ဂျိုးဘိုင်ဒင်နဲ့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်တို့ အိမ်ဖြူတော်မှာ တွေ့ဆုံ

ဝါရှင်တန်၊ နိုဝင်ဘာ-၁၄-၂၀၂၄မျိုးဆက်(VOM)အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ပြီး အာဏာလွှဲပြောင်းရေး ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။ချောမွေ့သည့်အသွင်ကူးပြောင်းရေးကို မျှော်လင့်ထားပြီး ရာထူးအပြောင်းအလဲအတွက် လိုအပ်တာတွေကို တတ်နိုင်သမျှလုပ်ဆောင်နေပြီး ဒီနေ့မှာတော့ အချို့သောအကြောင်းအရာများ ဆွေးနွေးခွင့်ရပြီး အိမ်ဖြူတော်တာဝန် ပြန်လည်ထမ်းဆောင်ရခြင်းအတွက် ကြိုဆိုတယ်လို့ ထရန့်ကို ဂျိုးဘိုင်ဒင်က ပြောပါတယ်။နှစ်ဦးအကြားတွေ့ဆုံမှုဟာ နှစ်နာရီကြာမြင့်ပြီး ဂျိုးဘိုင်ဒင်ရဲ့ အိမ်ဖြူတော်အကြီးအကဲ ဂျက်ဖ်ဇိုင်းရန့်စ်နဲ့ ဒေါ်နယ်ထရန့်လက်ထက် အိမ်ဖြူတော်အကြီးအကဲတာဝန်ယူမယ့် ဆူဇီဝိုင်းတို့ပါဝင်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။နိုင်ငံရေးဟာ အင်မတန် ခက်ခဲသလို ယနေ့ကမ္ဘာဟာလည်း အဆင်ချေချောမဟုတ်ကြောင်း ၊ ဒါပေမယ့် ချောမွေ့တဲ့ အသွင်ကူးပြောင်းရေးအတွက် သမ္မတဂျိုးဘိုင်ကို ကျေးဇူးတင်ကြောင်း ဒေါ်နယ်ထရန့်က ပြောဆိုခဲ့ပြီး အရေးပါတဲ့ အမျိုးသားလုံခြုံရေးနဲ့ ပြည်တွင်းမူဝါဒဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။အိမ်ဖြူတော်မှာ လက်ရှိသမ္မတက ရွေးကောက်ခံသမ္မတကို ကြိုဆိုလက်ခံတွေ့ဆုံခြင်းဟာ အမေရိကန်သမ္မတ အဆက်အဆက် အစဉ်အလာဖြစ်ပေမယ့်လည်း ဒေါ်နယ်ထရန့်ဟာ ၂၀၂၀ ခုနှစ်…

Read More

ရွာငံမှာ ပစ်ခတ်မှုတွေဖြစ်လို့ တန်ဆောင်တိုင်လာတဲ့ကားတွေ ရာနဲ့ချီ ပိတ်မိနေ

နိုဝင်ဘာ ၁၄-၂၀၂၄ZY(VOM)ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့အဝင် စစ်ဆေးရေးဂိတ်အနီးမှာ ဒီကနေ့ နိုဝင်ဘာလ ၁၄ရက်၊ မွန်းလွဲပိုင်းအချိန်က ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် တောင်ကြီးတန်ဆောင်တိုင်ကိုလာတဲ့ ကားအစီးရေ ရာနဲ့ချီပိတ်မိနေတယ်လို့ ခရီးသွားတွေဆီကနေ သိရပါတယ်။မန္တလေး- ဟန်မြင့်မိုရ်- ရွာငံ–အောင်ပန်း-ရွှေညောင်-တောင်ကြီးအထိ သွားလို့ရတဲ့ လမ်းပိုင်းမှာရှိတဲ့ စစ်ဆေးရေးဂိတ်၊ ရဲကင်းဂိတ်အနီးမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် လမ်းပိတ်ဆို့စစ်ဆေးနေတဲ့အတွက် ဒီညနေ ပိုင်းအထိ ခရီးသွားကားတွေ ရာနဲ့ချီ ပိတ်မိနေတာဖြစ်ပြီး အများစုဟာက တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို လာတဲ့ကားတွေ ဖြစ်တယ်လို့ သိရပါတယ်။“ဟန်မြင့်မိုရ်က တက်လာရင် ရွာငံမြို့အဝင်မရောက်ခင်နားလေးမှာ သေနတ်သံတွေ ဆက်တိုက် ကြားလိုက်ရတယ်။ အဲဒီနားမှာတော့ ရွာငံအဝင် စစ်ဆေးရေးဂိတ်၊ ရဲကင်းဂိတ်လိုဟာမျိုး ရှိတယ်၊ အဲဒါကို လာပစ်တာ ထင်တယ်။ သေနတ်သံတွေကြားတော့ ကားတွေအကုန်လမ်းဘေးချရပ်ထားလိုက်တယ်။ ညနေအထိ စစ်ဆေးနေတာမပြီးသေးတော့ ကားရာနဲ့ချီပိတ်နေတာ”လို့ ခရီးသွားတယောက်က VOMကို ပြောပါတယ်။အဲဒီလမ်းပိုင်းကိုဖြတ်သန်းလာတဲ့ ခရီးသည်တင်ယာဉ်၊ ကုန်တင်ယာဉ်တွေကို လုံခြုံရေးစစ်ဆေးနေတာကြောင့် ဖြတ်သန်းခွင့်မပြုသေးတာဖြစ်ပြီး…

