နိုဝင်ဘာ ၅ – ၂ဝ၂၄
KKO(VOM)
ကားလောကရဲ့ ဒိတ်ဒိတ်ကြဲ လူငယ်စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်သူ ကိုကြည်သာဟန် ဖမ်းဆီးထိန်းသိမ်းခံရတာ ဟုတ်မှန်တယ်လို့ သူနဲ့ နီးစပ်တဲ့ကားလုပ်ငန်းရှင်အသိုင်းအဝိုင်းက လုပ်ငန်းရှင်တယောက်က အတည်ပြုပြောကြားလိုက်ပြီး မည့်သည့် အတွက်ကြောင့် အခုလိုဖမ်းဆီးထိန်းသိမ်းခံထားရသည်ဆိုတာကိုတော့ တိတိကျကျ
မသိရသေးဘူးလို့ သူက ဆိုပါတယ်။
“ကိုကြည်သာဟန်အဖမ်းခံရတယ်ဆိုတဲ့ သတင်းတွေထွက်လာတော့ သူတပည့်တွေကို ဖုန်းဆက်မေးကြည့်တဲ့အခါမှာ သူတပည့်တွေကလည်းဒါနဲ့ပတ်သက်လို့ဟုတ်မှန်ကြောင်းပြောပါတယ်။သူတပည့်တွေကလည်း အတော်လေးစိတ်မကောင်းဖြစ်နေတယ်၊ဝမ်းနည်းကြောင်းပဲပြောတယ်၊ဦးတို့
အခုသိရသလောက်ကတော့ သူ့ကိုစစ်ကြောရေးတခုမှာစစ်နေတယ်လို့ကြားတယ်၊ ဘယ်စစ်ကြောရေးမှာလဲဆိုတာကိုတော့မသိဘူးပေါ့နော်၊အဲ့လိုလေးတော့လောလောဆယ်မှာသိတယ်၊ကြားရတယ်”လို့ ပြည်တွင်းရှိ အမည်မဖော်လိုသူ ကားလုပ်ငန်းရှင်တယောက်က VOM ကို ပြောပါတယ်။
ကိုကြည်သာဟန် ဖမ်းဆီးထိန်းသိမ်းခံရတာဟာ EV လျှပ်စစ်ကားတင်သွင်းရောင်းချမှုမှာဈေးကစားတာကြောင့်ဖြစ်နိုင်တယ်လို့ ကားအသိုင်းအဝိုင်းက လုပ်ငန်းရှင်အချို့က သုံးသပ်ထားသလို ပြင်ပမှာထွက်ပေါ်နေတဲ့ သုံးသပ်ပြောဆိုမှုတွေအရ မကြာသေးမီက ဖမ်းဆီးထိန်းခြင်းကို ခံခဲ့ရတဲ့ ဒေါက်တာနေစိုးမောင်အမှုနဲ့ ဆက်စပ်ပတ်သက်မှုကြောင့်လည်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုအချို့လည်း ထွက်ပေါ်နေတာဖြစ်ပါတယ်။
ဆက်လက်ပြီး ကားလုပ်ငန်းရှင်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်ကတော့ ကိုကြည်သာဟန် ဖမ်းဆီးထိန်းသိမ်းခံရတာနဲ့ ပတ်သက်လို့ ဖြစ်နိုင်ချေအရှိဆုံးနဲ့ သူသိရှိရသလောက်ကို အခုလိုပြန်လည်ပြောပြပေးခဲ့ပါတယ်။
“သိရသလောက်က EV ကားကိစ္စမှာ သူကကားဈေးဆွဲတင်တာတွေ ဆွဲချတာတွေလုပ်ပြီးဈေးကစားတယ်ပေါ့၊ကားဈေးကို မသမာမှုလုပ်တယ်ပေါ့လေ၊ဟိုးအရင်ထဲက သူက SKD ကားတွေကိုလည်းနောက်ပေါက်ကနေထုတ်ခဲ့တာရှိတယ်။ ဒါကကားလောကမှာဖြစ်ခဲ့တာပေါ့၊အခုဟာက EV ကားကိစ္စလို့ တော့သိရတယ်။EV ကားကိစ္စမှာသူတော်တော်လေးအကျိုးအမြတ်ရလိုက်တယ်လို့လည်းအကိုတို့ကြားတယ်။သူက EV ကိုဘယ်လိုဝယ်ရမလဲ၊ဘယ်လိုဈေးကစားရမလဲ ၊ဘယ်အသိုင်းအဝိုင်းတွေကိုရောင်းချရ
