နီပေါ ရေကြီးမြေပြိုမှု လူ ၁၀၀ ကျော်သေပြီး ၇၀ နီးပါး ပျောက်ဆုံး

ခတ္တမန္ဒူ ၊ စက်တင်ဘာ-၂၉-၂၀၂၄
မျိုးဆက်(VOM)
နီပေါနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံ မြေပြိုမှုတွေကြောင့် လူ ၁၀၀ ကျော်သေဆုံးပြီး ၇၀ နီးပါး ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
မြို့တော် ခတ္တမန္ဒူနဲ့ အနီးဝန်းကျင်ရှိ ချိုင့်ဝှမ်းဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်စဉ်တွေကြောင့် သေဆုံးသူ ထပ်တိုးလာနိုင်တယ်လို့ ဆိုပါတယ်။ မြစ်အနီးမှာရှိတဲ့ နေအိမ်ထောင်ပေါင်းများစွာကတော့ ရေမြုပ်လို့ နေပါတယ်။
ဒါအပြင် အဝေးပြေးလမ်းအများစုကိုလည်း ပိတ်ထားပြီး နေအိမ်ခေါင်မိုးတွေထိ ရေဘေးလွတ်အောင် တိမ်းရှောင်းရင်း သောင်တင်နေသူတွေလည်းရှိနေကာ သေဆုံးမှုအများဆုံးဖြစ်ခဲ့တဲ့ ခတ္တမန္ဒူချိုင့်ဝှမ်းရှိ မြစ်အားလုံးနီးပါ ရေးနစ်မြုပ်ခဲ့ပါတယ်။
သေဆုံးသူတွေထဲမှာ ရေကြီးမှုအပြင် မြေပြိုမှုတွေကြောင့်လည်း သေဆုံးမှုအများအပြားရှိခဲ့ပါတယ်။ ခတ္တမန္ဒူအရှေ့ပိုင်းရှိ ဘက်ခ်တာပါအရပ်မှာ မြေပြိုမှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတယောက်နဲ့လေးနှစ်အရွယ် ကလေးငယ်အပါအဝင် လူငါးယောက်သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။
မြို့တော်အနောက်ပိုင်း ဒါဒင်းမှာလည်း မြေပြိုမှုကြောင့် ဘတ်စ်ကားတစင်းမြေပိခဲ့ပြီး ကားထဲကနေ အလောင်းနှစ်လောင်းတွေ့ရှိခဲ့ပါတယ်။ ကားပေါ်မှာ ယာဉ်မောင်းနဲ့ လူ ၁၂ ယောက်လိုက်ပါလာတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
မြို့တော်အနောက်တောင်ပိုင်းရှိ နီပေါဘောလုံးအဖွဲ့ချုပ်ရဲ့ လေ့ကျင့်ရေးစင်တာတခုမှာလည်းမြေပြိုမှုကြောင့် ဘောလုံးသမားခြောက်ယောက် မြေပိသေဆုံးခဲ့ကာ တောင်ပိုင်းချိုင့်ဝှမ်းဒေသမှာလည်း ကယ်ဆယ်ရးသမား လေးယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Ref:BBC
Photo:Reuters/AP

Related posts

Leave a Comment

VOM News

FREE
VIEW