တဲလ်အဗစ်၊ နိုဝင်ဘာ-၆-၂၀၂၄
ရတီ (VOM)
အစ္စရေးကာကွယ်ရေးဝန်ကြီး ယော့ဗ်ဂဲလ်လန့်ကို ဝန်ကြီးချုပ်နေတန်ယာဟုက ရာထူးမှထုတ်ပယ်လိုက်ပါတယ်။ ဒီနောက်မှာတောပ နိုင်ငံတွင်းမှာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီး ဝန်ကြီးချုပ် နုတ်ထွက်ပေးရေးကို ဆန္ဒပြသူတွေက တောင်းဆိုနေကြပါတယ်။
အစ္စရေးဟာ အရှေ့အလယ်ပိုင်းဒေသမှာ အီရန်၊ မဟာမိတ်တွေနဲ့ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ကာကွယ်ရေးဝန်ကြီးကို ထုတ်ပယ်လိုက်တာဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး အစ္စရေးကတ်ဇ်က အစားထိုးတာဝန်ယူမည်ဟု နေတန်ယာဟုက ပြောပါတယ်။
စစ်ပွဲကာလအတွင်း ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးတို့အကြား ယခင်ကထက်ပိုပြီး ယုံကြည်မှုအပြည့်အ၀ရှိဖို့ လိုအပ်ပြီး ဂါဇာစစ်ပွဲအစပိုင်းလတွေမှာတော့ ယုံကြည်မှုနဲ့ အကျိုးရှိရှိ အလုပ်လုပ်ခဲ့ကြပေမယ့်လည်း မကြာသေးမီလများအတွင်း ယုံကြည်မှု ပြိုကွဲခဲ့တယ်လို့ သူကဆိုပါတယ်။
သူ့ရဲ့ ကြေညာချက်အပြီးမှာတော့ ဝန်ကြီးချုပ်နေတန်ယာဟု နုတ်ထွက်ပေးဖို့နဲ့ ကာကွယ်ရေးဝန်ကြီးသစ်အနေနဲ့ ဓါးစာခံတွေ ပြန်လည်လွတ်မြောက်ရေးကို ဦးစားပေးလုပ်ဆောင်ဖို့ တောင်းဆိုခဲ့ကြပြီး ဆန္ဒပြသူအချို့ဟာ အယာလွန် အဝေးပြေးလမ်းမကြီး နှစ်ဘက်စလုံးကို ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။
အစ္စရေးနိုင်ငံရဲ့ လုံခြုံရေးဟာ မိမိဘ၀ရဲ့ အမြဲတမ်းတာဝန်ဖြစ်တယ်လို့ ရာထူးကနေ ထုတ်ပယ်ခံရပြီးနောက် အစ္စရေးကာကွယ်ရေးဝန်ကြီး ဂဲလ်လန့်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။
သူတို့နှစ်ယောက်အကြား ကာလအန်ကြာ သဘောထားကွဲလွဲမှုတွေ ထွက်ပေါ်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်တွေအတွင်း အစ္စရေးရဲ့ စစ်ပွဲဗျူဟာနဲ့ ပတ်သက်ပြီး လူသိရှင်ကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပါသေးတယ်။
Ref:BBC
Photo:Reuters