တောင်ငူရေဘေး ကယ်ဆယ်ရေးသမား တယောက်သေပြီး တယောက်ပျောက်နေ

စက်တင်ဘာ ၁၆ – ၂၀၂၄ SS (VOM) ပဲခူးတိုင်း၊ တောင်ငူမြို့အတွင်းက ရေကြီးရေလျှံမှု ဖြစ်ပွားရာနေရာတွေကို သွားရောက်ကူညီပေးနေတဲ့ ပရဟိတသမား ကယ်ဆယ်ရေးသမား တယောက် ကယ်ဆယ်ရေးလုပ်ဆောင်ရင်း ရေနစ်သေဆုံးခဲ့ပြီး တယောက်ပျောက်ဆုံးနေတယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ “သေဆုံးသွားတဲ့သူတွေက ရှင်ပေါလုအသင်းက စေတနာ့ဝန်ထမ်းတယောက်နဲ့ စုံစမ်းဆဲ တယောက်ပါ။ တယောက်ကိုတော့ အလောင်းပြန်ရပေမယ့် တယောက်ကတော့ ပျောက်ဆုံးနေဆဲပါ။ အခု ကျွန်တော်တို့ ကယ်ဆယ်ရေးဆင်းနေလို့ အသေးစိတ် အခြေအနေကိုတော့ နောက်မှ ပြောပါရစေ” လို့ မြေပြင်ကယ်ဆယ်ရေး လုပ်ဆောင်နေသူတယောက်က ပြောပါတယ်။ လက်ရှိမှာ ရုပ်အလောင်း ပြန်တွေ့ထားသူဟာ ရှင်ပေါလုအသင်းတော် ကူညီကယ်ဆယ်အရေးအဖွဲ့က အသက် ၂၄ နှစ်အရွယ် ကိုဂျားဂျား ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ စေတနာ့ဝန်ထမ်းဟာ မနေ့ စက်တင်ဘာ ၁၅ ရက်၊ နေ့လယ် ၂ နာရီဝန်းကျင်က တောင်ငူမြို့က…

Read More

စက်တင်ဘာ ၁၆၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့ပေါ်မှာ စက်တင်ဘာလ ၁၅ ရက်နေ့ ညနေ အထိ ရရှိထားတဲ့ စားရင်းတွေအရ ပြိုကျ ပျက်စီး ရေမျောပါ သွားတဲ့ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး ရေနစ်မြုပ် အိမ်ခြေ ၅၀၀ ကျော်ရှိကြောင်း ကလော ကြက်ခြေနီအသင်းနဲ့ ဒေသခံတွေဆီက သိရပါတယ်။ “ပြိုကျတဲ့ အိမ်၊ ပျက်စီးပြိုကျ ပေါ့နော်။ ပြိုကျတာကတော့ လူဦးရေနဲ့ တွက်မယ်ဆိုရင်တော့ ၉၈၂ ပေါ့။ အိမ်ထောင်စု ၂၇၂ စု၊ အိမ်အလုံးရေက ၂၃၄ ပေါ့။ ကျနော်တို့ အကုန်လုံး မနေ့က စစ်တမ်းကောက်တာ အဲဒီလောက် ရှိပါတယ်။ ပြိုကျတာဆိုရင်တော့ မျောပါတာနဲ့ အတူတူပဲ ဖြစ်သွားပြီပေါ့။ အလုံးလိုက်ကြီး ကျွတ်ပါသွားတာကို ပျက်စီး ပြိုကျထဲမှာပဲ ကျွန်တော်တို့…

