အိန္ဒိယ လေကြောင်းလိုင်းတွေကို ဗုံးခြိမ်းခြောက်မှု ၃၀၀ နီးပါးထိရှိခဲ့လို့ အစိုးရက သတိပေးချက်ထုတ်ပြန်

ဒေလီ၊ အောက်တိုဘာ-၂၇-၂၀၂၄မျိုးဆက်(VOM)အိန္ဒိယနိုင်ငံမှာ ယခုလအတွင်း လေကြောင်းလိုင်းတွေအပေး ဗုံးခြိမ်းခြောက်မှုတွေ မြင့်တက်ခဲ့ပြီး ခရီးသွားလာမှုနဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ အစိုးရက ပြောကြားပြီးနောက် သတင်းမှားတွေဖြန့်ဝေတာတွေနဲ့ ပတ်သက်ပြီး လူမှုကွန်ရက် ပလက်ဖောင်းတွေကို သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။အချို့သော ခြိမ်းခြောက်မှုတွေဟာ လေယာဉ်တွေကို ဂျာမနီ၊ ကနေဒါတို့ကို လမ်းကြောင်းပြောင်းစေခဲ့ပြီ ဗြိတိန်နဲ့ စင်ကာပူ ခရီးစဉ် လေယာဉ်အချို့ဆိုရင် တိုက်လေယာဉ်တွေပါ ချဉ်းကပ်စောင့်ကြပ်ခဲရတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။အောက်တိုဘာလလယ်ကတည်းက အိန္ဒိယလေကြောင်းလိုင်းတွေမှာ ဗုံးခြိမ်းခြောက်မှု ၃၀၀ နီးပါး ရှိတယ်လို့ ပီတီအိုင်သတင်းဌာနက ဖော်ပြထားပြီး တခြားသတင်းဌာနအချို့ကတော့ ဗုံးခြိမ်းခြောက်မှု ၄၀၀ ကျော်ထိ ရှိခဲ့တယ်လို့ ဆိုကြပါတယ်။ဒီလို မသမာတဲ့ရည်ရွယ်ချက်နဲ့ ဗုံးခြိမ်းခြောက်မှုတွေဟာ နိုင်ငံနဲ့ အများပြည်သူမတည်မငြိမ်ဖြစ်ပြီး စီးပွားရေးကိုလည်း ထိခိုက်စေပြီး သတင်းမှားတွေဟာ အထိန်းအကွပ်မရှိ ပြန့်နှံ့နေတယ်လို့ အိန္ဒိယ ပြန်ကြားရေးဝန်ကြီးဌာနက ပြောပါတယ်။လူမှုကွန်ရက် ပလက်ဖောင်းတွေအနေနဲ့ သတင်းမှားတွေကို ချက်ချင်းဖယ်ရှားဖို့ လုပ်ဆောင်ရမှာဖြစ်ပြီး ဒါကို မလိုက်နာဘူးဆိုရင်…