Read More

စစ်မှုထမ်းရမယ့် ပြည်ပရောက် လုပ်သားတွေကို ပြန်ခေါ်ပေးရေး ခက်ခဲပြီး အဆင်မပြေနိုင်ကြောင်း အေဂျင်စီတွေပြော

နိုဝင်ဘာ ၁၄ – ၂၀၂၄SS (VOM)စစ်မှုထမ်းဖို့အတွက် ပြည်ပရောက် အလုပ်သမားတွေကို ပြန်ခေါ်မပေးနိုင်တဲ့ အေဂျင်စီတွေကို လုပ်ငန်းလိုင်စင် ပိတ်သိမ်းတဲ့အထိ အရေးယူသွားမှာဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနက အေဂျင်စီတွေဆီ အကြောင်းကြားစာ ပေးပို့ထားပါတယ်။အခု ၂၀၂၄ ခုနှစ်၊ မေလ ၁၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ အဲဒီညွှန်ကြားစာကို အလုပ်သမားဝန်ကြီးဌာနကအေဂျင်စီတွေအားလုံးထံ အခုရက်ပိုင်းအတွင်း တရားဝင်ပေးပို့ အကြောင်းကြားလာတာဖြစ်တယ်လို့ သိရပါတယ်။အခုလို အခြေအနေတွေကြောင့် ပြည်ပကို လုပ်သားစေလွှတ်လျက်ရှိတဲ့ အေဂျင်စီတွေအနေနဲ့ အခက်အခဲတွေ ဖြစ်ပေါ်နေပြီး တချို့မှာ အလုပ်လက်ခံခြင်း မရှိတော့ဘဲ အလုပ်သမားဦးရေ လျှော့ချလာတာတွေ ရှိနေတယ်လို့ ပြည်ပ အလုပ်အကိုင်ရှာဖွေရေးလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။“ဒါက ကျွန်တော်တို့အတွက် အင်မတန်ကိုမှ ဖိအားများတဲ့ကိစ္စပါ။ မိသားစုဆီ တရားဝင် ငွေလွှဲဖို့ ကိစ္စကိုတောင် အဆင်ပြေအောင် မစည်းရုံးနိုင်တာ၊ အခု လူပါ ပြန်ခေါ်ပေးရမယ်ဆိုတော့ ပြန်မလာချင်တဲ့သူတွေကို အတင်းပြန်ခေါ်ဖို့ကျတော့ ပိုခက်သွားပြီလေ။…

Read More

မူဆယ်မှာ စက်သုံးဆီဆိုင်တွေ ပိတ်ကုန်ပြီး လမ်းဘေးဆိုင်တွေမှာ တလီတာ တသောင်းကျော်ထိ ဈေးတက်

နိုဝင်ဘာ ၁၄၊ ၂၀၂၄ တရုတ် – မြန်မာ နယ်စပ် မူဆယ်မြို့မှာ အခုရက်ပိုင်းအတွင်း စက်သုံး ဆီ ပန့်ဆိုင်တွေပိတ်ကုန် ပြီး လမ်းဘေးဆိုင်တွေ တလီတာ ၉၅၀၀ ကနေ တသောင်း ကျော် ထိ ဈေး တက်နေကြာင်း ဒေသခံတွဆီက သိရပါတယ်။ “အခုက တရုတ် ဆီတွေ မဝင်တော့ လက်ကျန်တွေရောင်းနေရတာ။ ကျွန်တော့်ဆိုင်တော့ တလီတာ ၉၅၀၀ ပဲ။ တရုတ်ဆီက ရှားသွားပြီ။” လို့ လမ်းဘေး ပန့်ဆီဆိုင် အသေး နဲ့ ရောင်းနေသူက ပြောပါတယ်။ အရင်က အရောင်း သိပ်မသွက်တဲ့ ဆီဆိုင် နှစ်ဆိုင်လောက်သာ လက်ကျန်ဆီေတွ များများရှိ နေသေးပြီး တလီတာကို ၁၂၀၀၀ အထိရှိကာ ဒီဇယ်ေတာ့ ဝယ်ရ ပိုခက်ခဲ တဲ့ အခြေအနေ ဖြစ်နေတယ်လို့ သူက…

Read More
VOM News

FREE
VIEW