ဆိုင်ကလုန်း “ဒါနာ” အရှိန်ကြောင့် ၂၄ နာရီအတွင်း တိုင်းနဲ့ပြည်နယ် ၁၁ ခုမှာ မိုးကြီးပြီး လေပြင်းတိုက်ခတ်နိုင်

အောက်တိုဘာ ၂၄ – ၂၀၂၄SN (VOM)ဆိုင်ကလုန်းမုန်တိုင်း “ဒါနာ” ရဲ့ အရှိန်ကြောင့် တိုင်းနဲ့ပြည်နယ် ၁၁ ခုမှာ မိုးကြီးပြီး လေပြင်းတိုက်ခတ်မှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒီကနေ့ အောက်တိုဘာ ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။မိုး/ဇလဌာနရဲ့ ဒီကနေ့ နေ့လယ် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလား ပင်လယ်အော် အလယ်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “ဒါနာ” (DANA) ဟာ မြောက် – အနောက်မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ဂွမြို့ (Gwa) ရဲ့ အနောက် – အနောက်မြောက်ဘက် ရေမိုင် ၃၉၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်၊ ဒမ်မရာမြို့ (Dhamara) ရဲ့ တောင်…

Read More

တာချီလိတ်မှာ မိုင်းဖုန်းဆရာတော်တည်ထားတဲ့ ဓာတ်တော်စေတီနဲ့ ဘုရားရုပ်ပွားတော်တွေ ဖျက်ဆီးခံရ

အောက်တိုဘာ-၂၄-၂၀၂၄ ZY(VOM) ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ၊ တတိယပါတ်အတွင်းက မိုင်းဖုန်းဆရာတော်တည်ထားတဲ့ ဓာတ်တော်စေတီနဲ့ ဘုရားရုပ်ပွားတော်တွေ ဖျက်ဆီးခံရမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်းကျေးရွာအုပ်စု၊ နယ်မြေ (က)ရှိ မိုင်းဖုန်းဆရာတော် အညတရဝါသီ အရှင် ညာဏသံဝရ (ခူးဝါးဝန်းစုမ့်) တည်ထားတဲ့ ဓာတ်တော်စေတီရှိ ထီးတော်တွေကို အမည်မသိ လူတစုက ချိုးဖျက်ခဲ့သလို ဘုရားရုပ်ပွားတော်ရဲ့ ဦးခေါင်းတော်တွေကို ဖြတ်ပစ်ဖျက်ဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။ “ဘယ်သူတွေ လုပ်သွားတာလဲတော့ မသိဘူး။ အာဏာပိုင်တွေကတော့ အသည်းအသန် လိုက်စုံစမ်းနေတယ်။ တမင်သက်သက်ဖျက်ဆီးတာလား၊ မူးယစ်ဆေးကြောင်ပြီး လုပ်သွားတာလား တခုခုပေါ့။ အဲဒီနေရာတဝိုက်က ဆေးသမားတွေ များတယ်။ ဦးခေါင်းတော်တွေကို ဖြတ်ထားတာရှိတယ်။ ဆရာတော်ရုပ်ထုရဲ့ ဦးခေါင်းတော်ကိုလည်း ရေးခြစ်သွားတယ်။ ရုပ်ပွားတော်ကိုလည်း တံမျက်စည်းတွေ တင်ထားခဲ့ကြတာ”လို့ သတင်းရင်းမြစ်တယောက်က VOMကို ပြောပါတယ်။ ဓာတ်တော်စေတီ ထီးတော်နဲ့…

Read More

လစာ ၃၅ ရာခိုင်နှုန်း တိုးပေးမယ့် ကမ်းလှမ်းချက် ဘိုးအင်းလေယာဉ်ကုမ္ပဏီ အလုပ်သမားတွေ ပယ်ချ

