ကွတ်ခိုင်က TNLA တပ်စခန်းတွေကို MNDAA ထိုးစစ်ဆင်

မတ် ၁၄၊၂၀၂၆
NN(VOM)
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ နယ်ထဲက TNLA တပ်စခန်းတွေကို MNDAA တပ်ဖွဲ့က ဒီမနက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့လို့ တိုက်ပွဲတွေဖြစ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။
ကွတ်ခိုင်မြို့အထွက်က ရှုခင်းသာ ၊ပန်ဖတ်ရွာ နဲ့ ကောင်းခါးရွာ လမ်းခွဲနေရာတွေမှာ တိုက်ပွဲတွေဖြစ်နေတာလို့ မြို့ခံတွေကပြောပါတယ်။
“မနက်ကတည်းက အခုထိ အသေးအကြီးအသံတွေစုံနေတာပဲ။ အကုန်လုံး တံခါးပိတ်ပြီး နေနေရတယ်။ ကျောင်းတွေ စျေးတွေ အကုန်ပိတ်ထားပြီ” လို့ ကွတ်ခိုင်မြို့ခံတယောက်ကပြောပါတယ်။
တိုက်ပွဲကြောင့် TLEC ပညာရေး လက်အောက်ကနေ ကျင်းပနေတဲ့ စာပေးပွဲတွေလည်း ရပ်လိုက်ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
MNDAA ဘက်က TNLA တပ်ဖွဲ့ စခန်းတွေ ကို ဝိုင်းပတ်ပိတ်ဆို့ထားပြီး မြို့ပေါ်ရပ်ကွက်က TNLA တပ်ဖွဲ့စခန်းတွေကိုလည်း ဒရုန်းနဲ့ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
TNLAနဲ့ MNDAA တပ်ဖွဲ့တွေဟာ စစ်ရေး မဟာမိတ်တွေဖြစ်ပြီရ ၁၀၂၇ မြို့သိမ်းတိုက်ပွဲတွေကို အတူဖော်ဆောင်ခဲ့ကြတဲ့ အဖွဲ့တွေဖြစ်ပါတယ်။
ပြီးခဲ့တဲ့လက စပြီး ကွတ်ခိုင်မြို့အတွင်း TNLA နဲ့ MNDAA တပ်ဖွဲ့ကြား နယ်မြေ အငြင်းပွါးမှု တွေဖြစ်ခဲ့ပြီး အခုလို တိုက်ပွဲတွေ ဖြစ်လာတာပါ။

Related posts

Leave a Comment

VOM News

FREE
VIEW