Read More

အစ္စရေးအလယ်ပိုင်းထိ ဟူသီသူပုန်အဖွဲ့က ဒုံးကျည်နဲ့ တိုက်ခိုက်

  တဲလ်အဗစ်၊ စက်တင်ဘာ-၁၆-၂၀၂၄ ရတီ(VOM) အစ္စရေးနိုင်ငံ အလယ်ပိုင်းကို ဟူသီသူပုန်အဖွဲ့က ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဒီလုပ်ရပ်အတွက် လက်တုံ့ပြန်မယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ကတိပြုပြောဆိုလိုက်ပါတယ်။ ဒုံးကျည်ဟာ လူမနေတဲ့ဒေသမှာ ပြီးခဲ့တဲ့နေ့အစောပိုင်းက ကျရောက်ခဲ့တာဖြစ်ပြီး ထိခိုက်ပျက်စီးမှုတွေ မရှိဘူးလို့ အစ္စရေးစစ်တပ်က ပြောဆိုထားပေမယ့် ဒါဟာ အစ္စရေးလေပိုင်နက်ထဲ ဒုံးကျည်မဝင်ရောက်မီ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေက မဟန့်တားနိုင်ခဲပတာဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုဟာ ယီမင်ကနေ မိုင်ပေါင်း ၁၂၄၀ ဝန်းကျင်အကွာရှိ အစ္စရေးအလယ်ပိုင်းကို ဟူသီတို့ရဲ့ ပထမဆုံးအကြိမ် တိုက်ခို်ကမှုလည်း ဖြစ်ပါတယ်။ အစ္စရေးပိုင်နက်ထဲထိ ဒုံးကျည်ဘယ်လို ကျရောက်ပေါက်ကွဲခဲ့လဲဆိုတာကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ အစ္စရေးစစ်တပ်က ဆိုပါတယ်။ စစ်ဆင်ရေးဟာ အစ္စရေးရဲ့ ကြားဖြတ်ဟန့်တာမှုစနစ်တွေကို ကျော်လွှားနိုင်ကြောင်း ပြသလိုတာကြောင့် အသံထက်မြန်တဲ့ ဒုံးကျည်အမျိုးအစားသစ်ကို အသုံးပြုခဲ့တယ်လို့ ယီမင်အခြေစိုက် ဟူသီသူပုန်အဖွဲ့က အခိုင်အမာဆိုပါတယ်။ ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ ယီမင်မှာ ဟူသီသူပု်နအဖွဲ့က နယ်မြေအများအပြားကို…

Read More

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(စက်တင်ဘာ – ၁၆ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar #ရွှေဈေး -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၅၈၄ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၅၂၀၉၆၆၂ ကျပ် ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၆၈၀၀၀၀၀ ကျပ် ဝယ်ဈေး ၆၇၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၆၆၀၀၀၀၀ ကျပ် ဝယ်ဈေး ၆၅၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” (ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။) #နိုင်ငံခြားငွေလဲလှယ်နှုန်း -မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း အမေရိကန် တဒေါ်လာ…

Read More

ဒေါ်နယ်ထရန့်ကို ပစ်ခတ်လုပ်ကြံဖို့ ကြိုးပမ်းပြန် ၊ သေနတ်သမားကို ဖမ်းမိထား

ဝါရှင်တန်၊ စက်တင်ဘာ-၁၆-၂၀၂၄မျိုးဆက်(VOM)အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်ဟာ ဖလော်ရီဒါရှိ သူ့ရဲ့ဂေါက်ကွင်းမှာ သေနတ်သမားတယောက်က လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုကနေ လွတ်မြောက်ခဲ့ပြီး သမ္မတဟောင်း ဘေးကင်းတယ်လို့ အမေရိကန် အက်ဖ်ဘီအိုင်က ပြောပါတယ်။သမ္မတဟောင်း ထရန့်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လကလည်း ပင်ဆယ်ဗေးနီးယားပြည်နယ် မဲဆွယ်စည်းရုံးပွဲမှာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံဖို့ ကြိုးပမ်းခံခဲ့ရပြီး ဒဏ်ရာရရှိခဲ့ပါတယ်။ထရန့် ဂေါက်ကစားနေ ကျင်းတခုအနီးက ချုံပုတ်တွေထဲမှာ အေကေ ၄၇ ပုံစံ သေနတ်ပြောင်းတခု ထွက်လာတာကို ထရန့်ရဲ့ လျှို့ဝှက်လုံခြုံရေးအေးဂျင့်တယောက်က မြင်တွေ့ပြီးနောက် သေနတ်နဲ့ ပစ်ခတ်ခဲ့ချိန်မျာ သေနတ်သမားက ထွက်ပြေးသွားခဲ့ပါတယ်။သေနတ်သမားစီးနှင်းသွားတဲ့ အနက်ရောင်နစ်ဆန်းကားကို မျက်မြင်သက်သေတယောက်က မြင်တွေ့မှတ်သားပြီး ရဲတပ်ဖွဲကို အကြောင်းကြားခဲ့ရာမှာ သံသယရှိသူ သေနတ်သမားကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ဂေါက်ကွင်းအစပ်က ခြုံထဲမှာတော့ သေနတ်တလက် ၊ မှန်ဘီလူး၊ ကျောပိုးအိတ်နဲ့ ဂိုးပရိုကင်မရာတလုံးတို့ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သေနတ်သမားဟာ အသက် ၅၀ ကျော်အရွယ် Ryan Wesley Routh…