ဝါရှင်တန်၊ အောက်တိုဘာ-၂၄-၂၀၂၄မျိုးဆက်(VOM)လေးနှစ်အတွင်း လစာ ၃၅ ရာခိုင်နှုန်းတိုးပေးမယ့် ဘိုးအင်းကုမ္ပဏီရဲ့ ကမ်းလှမ်းချက်ကို အလုပ်သမားတွေက အောက်တိုဘာ ၂၄ ရက်မှာ ပယ်ချလိုက်ပါတယ်။ဘိုးအင်းရဲ့ ကမ်းလှမ်းချက်ကို အပြည်ပြည်ဆိုင်ရာ စက်ပြင်ဆရာနဲ့ လေကြောင်းလုပ်သားများသမဂ္ဂအဖွဲ့ဝင် ၆၄ ရာခိုင်နှုန်းက ကန့်ကွက်မဲပေးခဲကြောင်း ထုတ်ပြန်ထားပါတယ်။ ၁၀ နှစ်ကြာ အနစ်နာခံခဲ့ပြီးနောက်မှာ ညှိနှိုင်းဆွေးနွေးမှုတွေ ဆောလျင်စွာပြန်လုပ်နို်ငဖို့ မျှော်လင့်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။ဘိုးအင်းရဲ့ ဝန်ထမ်း သုံးသောင်းကျော်ဟာ ဘိုးအင်းရဲ့ ကနဦး ကမ်းလှမ်းချက်ကို ပယ်ချပြီးနောက် စက်တင်ဘာ ၁၃ ရက်ကစပြီး ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါဟာ လုပ်ငန်းခွင် ဒီမိုကရေစီဖြစ်ပြီး ကုမ္ပဏီအနေနဲ့ အလုပ်သမားတွေကို တနှစ်ထက်တနှစ် ဖိနှိပ်မှုအကျိုးဆက်တွေရဲ့ သက်သေတွေဖြစ်တယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။ဘိုးအင်းအနေနဲ့ ဝယ်လိုအားကျဆင်းမှုနဲ့ အလုပ်သမားတွေရဲ့ သပိတ်ကြောင့်လုပ်ငန်းထိခိုက်ခဲ့ပြီး ပြီးခဲ့တဲ့ သုံးလပတ်အတွင်း ဒေါ်လာ လေးဘီလီယံကျော်ထိ ဆုံးရှုံးခဲ့ပြီး ကုမ္ပဏီအနေနဲ့ လမ်းဆုံးလမ်းခွရောက်နေပြီလို့ ဘိုးအင်း…

Read More

ရေဘေး ပြန်လည်ထူထောင်ဆဲကာလ ကလော တန်ဆောင်တိုင်ပွဲ ကျင်းပမယ့်အပေါ် ဒေသခံတွေ ဝေဖန်

ZY(VOM) အောက်တိုဘာ ၂၄၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်မှာ လက်ရှိကာလအတွင်း သဘာဝဘေးကြောင့် ပြန်လည် ထူထောင်ရေးအတွက် ရုန်းကန်နေဆဲကာလမှာ ကလောတန်ဆောင်တိုင်ပွဲတော် ကျင်းပပြုလုပ်မယ့် အပေါ် ဒေသခံတွေ ဝေဖန်ပြောဆိုနေကြပါတယ်။ ကလောမြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ရက်ကစတင်ပြီး တောင်ကျချောင်းရေတွေ အဆမတန် တက်လာကာ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သလို မြေပြိုမှုတွေလည်း မြို့နယ်အနှံ့အပြားမှာ ဖြစ်ပွားခဲ့ပြီး အဲဒီသဘာဝဘေး ကြောင့် သေဆုံးသူ ၂၅ ယောက်ထက်မနည်း၊ ပျောက်ဆုံးသူ ၄၀ ခန့်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀ ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီဖြစ်စဉ်အတွင်း ရေဘေးသင့်အိမ်ထောင်စု ၉၃၀ ဝန်းကျင်ရှိပြီး အဲဒီထဲက အိမ်ထောင်စု ၂၅၅ စုကတော့ အိမ်ပြိုကျ ပျက်စီးသွားတာကြောင့် ပြန်လည်ထူထောင်ရေးအတွက် လက်ရှိအချိန်ထိ ရုန်းကန်နေဆဲကာလ ဖြစ်ပေမယ့် ဒေသအာဏာပိုင်တွေက ကလောတန်ဆောင်တိုင်(သို့) ၁၉ ကြိမ်မြောက် ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူဇော်…

