ယူကရိန်း စွမ်းအင်စက်ရုံတွေကို ရုရှားက ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ အကြီးအကျယ်တိုက်ခိုက်

ကိဗ်ယက်၊ နိုဝင်ဘာ-၁၇-၂၀၂၄မျိုးဆက်(VOM)ရုရှားဟာ ယူကရိန်းစွမ်းအင်အခြေခံအဆောက်အအုံတွေကို ပြီးခဲ့တဲ့ညက ဒုံးကျည်တွေ ဒရုန်းတွေနဲ့ အကြီးအကျယ ်တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းစွမ်းအင်ဝန်ကြီးက ပြောပါတယ်။ဒီတိုက်ခိုက်မှုဟာ စက်တင်ဘာလနောက်ပိုင်း ရုရှားအရဲ့ အကြီးဆုံးတိုက်ခိုက်မှုဖြစ်တယ်လို့ ယူကရိန်းအာဏာပို်ငတွေနဲ့ ဒေသတွင်း သတင်းမီဒီယာတွေက ပြောပါတယ်။ ဒီအတောအတွင်း အနောက်ဘက်ရှိ ယူကရိန်းရဲ့ အိမ်နီးချင်း ပိုလန်နိုင်ငံက လုံခြုံရေး သတိပေးမှုအဖြစ် သူ့ရဲ့ လေပိုင်နက်မှာ တိုက်လေယာဉ်တွေနဲ့ ကင်းလှည့်ခဲ့ပါတယ်။ယူကရိန်းရဲ့ စွမ်းအင်စနစ် အကြီးအကျယ် ဆက်လက်တိုက်ခိုက်ခံနေရပြီး ရုရှားဟာ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူးရေး စက်ရုံတွေကို အဓိကပစ်မှတ်ထားတိုက်တိုက်နေတယ်လို့ စွမ်းအင်ဝန်ကြီးက ပြောပါတယ်။ယူကရိန်းတောင်ပိုင်း မိုင်ကိုလပ်ဗ်မြို့မှာ တိုက်ခိုက်မှု အကြီးအကျယ်ခံခဲ့ရပြီး လူနှစ်ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကာ အိုဒီဆာရဲ့ ပင်လယ်နက်ဆိပ်ကမ်းမှာလည်း လျှပ်စစ်ဓါတ်အားပြတ်တောက်မှုတွေ အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။မြို့တော်ကိဗ်ယက်မှာတော့ ဝင်ရောက်လာတဲ့ ဒရုန်းနဲ့ ဒုံးကျည်တွေကို လေကြောင်းရန် ကာကွယ်ရေးစနစ်က ကြားဖြတ်ပစ်ချခဲ့ပြီး အပျက်အစီးများကျရောက်မှုကြောင့် ထိခိုက်သေဆုံးမှုရှိကြောင်း သိရပါတယ်။ရုရှားဟာ မကြာသေးမီကာလတွေအတွင်းကလည်း ယူကရိန်းစွမ်းအင်…

Read More

စစ်ရေးတင်းမာလာနိုင်လို့ ကန့်ဘလူ၊ တန့်ဆည်နဲ့ ရေဦးက ဒေသခံခုနှစ်ထောင်ကျော် နေရပ်စွန့်ခွာနေ