Read More

This Day in History

Voice of Myanmarအီရန်နိုင်ငံ တာဘက်စ်ဒေသတွင် ပြင်းအား ၇ ဒသမ ၇ ငလျင်တခု ၁၉၇၈ ခုနှစ် စက်တင်ဘာ ၁၆ ရက်က လှုပ်ခတ်ခဲ့မှုကြောင့် လူနှစ်သောင်းကျော် သေဆုံးပြီး ပျက်စီးဆုံးရှုံးမှု များစွာ ဖြစ်ပေါ်ခဲ့သည်။

Read More

အင်းလေးဒေသရေကြီးမှု နှစ်ပေါင်း ၃၀ ကျော်အတွင်း အဆိုးရွားဆုံး အခြေအနေဖြစ်

စက်တင်ဘာ ၁၅ – ၂၀၂၄ SN (VOM) ရှမ်းပြည်‌နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရေကြီးမှု နှစ်ပေါင်း ၃၀ ကျော်အတွင်း အဆိုးရွားဆုံး အခြေအနေကို ရောက်ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်မှ စတင်ကာ ရေကြီးမှုတွေ ဖြစ်ပေါ်နေပြီး လက်ရှိမှာ အင်းလေးဖေါင်တော်ဦးဘုရားနဲ့ အင်းလေးဒေသ ရွာပေါင်း ၂၀၀ နီးပါးလောက် ရေဘေးသင့်နေတယ်လို့ သိရပါတယ်။ “အခုအခြေအနေဟာ လွန်ခဲ့တဲ့ ၁၉၉၂ ခုနှစ်က ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးမှုထက် အမြင့်ဆုံးရေမှတ် ၃ ပေခန့် ကျော်လွန် နစ်မြုပ်နေတာဖြစ်ပါတယ်။ ပြီးတော့ ဒီအင်းလေးကန်အတွင်း ရေဝင်ရောက်နစ်မြုပ်မှုဟာ မြန်မာပြည်ဒေသအသီးသီးကို ရေဝင်ရောက်တဲ့ ပုံစံနဲ့မတူဘဲ ရက်ပေါင်း လနဲ့ချီ ကြာမြင့်တတ်ပါတယ်” လို့ ဒေသခံ ဆရာတော်တပါးက မိန့်ကြားပါတယ်။ မြန်မာပြည်ဒေသအသီးသီးက…

Read More

တပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန် ဈေးကွက်

စက်တင်ဘာ ၁၅ – ၂၀၂၄SS (VOM)အခုတပတ်မှာလည်း အခြေခံစားသောက်ကုန် ဈေးနှုန်းတွေဟာ ပြန်လည် ကျဆင်းလာခြင်း မရှိသေးတဲ့အပြင် တက်ရှိန်ကောင်းနေဆဲ ဖြစ်ပါတယ်။ အရင်တပတ်က အနည်းငယ် အကျရှိခဲ့တဲ့ စက်သုံးဆီဈေးတွေလည်း ကျပ် ၁၀၀ ဝန်းကျင်လောက် ပြန်တက်လာပါတယ်။ဩဂုတ်လ ဒုတိယပတ်အတွင်း ရွှေနဲ့ ဒေါ်လာဈေးတွေ စံချိန်တင် မြင့်တက်ခဲ့လို့ “ကျွဲကူး ရေပါ” ဆိုသလို ကုန်ဈေးနှုန်းတွေပါ လိုက်ပါ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုရက်ပိုင်း ရွှေနဲ့ ဒေါ်လာဈေး ပြန်လည် ကျဆင်းလာခဲ့ပြီဖြစ်ပေမယ့် ကုန်ဈေးနှုန်းတွေကတော့ လိုက်ပါ ကျဆင်းလာခြင်းမရှိတဲ့အပြင် ဆက်လက် မြင့်တက်လာနေတာကို တွေ့ရပါတယ်။#ပြည်တွင်းရွှေဈေးနှုန်းပြင်ပဈေးကွက်က အခေါက်ရွှေ ဈေးနှုန်းတွေဟာ အခုတပတ်မှာတော့ တောက်လျှောက် အကျဘက်မှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။ရွှေဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်ကစလို့ ကျပ် သိန်း ၈၀ အောက် ရောက်ရှိလာပြီး…