Read More

တာဇံမင်းသားကြီး ရွန်အီလီ ကွယ်လွန်

ဝါရှင်တန်၊ အောက်တိုဘာ-၂၄-၂၀၂၄မျိုးဆက်(VOM)၁၉၆၀ ခုနှစ်များက အောင်မြင်ခဲ့တဲ့ တာဇံဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့တဲ့ အမေရိကန်သရုပ်ဆောင် ရွန်အီလီဟာ အသက် ၈၆ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။ကမ္ဘာကြီးဟာ သူသိဖူးသမျှထဲမှာ အကြီးကျယ်ဆုံးသော အမျိုးသားတယောက်ကို ဆုံးရှုံးလိုက်ရသလို မိမိလည်း ဖခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရပြီလို့ ရွန်အီလီရဲ့ သမီးဖြစ်သူ ခရစ်စတန်ကာဆေးအီလီက သူ့ရဲ့ အင်စတာဂရမ်က နေ ထုတ်ပြန်ပါတယ်။၁၉၆၆ ခုနှစ်ကနေ ၁၉၆၈ ခုနှစ်ထိ အင်န်ဘီစီရုပ်သံကနေ တာဇံဇာတ်လမ်းတွဲတွေကို ထုတ်လွှင့်ပြသခဲ့ပြီး သူ့ရဲ့ စတန့်ပြကွက်နဲ့ သရုပ်ဆောင်မှုတွေအတွင်း အရိုးတွေအများအပြား ကျိုးခဲ့သလို တိရိစာ္ဆန်တွေရဲ့ တိုက်ခိုက်မှုတွေလည်း ခံခဲ့ရပါတယ်။၁၉၈၀ ခုနှစ်မှာတော့ အီလီဟာ အပျော်စီးသင်္ဘောကို အခြေခံရိုက်တဲ့ ဟာသရုပ်ရှင် The Love Boat မှာ ပါဝင်သရုပ်ဆောင်ခဲ့သလို အခြားနာမည်ကြီး တီဗီအစီအစဉ်တွေမှာလည်း ပါဝင်ခဲ့ပါတယ်။သူဟာ ၂၀၀၁ ခုနှစ်မှာ သရုပ်ဆောင်လောကကနေ အနားယူခဲ့ပြီးနောက် လျှို့ဝှက်ဆန်းကြယ် ဝတ္ထုနှစ်ပုဒ်ကို ရေးသားထုတ်ဝေခဲ့ပါတယ်။…

Read More

တူရကီ အာကာသလေကြောင်းကုမ္ပဏီ တိုက်ခိုက်ခံရမှု ငါးယောက်သေပြီး ၂၂ ယောက်ဒဏ်ရာရ

အန်ကာရာ ၊ အောက်တိုဘာ-၂၄-၂၀၂၄ရတီ(VOM)တူရကီနိုင်ငံ မြို့တော်အန်ကာရာအနီး အာကာသလေကြောင်းကုမ္ပဏီတခုရဲ့ ဌာနချုပ်မှာ ပစ်ခတ်တိုက်ခိုက်မှုအတွင်း လူငါးယောက်သေဆုံးသွားပြီး ၂၂ ယောက်ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။တိုက်ခိုက်သူတွေထဲက အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်တို့ သေဆုံးခဲ့ပြီး ဒါဟာ ကာ့ဒ်သူပုန်အဖွဲ့ ပီကေကောရဲ့ လက်ချက်ဖြစ်နိုင်တယ်လို့ တူရကီပြည်ထဲရေးဝန်ကြီး အလီယာလီကာရာက ပြောပါတယ်။ဒီတိုက်ခိုက်မှုဟာ မြို့တော်အန်ကာရာအပြင်ဘက် ကီလိုမီတာ ၄၀ အကွာရှိ တူရကီ အာကာသနဲ့ လေကြောင်းကုမ္ပဏီ တီအေအိုင် ဝင်ပေါက်အနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေနတ်သမားနှစ်ယောက် ထက်မနည်းက ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။သေဆုံးသူ လေးယောက်ဟာ လေကြောင်းကုမ္ပဏီ ဝန်ထမ်းတွေဖြစ်ပြီး ငါးယောက်မြောက် သေဆုံးသူကတော့ အငှားယာဉ်မောင်းတယောက်ဖြစ်တယ်လို့ တူရကီ အာဏာပိုင်တွေက ပြောပါတယ်။ တိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူ ၂၂ ယောက်ထဲမှာ တူရကီ အထူးတပ်ဖွဲ့ဝင် ခုနှစ်ယောက်ပါဝင်တယ်လို့ ဆိုပါတယ်။ဒီတိုက်ခိုက်မှုကို ကြိုးကိုင်လုပ်ဆောင်ခဲ့ကြောင်း လက်ရှိချိန်ထိ ဘယ်အဖွဲ့ကမှ ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။ ဒီအတောအတွင်း အီရတ်မြောက်ပိုင်းနဲ့ ဆီးရီးယားမြောက်ပိုင်းရှိ ကာ့ဒ်သူပုန်ပစ်မှတ်တွေကို…

Read More

This Day in History

Voice of Myanmarနိုင်ငံတကာ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးတို့အတွက် ကမ္ဘာ့နိုင်ငံများ ပါဝင်သော ကုလသမဂ္ဂကို အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် ၁၉၄၅ ခုနှစ်‌ အောက်တိုဘာ ၂၄ ရက်၌ ဖွဲ့စည်းတည်ထောင်ခဲ့သည်။

