မန္တလေးက နာမည်ကြီး ပရဟိတ ဥက္ကဋ္ဌ နဲ့ အသင်းသား‌တွေ အဖမ်းခံရ



မန္တလေး၊ အောက်တိုဘာ ၃၀-၂၀၂၄
Voice Of Myanmar(VOM)

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုအကျဉ်းထောင်အနီးက ပရဟိတမင်းခေါင် အမည်ရှိတဲ့ လူမူကူညီရေးအသင်းရဲ့ ဥက္ကဋ္ဌနဲ့ အသင်းသားတွေ ဖမ်းဆီးခံထားရတယ်လို့ လုံခြုံရေးအဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

လုံခြုံရေးအဖွဲ့နဲ့နီးစပ်သူတဦးကတော့ ” ဟုတ်ပါတယ်၊ ကိုခင်မောင်တင့် အပါ ၆ဦးပါ၊ သူတို့က မြင်းမူ၊ မြောင်၊ ဆားတောင် ပကဖ၊PDF တွေနဲ့အချိတ်အဆက်ရှိနေလို့ ထိန်းသိမ်းတာပါ”လို့ ပြောပါတယ်။

ပရဟိတမင်းခေါင် လူမှုကူညီရေးအသင်းနဲ့ နီးစပ်သူကလည်း ” ဦးတင့် ပျောက်သွားတာ ပြီးခဲ့တဲ့ အောက်တိုဘာ (၂၆)ရက်ကတည်းကလို့ သိရတယ်၊ ခရီးထွက်ရမယ် ပြောပြီးနောက်ပိုင်း ပျောက်သွားတာ၊ ဖမ်းခံရတာလား ဘာလားဆိုတာ ဘာမှမသိရ သေးပါဘူး”လို့ ပြောပါတယ်။

လူမှုကွန်ယက်စာမျက်နှာအချို့မှာ တော့ ပရဟိတမင်းခေါင် အသင်းရုံးကို အရပ်ဝတ်နဲ့လူတချို့က ဝင်ရောက်ပြီး အသင်းဝင်တွေကို လာရောက်ဖမ်းဆီးသွားတယ်လို့လည်း ဖော်ပြထားတာကို တွေ့ရပါတယ်။

ပရဟိတမင်းခေါင် လူမူကူညီရေးအသင်းရဲ့ ဥက္ကဋ္ဌ ဦးခင်မောင်တင့်ဟာ နစက တက်လာပြီးနောက် ဖမ်းဆီးေထာင်ချခံရဖူးပြီး၊ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့သူ ဖြစ်ပါတယ်။

ပြီးတဲ့လကလည်း ပရဟိတအသင်းတခုက အသင်းသားတယောက်ဟာ pdf တွေနဲ့ ဆက်နွယ်လို့ဆိုပြီး ဖမ်းဆီးခံခဲ့ရပါသေးတယ်။

Photo – ၂၀၂၁ခုနှစ်က ပုံဟောင်း

Related posts

Leave a Comment

VOM News

FREE
VIEW