မလဲဆိုတာကိုလည်းသူကသိတယ်။EV ကားဈေးကစားတယ်ဆိုတာကလည်းသိရသလောက်သူနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းလောက်မှာ သူကဒါကိုဈေးကစားပြီးလုပ်သွား တဲ့အနေအထားပေါ့။ အဲ့ဒါကိုတချို့လုပ်ငန်းရှင်တွေကသူ့ကိုမျက်စောင်းထိုးတဲ့အနေအထားလည်းရှိတယ်။ပြောရရင် SKD တို့ EV တို့ဆိုတာက ပြည်တွင်းမှာလူသိပ်မကြိုက်တဲ့အမျိုးအစားတွေပေါ့၊ ဒါကိုသူကဈေးကွက်မှာဈေးကစားပြီးရအောင်ရောင်းသွားတာပေါ့။နောက်လူကြီးသားတယောက်နဲ့ ရှယ်ယာကိစ္စတခုမှာလည်းသူပါဝင်ပတ်သက်နေတယ်လို့ကြားရတယ်။ငွေပမာဏက တော်တော်လေး များတယ်လို့ပြောတယ်။နောက်ဆုံးကြားရတာကတော့ သူက EV ကားတွေကိုသတ်မှတ်ဈေးနှုန်းထက်ပိုပြီးဈေးတင်ရောင်းတယ်ပေါ့၊အခုသူ့ကိစ္စကသူ့ပတ်ဝန်းကျင်ကလူတွေကိုလည်းသို့လော၊သို့လောတွေဖြစ်ကုန်တာပေါ့၊ တွေးစရာတွေလည်းဖြစ်ကုန်တယ်၊အကိုတို့ထင်တာက EV ကိစ္စမှာဒီလိုလေး မသမာမှုလေးသွားလုပ်လိုက်တာနဲ့ အခုလိုဖြစ်သွားတယ်လို့ထင်တာပါပဲ ၊အခုသူ့ကိုတော့ဒီကိစ္စတွေနဲ့ပတ်သက်လို့စစ်ဆေးနေတယ်ပေါ့၊သူနဲ့ပတ်သက်တဲ့နောက်ဆုံးအခြေအနေကအဲ့ဒါပါပဲ”လို့ ပြည်တွင်းရှိကားလုပ်ငန်းရှင်တယောက်က VOM ကို ထပ်လောင်းပြောပြပါတယ်။
လက်ရှိမှာတော့ ကိုကြည်သာဟန် ဖမ်းဆီး
ထိန်းသိမ်းခံရခြင်းနဲ့ပတ်သက်လို့ သို့လော သို့လောနဲ့ သုံးသပ်မှုတွေများစွာထွက်ပေါ်နေသော်လည်း နစက ဘက်ကတော့ ဒီကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ယနေ့အထိ သတင်းတစုံတရာထုတ်ပြန်ထားတာမျိုးတော့မရှိသေးပါဘူး။
အခုလိုသတင်းတွေထွက်ပေါ်ပြီးနောက်မှာ ဖမ်းဆီးထိန်းသိမ်းခံရတယ်ဆိုတဲ့ကိုကြည်သာဟန် အနေနဲ့ ပြန်လည်လွတ်မြောက်လာမလား၊ဆက်လက်ပဲ ဖမ်းဆီးထိန်းသိမ်းခံရမလားဆိုတာကိုလည်း မှန်းဆရခက်တယ်လို့ ကားလုပ်ငန်းရှင်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ပြောဆိုထားကြပါတယ်။
Photo – Kyi Thar Han(Facebook)
Related posts
-
ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲ ဆော်ဒီနဲ့ ယူအေအီးမှာ ပြုလုပ်ဖွယ်ရှိ
မော်စကို၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတပူတင်တို့အကြား ထိပ်သီးဆွေးနွေးပွဲကို ဆော်ဒီအာရေဗျနဲ့ ယူအေအီးတို့မှာ... -
နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ (USAID) ကို ပိတ်ဖို့လုပ်နေတယ်လို့ အီလွန်မတ်ပြော
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ(USAID) ကို ပိတ်ပစ်ဖို့ လုပ်ဆောင်နေတယ်လို့... -
ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အမေရိကန်ရဲ့ အခွန်ကောက်ခံမှု ရက် ၃၀ ဆိုင်းငံ့ပေး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အိမ်နီးချင်းနှစ်နိုင်ငံနဲ့ နယ်စပ်လုံခြုံရေး၊ ရာဇဝတ်မှုတိုက်ဖျက်ရေးတွေနဲ့ပတ်သက်ပြီး လိုလျောညီထွေ...