Read More

တရုတ်-မြန်မာ ဆက်ဆံရေးနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပထမဦးဆုံးအကြိမ် တရုတ်ပြည်ခရီးစဉ်

အောက်တိုဘာ ၂၃ – ၂ဝ၂၄ KKO(VOM) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လာမယ့် နို၀င်ဘာလအတွင်းမှာ တရုတ်နိုင်ငံသို့ချစ်ကြည် ရေးခရီးစဉ်သွားရောက်မယ်ဆိုတဲ့ သတင်းတွေဟာ အခုလပိုင်းအတွင်းမှာကျယ်ပြန့်စွာထွက်ပေါ်လာခဲ့ပါတယ် ။အဲအပြင်ဗိုလ်ချူပ်မှူးကြီးရဲ့တရုတ်ပြည်ခရီးစဉ်မတိုင်မီမှာဖြစ်ပေါ်ခဲ့တဲ့အခြေအနေတွေအပေါ်ကိုကျယ်ပြန့်စွာသုံးသပ်မှု‌တွေလည်းစတင်ထွက်ပေါ်လို့လာခဲ့တာပါ။ ဒီနှစ်ဩဂုတ်လအတွင်းမှာ နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ နေပြည်တော် တွေ့ဆုံပွဲအပြီးမှာ အခုလို သတင်းတွေထွက်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။ အခုဗိုလ်ချူပ်မှုးကြီးမင်းအောင်လှိုင်သွားရောက်မယ်ဆိုတဲ့ တရုတ်ပြည်ချစ်ကြည်ရေးခရီးစဉ်ဟာ ခေတ်သစ် တရုတ်- မြန်မာဆက်ဆံရေးကိုစတင်တော့မယ့်အချိန်အခါလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက တွေးထင်ယူဆထားကြပါတယ်။ “ဒါကတရုတ်နိုင်ငံခြားရေး၀န်ကြီးရဲ့မြန်မာပြည်ခရီးစဉ်အပြီးမှာစတင်ခဲ့တဲ့နွေးထွေးတဲ့ဆက်ဆံရေးကိုအသစ်တဖန်ပြန်လည်စတင်လိုက်တယ်လို့ပဲ ယူဆရပါတယ်။ခေတ်သစ်တရုတ်-မြန်မာဆက်ဆံရေးကိုစတင်တော့မယ့် အချိန်အခါမှာ ဒီအချက်ကိုလည်းအဓိကထားပြီးဆွေးနွေးရမှာပါ။မြန်မာနဲ့ တရုတ်နှစ်နိုင်ငံလုံးက ကမ္ဘာကြီးရဲ့အရေးကြီးတဲ့အာရှ-ပစိဖိတ်ရပ်၀န်းဒေသမှာယှဉ်တွဲနေထိုင်ကြတဲ့နိုင်ငံတွေဖြစ်ပါတယ်။ဟိုးယခင်ကတည်းက ပြင်ပဖိအားတွေကိုလည်းအတူတူရင်ဆိုင်ခဲ့ရတာဖြစ်တယ်။Win Win Theory အရအတူတူလက်တွဲလုပ်ကိုင်ကြနိုင်မှသာအာရှတိုက်ကြီးဟာငြိမ်းချမ်းစွာနဲ့တည်ရှိမှာဖြစ်ပါတယ်။ဒါမှတရုတ်-မြန်မာချစ်ကြည်ရင်းနှီးစွာဆက်ဆံရေးဟာလည်းအောင်မြင်လာမှာဖြစ်ပါတယ်” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတယောက်က သူရဲ့သဘောထားအမြင်ကို မှတ်ချက်ပြု ပြောပြခဲ့ပါတယ်။ တရုတ်-မြန်မာဆက်ဆံရေးကိုပြန်လည်သုံး သပ်ရရင် ၁၉၈၈ ခုနှစ်၊စက်တင်ဘာလ ၁၈ ရက်နေ့လောက်ကစပြီးအကြမ်းဖျင်းသုံးသပ်ကြည့်သင့်တယ်လို့ ဆိုပါတယ်။ ၁၉၈၈ ခုနှစ်ပြည်တွင်းမှာ သပိတ်မှောက်မှုပေါင်းစုံနဲ့အတူ ထိုစဉ်ကအုပ်ချူပ်နေတဲ့…

Read More
VOM News

FREE
VIEW