Read More

ထိုင်ဝမ်ကို အမေရိကန်က လက်နက်တွေရောင်းမယ့်ကိစ္စ တန်ပြန်အရေးယူမယ်လို့ တရုတ်သတိပေး

ပေကျင်း၊ အောက်တိုဘာ-၂၇-၂၀၂၄မျိုးဆက်(VOM)အမေရိကန်က ထိုင်ဝမ်ကို ဒေါ်လာနှစ်ဘီလီယံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများရောင်းချမယ့် အစီအစဉ်ကို တရုတ်နိုင်ငံက အပြင်းအထန်ကန့်ကွက်လိုက်ပြီး တရုတ်ရဲ့ အချုပ်အခြာနဲ့ နယ်မြေပိုင်ဆိုင်မှုကို ကာကွယ်ဖို့ တန်ပြန်အရေးယူမှုတွေ ပြုလုပ်မယ်လို့ သတိပေးလိုက်ပါတယ်။ထိုင်ဝမ်နဲ့ အမေရိကန်တို့အကြား တရားဝင်သံတမန်ဆက်ဆံရေး ထားရှိခြင်းမရှိပေမယ့် တရုတ်ရဲ့ စစ်ရေးဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်အတွက် ခုခံကာကွယ်ဖို့အတွက် တရုတ်ရဲ့ ကန့်ကွက်မှုတွေကြားကပဲ ထိုင်ဝမ်အတွက် ကာကွယ်ရေးပစ္စည်းတွေကို အမေရိကန် ပေးအပ်နေပါတယ်။ယူကရိန်းမှာ စမ်းသပ်နေတဲ့ အဆင့်မြင့်လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်တွေ ပထမဆုံးပေးပို့မှုပါဝင်တဲ့ ဒေါ်လာ နှစ်ဘီယံတန်ဖိုးရှိ လက်နက်ရောင်းချမယ့် အစီအစဉ်ကို အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ပြီးခဲ့တဲ့နေ့မှာ အတည်ပြုခဲ့ပါတယ်။ဒီနောက်မှာတော့ လက်နက်ရောင်းချမှုနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ပြတ်ပြတ်သားသားဆန့်ကျင်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သတိပေးလာပါတယ်။ထိုင်ဝမ်ရေလက်ကြားမှာ လက်နက်တပ်ဆင်တာတွေကို ရပ်တန့်ဖို့နဲ့ ရေလက်ကြား တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်စေတဲ့ အန္တရာယ်ရှိတဲ့ လုပ်ဆောင်ချက်တွေကို ရှောင်ရှားဖို့ တရုတ်က အမေရိကန်ကို တိုက်တွန်းထားပါတယ်။Ref:BBCPhoto:Reuters

Read More

နာလန်ထူနိုင်ဖွယ်မရှိသေးတဲ့ မြန်မာ့ခရီးသွားကဏ္ဍ

အောက်တိုဘာ-၂၇-၂၀၂၄ SS (VOM) ကိုဗစ်နဲ့ နိုင်ငံရေးအပြောင်းအလဲ နောက်ဆက်တွဲ မတည်ငြိမ်မှုတွေကြောင့် လွန်ခဲ့တဲ့ ၂၀၂၀ နှစ်ဆန်းပိုင်းကတည်းက ရပ်တန့်လုနီးပါး ဖြစ်သွားတဲ့ မြန်မာ့ခရီးသွားလုပ်ငန်းဟာ လက်ရှိအချိန်ထိ ပုံမှန်အခြေအနေကို ပြန်မရောက်သေးပါဘူး။ မြန်မာနိုင်ငံမှာ နိုင်ငံခြားသားတွေ စိတ်ဝင်တစား လည်ပတ်စရာ နေရာ ၃၀ ထက်မနည်းရှိနေပါတယ်။ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးတဲ့နောက် ပြည်ပခရီးသွားအများစုဟာ ရွှေတိဂုံစေတီရှိတဲ့ ရန်ကုန်အပါအဝင် မန္တလေး၊ ပုဂံ၊ ကလောနဲ့ အင်းလေးဒေသတို့ကိုသာ အများဆုံး သွားရောက်ကြပါတယ်။ ဒါပေမယ့် အခုနှစ်မှာတော့ အန္တရာယ်ရှိ ခရီးသွား သတိပေးချက်တွေ၊ နယ်မြေမတည်ငြိမ်မှုတွေအပြင် ရေကြီးရေလျှံမှုတွေပါ ဖြစ်ပေါ်ခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင် ခရီးသွားလာနိုင်တဲ့ နေရာဒေသ အင်မတန် နည်းပါးသွားတာ ဖြစ်ပါတယ်။ လက်ရှိ အခြေကနေနဲ့ကတော့ ပုဂံ၊ မန္တလေး၊ ချောင်းသာ၊ ငွေဆောင်နဲ့ မြိတ်ကျွန်းစုဒေသတွေဆီကိုသာ အဓိက ခရီးသွားလာလို့ ရနိုင်မှာဖြစ်တယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေအကြား…

