ရက်နေ့က ရေ စကြီးတာ၊ ၁၆ရက်လောက်ကစပြီး ရေနိမ့်အပိုင်းအိမ်တွေက ခေါင်မိုးထိမြှုပ်ကုန်တယ်။…

Read More

နီပေါ ရေကြီးမြေပြိုမှု လူ ၁၀၀ ကျော်သေပြီး ၇၀ နီးပါး ပျောက်ဆုံး

ခတ္တမန္ဒူ ၊ စက်တင်ဘာ-၂၉-၂၀၂၄ မျိုးဆက်(VOM) နီပေါနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံ မြေပြိုမှုတွေကြောင့် လူ ၁၀၀ ကျော်သေဆုံးပြီး ၇၀ နီးပါး ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မြို့တော် ခတ္တမန္ဒူနဲ့ အနီးဝန်းကျင်ရှိ ချိုင့်ဝှမ်းဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်စဉ်တွေကြောင့် သေဆုံးသူ ထပ်တိုးလာနိုင်တယ်လို့ ဆိုပါတယ်။ မြစ်အနီးမှာရှိတဲ့ နေအိမ်ထောင်ပေါင်းများစွာကတော့ ရေမြုပ်လို့ နေပါတယ်။ ဒါအပြင် အဝေးပြေးလမ်းအများစုကိုလည်း ပိတ်ထားပြီး နေအိမ်ခေါင်မိုးတွေထိ ရေဘေးလွတ်အောင် တိမ်းရှောင်းရင်း သောင်တင်နေသူတွေလည်းရှိနေကာ သေဆုံးမှုအများဆုံးဖြစ်ခဲ့တဲ့ ခတ္တမန္ဒူချိုင့်ဝှမ်းရှိ မြစ်အားလုံးနီးပါ ရေးနစ်မြုပ်ခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ ရေကြီးမှုအပြင် မြေပြိုမှုတွေကြောင့်လည်း သေဆုံးမှုအများအပြားရှိခဲ့ပါတယ်။ ခတ္တမန္ဒူအရှေ့ပိုင်းရှိ ဘက်ခ်တာပါအရပ်မှာ မြေပြိုမှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတယောက်နဲ့လေးနှစ်အရွယ် ကလေးငယ်အပါအဝင် လူငါးယောက်သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။ မြို့တော်အနောက်ပိုင်း ဒါဒင်းမှာလည်း မြေပြိုမှုကြောင့် ဘတ်စ်ကားတစင်းမြေပိခဲ့ပြီး ကားထဲကနေ အလောင်းနှစ်လောင်းတွေ့ရှိခဲ့ပါတယ်။ ကားပေါ်မှာ ယာဉ်မောင်းနဲ့…

Read More

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(စက်တင်ဘာ – ၂၉ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar #ရွှေဈေး -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၆၅၈ ဒေါ်လာ ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၆၄၅၀၀၀၀ ကျပ် ဝယ်ဈေး ၆၄၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၆၂၅၀၀၀၀ ကျပ် ဝယ်ဈေး ၆၂၁၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” (ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။) #နိုင်ငံခြားငွေလဲလှယ်နှုန်း -မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း အမေရိကန် တဒေါ်လာ – ၂၁၀၀ ကျပ် ပြင်ပပေါက်စျေး -အမေရိကန်ဒေါ်လာ‌ ရောင်းဈေး – ၄၈၀၀ ကျပ် ဝယ်ဈေး…

Read More

This Day in History

Voice of Myanmarအင်္ဂလန်၏ ပထမဆုံးသော ပရောဖက်ရှင်နယ် ရဲတပ်ဖွဲ့ကို ရောဘတ်ပီးလ်၏ ကြိုးပမ်းအားထုတ်မှုဖြင့် လန်ဒန်မြို့တော် (စကော့တလန်ယာဒ်) ရဲတပ်ဖွဲ့အဖြစ် ၁၈၂၉ ခုနှစ် စက်တင်ဘာ ၂၉ ရက်တွင် စတင်ထူထောင်ခဲ့ပြီး နောက်ပိုင်းတွင် အမေရိကန်အပါအဝင် နိုင်ငံအသီးသီး၏ စံပြဖြစ်လာခဲ့သည်။

Read More

လားရှိုးကို လေကြောင်းက ထပ်မံ ဗုံးကြဲပြန်

စက်တင်ဘာ ၂၉၊ ၂၀၂၄ Shy V VOM ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမှာ စက်တင်ဘာ ၂၈ ရက်ည ၈ နာရီခွဲ ဝန်းကျင်ခန့်က လေကြောင်းနဲ့ ထပ်မံ ဗုံးကြဲခံရလို့ ဝပ်ရှော့ တခု မီးလောင်ပျက်စီး သွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “လားရှိုးမှာ မနေ့ည ၈ နာရီခွဲ ဝန်းကျင်ခန့်က လေကြောင်းနဲ့ ဗုံး ထပ်ကြဲသွားတယ်။ ရပ်ကွက် ၈ မန်ဆူဘက် ရပ်ကွက် ရုံးအနောက်ဘက်က ကား ဝပ်ရှော့မှာ ကျကွဲပြီး မီးလောင်သွားတယ်။ လူ အထိအခိုက် မသိရသေးဘူး။ လားရှိုး မြို့အထွက် မယ်ဟန်ဘက်မှာလည်း ဗုံးကြဲသွားတယ်လို့ သိရတယ်။ ‌အသေးစိပ် မသိရသေးဘူး” လို့ ဒေသခံ တယောက်က ပြောပါတယ်။ “ရပ်ကွက် ရုံးတော့…

