အစ္စလာမ္မာဘတ်၊ ဩဂုတ်-၁၆-၂၀၂၅
ရတီ(VOM)
ပါကစ္စတန်နဲ့ ပါကစ္စတန် ထိန်းချုပ်ထားတဲ့ကက်ရှ်မီးယားဒေသတွေမှာ မုတ်သုံမိုးကြောင့် ရေကြီးမှုနဲ့မြေပြိုမှုတွေဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လူ ၂၀၀ နီးပါး သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
Khyber Pakhtunkhwa ပြည်နယ်မှာ ၁၈၀ ယောက် ၊ ပါကစ္စတန်ထိန်းချုပ်ထားတဲ့ကက်ရှ်မီးယားဒေသမှာ ကိုးယောက် ၊ ဂီဂျစ်- ဘော်လ်တစ္စတန်ဒေသမှာ ငါးယောက်သေဆုံးခဲ့ပါတယ်။
ပြည်နယ်တွင်းမှာ နေအိမ် ၃၀ကျော်ပျက်စီးခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေအတွင်း ရဟတ်ယာဉ်တစင်းပျက်ကျခဲ့ကာ အမှုထမ်းငါးယောက် သေဆုံးခဲ့ပါတယ်။ ။ ရဟတ်ယာဉ်ဟာ ဆိုးရွားတဲ့ရာသီဥတုကြောင့် ပျက်ကျတာဖြစ်တယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အမ်-၁၇ အမျိုးအစား ရဟတ်ယာဉ်ဟာ အာဖဂန်နဲ့နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဘက်ဂျာဒေသကို ပျံသန်းစဉ် ပျက်ကျခဲ့တာပါ။ နိုင်ငံအနောက်မြောက်ပိုင်းမှာ ဩဂုတ် ၂၁ ရက်ထိ မိုးသည်းထန်စွာရွာသွန်းမယ်လို့ မိုးလေဝသဌာနက သတိပေးထားပြီး ဒေသအများအပြားကို သဘာ၀ဘေးအန္တရာယ်ဇုန်များအဖြစ် ကြေညာထားပါတယ်။
အိန္ဒိယထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာလည်း ကျေးရွာတရွာမှာ ရေကြီးမှုဖြစ်ပွားခဲ့ပြီး လူ ၆၀ခန့်သေဆုံးခဲ့ပါတယ်။ ဇွန်လမှ စက်တင်ဘာလအတွင်း မုတ်သုံမိုးဟာ တောင်အာရှဒေသရဲ့နှစ်စဉ်မိုးရေချိန် ၇၅ ရာခိုင်နှုန်းထိ ရွာသွန်းခဲ့ပြီး ယခုနှစ်မှာ လူ ၃၀၀ကျော် သေဆုံးခဲ့ပြီဖြစ်ပါတယ်။
ပါကစ္စတန် ပန်ဂျပ်ပြည်နယ်မှာ ယခုနှစ်ဇူလိုင်လက ယခင်နှစ်ထက် မိုးရေချိန် ၇၃ရာ ခိုင်နှုန်းပိုမိုရွာသွန်းခဲ့ပြီး သေဆုံးမှုတွေလည်း ပိုမိုများပြားခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေက ရာသီဥတုပြောင်းလဲမှုကြောင့် မိုးသည်းခြင်း၊ ရေကြီးခြင်းတွေ ပိုမိုပြင်းထန်လာတယ်လို့ သုံးသပ်ထားပါတယ်။
Ref:BBX
Photo:AFP