Read More

ထိုင်ဝမ်ကို စက်လှေနဲ့ခိုးဝင်ဖို့ ကြိုးစားတဲ့ တရုတ်အမျိုးသား ဖမ်းဆီးထိန်းသိမ်းခံရ

တိုင်ပေ၊ စက်တင်ဘာ-၁၅-၂၀၂၄ရတီ(VOM)ထိုင်ဝမ်ကို ရေဘာစက်လှေတစင်းနဲ့ တရားမဝင် ဝင်ရောက်ဖို့ကြိုးစားတဲ့ တရုတ်အမျိုးသားတယောက်ကို ထိုင်ဝမ်ကမ်းခြေစောင့်တပ်က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။နယူးတိုင်ပေမြို့ ကမ်းရိုးတန်းကနေ မီတာ ၁၀၀ အကွာမှာ ဖြတ်ကျော်ဝင်ရောက်ဖို့ ကြိုးစားတဲ့ တရုတ်အမျိုးသားကို တွေ့ရှိခဲ့တာဖြစ်ပြီး သူဟာ တရုတ်မှာ အကြွေးတွေရှိနေတာကြောင့် ထိုင်ဝမ်မှာ ဘ၀သစ်စလိုတယ်လို့ အဲဒီအမျိုးသားကဆိုပါတယ်။လက်ရှိမှာတော့ ရေဓါတ်ခမ်းခြောက်တဲံ လက္ခဏာတွေကြောင့် သူ့ကို ဆေးရုံပို့ပေးထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သူ့ရဲ့ စက်လှေဟာ ရေဒါစနစ်က ဖမ်းမိဖို့အလွန်သေးငယ်တယ်လို့ ကမ်းခြေစောင့်တပ်က ပြောပါတယ်။ထိုင်ဝမ်ကို ခိုးဝင်ဖို့ကြိုးပမ်းတဲ့ တရုတ်နိုင်ငံသားတွေနဲ့ ပတ်သက်ပြီး ထိုင်ဝမ်အာဏာပိုင်တွေက သတိပေးချက် တိုးမြှင့်ထားချိန်မှာ အခုလို ဝင်ရောက်ဖို့ ကြိုးစားမှု ဖြစ်ပွားခဲ့တာပါတယ်။ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း တရုတ်ရေတပ် အရာရှိဟောင်းတယောက်ဟာ စက်လှေငယ်တစင်းနဲ့ နယူးတိုင်ပေကို ဝင်ရောက်ဖို့ ကြိုးစားခဲ့တာကြောင့် ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုင်တယ်လို့ တရုတ်နိုင်ငံက အခိုင်အမာဆိုထားပြီး ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ရင် အားအားသုံးနိုင်တယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။…

Read More

ရန်ကုန်မြစ်အတွင်း ထူးကဲဒီရေတက်နိုင်ပြီး မိုးရွာသွန်းမှုမများရင် စိုးရိမ်စရာမလို

စက်တင်ဘာ ၁၅ – ၂၀၂၄SN (VOM)ရန်ကုန်မြစ်အတွင်း စက်တင်ဘာ ၁၇ ရက်မှ ၂၃ ရက်အထိ ကာလအတွင်း ထူးကဲဒီရေ မြင့်တက်လာနိုင်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အသိပေး ထုတ်ပြန်ထားပြီး အဲဒီရက်တွေမှာ မိုးရွာသွန်းမှုမများရင်တော့ ရေကြီးရေလျှံမှုအတွက် စိုးရိမ်စရာမလိုဘူးလို့ မိုးလေဝသဆိုင်ရာ လေ့လာသူတွေက ပြောပါတယ်။ထူးကဲဒီရေမြင့်တက်မှုမှာ အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ ၂၀ ခန့်မှ ၂၁ ပေခန့်အထိ ရောက်ရှိနိုင်ပြီး ရန်ကုန်မြစ်ကမ်းအနီး နေထိုင်သူတွေ ကြိုတင်ပြင်ဆင်နိုင်ကြဖို့ သတိပေး ထုတ်ပြန်ရခြင်းဖြစ်တယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ဆိုပါတယ်။ဒါပေမယ့် လွန်ခဲ့တဲ့ ၂၀၁၄ – ၂၀၁၅ ကာလတွေအတွင်းက အခြေခံရေစစ်မျဉ်းအထက် အမြင့် ၂၂ ပေခန့်အထိ မြင့်တက်ခဲ့ဖူးတဲ့အတွက် လတ်တလော အခြေအနေကို စိုးရိမ်စရာမလိုဘဲ အခြေခံရေစစ်မျဉ်းအထက် ကျော်လွန်နေတဲ့အတွက်သာ အခုလို အသိပေး ထုတ်ပြန်ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။မိုးလေဝသ လေ့လာစောင့်ကြည့်သူတယောက်ဖြစ်တဲ့ ဦးဝင်းနိုင်ကတော့ ထူးကဲဒီရေ…

Read More
VOM News

FREE
VIEW