Read More

1027 နှစ်ပတ်လည်‌နေ့မှာ နမ့်ခမ်း စခန်းသစ်အနီး နဲ့ လောက်ကိုင်ကို ဗုံးကြဲ

အောက်တိုဘာ ၂၇၊ ၂၀၂၄ Shy V (VOM ) မြောက်ပိုင်းမဟာမိတ်ညီနောင်ရဲ့ 1027 စစ်ဆင်ရေး နှစ်ပတ်လည် ဒီနေ့ အောက်တိုဘာလ ၂၇ ရက်နေ့မှာ TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်း စခန်းသစ် အနီး နဲ့ MNDAA ထိန်းချုပ်ထားတဲ့ လောက်ကိုင်ကို လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက် ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “နမ့်ခမ်း လေယာဉ်နဲ့ ဗုံး လာကြဲ သွားတယ် ဟုတ်တယ်။ ဒီမနက် ၇ နာရီကေျာ်လောက်က။ ထမင်းစားနေတုန်းရှိသေးတယ် လက်တောင် မဆေးအားဘူး ဗုံးခိုကျင်းထဲ ပြေးပုန်းရတယ်။ အခုထိ လူဝောင်တုန်နေတယ်” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ လေယာဉ် ဗုံးက စခန်းသစ် ဘက်က လွယ်ဆာရွာရွာဘက် နဲ့ မန့်ဝိန်းကြီး တံတားဘက်ကျတယ်လို့ သိရပြီး…

Read More

အစ္စရေးရဲ့ တိုက်ခိုက်မှုအပြီး ခုခံကာကွယ်ခွင့် ရှိတယ်လို့ အီရန်ထုတ်ပြန်

တီဟီရန်၊ အောက်တိုဘာ-၂၇-၂၀၂၄မျိုးဆက်(VOM)အစ္စရေးရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့လေးယောက်သေဆုံးခဲ့ပြီး အရှေ့အလယ်ပိုင်းမှာ စစ်ပွဲသစ်ဖြစ်လာမှာကို စိုးရိမ်ပူနေကြချိန်မှာ အီရန်က ခုခံကာကွယ်သွားမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။တိုက်ခိုက်မှုကို တုံ့ပြန်မယ်ဆိုရင် အီရန်အနေနဲ့ တန်ဖိုးကြီးကြီး ပေးဆပ်ရမယ်လို့ အစ္စရေးက သတိပေးထားပြီး အမေရိကန်၊ ဂျာမနီ၊ ဗြိတိန်တို့ကတော့ ပဋိပက္ခတွေ နောက်ထပ်ကြီးထွားမလာစေဖို့ တိုက်တွန်းထားကြပါတယ်။ပြီးခဲ့တဲ့နေ့ အရုဏ်မတက်ခင်က အစ္စရေးရဲ့ တိုက်ခိုက်မှုမှာ အီရန်စစ်ဘက်ပစ်မှတ်တွေကလွဲပြီး ကျန်တာတွေ မထိခိုက်ဖို့ မျှော်လင့်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။ ထိန်းချုပ်မရတဲ့ အခြေအနေမျိုးထိ တင်းမာမှုတွေမဖြစ်ဖို့ ဥရောပသမဂ္ဂကလည်း တိုက်တွန်းပါတယ်။တိုက်ခိုက်မှုအတွင်း တီဟီရန်တဝိုက်မှာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ဒေသအများအပြားရှိ အီရန်ဒုံးကျည်စက်ရုံနဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေ ပျက်စီးခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။အစ္စရေးဟာ မြို့တော်ဝိုက်နဲ့ အခြားနေရာတွေရှိ စစ်စခန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ အီရန်ကလည်း အတည်ပြုထားပါတယ်။အစ္စရေးရဲ့ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အီရန်ရဲ့ အိမ်နီးချင်းနိုင်ငံတွေက ရှုတ်ချခဲ့ပါတယ်။ ခုခံကာကွယ်ဖို့အခွင့်အရေးနဲ့ တာဝန်အပြည့်ရှိတယ်လို့ အီရန်က…

Read More

This Day in History

Voice of Myanmarအီဂျစ်နှင့် အစ္စရေးတို့အကြား ငြိမ်းချမ်းရေးသဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့သည့် ကမ့်ဒေးဗစ်သဘောတူညီချက် စေ့စပ်ညှိနှိုင်းမှုများအတွက် အီဂျစ်သမ္မတ အန်ဝါဆာဒက်နှင့် အစ္စရေးဝန်ကြီးချုပ် မီနာချမ်ဘီဂင်တို့သည် ၁၉၇၈ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခံခဲ့ရသည်။

Read More
VOM News

FREE
VIEW