Read More

အင်းလေးဒေသရှိ ကျေးရွာပေါင်း၁၇၀ကျော်ရေနစ်မြှုပ်နေဆဲဖြစ်ပြီး သောက်ရေနဲ့ စားနပ်ရိက္ခာအရေးပေါ် လိုအပ်နေဆဲ

စက်တင်ဘာ ၂၉၊ ၂၀၂၄ သတင်း-ZY ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ စက်တင်ဘာလ ၉ ရက်နေ့မှစတင်ပြီး ဒီကနေ့ စက်တင်ဘာလ ၂၈ရက်အထိ ကျေးရွာပေါင်း၁၇၀ကျော်ဟာ ရေနစ်မြုပ်နေဆဲဖြစ်ပြီး သောက်ရေနဲ့ စားနပ်ရိက္ခာအရေးပေါ် လိုအပ်နေတယ်လို့ အင်းလေးဒေသမှ ရေဘေးကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူေတွက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့မှစတင်ပြီး အင်းလေးကန်အတွင်းသို့ ရေများ တဖြည်းဖြည်းတိုးဝင်လာပြီး ရေမျက်နှာပြင် မြင့်တက်လာခဲ့ရာကနေ စက်တင်ဘာလ ၁၅ရက်မှာတော့ အင်းလေးကန်အတွင်းရှိ တစ်ထပ်အိမ်မှန်သမျှ အားလုံး အကုန်နစ်မြုပ်သွားသလို နှစ်ထပ်ခြေတံရှည်အိမ်တွေဟာလည်း အိမ်ရဲ့အောက်ထပ်တွေ နစ်မြုပ်သွားကြပြီဖြစ်တယ်လို့ ဆိုပါတယ်။ “သောက်ရေကတော့ အရင်ကတော့ ရေသန့်ဝယ်သောက်တာရှိသလို သာမန်ရေကိုပဲ ကျိုချက်ပြီး သောက်ကြတာ။ အခုက မီးမလာတော့ ရေကကျိုလို့မရဘူး၊ ရေသန့်ကလည်း လာပို့လို့ မရဘူးဖြစ်နေတယ်။ အင်းလေးက တခြားဒေသရေကြီးတာနဲ့ မတူဘူး။ တခြားဒေသက ရေကြီးရင် ၂ရက်၊ ၃ရက်နေရင်…

Read More

တောင်အာဖရိက အစုလိုက်အပြုံလိုက် ပစ်ခတ်မှု ၁၇ ယောက်သေပြီး ကျူးလွန်သူကို အပူတပြင်း ရှာဖွေနေ

ကိပ်တောင်း၊ စက်တင်ဘာ-၂၉-၂၀၂၄ ရတီ(VOM) တောင်အာဖရိကနိုင်ငံရှိ ဝေးလံခေါင်သီတဲ့ဒေသရှိ မြို့တမြို့မှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုကြောင့် လူ ၁၇ ယောက် သေဆုံးသွားပြီး ကျူးလွန်သူတွေကို ရဲတပ်ဖွဲ့က အပူတပြင်း ရှာဖွေနေကြပါတယ်။ အိစတန်းကိပ်ပြည်နယ် လူဆီကီဆီကီမြို့ရှိ နေအိမ်နှစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ ဒီဖြစ်စဉ်မှာ နေအိမ်တအိမ်မှာ အမျိုးသမီး ၁၂ ယောက်နဲ့ အမျိုးသားတယောက် သေဆုံးခဲ့ပြီး ဒုတိယနေအိမ်မှာတော့ အမျိုးသမီး သုံးယောက်နဲ့ အမျိုးသားတယောက်တို့ သေဆုံးခဲ့ပါတယ်။ ၁၈ ယောက်မြောက် ပစ်ခတ်ခံခဲ့ရသူကတော့ ဒဏ်ရာအခြေအနေ ပြင်းထန်ပြီး ဆေးရုံမှာ စိုးရိမ်ရတဲ့ အခြေအနေရှိနေတယ်လို့ တောင်အာဖရိက ရဲတပ်ဖွဲ့က ပြောပါတယ်။ ပြည်ထဲရေးဝန်ကြီးကတော့ အခင်းဖြစ်ရာနေရာကို သွားရောက်မယ်လို့ ဆိုပါတယ်။ သေဆုံးသူတွေဟာ လွန်ခဲ့တဲ့တနှစ်က သတ်ဖြတ်ခံခဲ့ရတဲ့ မိခင်နဲ့ သမီးဖြစ်သူတို့အတွက် ရိုးရာဝမ်းနည်းခြင်း အခမ်းအနားကို တက်ရောက်လာသူတွေဖြစ်ပြီး သေနတ်သမားတွေက မဲမဲမြင်ရာ ပစ်ခတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။…

Read More
VOM News

FREE
VIEW