နိုဝင်ဘာ ၁၇ – ၂၀၂၄ SS (VOM) စစ်ကိုင်းတိုင်း၊ ကန့်ဘလူ၊ တန့်ဆည်နဲ့ ရေဦးမှာ စစ်ရေးတင်းမာလာနိုင်လို့ ဒေသခံ ခုနစ်ထောင်ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတယ်လို့ စစ်ရှောင်အရေး ကူညီသူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။ “နစကဘက်က စစ်ကြောင်း သုံးကြောင်း တပြိုင်တည်း နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ အနေအထားပါ။ ဒီနေ့မနက်တော့ ရေဦးနယ် မြောက်ခြမ်းက ရွာဗုကြီးနဲ့ တန့်ဆည်နယ်အရှေ့တောင်ခြမ်းက ကြို့ထိမ်၊ ကလဇင်ရွာတွေကို ရောက်နေတယ်။ စစ်ရေးတင်းမာလာနိုင်တဲ့အခြေအနေကြောင့် ပြေးတဲ့သူကလည်း ပြေးနေကြတာပေါ့” လို့ ရေဦးမြို့နယ်က ဒေသခံတယောက်က ပြောပါတယ်။ လက်ရှိမှာ ရေဦးနယ်မြို့နယ် မြောက်ဘက်ခြမ်းက ကျေးရွာ ၁၀ ရွာကျော်မှ ဒေသခံ ၅၀၀၀ ကျော်နဲ့ တန့်ဆည်မြို့နယ်က ဒေသခံ ၂၀၀၀ ကျော် ဘေးလွတ်ရာကို အရေးပေါ် တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ “ခင်ဦးမြို့နယ်ဘက်ကို သွားကြတာလည်း ရှိတယ်။…

Read More

တရုတ်အရှေ့ပိုင်း စာသင်ကျောင်းမှာ ဓါးကိုင်တိုက်ခိုက်မှုကြောင့် ရှစ်ယောက်သေပြီး ၁၇ ယောက် ဒဏ်ရာရ

ပေကျင်း၊ နိုဝင်ဘာ-၁၇-၂၀၂၄မျိုးဆက်(VOM)တရုတ်နိုင်ငံအရှေ့ပိုင်းရှိ စာသင်ကျောင်းတကျောင်းပြင်ပမှာ ဓါးကိုင်တိုက်ခိုက်မှုကြောင့် လူရှစ်ယောက်သေပြီး ၁၇ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး Wuxi Yixing Arts and Crafts Vocational and Technical College မှ အသက် ၂၁ နှစ်အရွယ် အမျိုးသားတယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး တိုက်ခိုက်မှုဟာ ညနေ ၆ နာရီ မိနစ် ၃၀ ဝန်းကျင်းမှာဖြစ်ပွားခဲ့တာပါ။သူဟာ ၂၀၂၄ ခုနှစ်အတွင်း အဲဒီကျောင်းမှာ ကျောင်းပြီးခဲ့ပြီး စာမေးပွဲအမှတ်မကောင်းတာကြောင့် ဒီပလိုမာရယူခြင်းမရှိတာနဲ့ အလုပ်သင်လစာအပေါ် မကျေမနပ်ဖြစ်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။သူဟာ တိုက်ခိုက်မှုကို တွေဝေခြင်းမရှိ မဆိုင်းမတွကျူးလွန်းခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောထားပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက တောင်ပိုင်း ရှူဟိုင်မြို့မှာ လူအုပ်ထဲ ကားနဲ့ဝင်တိုက်လို့ လူ ၃၅ ယောက်သေဆုံးခဲ့ပါသေးတယ်။ယာဉ်မောင်းအမျိုးသားဟာ ကွာရှင်းပြတ်စဲမှုအပေါ် မကျေမနပ်ဖြစ်လို့…

Read More

This Day in History

Voice of Myanmarမြေထဲပင်လယ်နှင့် ပင်လယ်နီတို့ကို ဆက်သွယ်ထားသည့် ဆူးအက်တူးမြောင်းကို ဆယ်စုနှစ်တစ်ခုကြာ တည်ဆောက်ပြီးနောက် ၁၈၆၉ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး အဆိုပါရေလမ်းကြောင်းကို အသုံးပြုခဲ့ပြီးနောက် ဥရောပနှင့် အာရှတိုက်အကြား ရေကြောင်းပို့ဆောင်ရေးတွင် အာဖရိကတိုက်ကို ကွေ့ဝိုက်သွားလာရန် မလိုအပ်တော့ပေ။

Read More
VOM News

FREE
VIEW