ဝါရှင်တန်၊ အောက်တိုဘာ-၂၄-၂၀၂၄
မျိုးဆက်(VOM)
လေးနှစ်အတွင်း လစာ ၃၅ ရာခိုင်နှုန်းတိုးပေးမယ့် ဘိုးအင်းကုမ္ပဏီရဲ့ ကမ်းလှမ်းချက်ကို အလုပ်သမားတွေက အောက်တိုဘာ ၂၄ ရက်မှာ ပယ်ချလိုက်ပါတယ်။
ဘိုးအင်းရဲ့ ကမ်းလှမ်းချက်ကို အပြည်ပြည်ဆိုင်ရာ စက်ပြင်ဆရာနဲ့ လေကြောင်းလုပ်သားများသမဂ္ဂအဖွဲ့ဝင် ၆၄ ရာခိုင်နှုန်းက ကန့်ကွက်မဲပေးခဲကြောင်း ထုတ်ပြန်ထားပါတယ်။ ၁၀ နှစ်ကြာ အနစ်နာခံခဲ့ပြီးနောက်မှာ ညှိနှိုင်းဆွေးနွေးမှုတွေ ဆောလျင်စွာပြန်လုပ်နို်ငဖို့ မျှော်လင့်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။
ဘိုးအင်းရဲ့ ဝန်ထမ်း သုံးသောင်းကျော်ဟာ ဘိုးအင်းရဲ့ ကနဦး ကမ်းလှမ်းချက်ကို ပယ်ချပြီးနောက် စက်တင်ဘာ ၁၃ ရက်ကစပြီး ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါဟာ လုပ်ငန်းခွင် ဒီမိုကရေစီဖြစ်ပြီး ကုမ္ပဏီအနေနဲ့ အလုပ်သမားတွေကို တနှစ်ထက်တနှစ် ဖိနှိပ်မှုအကျိုးဆက်တွေရဲ့ သက်သေတွေဖြစ်တယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။
ဘိုးအင်းအနေနဲ့ ဝယ်လိုအားကျဆင်းမှုနဲ့ အလုပ်သမားတွေရဲ့ သပိတ်ကြောင့်လုပ်ငန်းထိခိုက်ခဲ့ပြီး ပြီးခဲ့တဲ့ သုံးလပတ်အတွင်း ဒေါ်လာ လေးဘီလီယံကျော်ထိ ဆုံးရှုံးခဲ့ပြီး ကုမ္ပဏီအနေနဲ့ လမ်းဆုံးလမ်းခွရောက်နေပြီလို့ ဘိုးအင်း သူဌေးဖြစ်သူ ကယ်လီအောဘက် ပြောပါတယ်။
ဘိုးအင်းရဲ့ နောက်ဆုံးကမ်းလှမ်းချက်ကို အလုပ်သမားတွေက ပယ်ချတာနဲ့ ပတ်သက်ပြီး ကုမ္ပဏီဘက်က မှတ်ချက်ပြုပြောဆိုခြင်းမျိုးမရှိပါဘူး။ သပိတ်မှောက်အလုပ်သမားတွေဟာ အဆိုပြုထားတဲ့ ကမ်းလှမ်းချက်ကို ပယ်ချတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး ယခင်လက ကမ်းလှမ်းချက်ကိုတော့ အလုပ်သမား ၉၅ ရာခိုင်နှုန်းက ပယ်ချခဲ့ပါတယ်။
Ref:BBC
Photo:Reuters
Related posts
-
ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲ ဆော်ဒီနဲ့ ယူအေအီးမှာ ပြုလုပ်ဖွယ်ရှိ
မော်စကို၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတပူတင်တို့အကြား ထိပ်သီးဆွေးနွေးပွဲကို ဆော်ဒီအာရေဗျနဲ့ ယူအေအီးတို့မှာ... -
နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ (USAID) ကို ပိတ်ဖို့လုပ်နေတယ်လို့ အီလွန်မတ်ပြော
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ(USAID) ကို ပိတ်ပစ်ဖို့ လုပ်ဆောင်နေတယ်လို့... -
ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အမေရိကန်ရဲ့ အခွန်ကောက်ခံမှု ရက် ၃၀ ဆိုင်းငံ့ပေး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အိမ်နီးချင်းနှစ်နိုင်ငံနဲ့ နယ်စပ်လုံခြုံရေး၊ ရာဇဝတ်မှုတိုက်ဖျက်ရေးတွေနဲ့ပတ်သက်ပြီး လိုလျောညီထွေ...